နောက်ဆုံးဘယ်သူနစ်နာမလဲ?

နောက်ဆုံးဘယ်သူနစ်နာမလဲ?
===================

ဆိုရေးရှိလို့ ဆိုရဦးမည်။ ဒါကြောင့်စာအရှည်ကြီးရေးဖို့ အားထည့်လိုက်ပါတယ်။

(၁)

၂၀၁၄ခုနှစ် ဇွန်လတုန်းက ဒါရိုက်တာမင်းထင်ကိုကိုကြီးရိုက်ကူးတဲ့ “The Open Sky” ဆိုတဲ့ မိနစ်၂၀ကြာဇာတ်လမ်းတိုလေးကို နိုင်ငံတကာလူ့အခွင့်အရေးရုပ်ရှင်ပွဲတော် (The Human Rights and Dignity Intl Film Festival) မှပြဖို့စီစဉ်ခဲ့ပါတယ်။ မိတ္ထီလာမြို့အကြမ်းဖက်ခံရတုန်းက ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို မတူညီတဲ့ဘာသာနှစ်ခုကြား သံသယစိတ်တွေကင်းရှင်းအောင် ကြားဝင်စေ့စပ်ပေးတဲ့ရည်ရွယ်ချက်နဲ့ ရိုက်ကူးခဲ့တာလို့သိရပါတယ်။ ဒါပေမယ့်လည်း အတွေးအခေါ်ကျဉ်းမြောင်း၊ စိတ်ဓာတ်အဟာရချို့တဲ့၊ စာရိတ္တဆင်းရဲသူတွေကတော့ အဲဒီရုပ်ရှင်က “ကုလားတွေဘက်ကိုလိုက်ပြီးရိုက်ထားတဲ့ ကုလားအားပေးရုပ်ရှင်၊ ကုလားတွေကို သနားအောင်ရိုက်ပြတဲ့ရုပ်ရှင်၊ အိုအိုင်စီထောက်ပံ့ငွေနဲ့ရိုက်တဲ့ရုပ်ရှင်”ဆိုပြီး စွတ်စွဲရုံတင်မကပဲ အဲဒီရုပ်ရှင်ပြရင် မွတ်စလင်နဲ့ ဗုဒ္ဓဘာသာအကြား ဘာသာရေးအဓိကရုဏ်းဖြစ်မယ်ဆိုပြီးတော့ တလွဲအဓိပ္ပာယ်ကောက်ယူပြီး ၀ါဒဖြန့်ခဲ့တာကြောင့် နောက်ဆုံး ကိုမင်းထင်ကိုကိုကြီးက အဲဒီဇာတ်လမ်းတိုလေးကို မပြဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီလိုလုပ်လိုက်လို့ နောက်ဆုံးနစ်နာသွားတာ မွတ်စလင်တွေမဟုတ်ပဲ ဘယ်သူတွေလဲဆိုတာ အသိဥာဏ်ရှိသူတိုင်းစဉ်းစားမိပါလိမ့်မယ်။

(၂)

ပြသနာတစ်ခုခုဖြစ်ပြီဆိုရင် လူများစုအုံကြွတဲ့အသုံးအနှုံး “ဗုဒ္ဓဘာသာကိုစော်ကားတာလား?” ဆိုတဲ့ အချက်က အနိုင်ကျင့်စော်ကားသူတွေရဲ့ လက်သုံးစကားလိုဖြစ်နေပါတယ်။ ကမ္ဘာမှာတော့ မွတ်စလင်တွေဟာ သူတို့ကိုးကွယ်တဲ့အစ္စလာမ်ဘာသာနဲ့ပတ်သတ်လာရင် အရမ်းကို Sensitive ဖြစ်ကြတယ်လို့ သတ်မှတ်ရေးသားတာတွေရှိကြပေမယ့်လည်း မြန်မာနိုင်ငံမှာ ဘာသာရေး Sensitive အဖြစ်ဆုံးက ဗုဒ္ဓဘာသာဝင်သာဖြစ်တယ်ဆိုတာငြင်းလို့မရပါဘူး။ ဒီလိုငြင်းလို့မရအောင်လည်း Buddha Bar အဖြစ်အပျက်နဲ့ ဆရာထင်လင်းဦး ဖမ်းခံရတဲ့အဖြစ်အပျက်တွေက သက်သေခံနေပါတယ်။ သာ/ညိုးနဲ့လှမ်းချိတ်လို့မရရင် လူယုတ်မာအာဏာရှင်တွေရဲ့ လက်သုံးဥပဒေနောက်တစ်ခုကတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပါတဲ့။ ထားလိုက်ပါ။ အဲဒီကိစ္စတွေပြောရင် စာရှည်သွားလိမ့်မယ်။ ဒါပေမယ့်လည်း အဲဒီဗုဒ္ဓဘာသာဝင်တွေပြည်သူတချို့နဲ့ ဗုဒ္ဓဘာသာဝင်အုပ်ချုပ်သူလူတန်းစားတွေဟာ တခြားဘာသာတရားကိုစော်ကားမယ်ဆိုရင်တော့ ၀မ်းမြောက်ဝမ်းသာခွင့်ပြုကြတာကို တအံ့တသြတွေ့ရပါတယ်။ အုပ်ချုပ်သူလူတန်းစားတွေက တခြားဘာသာတရားကိုစော်ကားတာကိုခွင့်ပြုတာကို သူတို့ရဲ့ပေါ်လစီအရလွှတ်ပေးထားတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်လည်း သံဃာတွေကို မီးလောင်ဗုံးနဲ့ထု၊ ရိုက်နှက်ရုံမက လယ်တီသိမ်တို့ ဘုန်းကြီးကျောင်းတို့ကိုပါ ဖျက်တန်ဖျက် ပိတ်တန်ပိတ်လုပ်နေတာတွေရှိလို့ပါ။ ဒါပေမယ့် non-Buddhist ကိုစော်ကားတာတွေကိုတော့ မျက်စောင်းတောင်လှည့်မထိုးပဲ စည်းလွတ်ဝါးလွတ်လွှတ်ပေးထားပါတယ်။ အဲဒီလိုလုပ်လိုက်လို့ နောက်ဆုံးနစ်နာသွားတာ မွတ်စလင်တွေမဟုတ်ပဲ ဘယ်သူတွေလဲဆိုတာ အသိဥာဏ်ရှိသူတိုင်းစဉ်းစားမိပါလိမ့်မယ်။

(၃)

အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးဝတ်ပြုဆောင်တွေ၊ အိုးအိမ်စည်းစိမ်တွေ၊ အသက်တွေကို သတ်ဖြတ်၊ ဖျက်ဆီးလုယက်ခဲ့တဲ့အကြောင်းတွေကတော့ ကမ္ဘာသိပါပဲ။ ဒါပေမယ့် ကမ္ဘာမသိတဲ့အကြောင်းတရားတွေအများကြီးကို မြန်မာပြည်သားမွတ်စလင်တွေရဲ့ နေ့စဉ်လူမှုဘ၀မှာ ကြုံတွေနေရတာတွေရှိတယ်။ လူသုံးလေးယောက်အတူတူထိုင်စကားပြောရင်းနဲ့ မုတ်ဆိတ်နဲ့လူတစ်ယောက်သူတို့နားကနေ ဖြတ်လျှောက်သွားရင် မတိုင်ပင်ထားပဲ အသံတွေအလိုလိုပြိုင်တူတိတ်သွားတဲ့ အဖြစ်အပျက်မျိုးကနေ လမ်းသွားရင်းမကြားတကြားနဲ့ေ-ာက်ကုလားလို့ ဆဲသွားတဲ့ အဖြစ်အပျက်တွေထိအောင် နေ့စဉ်လူမှုဘ၀မှာ ရင်ဆိုင်နေရပါတယ်။ ဒါတွေဟာပုံပြင်တွေမဟုတ်ဘူး။ အစ္စလာမ်ဘာသာကိုးကွယ်သူတိုင်း အခက်အခဲ အဟန့်အတား တခုခုကို တနည်းနည်းနဲ့ကြုံကိုကြုံခဲ့ဘူးတယ်။ ဒီတော့မေးစရာရှိလာတယ်။ မြန်မာပြည်သားမွတ်စလင်တွေကဘာလုပ်လို့လဲ? အကြမ်းဖက်ဘူးလို့လား? အသေခံဗုံးခွဲဘူးလို့လား? လူသားဖြစ်တဲ့အလျောက်သာမာန်ရာဇ၀တ်မှုကျူးလွန်တာမျိုးတွေတော့ရှိမှာပါ။ ဒါပေမယ့် အဲဒါက ဘာသာတရားနဲ့ လားလားမျှမဆိုင်ပဲ သက်ဆိုင်ရာ ဒုစရိုက်သမားနဲ့သာ တင်းပြည့်ကျပ်ပြည့်ဆိုင်တာပါ။ ဒါပေမယ့်လည်း မွတ်စလင်ဆိုရင်တော့ ဘာသာတရားကိုပါ ဆွဲဆွဲထည့်ပြီးအပြစ်ဖို့ကြတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အမေကိုသား၊ သမီးကိုအဖေ၊ တူမကိုဦးလေး၊ ၁၀နှစ်အောက်မိန်းကလေးကို လူကြီး အစရှိတဲ့ အယုတ်မာဆုံး မုဒိမ်းမှုတွေကို ကျူးလွန်သူတွေဟာ မွတ်စလင်တွေမဟုတ်ကြပေမယ့်လည်း အဲဒီကျူးလွန်သူတွေရဲ့ လူမျိုးနဲ့ဘာသာဟာ ဘာကြောင့်တွဲလျက်ဖော်ပြခြင်းမခံရတာပါလဲ? သိပ်ကိုထူးဆန်းလွန်းနေပါတယ်။ အဲဒီလိုလုပ်လိုက်လို့ နောက်ဆုံးနစ်နာသွားတာ မွတ်စလင်တွေမဟုတ်ပဲ ဘယ်သူတွေလဲဆိုတာ အသိဥာဏ်ရှိသူတိုင်းစဉ်းစားမိပါလိမ့်မယ်။

(၄)

ကဲ … အခု နိုင်ငံတော်အသိအမှတ်ပြုဘာသာတရားကြီးတစ်ခုဖြစ်တဲ့ အစ္စလာမ်ဘာသာကို တရားဝင်စော်ကားလာပါပြီ။ “အကြမ်းဖက်မှုတို့မြစ်ဖျားခံရာ” ဆိုတဲ့စာအုပ်ကို ပါတီထောင်ပြီး ဘာသာရေးမုန်းတီးရေး၊ အတိုက်အခံဆန့်ကျင်ရေးလှုံဆော်နေတဲ့ ဘာသာမဲ့အမည်ခံ လမ်းဘေးအရက်သမားနေမျိုးဝေတို့က ဦးဆောင်ပြီး ထုတ်လိုက်ပါပြီ။ အနယ်နယ်အရပ်ရပ်မှာလိုက်ပြီး အခမဲ့တမျိုး၊ တန်ဘိုးသတ်မှတ်ပြီးတဖုံ ကျယ်ကျယ်ပြန့်ပြန့်လိုက်ဖြန့်ချိနေပါတယ်။ တားမဲ့လူတောင်မရှိပါ။ သာမာန်ပြည်သူနဲ့ မြို့မိမြို့ဖကစလို့

အာဏာပိုင်တွေအထိ တားမယ့်လူ ပိတ်မယ့်လူမရှိခဲ့ပါ။ အဲဒီနေမျိုးဝေဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ကောင်းကင်ကျကျမ်း ကုရ်အာန်ကျမ်းစာကို မဟုတ်မမှန်ပဲ အမျိုးမျိုးစွတ်စွဲတိုက်ခိုက်ပြီး တရားစွဲဆိုမယ်ဆိုတဲ့အထိ မိုက်ရိုင်းစော်ကားခဲ့ပေမယ့် တားမြစ်မယ့်လူမရှိပါ။ နေမျိုးဝေလို နိုင်ငံရေးပွန်းရုပ်တစ်ရုပ်ကို ဒီလောက်အကွက်ရွှေ့ခွင့်ပေးထားတာ နောက်ကွယ်က လက်မည်းကြီးတွေမဟုတ်လို့ဘယ်သူဖြစ်နိုင်ပါ့မလဲ? စော်ကားမှုတွေကတော့ ဒီလောက်နဲ့တင် ရပ်တန့်မသွားပါဘူး။ အခု “စောင့်လေမျိုးနွယ်”ဆိုပြီး ဖြစ်ရပ်မှန်ဇာတ်လမ်းအမည်ခံထားတဲ့ လုပ်ကြံဇာတ်လမ်းတွေနဲ့ပြည့်နှက်နေတဲ့ ရုပ်ရှင်တကားထွက်လာပါပြီ။ ဒါရိုက်တာ ဇမ္ဘူစိုး ဆိုသူရိုက်ကူးပြီး မင်းသားနဲ့မင်းသမီးအဖြစ် မင်းထက်ကျော်နဲ့ ဆုနဒီတို့က ရိုက်ကူးထားပါတယ်။ ဘယ်လိုအနုပညာရှင်တွေလည်းတော့ မသိပါ။ အောက်တန်းအင်မတန်ကျလွန်းလှပါတယ်။ အံ့သြစရာအကောင်းဆုံးကတော့ အဲဒီစောင့်လေမျိုးနွယ်ဆိုတဲ့ လုပ်ကြံဇာတ်လမ်းတွေနဲ့ ဖန်တီးထားတဲ့ ရုပ်ရှင်ရဲ့ နောက်ကွယ်က ညွှန်ကြားသူကတော့ Time Magazine မျက်နှာဖုံးရှင် The Face of Buddhist Terror ကမ္ဘာကျော်အကြမ်းဖက်သမားကြီး ၀ီရသူပါတဲ့ခများ။ ကောင်းကြသေးရဲ့လား။ အဲဒီဝီရသူကို ဗုဒ္ဓဘာသာရဲ့ အာဇာနည်တစ်ပါးအဖြစ်ကာကွယ်ရေးသားရင် Time Magazine ကို ကာမသုခဓာတ်ချောင်းပဲ (-ီးပဲ) လို့ ဒဲ့ဆဲခဲ့တဲ့ စာရေးဆရာ ဇော်ဇော်အောင်နဲ့ ထောက်ခံသူအပေါင်းအပါတွေရောမေးပါရစေ။ အခု စောင့်လေမျိုးနွယ်ဇာတ်လမ်းက သင့်မြတ်ပါရဲ့လား? ကိုမင်းထင်ကိုကိုကြီးရိုက်ကူးထားတဲ့ The Open Sky နဲ့ စောင့်လေမျိုးနွယ် နှစ်ခုမှာ ဘယ်တစ်ခုက ဘာသာရေးမုန်းတီးမှုနဲ့ အဓိကရုဏ်းကို ပိုပြီးဦးတည်စေနိုင်ပါသလဲ? စိတ်ပါသူတွေလည်းဖြေကြည့်လို့ရပါတယ်။ အဲဒီလိုလုပ်လိုက်လို့ နောက်ဆုံးနစ်နာသွားတာ မွတ်စလင်တွေမဟုတ်ပဲ ဘယ်သူတွေလဲဆိုတာ အသိဥာဏ်ရှိသူတိုင်းစဉ်းစားမိပါလိမ့်မယ်။

(၅)

ပြောပါဦး။ ဒါရိုက်တာမင်းထင်ကိုကိုကြီးရိုက်ကူးတဲ့ The Open Sky တုန်းက မပြသင့်ဘူး၊ ဘာသာရေးပဋိပက္ခဖြစ်နိုင်တယ်လို့ လက်သီးလက်မောင်းတန်းခဲ့သူတွေ အခု စောင့်လေမျိုးနွယ်ဆိုတဲ့ လူယုတ်မာဝီရသူဖန်တီးထားတဲ့ လုပ်ကြံဇာတ်ကားကြီးကရော သင့်မြတ်ပါရဲ့လား? နောက်ဆုံးဘယ်သူတွေနစ်နာမလဲ? သမိုင်းမှာ နာမည်ဆိုးနဲ့ဘယ်သူတွေမှတ်ကျောက်တင်ခံရမလဲ? မွတ်စလင်တွေက ပစ္စုပ္ပာန်မှာသာ ဗီလိန်အဖြစ်ရင်စည်းပြီးခံရင်ခံလိုက်ရလိမ့်မယ်၊ ဒါပေမယ့် ခေတ်တွေရွေ့သွားတဲ့အချိန် သမိုင်းမှတ်တမ်းတွေထဲမှာ ဘယ်သူတွေဟာ ဗီလိန်လဲ၊ ဘယ်သူတွေဟာ စိန့်လဲ ဆိုတာ လယ်ပြင်မှာဆင်သွားသလို ရှင်းသွားဦးမှာပါ။ ဒါဟာနိယာမပဲ။

အများကြီးရေးချင်ပါသေးတယ်။ စာလည်းတော်တော်ရှည်နေပြီဆိုတော့ တော်သေးပြီ။ မြန်မာပြည်ကြီး .. လူသားဝါဒထွန်းကားပါစေ။ မဟာလူမျိုးကြီးဝါဒ၊ လက်ယာအစွန်းရောက်ဗုဒ္ဓ၀ါဒီအမျိုးသားရေးဝါဒကျဆုံးပါစေ။ ဗားမားနီယိုနာဇီများ ကျဆုံးပါစေ။ အာဏာရှင်စနစ်ပျက်သုဉ်းပါစေ။

(စတီဗင်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: