နိုင်ငံရေးသမားဆိုတာ အမျော်အမြင်ရှိရတယ်

အမျော်အမြင် တက်တက်စင် သူနှင့်
အတွင်းရန်သူ လူကြီး ၂ ယောက်

နိုင်ငံရေးသမားဆိုတာ အမျော်အမြင်ရှိရတယ်။
အမျောအမြင် ကမ်းတာက တော်သေး။
အမျော်အမြင် တက်တက်စင် လွဲလောက်အောင် တုန်းသူများ
နဲ့ကျ အလုပ်လုပ်လို့ကိုမရတာပါ။

၁၉၉၀ ရွေးကောက်ပွဲ မလုပ်ခင်မှာ မန်းလေး အုပ်စု က
NLD အပြတ်အသတ်နိုင်မယ်။
စစ်တပ် ရဲ့ ပြစ်ချက်တွေကို ပြန်မဖေါ်ပဲ ဆက်မမှားဖို့
ထိမ်းမယ်။


၁၉၇၄ အခြေခံဥပဒေ ကိုယူ ပြုပြင် ဗိုလ်ချုပ်စောမောင်ကို
ကာကွယ်ရေး ဝန်ကြီး လုပ်ခိုင်း ပြီး NLD အစိုးရဖွဲ့နိုင်ဖို့
လုပ်တယ်။
ဒါတွေကို စကုတိုက်က ဆရာတော် ဦးရေဝတ က အားလုံး
ဒါအတွက်ကြိုးစားဖို့ အမိန့်ပေးတယ်။

မန်းလေးကနေ ကို ချိုကြီး (ABSDF သတ်၍ သေသူ) နဲ့
ကျနော် ရန်ကုန်ဆင်းကြိုးစားတယ်။
ရန်ကုန်မှာ အဓိက နေရာကနေ NLD လူငယ် ဗဟိုက
ကိုမြင့်စိုး နဲ့ GOSDA က ကိုမောင်မောင်အောင် ( နောင်
ပန်းဘဲတန်း မှ လွှတ်တော် အမတ် အရွေး ခံရသူ )တို့ ပါကြ
တယ်။

ရန်ကုန်မှာ စည်းရုံးရေးလုပ်ဖို့ ( ခု ရှစ်ပူး ) ကိုကို ကြီး ကို
သွားစည်းရုံးတော့
မောင်မင်းကြီးသားက စီမံချက်တွေ အားလုံး ကြိုက်ပါတယ်။
ဒါပေမဲ့ နိုင်မှာက ဒီ/ ငြိမ်း ဗျ။ NLD မဟုတ်ဖူးဆိုပဲ။
အဲ့လောက်တုန်းတဲ့သူ။ နိုင်ငံရေး ရေချိန်မရှိသူ။

NLD က ဦး ကြည်မောင်နဲ့ဦး ချစ်ခိုင်က အတွေ့မခံရဲl
ရှောင်နေပါတယ်။
ဒါကြောင့် ကိုမြင့်စိုးကတဆင့် စစ်တပ် ကို စည်းရုံးတဲ့စကားသာ ပြောဖို့ အထူးမှာ ကြားခဲ့ပါတယ်။

NLD က ပြော သလို လုပ်ရှာပါတယ်။
ဗိုလ် ခင်ညွန့်လို လူမျိုးတော့ နျူရင်ဘတ်လို ခုံရုံးပို့ ရမယ်တဲ့။

ကွဲရော ။ ဘာမှကို ဆက်လုပ်လို့မရတော့တာ။

သိရဖို့ပါ။
NLD ကို ဘာပြုတဲ့သူတွေ ဘာပြုမယ်ပြောနေသူတွေ။
သူတို့လောက် အနစ်နာခံဖူးလားဆိုသူတွေ။

တခုတော့သိ။ မန်းသားနွေက အလုပ်တခုလုပ်ပြီး
လယ်ကြွားနေတာမျိုး ဝါသနာမပါဖူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: