“အမျိုးသားရေး၊ စိတ်ရောဂါ” Ultra-Nationalism

“အမျိုးသားရေးလား၊ စိတ်ရောဂါလား”

အမျိုးသားရေး ဆိုတာတော့ ရှိတယ် လို့ ဗမာပြည်က ရောက်နေတဲ့ ဦးဇင်းတပါးက မိန့်တယ်။
လူငယ်လူရွယ်တွေကကို ကုလား ကို မုန်းကြတာဗျ ဆိုပဲ။

ဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့အထဲမှာ ဦးဇင်းတို့အဓိက တာဝန်ရှိတယ် လို့ ကျနော်ကပြောတော့ သူက တွေဝေစဉ်းစားနေတယ်။ တချိန်က ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ အတူတူလှုပ်ရှားခဲ့ဖူးတဲ့ သံယောဇဉ်တွေနဲ့ အပြန်အလှန်ယုံကြည်မှုတွေနဲ့ ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးပြောဆိုဖြစ်ကြတယ်။

ဟိုး ၈၈ မတိုင်မီကတည်းက ဘုန်းကြီးလောက မှာ မွတ်စလင်မုန်းတီးရေး၊ ကုလားမုန်းတီးရေး ကို လက်ဆင့်ကမ်းဖြန့်ချိ၊ လှုံ့ဆော်မှုတွေ ရှိခဲ့တာကို ကိုယ်တွေ့ထောက်ပြ၊ ပြောပြဆွေးနွေးတော့၊
ဦးဇင်းက ခပ်ဆိပ်ဆိပ်ပဲ နားထောင်ပါတယ်။
ဒါတွေဟာ သီရိလင်္ကာမှာ ကျောင်းသွားတက်တဲ့ ဘုန်းတော်ကြီးတွေကတဆင့် ဗိုင်းရပ်စ်ကူးသလို ကူးလာခဲ့တာ လို့ပဲ ကျနော်မြင်ကြောင်း ပြောပြတယ်။

အမျိုးဘာသာသာသနာရေး လို့ ခေါင်းစဉ်တပ်ပေမဲ့၊
လူတယောက်ကို၊ လူမျိုးတမျိုးကို၊ အရာဝတ္ထုတခုကို၊ အလိုလိုမုန်းတီး၊ တွေ့တာနဲ့ သတ်ချင်ဖြတ်ချင်စိတ်တွေပေါ်တဲ့အထိ မုန်းတီးဆိုတာဟာ လူတယောက်အနေနဲ့ဆို စိတ္တဇရောဂါဝေဒနာ စွဲကပ်နေပြီ လို့ သတ်မှတ်ခံရမယ့် ကိစ္စပါ။
စိတ်ကျန်းမာရေး စစ်ဆေးကုသမှုတွေ လုပ်သင့်လုပ်ရမယ့် အခြေအနေပါပဲ။

လူ့အဖွဲ့အစည်းထဲမှာ အဲဒါတွေများလာတယ် ဆိုရင်တော့၊ အဲဒီလူ့အဖွဲ့အစည်းရဲ့ စိတ်ကျန်းမာရေးအခြေအနေက အတော်ကို ဆိုးရွားနိမ့်ကျလာတဲ့သဘောပါပဲ။

တချိန်က နာဇီရာဇ၀တ်ကောင်တွေကို စစ်ဆေးတဲ့အခါမှာ ပုံမှန်မဟုတ်တဲ့ စိတ်အခြေအနေတွေ ရှိနေကြတာပါပဲ။ လူတွေကို နှိပ်စက်ကလူပြုပြီး၊ သာယာစိတ်ဝင်တာဟာ ပုံမှန်စိတ်မဟုတ်ပါဘူး။

ဒီလိုပဲ လူမျိုးတမျိုး၊ ဘာသာတရပ်၊ အကြောင်းအရာတခု ကို အလိုလို မြင်တာနဲ့တင် မုန်းနေ၊ ဒေါသတွေ ဖြစ်နေတယ် ဆိုတာလဲ စိတ်ရောဂါတခုလို့ ဆင်ခြင်၊ ကုသ ဖို့ လိုသကိုဗျာ။

ဒါအမျိုးသားရေး မဟုတ်ဘူး။ စိတ္တဇရောဂါ ပါ။

ခု ISIS တွေ ဘာသာကွဲမှန်သမျှ လည်လှီးရက်ရက်စက်စက် သတ်ဖြတ်မှုတွေ လုပ်ပြတော့၊ တကမ္ဘာလုံးညည်းတွားစိတ်ပျက်ရွံရှာကြရသလို၊ ကိုယ်တွေလဲ အဲသလို အစွန်းရောက်ကို ချည်းကပ်လာ
သလား လို့ ဆင်ခြင်ကြဖို့ပါပဲ။

တချိန်တုန်းကတော့ ဟောဒီအမေရိကားကြီးမှာလဲ
လူလူချင်း
အသားမည်းလို့
အဆင်းသဏ္ဍန်ကွဲလို့ အကြောင်းပြချက်တွေနဲ့၊
ဖိနှိပ်ညှင်းပန်း၊ ကျွန်ပြုခဲ့တဲ့ ခေတ်ဆိုးကြီးတခုဖြစ်ပေါ်ခဲ့၊
အဲဒီစနစ်ဆိုးကြီးကြောင့် လူသိန်းချီသေကြေပျက်စီးရတဲ့ ပြည်တွင်းစစ်ကြီးတောင်ဖြစ်ပေါ်ခဲ့ရတယ်။ အံ့သြစရာတခုက ကျေးကျွန်စနစ်ကို ထောက်ခံခဲ့သူတွေက ဒီမိုကရက်တွေ ဖြစ်ခဲ့ပြီး၊ ကျေးကျွန်စနစ် ဖျက်သိမ်းဖို့အားထုတ်ခဲ့တဲ့ အေဘရာဟင်လင်ကွန်း တို့က တကယ့်ကနဦး ရီပတ်ဗလီကန်တွေဖြစ်နေတာပါပဲ။

ဘာပဲဖြစ်ဖြစ်
သမိုင်းမှာ ဘယ်သူမှန်၊ ဘယ်သူမှား
ဆိုတာ အချိန်တန်တော့ သဲကွဲခဲ့ရတာပါပဲ။

လူ ပဓာန၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားနေပါလျှက်နဲ့. . .
ရေလိုက်လွဲ လမ်းလွဲရောက်နေတဲ့
မိစ္ဆာ၀ါဒကြီးကို သွပ်သွင်းကျင့်ကြံလှုံ့ဆော်ပြန့်ပွားနေကြသူတွေကြောင့်
လူ့အဖွဲ့အစည်း တစ တစ နိမ့်ပါးသထက်နိမ့်ပါး
ပျက်စီးသထက်ပျက်စီးဦးမှာကိုပဲ မြင်ယောင်နေမိပါရဲ့။

ချိုတူးဇော်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: