ရက္ခိုင် တိုင်းရင်းသားတွေ ဟာ စစ်အစိုးရရဲ့ အသုံးချခြင်းကို တောက်လျှောက် ခံစားခဲ့ကြရသူတွေပါ

Al Khon Bransai

 တကယ်တမ်းပြောရရင် ရက္ခိုင် တိုင်းရင်းသားတွေရဲ့ ဘ၀ကစာနာစရာပါ သနားစရာ ဗျာ …။

သူတို့တွေဟာ စစ်အစိုးရရဲ့ အသုံးချခြင်းကို တောက်လျှောက် ခံစားခဲ့ကြရသူတွေပါ ။
ဟိုးအရင် ဦးနေ၀င်းလက်ထက်ကတည်းက ကုလားကို ထိန်းဖို့ ဆိုပြီး ရခိုင်ကို ဦးနေ၀င်းက

မြှောက်ပေးပြီး ခြံစောင့်သဘော ထားခဲ့တာပါ …။


ဒါပေမယ့် ရခိုင်ပြည်နယ် သယံဇာတ မှန်သမျှ ဘယ်ရခိုင်မှ ခံစားပိုင်ခွင့် မရခဲ့ပါဘူး …
စစ်တပ်နဲ့ အာဏာရှင် လက်ဝေခံတို့သာ လုယူ ပိုင်စိုး ခဲ့ကြတာပါပဲ …။
ဒီကနေ့ အချိန်မှာလည်း ကြည့်ပါ … သဘာဝဓာတ်ငွေ့
ရခိုင်ပြည်နယ်က ထွက်တယ် ရခိုင်တိုင်းရင်းသားတွေ
မသုံးခဲ့ကြရပါဘူး … တရုတ်လက်ကို သူခိုးဈေးနဲ့
ထုတ်ရောင်းပစ်ခဲ့တယ် …။
ဒီကြားထဲ ဒီ ဓာတ်ငွေ့ရောင်းချမှုရယ် ၊ ပိုက်လိုင်းသွယ်တန်းမှုရယ်
အဆင်ပြေပြေ အောင်မြင်အောင် ရခိုင်တွေကို တဖက်လှည့်နဲ့
ကုလားနဲ့ ရန်တိုက်ပေးပြီး ဒုက္ခသည်စခန်းကို ပို့ခဲ့တာ
လက်ရှိ အာဏာရှင် ဘောင်းဘီချွတ် အစိုးရ ပါ …။
နောက်ထပ် အန္တရာယ် တခုက ကျောက်ဖြူ ရေနက်ဆိပ်ကမ်း
စီမံကိန်းပါ ။။ ဒီ စီမံကိန်းကြီး အပြင် တရုတ်ရဲ့ ခြေလှမ်းက
ရခိုင်ပြည်နယ်မှာ တရုတ်မြို့ကြီးတည်ပြီး ခြေကုပ်ယူဖို့
လုပ်နေပြီ ဆိုတာပါ ။။
ရခိုင်ပြည်နယ် နေသူတိုင်းရင်းသားများ ပိုသိကြမှာပါ ။
အရင်ကဆို မိတ်ဆွေအချင်းချင်း အလကားတောင် ပေး
နေကြတဲ့ ကမ်းခြေက အုန်းခြံတွေ ခု ဘယ်လောက်
ပေါက်ဈေး မြင့်ကုန်ပြီလဲ … ဘယ်သူတွေ လာဝယ်
ကြတာလဲ …။ သဘောပေါက်ဖို့ အချိန်တန်ပါပြီ …။
ရိုးသားတဲ့ ရခိုင်လူမျိုးတွေ အာဏာရှင် လှည့်ကွက်မှာ
စင်းစင်းကြီး မိခဲ့ကြရပါတော့တယ် …
ဒီကနေ့တော့ … ရခိုင်လူမျိုးတွေဟာ စစ်တပ်ကို ပြန်တော်လှန်
နေကြပါပြီ … ဒါကလည်း တနေ့ သေချာပေါက် ဖြစ်လာမယ်လို့
မှန်းဆ ထားပြီးသားပါ ။ ဒီလောက် မြန်မယ်တော့ မထင်ခဲ့ဘူးပေါ့ ။
ဒါကလည်းပဲ ၂၀၁၅ ရွေးကောက်ပွဲ အတွက် လှည့်စားမှုတရပ်
လက်ဝါးချင်းရိုက် စီစဉ်မှု တရပ်လေလား ဆိုတာ တွေးစရာပါ ။
၂၀၁၅ ရွေးကောက်ပွဲမှာ နယ်မြေအေးချမ်းမှု မရှိလို့ ဆိုပြီး
သူတို့ ရှုံးနိုင်တဲ့ ဒေသ အတော်များများကို ရွေးကောက်ပွဲ
မကျင်းပ ပေးဘဲ ချန်လှပ်နိုင်ဖို့ ကြိုတင် စီစဉ်တာလည်းပဲ
ဖြစ်နိုင်ချေ ရှိနေပါတယ် …။
စကားကို ဆက်ရရင် … ဒါပေမယ့် ဒီကနေ့ အချိန် အထိ
ရက္ခိုင် တိုင်းရင်းသားတွေရဲ့ အမြင်ကို မှန်ကန်မှုတော့
မရှိသေးပါဘူး …
အာဏာရှင် လှည့်စားမှုကို ကွင်းကွင်းကွက်ကွက် မမြင်သေးဘဲ
ကုလားမုန်းတီးရေးနဲ့ အခု ဗမာမုန်းတီးရေး ။ နောက်
ရက္ခိုင် ဘုရင့်နိုင်ငံတော် တည်ထောင်ရေး တို့မှာသာ
အမျက်လည်နေပြီး အတွေးအခေါ်တွေ ဘေးချော် နေတာ
တွေ့ရပါတယ် …။
တခြား တိုင်းရင်းသားများလို တစိုက်မတ်မတ် အာဏာရှင်ကို
တော်လှန်ရင်း အခြား တော်လှန်ရေး အင်အားစုများနဲ့
လက်တွဲမယ် ဆိုတဲ့ အသိအမြင်မျိုး … လှည့်စားလို့
ကုလားမုန်းဝါဒ နဲ့ တည်ငြိမ်အေးချမ်းမှု မရှိအောင်
လုပ်နေတာမျိုးတွေသာ လျော့ခဲ့မယ် ဆိုရင် …
ပြည်သူအပေါင်းနဲ့ ဗမာလူမျိုးများကပါ ထောက်ခံ အားပေး
လာကြပါလိမ့်မယ် …
ဒါကြောင့် ခေါင်းဆောင်တွေ အမှားကျူးလွန်နေရင်တောင်
ရိုးသားတဲ့ အောက်ခြေ ရခိုင်တိုင်းရင်းသား ညီနောင်များကို
တောင်းဆိုချင်ပါတယ် …
အသိအမြင်တွေ ခံယူချက်တွေ ပြောင်းလဲဖို့ အချိန်တန်ပါပြီ
အာဏာရှင်ကို လက်တွဲညီညီ တော်လှန်ရာမှာ
မှန်ကန်တဲ့ ဘက်ကနေ ပါဝင်ပေးကြပါ …
ဒေါသအလျောက် ပြောခဲ့တဲ့ စကားများအပေါ်လည်း
ကျနော်တို့ နားလည် ကျေနပ်ပေးပါ့မယ် …
ပြောချင်တာတွေ များပါတယ် … ဒါပေမယ့်
ခုတော့ ဒီလောက်ပဲ ပြောပါရစေ တော့ ….။

ဘရန်ဆိုင်း ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: