စစ်သားတွေက သူများထက်ထူးပြီး ဘာကြောင့် အပိုအခွင့်အရေးတွေ ယူနေတာလဲ

မောရ Mora wrote

ဆရာဝန်တွေက နိုင်ငံကို ရောဂါဘေးက ကယ်တင်နေတာပါ ၊ ဒါကြောင့် လွှတ်တော်ထဲ ၂၅% ယူသင့်တယ် မပြောဘူး
လယ်သမားတွေက နိုင်ငံကို အငတ်ဘေးက ကယ်တင်နေတာပါ ၊ ဒါကြောင့် ဝန်ကြီး ၃ နေရာယူ သင့်တယ် မပြောဘူး
အလုပ်သမားတွေက တိုင်းပြည် ဝင်ငွေ ရှာပေးနေတာပါ၊ ဒါကြောင့် အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်မယ် မပြောဘူး။
ဘုန်းကြီးတွေက ပြည်သူတွေ အဆင်းရဲ နဲ့ ငရဲ မကျအောင် ကယ်တင်နေတာပါ၊ ဒါကြောင့် ဒု-သမတ လုပ်မယ် မပြောဘူး
စစ်သားတွေက သူများထက်ထူးပြီး နဖူးမှာ ဂျိုပါနေတာလဲ မဟုတ်ပဲ
ကယ်တင်ရှင်နာမည်ခံပြီး ဘာကြောင့် အပိုအခွင့်အရေးတွေ ယူနေတာလဲ


သေနတ်တချက်ဖောက်ရင် ရောဂါပျောက်သလား
သေနတ်တချက်ဖောက်ရင် စပါးတွေ အလိုလိုပေါက်လာသလား
သေနတ်တချက်ဖောက်ရင် ဝင်ငွေတွေ အလိုလိုရလာသလား
သေနတ်တချက်ဖောက်ရင် နတ်ရွာနိဗ္ဗာန်ရောက်သလား
အနှစ် ၅၀ ကျော်ကယ်တင်ရှင် အမည်ခံပြီးနောက်
တိုင်းပြည်လဲ ကျွန်နိုင်ငံဖြစ်ကာ.. …
စစ်ဗိုလ်ချုပ်ကြီးများ ပိုင်ဆိုင်မှု ထုတ်မပြနိုင်အောင်
ချမ်းသာသွားကြလေသတည်း။

Tharr Kyaw ဟုတ်ကဲ့ သေနတ်ရှိလို့  ၂၅٪ ယူတာပါ။ အနုမြူလက်နက်ရှိရင် အကုန်သေဖို့ သာပြင်ပါ

Mai Ei Ei Zaw စစ်သားသည် ပြည်သူအတွက်လား အာဏာရှင် အစိုးရအတွက်လား

နဖူးပေါ်လက်တင်စဉ်းစားစမ်းပါ

အာဏာရှင်တွေ လူသတ်နေတာသိနေရတ်နဲ့ ပါးစပ်ပေါက်က ထမင်းငတ်မှာစိုးလို့ ပါးစပ်တောင်မဟရဲကတဲ့ စစ်သားတွေ

မိဘအမွေ ပေးတဲ့ လယ်ယာမြေ ကောင်းရာကောင်းကြိုးလုပ်စားနေတဲ့ ပြည်သူ လယ်သမားတွေကြတော့ ထုတ်နဲ့ရိုက်ကြတာက စစ်သားကောင်းလား

မျက်စိစုံမှီတ် ဖင်ပိတ်ပိး စစ်သား တွေ အသက်စွန့်တယ်အော်မနေနဲ့

အသက်စွန့်နေတာက နေရာမှားနေသလားလို့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: