စီးကရက်ဗူးခွံက ရွှေပတ်ကို ပတ်ပြီး၊ ဘုရားသွားတော် ဆိုလဲ ဖင်ဘူးတောင်းထောင် ကန်တော့တဲ့ တိုင်းပြည်

“နတ်ကန္နားတွေ က တစီစီ” စီးကရက်ဗူးခွံက ရွှေပတ်ကို ပတ်ပြီး၊ ဘုရားသွားတော် ဆိုလဲ
ဖင်ဘူးတောင်းထောင် ကန်တော့တဲ့ တိုင်းပြည်

တနိုင်ငံလုံးလဲ ဘယ်သွားသွား ယုံတမ်းတွေနဲ့ချည်း ပြည့်နေတဲ့ တိုင်းပြည်ပါပဲ။
ဗမာဆိုတာ ဟုတ်တာ မဟုတ်တာ အပ ထား၊ ကြည်ညိုရင် ပစ်ယုံ၊ ပစ်ကြည်ညို၊ ပစ်ကိုးကွယ်တတ်၊ မတတ်၊ နတ်တွေ ကြည့်တာနဲ့ သိရတယ်။
ဘယ်လိုသေသေ သနားရင်လဲ နတ်ဖြစ်၊ နာမည်ကြီးရင်လဲ နတ်ဖြစ်၊ သေခြင်းဆိုးနဲ့ သေသမျှ နတ်တွေ ဖြစ်နေတဲ့ တိုင်းပြည်။

ရှိသမျှ ဘုရားတွေမလဲ ဂေါပက ပါးစပ်နဲ့တင် ဘာသမိုင်းအချက်အလက် အထောက်အထား ရှိရှိ၊ မရှိရှိ၊ ပါးစပ်တံတွေးစင်အောင် သာသနာချီပြီးပြော၊ မယုံတဲ့လူ ဓမ္မန္တရာယ်ဖြစ်ရတဲ့ တိုင်းပြည်။

ဝေဖန်ခြင်း မရှိ၊ ဆန်းစစ်ခြင်းမရှိ၊ စီးကရက်ဗူးခွံက ရွှေပတ်ကို ပတ်ပြီး၊ ဘုရားသွားတော် ဆိုလဲ
ဖင်ဘူးတောင်းထောင် ကန်တော့တဲ့ တိုင်းပြည်။ ရွှေပြောင်ပြောင်ကို လျှပ်စစ်မီးရောင်ဟပ်နေတာလဲ ကြည်ညိုစရာ သပ္ပါယ်တယ် အောင့်မေ့တဲ့ တိုင်းပြည်။ မန်ဟက်တန်က လျှပ်စစ်မီးတွေ ကြည့်ပြီး အမျိုးတွေ ပါလာရင် ကန်တော့ကုန်မှာတောင် စိုးမိသေး။ ဘာဖြစ်ဖြစ် ဘုရားတန်ခိုးချည်း အောင့်မေ့တဲ့တိုင်းပြည်။

ဗုဒ္ဓရဲ့ အဆီအနှစ် ဓမ္မက ကွယ်၊ ယုံတမ်းနဲ့ ပစ်ယုံ၊ ပစ်ကိုးကွယ်နေတဲ့ တိုင်းပြည်။

ဒီလိုကနေ
မောင်နု ဓါတ်ပုံပါရင် ခွေး ဆိုလဲ မဲထည့်မယ် ဖြစ်ခဲ့တဲ့တိုင်းပြည်။
ခုထိလဲ
နိုင်ငံရေးဟာလဲ “ဘာပြောပြော အမေ့ကို ယုံတယ်” နဲ့ လမ်းဆုံးနေတဲ့ တိုင်းပြည်။

ကိုယ်တိုင်ဝေဖန်ဆန်းစစ်စဉ်းစားချင့်ချိန်တွေးခေါ်မှု မရှိသေးသရွေ့
ဒီမိုကရေစီစစ်စစ် ဝေးနေဦးမယ့် တိုင်းပြည်။

ဒီလိုနဲ့ မြို့ဟာ
မြို့သူမြို့သားတွေနဲ့ ထိုက်တဲ့ တန်တဲ့ အတိုင်း နေပေဦးမယ်. . .။

ငါလဲပဲ
မြို့ပြင်မှာ. . .။

ချိုတူးဇော်

Ulaw Gyi ငရဲနဲ့ခြောက် နိဗ္ဗာန်နဲ့မြှောက်
သာဿ      နာ    ခိုစီး အရည်းကြီးတို့တိုင်းပြည်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: