ဒေါ်စုအနိုင်ရလို့ အစိုးရဖွဲ့နိုင်ရင်တောင် အာဏာပိုင်က ကာချုပ်ဆိုတာကို မမေ့သင့်ဘူး

ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ကို ဘာကြောင့်မဲပေးသင့်

မကြာမီလာမယ့် ရွေးကောက်ပွဲ ဒေါ်စု နဲ့ NLD ကို မဲပေးလိုက်ပါ
ဒေါ်စု နဲ့ NLD အစိုးရအဖြစ်တက်လာရင် တိုင်းပြည်ကြီး
ဘာဖြစ်သွားတယ် ဘယ်လောက်တိုးတက်သွားမယ်ဆိုတာထက်
သေချာအာမခံလို့ရတဲ့ ဒီအခွင့်အရေးတွေ ကျိန်းသေရပါလိမ့်မယ်

၂၀၁၅ အလွန် ဒေါ်စု နဲ့ NLD အစိုးရဖြစ်ရင် ခင်ဗျားတို့ရလာမှာက…

၁ – ခင်ဗျားတို့အစိုးရကို ကျနော်တို့ မယုံပါ ဆင်းပေးပါတော့လို့
NLD အစိုးရဝန်ကြီးတွေ လာတဲ့လမ်းမှာ ဆန္ဒပြကြပါ
နိုင်ငံတော် အကြည်ညိုပျက်စေမူနဲ့ တရားလုံးဝစွဲဖို့မရှိနိုင်ပါ

၂ – လယ်သမားအရေး အလုပ်သမားအရေး ကြိုက်သလို
ဆန္ဒထုတ်ဖော်ပါ ခင်ဗျားတို့ကို တာဝန်လက်ပတ်တွေနဲ့
ခွေးဆွဲသလို ဆွဲတာမျိုး လည်ပတ်နီတွေနဲ့ အထက်မိန့်ဆိုပြီး
ခွေးတွေ ဝိုင်းကိုက်သလို ကိုက်တာမျိုး လုံးဝ မဖြစ်လာနိုင်ပါ

၃ – အစိုးရနဲ့အစိုးရဝန်ထမ်းများ လိုအပ်ချက်ရှိပါက ခြစားမူရှိပါက
တိုင်ကြားပါ ခင်ဗျားကို တန်ပြန်ပြသာနာလုံးဝ မရှာလာနိုင်ပါ

၎ – မီဒီယာများ အစိုးရလိုအပ်ချက်နဲ့ အစိုးရချွတ်ခြုံကျချက်များ
စိတ်ကြိုက်ဝေဖန်ပါ နိုင်ငံတော်လျှိုဝှက်ချက်အက်ဥပဒေနဲ့
အစိုးရဖက်က တန်ပြန်တရားစွဲတာမျိုး ကြုံလာဖို့ မရှိနိုင်ပါ

၅ – နိုင်ငံသားတွေမသိရတဲ့ လက်သိပ်ထိုးစီမံကိန်းတွေမရှိလာနိုင်ပါ

၆ – ယခင်ဖွတ်အစိုးရလက်ထက် မတရားခံရမူများကို လွတ်လပ်စွာ
ဆန္ဒထုတ်ဖော်ခွင့်ရလာမှာအပြင် တန်ပြန်ဖြိုခွင်းတာမျိုး လုံးဝ
မကြုံလာနိုင်တော့ပဲ လူလိုဖြေရှင်းတာမျိုး ရလာပါလိမ့်မယ်

၇ – သေချာဆုံးကတော့ ပြည်သူကမလိုချင်တော့ဘူးဆိုရင်
ဒီလူတွေဟာ အာဏာနဲ့ရာထူးကို ဖက်တွယ်ပြီးနေမှာမဟုတ်ပါ

U Aung Tin commented>>>

မြန်မာ့နိုင်ငံရေးရဲ့ လက်ရှိအနေအထားမှာ

ဘယ်နိုင်ငံရေးသမားမှ အမဲကနေ အဖြူ ဖြစ်အောင် မပြောင်းလဲပေးနိုင်ပါဘူး။

ဒေါ်စုအနိုင်ရလို့ အစိုးရဖွဲ့နိုင်ရင်တောင် အာဏာပိုင်က ကာချုပ်ဆိုတာကို မမေ့သင့်ဘူး။

ဒေါ်စုက ပြုပြင်ပြောင်းလဲချင်တိုင်း ပြောင်းလဲလို့ မဖြစ်နိုင်ပါဘူး။

ဒေါ်စုနိုင်တယ်ဆိုရင် အမဲကနေ အဖြူဖြစ်မယ်ထင်တာ စိတ်ကူးယဉ်လွန်းရာ ကျတယ်။

အမဲကနေ မီးခိုးရောင်ဖြစ်မယ်ဆိုရင်တော့ လက်ခံပါတယ်။

အမဲကနေ မီးခိုးရောင်ဖြစ်တာက အမဲထက် အများကြီးပိုကောင်းပါတယ်။

သို့သော် ဒေါ်စု မနိုင်ပါဘူး။

နိုင်အောင် ကြိုးစားတာကိုတော့ လုပ်ကိုလုပ်ရပါမယ်။

လုပ်ကြပါ။ အားပေးပါတယ်။

ဒေါ်စုက စစ်ဗိုလ်တွေထက် အများကြီးသာပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: