ခေါင်းဆောင်ကို မရှာပါနဲ့၊ ကိုယ်တိုင်ခေါင်းဆောင်ပါ …..

ခေါင်းဆောင်ကို မရှာပါနဲ့၊ ကိုယ်တိုင်ခေါင်းဆောင်ပါ ….. (၁)
<><><><><><><><><><><><><><><><><>

ခေါင်းဆောင်နဲ့ ပတ်သက်ပြီး နှစ်သက်တဲ့ ဆိုရိုးစကားတစ်ခုကို ပြပါဆိုရင် ….. NO ONE IS BORN TO LEAD … ပါ။ ဆိုလိုတာက မည်သူတစ်ဦးတစ်ယောက်မျှ ခေါင်းဆောင်အဖြစ် မွေးဖွါးလာတာမဟုတ်ပါဘူး။ ဒါဆိုရင် ခေါင်းဆောင်ဆိုသူတွေ ခေါင်းဆောင်အဖြစ် ဘယ်လိုဖြစ်လာသလဲပြန်ကြည့်ရင် အခြားသူတွေထက် ပိုအလုပ်လုပ်၊ ပိုတော်၊ ပိုပြီးစွန့်လွှတ်အနစ်နာခံ၊ ပိုပြီးအင်အားရှိ …. စတဲ့ အရည်အသွေးနဲ့ လုပ်ရပ်တွေကြောင့် ခေါင်းဆောင်နေရာကို ရလာတာပါ။

အဖေအမေနဲ့ အကိုကြီးတွေရှိလျက်နဲ့ သားအငယ်ဆုံး(သို့မဟုတ်) သမီးလေးက အိမ်ထောင်စုရဲ့ ခေါင်းဆောင်ဖြစ်နေတာတွေ၊ ရပ်ကွက်ထဲမှာ ပညာတတ်၊ချမ်းသာတဲ့ လူကြီးတွေရှိနေပါလျက် လူငယ်လေးက ခေါင်းဆောင်ဖြစ်နေတာတွေ၊ ဘကြီးဘဘေတို့ ဒေါက်တာဘမော်တို့လို ပညာတတ်သူဌေးကြီးတွေရှိနေပါလျက် သခင်အောင်ဆန်းလို လူ့ဗလံငမွဲလေးက အမျိုးသားခေါင်းဆောင်ဖြစ်လာတာတွေ ….. ပြောရရင် အများကြီးပါ။ အဓိကအချက်က ခေါင်းဆောင်ဟာ ” ခေါင်းဆောင် ” လို့ နဖူးမှာစာကပ်ပြီး မွေးလာတာမဟုတ်ပဲ သူ့မိသားစု၊ သူ့ရပ်ကွက်၊ သူ့မြို့၊ သူ့နိုင်ငံ၊ သူ့လူမျိုးအတွက် ဦးနှောက်နဲ့ ကိုယ်ခန္ဓာကို အလုပ်ပိုလုပ်ခိုင်းတယ်၊ အသိဥာဏ်ပညာပိုတော်အောင်လုပ်တယ်၊ အခြားသူတွေထက် ပိုပြီးစွန့်လွှတ်အနစ်နာခံတယ်။ ခေါင်းဆောင်ဖြစ်လာမည့် သူတစ်ယောက်ဟာ ခေါင်းဆောင်ဖြစ်လာရေးထက် သူ့ထက် သာမယ်ထင်ရတဲ့ ခေါင်းဆောင်ရဲ့နောက်လိုက်ကောင်းအဖြစ်နဲ့ သူ့ဘက်ကလုပ်စရာရှိတာကို အကောင်းဆုံးလုပ်တယ်။ သူ့လုပ်ရပ်ရဲ့ အသီးအပွင့်ကိုကြည့်ပြီး ကျန်တဲ့သူတွေက သူ့ရဲ့နောက်ကနေ ယုံယုံကြည်ကြည်လိုက်လာတဲ့အခါ သူ့ဟာသူကိုယ်တိုင်မသိပဲ ခေါင်းဆောင်ဖြစ်မှန်းမသိဖြစ်လာတာပါပဲ။ အချို့လည်း ဓါးပြခေါင်းဆောင်၊ သူခိုးခေါင်းဆောင်၊ လူမိုက်ခေါင်းဆောင် …. စတဲ့ နေရာနဲ့လုပ်ရပ်ကိုလိုက်ပြီး မကောင်းတဲ့နေရာမှာ ခေါင်းဆောင်ဖြစ်လာကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခြားသူတွေထက် ပိုမိုက်၊ ပိုရက်စက်ပြီး မကောင်းတဲ့နေရာမှာ ပိုတော်၊ ပိုအလုပ်လုပ်၊ ပိုပြီးစွန့်စားလို့ ခေါင်းဆောင်ဖြစ်လာတာပါပဲ။

Facebook ပေါ်က အနီးစပ်ဆုံးဥပမာကို ကြည့်ကြရအောင်ပါ။ မိုးလေဝသပညာရှင် ဒေါက်တာ Tun Lwin နဲ့ စစ်တပ်လော်ဘီ ရဲမိုးတို့မှာ Follower တစ်သိန်းကျော်ရှိကြတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့နောက်လိုက်တွေအတွက် သူတို့အလုပ်လုပ်ကြလို့ပါ။ ရဲမိုးက အခြားစစ်လော်ဘီတွေထက် အလုပ်ပိုလုပ်ပြတော့ သူနဲ့အသွေးတူ၊အမွှေးတူတွေက သူ့နောက်လိုက်ပြီး သူ့ကိုခေါင်းဆောင်တင်၊ သူပြောသမျှယုံတော့တာပေါ့။ ဒေါက်တာထွန်းလွင်ကလည်း ဥာဥ့်နက်သန်းခေါင်အထိ အလုပ်လုပ်တော့ သူ့ရဲ့ မိုးလေဝသသတင်းကို လူတွေသိန်းချီပြီး ယုံယုံကြည်ကြည်နဲ့ စောင့်ဖတ်ကြရတယ်။ နောက်ထပ် အကောင်းဆုံး ဥပမာတစ်ယောက်ကတော့ သိပ်အထွေအထူးရှင်းပြစရာမလိုတဲ့ ဦးဝီရသူပဲ။ ဘာပဲပြောပြော မျက်ကန်းမျိုးချစ်တွေအတွက် ဦးဝီရသူထက် ကြီးတဲ့ခေါင်းဆောင်မရှိဘူး။ ဘာ့ကြောင့်ဆိုတော့ အလုပ်လုပ်လို့ပါပဲ။

ဆိုတော့ကာ လူတိုင်းလူတိုင်း(အထူးသဖြင့် မြန်မာမွတ်စ်လင်မ်တွေ)ဟာ ကိုယ်ကဘာမှမလုပ်ပဲ ခေါင်းဆောင်ကို ရှာနေ မျှော်နေရင် အဲဒီလူမျိုးက လုံးပါးပါးသွားမယ်၊ ခေါင်းဆောင်တော့ရမယ်မထင်ဘူး။ လူတိုင်းက ကိုယ်ရောက်ရာနေရာမှာ လုပ်သင့်တဲ့အလုပ်ကို စေတနာသန့်သန့်နဲ့ အများအတွက်အနစ်နာခံပြီး စတင်လုပ်ဆောင်ရမှာပါ။ ကိုယ့်လုပ်ရပ်ပေါ်မူတည်ပြီး လိုတဲ့လူတွေက ကောင်းခြီးပေးဂုဏ်ပြုမယ်။ မလိုတဲ့သူတွေက ကဲ့ရဲ့ပြစ်တင်ရှုတ်ချမယ်။ ဂရုမစိုက်ပါနဲ့။ သူတို့ဘက်က သစ္စာဖေါက်လို့ မြင်တာထက် ကိုယ့်ဘက်က သူရဲကောင်းလို့ မြင်လာအောင်သာ စေတနာအပြည့်နဲ့ အလေးထား အလုပ်လုပ်ပါ။ ကျွန်တော်ပြောရဲပါတယ်။ ခင်ဗျားဟာ မကြာခင် ခေါင်းဆောင်တစ်ယောက်ဖြစ်လာမှာပါ။

Kyaw Win
29 April, 2015

 Zaw Min Right Saya Kyaw
  • Maung Maung Ko ဘယ် လို လူ စု လူ စား တွေ ရဲ့ ခေါင်း ဆောင် လည်း…..
    ဆေး လိပ် ခုံ က ခလေးမ တွေ တွံ တေး သိန်း တန် ကြိုက် ကြ တယ်
    ကော လိပ် ကျောင်း သူ တွေ က ဝင်း ဦး ကို ကြိုက် တယ်…

    ဝီ ရ သူ နောက် လိုက် နဲ့..ဥဦး ထွန်း လွင် ပ ရိတ် သတ် နဲ့ လည်း ကွဲ ပြား ပါ တယ်..
    သဗလိဂ် ဂျမအတ် နဲ့..ဒါရ် ဂါ သမား အုပ် စု နဲ့…၅၉ လမ်း နဲ့….
    အင်း….ခေါင်း ဆောင် တူ မယ် မ ထင် ဘူး ဗျ…ပရိတ်သတ် ခေါ် နောက် လိုက်…တွေ ရဲ့ အ တွေး အ မြင် ..ဟ…နေ တယ်
  • Sai Mya Arkar အမှန်ဘဲ ဆရာ၊၊ဒါပေမဲ့ အစ္စလမ်က ဘာသာရေးနှင့်ရောပြီး ကိုယ်ကျိုးစွန့်သူကို မြင်တော့ ဘယ်မှာလာ ခေါင်းဆောင်ကောင်း ပေါ်တော့မှာလဲဆရာ၊၊
    15 hrs · Like · 2
  • Saw Aung ခေါင်းဆောင်ဆို တာ တိုက်ပွဲ ရှိမှ သူ့ အလိုလိုပေါ်လာတာ ။
  • Maung Maung Ko ဘေး ကြပ် နံ ကြပ် ဖြစ် တဲ့ အ ခါ
  • စိုး ဦး နိင်ငံရေးကို ဘာသာရေး စံတွေနဲ့ ကိုက်ညီမှ ဆိုတဲ့ ကျနော့် တို့ လူအဖွဲ့အစည်းမှာ ခေါင်းဆောင် ထွက်ဖို့ဆိုတာ….
  • Aye Ko Ko Winn Great post…
  • Aung Soemyint အားလုံးမျှော်တဲ့ ခေါင်းဆောင်ကို ရွေးပြသွားတဲ့ အတွက် Thanks
  • Aung Myat Kyaw ခေါင်းဆောင်ဆိုတာ၊ကြိမ်ကိုင်ပြီးနောက်ကလိုက်ရန်မဟုတ်တံခွန်ကိုင်င်္ပြီးရှေကထွက်ရန်ဖြစ်သည်၊၊
  • Kyaw Win ခေါင်းဆောင်က တိုက်ပွဲ(fight)ကြောင့် အလိုလိုပေါ်လာတာမဟုတ်ပါ။ အခက်အခဲ၊အကြပ်အတည်း(struggle)မှာ ဦးဆောင်ဖေါက်ထွက်ပြပြီးမှ ပေါ်လာတာပါ ဆရာ Saw Aung… ကို Maung Maung Ko က နောက်လိုက်လူတန်းစားကို ကြည့်ပြီးမှ ခေါင်းဆောင်ကို စဉ်းစားတာ၊ ကျွန်တော်က အလုပ်လုပ်ပြပြီးတဲ့နောက်မှ နောက်လိုက်တွေက ခေါင်းဆောင်ကို သတ်မှတ်တာပါ။ မင်းလောင်းမျှော်နေသရွေ့ကတော့ ရွှေပြည်တော် မျှော်တိုင်းဝေးနေအုံးမှာပါ။
  • Sai Mya Arkar အရင်ခောတ်ကြောင့်သာ ဦးရာဇတ်ခေါင်းဆောင်ဖြစ်တာ၊၊
    ဒီခောတ်မှာဆို ဖြစ်မှာမဟုတ်ဘူး၊၊

    ဘာသာရေးနှင့် တိုင်းရင် ဖြစ်မှာမဟုတ်ဘူး၊၊

    13 hrs · Like · 5
  • Maung Maung Skw ဘာသာရေးနဲ့…နိုင်ငံရေးအလုပ်တွေကို…ခွဲကိုခွဲထားသင့်ပါတယ်…. ဒါမှအလုပ် လုပ်လို့ရမှာပေါ့
    အခုဟာက ခွဲလိုက်ရင် င်ါအဖွဲ့ရဲ့(ငါ့ရဲ့) အရေးပါမှု လျော့ကျ သွားမလား နေရာပျောက်သွားမလားလို့ စိုးရိမ်တဲ့သူ တွေက နိုင်ငံရေးဦးဆောင်အဖွဲ့ သီးသန့် ပေါ်ထွက်လာမှာကို အားမပေး
    ကြဘူး အားမပေးချင်ဘူး အားမပေးရဲကြဘူး လို့ကျွန်တော်.. မြင်ပါတယ်
    အိန္ဒိယကို နမူနာယူသင့်ပါတယ်
    အိုလမာအဖွဲ့ က ပုဂ္ဂိုလ်တွေက နိုင်ငံရေးနဲ့ အမျိုးသားရေးလုပ်ပါတယ်
    တကယ်တက်တက်ကြွကြွ ခြောက်လုံးပြူး ခါးကြားထိုးပြီးလုပ်တာပါ
    အိုလမာရုံးခန်းမှာ ဖွသဝါကိစ္စ မေးလို့ မရ ပြောလို့ မရ ငြင်းလို့ မရပါဘူး
    ဖွသဝါကိစ္စ ဘာသာရေးကိစ္စ မှန်သမျှ ကျောင်းတွေက အာလင်မ်တွေကဘဲ ကိုင်တွယ် ဆုံးဖြတ်ပါတယ်…ကိုယ်ကြိုက်တဲ့ကျောင်းကိုသွားနိုင်ပါတယ်…
    အဲ့ဒီလိုဖြစ်ဖို့ လိုပါတယ်…ဘာသာရေးအလုပ်တွေနဲ့…နိုင်ငံရေးအလုပ်တွေကို…ခွဲကိုခွဲထားသင့်ပါတယ်….
  • Maung Maung Skw ဆရာဦးKyaw Win…ရေးခဲ့တဲ့ Comment လေးတခုပါ…………………………………. ကို Maung Maung Skw က အိန္ဒိယအိုလမာအဖွဲ့အကြောင်းပြောလို့ ဥက္ကဌဖြစ်သူ မောင်လာနာဟိုစိုင်န်အဟ်မဒ်မဒနီရဲ့ နိုင်ငံရေးတရားပွဲမှာ…. ” ကျုပ်အတွက် ခွေးရဲ့သွားရည်ဟာ မသန့်ပေမဲ့ အဲဒီခွေးက အင်္ဂလိပ်ကို ကိုက်မယ်ဆိုရင် ကျုပ်က အဲဒီခွေးကို ပွေ့ချီပြီး ဖက်နမ်းပါမှာ ” …. တဲ့။ ဒါဟာ နိုင်ငံရေးတရားပါ။ မြန်မာမွတ်စ်လင်မ်တွေ စဉ်းစားဆင်ခြင်သင့်ပါတယ်။ ဘယ်သူကမှ ခွေးဖက်နမ်းမဲ့ မောင်လာနာမဒနီကို အကီဒါပျက်လို့ မပြောခဲ့ပါဘူး။
  • Ko Moe Kyaw ရိုတွေက သူတို့ခေါင်းဆောင်တစ်ဦးက ဒီလိုပဲဟေ့ဆို အဲ့တိုင်းအသေခံပြီးရပ်တည်ကြတယ်.။ ဗမာပြည်သူအများစုက ဒေါ်စု ဒါဟေ့ ဆိုအကုန်က ဒါလိုက်ကြတယ်.။ ဟဲဟဲ ပြည်မက အပ္ပနားတွေကတော့ ဘယ်သူ ဘာဟေ့ ဆိုတာနဲ့ တို့ကဒါဟေ့ ဆိုတဲ့ ကန့်လန့် သံတွေကြားရမယ်.။ ဘယ်သူ့နောက်ကိုမှ အသာတကြည်ဘယ်တော့မှမလိုက်ဘူးလို့ ကစမ်ကြိမ်ထားတယ်.။
  • Ko Moe Kyaw သေသွားတဲ့သူတွေကိုတော့ ကျေးဇူးရှင်တွေဆိုပြီး သတ်မှတ်ပေးကြပါတယ်.။ အထိမ်းအမှတ်ပွလြေးတွေတွေတော့ လုပ်ပေးလေ့ရှိကြပါတယ်.။အဲ့တာတော့ချစ်စရာ
  • Maung Maung Skw ဟုတ်ကဲ့ပါ…အပြစ်တွေထိုင်ပြောမယ်ဆိုရင်တော့…တနေကုန်လဲ…ပြီးစရာမရှိပါဘူး… အခုဟာက….နည်းလမ်းရှာပြီး…ဖြစ်သင့်တာလေးတွေတင်ပြဖို့ဖြစ်ပါတယ်….ကျွန်တော်…ဆရာလုပ်တာတော့မဟုတ်ပါဘူးဗျာ…အပြောအဆို…စိတ်တိုင်းမကျရင်…ခွင့်လွှတ်ပါဗျာ… Ko Moe Kyaw
  • Maung Maung Ko အ ပေါ် က Ko MoeKyaw ပြော သွား သ လို ရည် ညွှန်း တာ ပါ…နောက် လိုက် တွေ တ ညီ တ ညာ တည်း သ ဘော တူ မှ ခေါင်း ဆောင် ပေါ် ထွက် လာ မှာ
    ဦး အေး လွင် ဆို့…နိုး နိုး နိုး
    ဦး မြင့် သိန်း ဆို နိုး နိုး နိုး နိုး

    ဘယ် မော် လ ဝီ…နိမ်း နိမ်း နိမ်း ဟဲ
    ညာ မော် လ ဝီ….န ဟီး န ဟီး…
    ကဲ…ဟို သူ ဌေး ရော….နိုး နိုး နိုး…
    ဆို လို တာ က ပရိတ် သတ် က တန်း မ တူ ဘူး…
    သုဒ္ဓ ကိန်း တွေ ထဲ….ဘုံ ဆ ခွဲ ကိန်း ရှာ သ လို ပါ…ကို ကျော် ဝင်း…
  • Maung Maung Ko သင်္ချာ နဲ့ ဘဲ ဆက် ပြော ရ ရင်…ညှိ ဖို့ တ နည်း ဘဲ ရှိ ပါ တယ်…အား လုံး ကို သုည နဲ့ စား ပါ….အား လုံး အင်ဖန်နတီ…အကောင် ကြီး
    တွေ ဖြစ် ကုန် ကြ မှ…ညီ ကြ မဲ့ သ ဘော..
  • Ko Moe Kyaw အပြစ် ထိုင်ပြောတာ မဟုတ်ပါဦးမောင်. ။ အဖြစ်ကို တိုင်ပြောစရာလူမရှိတာကခက်နေတာပါဦးမောင်.။
  • ရတနာ သက်

    အန်ကယ် ဆရာ Kyaw Win ရဲ့ status နဲ့ comment များဖတ်ပြီး ဘာကော်မန့်မှ မရေးရသေးခင်မှာ ..
    အန်ကယ် July Yeyint ရဲ့ status ကို ရှေ့ဆင့်နောက်ဆင့် ဖတ်လိုက်ရတော့ …

    feeling က ဆန့်ငင် – ဆန့်ငင် ဖြစ်သွားမိတယ်

    12 hrs · Like · 1
  • Ko Moe Kyaw ဘယ်မှာလဲ ဦးjuly Yeyint မန့် .မတွေ့ပါလား
    12 hrs · Like · 2
  • ရတနာ သက် အန်ကယ် July Yeyint အခုနလေးတင် တင်လိုက်တဲ့ (ခေါင်းဆောင်သူလုပ်မလား ခေါင်းရှောင်သူလုပ်မလား ? ) ဆိုတဲ့ status လေးနဲ့ေ၇ှ့ဆင့်နောက်ဆင့် ဖတ်မိတာပါ အန်ကယ်က Moe Kyaw ရေ …
  • Alexander Wolff ပို့စ်ရော ကွန်မန့်တွေပါ ဖတ်ပီး အေတြးမ် ဳိးစုံ အျမင္မ် ဳိးစုံ သိခွင့်ရပါတယ်
    12 hrs · Like · 1
  • July Yeyint ကျနော်တို့ လူ့အဖွဲ့အစည်းက “ခေါင်းဆောင်” နဲ့ “အာဏာရှင်” မကွဲပြားသေးပါ။ ခေါင်းဆောင်ကောင်းရဲ့ကျင့်ဝတ်၊ နောက်လိုက်ကောင်းရဲ့ကျင့်ဝတ် မသင်ကြားခဲ့ကြရပါ။ ဆွေးနွေးခြင်း နဲ့ ငြင်းခုံခြင်း မခွဲခြားတတ်ပါ။ စားချင်ကြပေမယ့် မလုပ်ချင်ကြပါ။ ပညာရှင်/ပညာရှိဖြစ်ချင်ပေမယ့် ဆင်ခြင်တုံတရား မထုတ်သုံးပါ။ သူတစ်ပါးကိုလက်ညှိုးထိုးပြင်ခိုင်းပြီး မိမိကိုယ်ကို ဘာပြင်ရမှန်းပင် မသိရှိသေးပါ။ မိမိတို့ရဲ့အားသာချက်နဲအားနည်းချက်တွေကို အရှိအတိုင်း သုတေသန မပြုရဲကြသေးပါ။ ဒါတွေကျော်ဖြတ်နိုင်မှ ခေါင်းဆောင်ကောင်းရဲ့ အငွေ့အသက်ကို စတင်ခံစားရပါလိမ့်မယ်။
  • ရတနာ သက်
    ..
    ဒီ status နဲ့ comment များဖတ်ပြီးချိန်မှာ …

    လက်ရှိ တကဲ့ ဖြစ်ရပ်တွေကို ဆင်ခြင် စဉ်းစားရင်း … စိတ်တကယ် လေသွားမိတယ်။

    bro Ko Moe Kyaw ရဲ့ ကော်မန့် နဲ့ အန်ကယ် U Maung Maung Ko ရဲ့ ဖြည့်စွက် ရည်ညွှန်းတဲ့ ကော်မန့်တွေ ဖတ်ရချိန်မှာတော့ .. (မြန်မာ)မွတ်စ်လင်မ်ထုရဲ့ အခြေအနေကို တကယ်ကို စိတ်ပျက်မိတယ်။
    ကျတော်တို့ကို အဲ့ဒီ့လို ကွဲပြားမှုတွေအတွက် အကောင်းဆုံး မီးမောင်းထိုးပြနေတဲ့ အာယသ်တော် အခိုင်အမာ ရှိပါရက်နဲ့ …..

    အဲ့ဒီ့အာယသ် ပါဝင်သော …အဲ့ဒီ့ ကွရ်အာန်ကျမ်းတော်မြတ်ကို မငြင်းပဲဘဲ လက်ခံ နာယူရမဲ့ မွတ်စ်လင်မ်တွေက အဲ့လိုမျိုးကို ကွဲနေသတဲ့လား…. !

    *** ဘယ်ခေတ် – ဘယ်ကာလအထိ… အခုလို … (ကွဲကောင်းရင်း )
    ..
    … မတူ ကွဲပြားမှုတွေထဲမှာ ပျော်ဝင်ရင်း…
    အလုပ်မဖြစ်ဘဲ …

    … ရှေ့ဆက်နေကြအုံးမှာပါလိမ့် မွတ်စ်လင်မ်တို့ရေ ***

    ရတနာ သက်'s photo.
  • July Yeyint ကျနော်တို့အားလုံးက တမန်တော်မြတ်(ဆွ)ရဲ့ ထေရုပ္ပတ္ထိတော်ကို ၀တ္ထုလို ဇာတ်လမ်းလို ဖတ်မှတ်နေခဲ့ကြပါတယ်။ တကယ်လို့သာ ကဏ္ဍတိုင်းကပေးထားတဲ့ သင်ခန်းစာကိုရယူဖို့၊ Infrastructure တောင့်တင်းတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ဖို့၊ အသိစိတ်ဓာတ်ကိုယ်စီနှလုံးသွင်းဖို့၊ ပါးစပ်လှုပ်သလို လက်လည်းလုပ်ဖို့ နှလုံးသွင်းမယ် – ငါးခုံးမတွေကို တက်ညီလက်ညီ ဘေးဖယ်မယ်ဆိုရင်တော့ နောက်မျိုးဆက်တွေအတွက် ရောင်နီသန်းနိုင်ပါလိမ့်မယ်။ ကမ္ဘာကိုခါးစောင်းတင်နိုင်တဲ့ လူ့အဖွဲ့အစည်းတိုင်း မျိုးဆက်တစ်ဆက် ပေးဆပ်ခဲ့ကြပါတယ်။
  • ရတနာ သက် အခု ပေးဆပ်နေတာက မျိုးဆက်တဆက်မကပေမဲ့ … ရောင်နီသမ်းဖို့ကတော့ ဝေးနေစဲမို့ စိတ်ပျက်မိတာတော့ အမှန်ပဲ အန်ကယ် July ရေ …
    12 hrs · Like · 2
  • Win Tun စာရေးကောင်း၏ ခေါင်းဆောင်လုပ်သင့်၏
    12 hrs · Like · 5
  • July Yeyint ပေးဆပ်မယ့်နည်းလမ်းမှန်ကန်ဖို့တော့လိုမယ်လေ။ တစ်စုတစ်ဖွဲ့တည်းက ဒိုင်ခံပေးဆပ်ယုံနဲ့တော့ မျိုးဆက် ၁၀ ဆက်လည်း မဖြစ်ပါဘူး။ အွမ္မသ်ဆိုတဲ့ အဓိပ္ပာယ်ပေါ်လွင်ဖို့ အရေးကြီးပါသေးတယ်။ ဒို့ရဲ့တမန်တော်မြတ်ကြီးက သူကွယ်လွန်တော်မူချိန်အထိ အာရေဗျပြည်သူအားလုံး အစ္စလာမ်လက်ခံတာကို မမြင်တွေ့သွားရရှာပါဘူး။
    11 hrs · Like · 7
  • Rhr Burma Great!
  • Pathi Zaw Min Tun ပိုစ့်တင်တဲ့ တရက် နှစ်ရက်လောက်လေး အားကောင်းမောင်းသန်ဆွေးနွေးကြ တိုင်ပင်ကြ နောက်ရက်တွေကြ ဒုံရင်းဆိုရင်တော့ဖြင့်
    3 hrs · Like · 4
  • Ko Moe Kyaw ရတနာသက်ရေ့..။ အဲ့ဒီအာယသ်ကိုကိုင်ကိုင်ပြီး ကြိုးဆိုတာဘယ်ဟာကိုဆိုလိုတာပါလို့ကွဲပြားကြရင်းထချနေကြတာတွေမတွေ့ဖူးဘူးလား
    2 hrs · Like · 4
Maung Maung Skw ဒီပိုစ့်မှာ ပါဝင်ဆွေးနွေးသူဘယ်နှယောက် ဖတ်သူဘယ်နှယောက် ကြိုက်သူ ဘယ်နှယောက်လောက်များ ရှိမယ်ထင် လို့လဲ
ဒါ ဟိုအုပ်စုကရေးတာဆိုပြီး ဥပက္ခာပြုလိုက်တဲ့ အရေအတွက်က ပိုများပါ လိမ့်မယ်။
ဘယ်အုပ်စုလဲဆိုတာတော့ မသိဘူး

ဟိုအုပ်စု ဆိုတာဘဲ သိကြမှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: