ဦးဝီရသူဟာ မြန်မာ့တည်ဆဲ တရားဥပဒေများအရ အစ္စလာမ်သာသနာကို ညှိုးနွမ်းစေရန် စော်ကားသူ ရာဇဝတ်ကောင် တစ်ဦးသာဖြစ်တယ်

ဦးဝီရသူဟာ မြန်မာ့တည်ဆဲ တရားဥပဒေများအရ ဘယ်ရှုဒေါင့်ကဘဲကြည့်ကြည့် လူမျိုးရေး မုန်းတီးမှု အကြမ်းဖက်မှုတွေကို လူသိရှင်ကြား လှုံ့ဆော်သူ၊ အစ္စလာမ်သာသနာကို ညှိုးနွမ်းစေရန် စော်ကားသူ ရာဇဝတ်ကောင် တစ်ဦးသာဖြစ်တယ်။ ဦးသိန်းစိန်သာ အစိုးရဖြစ်လျက်နဲ့ ကြံရာပါ မဟုတ်ဘူးဆိုရင် တရားစွဲပြီး ထောင်ချခံလိုက်ရတာ ကြာပါပြီ။

အမှန်ကတော့ ဦးသိန်းစိန်ဟာ မကြာခင်က ကျင်းပပြီးခဲ့တဲ သီရိလင်္ကာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ သမ္မတဟောင်း ရာဂျာပတ်စကာက မွတ်စလင်၊ ဟိန္ဒူ၊ ခရစ်ယာန်တွေကို အကြမ်းဖက်ရေးတွေမှာ ဦးဆောင်ခဲ့တဲ ဘူဒူဘာလာစီနာ(ဘီဘီအက်စ်) ဗုဒ္ဓဘာသာ အကြမ်းဖက်အဖွဲ့ကို မိမိအာဏာတည်မြဲရေးအတွက် အကာအကွယ်ပေးခဲ့သလို မြန်မာဗုဒ္ဓဘာသာ အကြမ်းဖက်ခေါင်းဆောင် ဦးဝီရသူကို အကာအကွယ်ပေးနေတာပါ။

အခုသမ္မတသစ် စီရီစီနား လက်ထက်ကျတော့ အဲဒီ ဘီဘီအက်စ်ခေါင်းဆောင်တွေကို အကြမ်းဖက်မှုတွေအတွက် တရားစွဲထားလိုက်ပါပြီ။

ဗုဒ္ဓဘာသာဝင်တွေက မွတ်စလင်တွေကို ကြောက်နေလို့ အခုလို အကြမ်းဖက်ရတာပါလို့ပြောပြီး အကြမ်းဖက်မှုတွေကို ဒေါ်စုက နှစ်ကြိမ်တိုင်တိုင် ကမ္ဘာကျော်သတင်းစာများမှတဆင့် အတိအလင်း အကာအကွယ်ပေး ထောက်ခံထားပြီးဖြစ်တဲ့အတွက် လာမယ့်ရွေးကောက်ပွဲမှာ ဦးသိန်းစိန်အုပ်စုက အစိုးရ မဖြစ်ဘဲ ဒေါ်စုအုပ်စု အစိုးရဖြစ်ရင်လည်း ဦးဝီရသူတို့အုပ်စုက မွတ်စလင်မုန်းတီးရေး၊ အကြမ်းဖက်ရေးတွေကို ဆက်လက်လှုံ့ဆော်ခွင့် ရနေမှာဖြစ်တယ်။ ဘာသာရေး လူမျိုးရေး မတည်ငြိမ်မှုတွေ၊ အကြမ်းဖက်လှုံ့ဆော်မှုတွေက မြန်မာပြည်မှာ ဆက်လက်တည်တံ့နေမှာ အသေအချာဖြစ်တယ်။

ရွေးကောက်ပွဲကာလတွင်းမှာလည်း ဦးသိန်းစိန်အုပ်စုက အခြေအနေ မဟန်ရင် အရင်ကအတိုင်း မွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေ ဆက်လက်ပြုလုပ်နိုင်တဲ့ အန္တရာယ်တွေကလည်း ထင်ထင်ရှားရှား ရှိနေတုန်းပါဘဲ။

အခုလည်း မချောင်၊ ရွေးကောက်ပွဲနီးရင်လည်း မလွယ်၊ ရွေးကောက်ပွဲပြီး ဘယ်အစိုးရတက်တက်လည်း မသက်သာမယ့် မြန်မာပြည်က မျက်နှာမွဲ၊ ကံခေ၊ မိတ်ဆွေနည်းလှတဲ့ မွတ်စလင်တွေအတွက် စဉ်းစားမိတိုင်း အင်မတန်မှ ရင်လေးရပါတယ်ဗျာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: