လူကုန်ကူးတဲ့ လုပ်ငန်း အဓိက တရားခံ က အရင် သန်းရွှေ အစိုးရနဲ့ အခု သိန်းစိန် အစိုးရဘဲ

ရခိုင်ပြည်နယ်ကနေ ထိုင်းနိုင်ငံကို လူကုန်ကူးတဲ့ လုပ်ငန်း စတင်ခဲ့တာ ၂၀၀၆-၂၀၀၇ ၀န်းကျင်ကတည်းကပါ။

အဲဒီလုပ်ငန်းကို ရိုဟင်ဂျာတွေ စတင်လုပ်ဖို့ ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလားဆိုတာ ရခိုင်ပြည်နယ်တွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေ ပိုနားလည်ပါလိမ့်မယ်။ တစ်ရွာကနေ တစ်ရွာသွားရင်တောင် ရွာထွက်လက်မှတ် (ပုံစံ – ၄) ယူပြီး သွားလာနေရတဲ့ ရိုဟင်ဂျာတွေ အတွက် လူကုန်ကူးမှု လုပ်ငန်းကို ဦးစီးဖို့လည်း မလွယ်သလို၊ ခရီးသည်အဖြစ် လိုက်ပါဖို့လည်း မလွယ်ခဲ့ဘူး။

ဒီကိစ္စကို သေချာနားလည်ဖို့ ရိုဟင်ဂျာနဲ့ နေ၀င်းအစိုးရ သမိုင်းကြောင်းကို ပြန်လှန်ဖို့ လိုပါမယ်။ ၁၉၇၄ ခုနှစ်ကစပြီး နေ၀င်း အစိုးရက ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံထဲကနေ အပြီးအပိုင် နှင်ထုတ်ဖို့ ကြံရွယ်ခဲ့လို့ ၁၉၇၈ ခုနှစ်မှာ နဂါးမင်း စီမံချက်ဆိုတာ ပေါ်လာခဲ့တာ။ အဲဒီစီမံချက် မအောင်မြင်ခဲ့တော့ ရေရှည်စီမံကိန်း အနေနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ လုပ်ခဲ့တယ်။ နေ၀င်းအစိုးရ ပြုတ်ကျသွားခဲ့ပေမယ့်လည်း နေ၀င်းရဲ့ တပည့်ရင်း ခင်ညွန့်က သူ့ဆရာ တရုတ်ကြီး လုပ်ခဲ့တဲ့ စီမံကိန်းကြီးကို တပည့်လေး တရုတ်က ဆက်လက် အကောင်အထည် ဖော်ခဲ့တယ်။ အဲဒါကြောင့် န.စ.က ဆိုတဲ့ အဖွဲ့ကြီး ပေါ်လာခဲ့ပြီး ရိုဟင်ဂျာတွေရဲ့ ဘိုးစဉ်ဘောင်ဆက် တစ်လျှောက်မှာ မကြုံတွေ့ဖူးတဲ့ သွားလာလှုပ်ရှားခွင့် ကန့်သတ်တာတွေ၊ လက်ထပ်ခွင့် ပိတ်ပင်တာတွေ၊ မွေးဖွားခွင့် ကန့်သတ်တာတွေ၊ ဆေးကုသခွင့် ပိတ်ပင်တာတွေ၊ ပညာရေး ပိတ်ပင်တာတွေ — စတာတွေ ကြုံတွေ့ခဲ့ရတယ်။ နေ၀င်း ရေးဆွဲခဲ့တဲ့ စီမံကိန်းကြီးကို အမှန်တကယ် အကောင်အထည် ဖော်ခဲ့သူက ခင်ညွန့်ပါ။ ရိုဟင်ဂျာတွေကို အမိုးပွင့် အကျဉ်းထောင်ထဲကို ထည့်လိုက်တာက ခင်ညွန့်ဘဲ။

ခင်ညွန့်ပြုတ်သွားပေမယ့်လည်း စီမံကိန်းကတော့ ပျက်မသွားခဲ့ဘူး။ လူတွေကို အဖက်ဖက်က ပိတ်ထားပြီး နှစ်ရှည်လများ ညှဉ်းပန်းနှိပ်စက်ထားတော့ အမှောင်ထဲက အလင်းကို ရှာလာကြတယ်။ အဲဒီတော့ ပထမ စမ်းသပ်အနေနဲ့ န.စ.က၊ သတင်းတပ်ဖွဲ့နဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး စက်လှေတွေနဲ့ ထိုင်းနိုင်ငံကို လွှတ်ခဲ့တယ်။ အဲဒါ စစ်အစိုးရ လက်ထက်က .. အာဆီယံမှာ ပွတ်လောညံလာတော့ ခဏတိတ်ဆိတ်သွားခဲ့တယ်။ စစ်အစိုးရ လက်ထက်တုန်းက အာဏာပိုင်တွေချည်း ဦးစီးလုပ်ကိုင်ခဲ့ပြီး – အဲဒီအချိန်တုန်းက မလေးရှားဘက်က ရိုဟင်ဂျာ ၄-၅ ယောက် ပါခဲ့တယ်လို့ သိရတယ်။

၂၀၁၂ ခုနှစ် ဇွန်လ လူသတ်ပွဲ နောက်ပိုင်းမှာ အာဏာပိုင်တွေက ဒီလုပ်ငန်းကို ပြန်စတယ်။ နောက်ပိုင်းမှာ ထိုင်းဘက်က အာဏာပိုင်တွေနဲ့ပါ ပူးပေါင်းပြီး သင်္ဘောလည်း မဟုတ် စက်လှေလည်း မက စက်လှေကြီးတွေ မှာတယ်။ သူတို့လိုချင်တဲ့ လူအရေအတွက် ရဖို့ ဒေသခံ ရိုဟင်ဂျာတွေထဲက တပည့်တွေ မွေးတယ်။ ရှယ်ယာတွေ ပေးတယ်။ လုပ်ကိုင် စားသောက်ဖို့ ခက်ခဲနေတဲ့သူတွေကို ပစ်မှတ်ထားပြီး တပည့်မွေးတယ်။

လောဘဆိုတာ လူတိုင်းမှာ ရှိကြတာပဲ။ တကယ့် principle နဲ့ နေတဲ့သူ အချို့သာ လောဘစိတ်ကို ချိုးနှိမ်နိုင်ကြတာ။ အခုခေတ်မှာတော့ ကိုယ့်ကိုကိုယ် rule လုပ်နိုင်တဲ့သူ တော်တော်လေးရှားပါတယ်။ တပည့်လေးတွေက ပိုက်ဆံရတော့ လောဘတက် လာကြတယ်။ ဆွေမျိုး အချင်းချင်း ချိတ်ဆက်လုပ်ကြပြီး လူကုန်ကူးမှု လုပ်ငန်းနဲ့ ရတဲ့ ငွေတွေကို ခင်တွယ်လာကြတယ်။

နောက်ပိုင်းမှာ အာဏာပိုင်တွေက ရှယ်ယာဝင် အဖြစ်နဲ့သာ နေကြပြီး၊ ရိုဟင်ဂျာတွေကို ဦးဆောင်စေခဲ့တယ်။

ရခိုင်ပြည်နယ်မှာ ရွာထဲက ထွက်သွားတဲ့ ရိုဟင်ဂျာ တစ်ယောက်က မိမိရဲ့ မွေးဖွားရာ ဇာတိ ရွာထဲကို ဘယ်နည်းနဲ့မှ ပြန်ဝင်လို့ မရပါဘူး။ ဒါပေမယ့် လူကုန်ကူးမှုမှာ ပါဝင် ပတ်သက်နေတဲ့ သူတွေကတော့ ထိုင်း၊ မလေးရှားကနေ အချိန်မရွေး ပြန်လာပြီး ရွာထဲမှာ ရင်ကော့ပြီး နေလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ အာဏာပိုင်တွေနဲ့ လုပ်ငန်းစပ်တူ လုပ်နေလို့ပါ။

လူကုန်ကူးမှုလုပ်ငန်းနဲ့ ပတ်သက်ပြီး ပထမဆုံး တာဝန်ရှိသူတွေက — မြန်မာ အာဏာပိုင်တွေပါ။

မြန်မာအစိုးရက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်နေတာ။ လူကုန်ကူးမှု လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ခွင့် ပေးခဲ့တာ ဘာကြောင့်လဲ?

ရိုဟင်ဂျာ မျိုးပြုတ်စီမံကိန်း ‪#‎Genocide‬ ကို အကောင်အထည် ဖော်ဖို့ တစ်သန်းကျော် ရိုဟင်ဂျာကို သတ်ပစ်ဖို့ ဘယ်တော့မှ မဖြစ်နိုင်ဘူး။ အဲဒီတော့ ချောင်ပိတ်တယ်။ ပြီးတော့ ထွက်သွားဖို့ လမ်းဖွင့်ပေးတယ်။ ထွက်သွားတာလည်း အလကား ထွက်ခွင့်ပေးတာ မဟုတ်ဘူး။ အစပိုင်းမှာ အာဏာပိုင်တွေ ကိုယ်တိုင် လူတစ်ယောက် ဘယ်လောက်ဆိုပြီး ကိုယ်တိုင် ဦးစီးခဲ့ပေမယ့် နောက်ပိုင်းမှာ နယ်ခြားစောင့်ရဲတွေ ကိုယ်တိုင် စက်လှေပေါ် မတက်ခင် လူဘယ်နှစ်ယောက် – တစ်ယောက်ကို ဘယ်လောက်ဆိုပြီး တွက်ချက်ပြီး ယူတယ်။ လုပ်ငန်းကို မဦးစီးတော့တာ တစ်ခုပဲ။ အဲဒီတော့ လူတွေလည်း ထွက်သွားတယ်။ သူတို့လည်း ငွေရွှင်တယ်။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်တာပါပဲ။

ဒုတိယတာဝန်ရှိသူတွေကတော့ ထိုင်းအာဏာပိုင်တွေပါ — ထိုင်းမှာ အဂတိလိုက်စားမှု ဘယ်လောက် ပေါများသလဲဆိုတာ ထိုင်းနိုင်ငံကို အလည်အပတ် ရောက်ဖူးသူတိုင်း သိပါလိမ့်မယ်။ မြန်မာနိုင်ငံလို ယာဉ်ထိန်းရဲက အစ ချလန်မဖြတ်ဘဲ ဆွဲနေကြတာချည်းဘဲ။ အဲဒီတော့ လူကုန်ကူးမှုမှာ ထိုင်းအာဏာပိုင်တွေရဲ့ အခန်းကဏ္ဍကလည်း အလွန်အရေးပါတယ်။ ပြီးတော့ ထိုင်းရေတပ် – နောက်ပိုင်းမှာ လူကုန်ကူးတဲ့ စက်လှေအများစုက ထိုင်းရေတပ်က စက်လှေတွေ ဖြစ်ပါတယ်။

တတိယတာဝန်ရှိသူတွေကတော့ — လောဘ သားကောင် ဇတ်တူသားစား ရိုဟင်ဂျာ လူကုန်ကူးသူတွေ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အခြေချပြီး ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အန်ဂျီအိုတွေ ရှိပါတယ်။ ကုလသမဂ္ဂထိ အစီရင်ခံစာတင်နေတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ ဒီလူကုန်ကူးမှုမှာ ဘယ်မျက်နှာဖုံးစွပ်တွေ ပါနေသလဲဆိုတာလည်း အဲဒီ အန်ဂျီအိုတွေလည်း သိတယ်။ သိသိကြီးနဲ့ ဘာကြောင့် နှုတ်ဆိတ်နေခဲ့သလဲ?

ရှင်းပါတယ်။ ရိုဟင်ဂျာအရေး တည်ငြိမ်နေရင် ရိုဟင်ဂျာနာမည်ကိုမှီပြီး ၀ါးတီးဆွဲနေတဲ့ အဖွဲ့တွေ အတွက် အလုပ်ရှိမှာမဟုတ်တော့ဘူး။

အဓိကကတော့ အားလုံးက ကိုယ့်ဝါးတီး ပျောက်မှာ အသေကြောက်ကြတယ်။ ဒီလူကုန်ကူးမှုကို ပိတ်မယ်ဆိုရင် ပိတ်လို့ရခဲ့တာ စက်လှေတွေ စပြီး ထွက်ကတည်းက။ ဒါပေမယ့် အားလုံးက လွှတ်ပေးထားခဲ့တယ်။ မျက်နှာဖုံးစွပ်တွေ ရှယ်ယာ စားတယ်။ အခုမှ မဖုံးနိုင်မဖိနိုင် ဒုစရိုက်တွေ ထွက်လာတော့မှ ဇတ်တူသားစားတဲ့ကောင်တွေချည်း ထိုးကျွေးခံလိုက်ရတယ်။

မလေးရှားက ငွေဝယ်ကျွန်တွေ၊ ထိုင်းက ငွေဝယ်ကျွန်တွေ အားလုံးရဲ့ အခန်းကဏ္ဍလည်း တစ်စိတ်တစ်ပိုင်း ပါဝင်တယ်။

ဒါပေမယ့် အနှစ်ချုပ်ပြောရရင် မြန်မာအစိုးရက ခွင့်မပြုခဲ့ရင် ဒီလူကုန်ကူးမှုဆိုတာ ဘယ်တုန်းကမှ ဖြစ်လာခဲ့မှာမဟုတ်ဘူး။

အဲဒီတော့ အဓိက တရားခံက အရင် သန်းရွှေ အစိုးရနဲ့ အခု သိန်းစိန် အစိုးရဘဲ။

နေဆန်းလွင်
May 8, 2015

One Response to “လူကုန်ကူးတဲ့ လုပ်ငန်း အဓိက တရားခံ က အရင် သန်းရွှေ အစိုးရနဲ့ အခု သိန်းစိန် အစိုးရဘဲ”

  1. drkokogyi Says:

    ကဲဗျာ….အဏ္ဏဝါ လူရောင်းစားတာ…လူသတ်တာ…ပါးပါးလေးရှိသေးတယ်….တဲ့ဗျား…
    ××××××××××××××××××××××××××××××××××××××××××××××××××××

    ခမ်းနားတဲ့ အဆောင်ယောင်တွေနဲ့ တန်ဖိုးကြီးမားတဲ့ ထိုင်ခုံတွေပေါ်မှာထိုင် .. လူတွေ လေးစားလောက်တဲ့ အ၀တ်အစား အပျံစားတွေဝတ် .. ဒေါ်လာ သန်းဂဏန်းတွေကို ရိုဟင်ဂျာ အမည်တပ်ပြီး စားနေတဲ့ ဇာတ်တူသားစား .. ဇာတ်မတူသားစားတွေနဲ့ ယှဉ်လိုက်ရင် ..

    လူကုန်ကူး အဏ္ဏ၀ါ လူရောင်းစားတာ .. လူသတ်တာ ပါးပါးလေး ရှိသေးတယ် ..

    ဒီနွားက ပညာမဲ့ ဦးနှောက်မရှိလို့ လုပ်တာ ဖြစ်နိုင်ပေမယ့် ..

    အကောင်းစားနွားတွေ ထိုင်ခုံမှာထိုင်ပြီး လိမ်စားနေတာတွေကတော့ — ပညာတတ်ပြီး လူမျိုးစု တစ်စုလုံးကို သနားကြင်နာတတ်တဲ့ သူဌေးတွေဆီ ရောင်းစားပစ်နေကြတာ —

    ဘယ်သူဘာလုပ်တယ်ဆိုတာ ကိုယ့်ဟာကိုယ် သိကြလိမ့်မယ် ..

    လောကကြီးမှာ လူတိုင်းကို လိမ်လို့ရပေမယ့် ကိုယ့်ကိုကိုယ် လိမ်လို့မရဘူး ..

    ခင်ဗျားတို့ ယုံချင်မှ ယုံလိမ့်မယ် .. ရိုဟင်ဂျာ နာမည်တပ် သူခိုးအချို့ရဲ့ ခိုးငွေ မှတ်တမ်းတွေ စီအိုင်အေဆီရောက်နေတာ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက .. (အဲဒီ သူခိုးတွေထဲမှာ ဇတ်မတူသားစားတွေ အများကြီး)

    သူခိုးတွေထဲမှာ ဘာသာရေး မျက်နှာဖုံးစွပ်ထားတဲ့ သူခိုးတွေလည်း မနည်းဘူး ..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: