ဖိလွန်းရင် ကြွ “မွတ်စလင်တွေ အရင်ကထက် ပိုပြီးဘာသာရေး ကိုင်းရှိုင်းတယ်”

ဖိလွန်းရင် ကြွ

မွတ်စလင်တွေ အရင်ကထက် ပိုပြီးဘာသာရေး ကိုင်းရှိုင်းတယ်။

အရင်ကထက် ပလီပိုသွားကြတယ်။

အရင်ကထက် ပိုပြီး မုတ်ဆိတ်ထားကြတယ်။

အမျိုးသမီးတွေ ပိုပြီး ပုဝါပေါင်းလာကြတယ်။

ဘာဆန်းလို့လည်းဗျာ။

အင်္ဂလိပ်ခေတ်က ဗမာကိုနှိမ်တော့ ဗမာဖြစ်ရတာ ပိုဂုဏ်ယူလာသလိုဘဲပေါ့။

မွတ်စလင်ဖြစ်ရတာ ပိုဂုဏ်ယူလာကြတာပါဘဲ။

ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘယ်သာသနာဖြစ်ဖြစ် နှိမ်လို့၊ စော်ကားလို့

ရခဲ့ဘူးတဲ့သမိုင်း ဘယ်ကမ္ဘာမှာမှ မရှိပါဘူး။

သူများလူမျိုး သူများသာသနာကို စော်ကားတယ်ဆိုတာ

ကျပ်မပြေ့၊ လူစဉ်မမှီတဲ့သူတွေ လုပ်တဲ့အလုပ်ပါ။

=======================

@ Htut Khoung

ကျေးဇူးကြီးမားလှသောအသျှင်

တစ်နေ့သ၌ အလွန်ရင်းနှီးသည့် ဘာသာတရားကိုင်းရှိုင်းသော အမျိုးသမီးမိတ်ဟောင်း တစ်ဦးသည်နေအိမ်သို့အလည်လာရောက် လေသည်။ တစ်နာရီကျော် ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုကြပြီး ပြန်ရန်နှုတ်ဆက်ပြီးနောက် မိတ်ဆွေဟောင်းသည် အိမ်သူအားအောက်ပါအတိုင်း မေးမြန်းခြင်းအမှုကိုပြုလေသည် –

သူငယ်ချင်းတို့ဘာသာဝင်မိန်းမများခေါင်းတွင်ပုဝါများဆောင်းကြသည်မှာယခုအလွန်ပင်များပြားလာသည်မှာ ဗလီများက ၀တ်ဆင်ခိုင်းသဖြင့် ဆောင်းကြသလောဟု မေးလေသည်။ ဤအမေးအား ဆင်ခြင်လေသော် ခေါင်းတွင်ပုဝါ၀တ်ဆင်ရန် ဗလီများက ၀တ်ဆင်ခိုင်းသလောဟူသော အမေးမှာ ထူးခြားနေပေသည်၊ တစ်နည်းသူမအား တစ်ဦးတစ်ယောက်က ယင်းကဲ့သို့ပြောဆိုခဲ့သည်ကို မှန်မမှန်အတည်ပြုခြင်း အမှုလည်းဖြစ်နိုင်ပေသည်၊

အဆိုပါ အမေးအား မိမိတို့က မူစလင်အမျိုးသမီးများ ယခုကဲ့သို့ ခေါင်းတွင်ပုဝါဆောင်းခြင်း များလာသည်မှာ ဗလီများ က ဆောင်းခိုင်းခြင်းကြောင့်မဟုတ်ကြောင်း၊ လွန်ခဲ့သည့်(၃)နှစ်ခန့်မှစ၍မရှိသည့်ပြသနာအားလုပ်ကြံဖေါ်စပ်မီးခွက်ထွန်းရှာခဲ့သည့်ဘာသာရေးပဋိပက္ခဟူသောပြသနာ ၏ အကျိုးဆက်ဖြစ်ကြောင်း၊ဗုဒ္ဓဘာ သာဝင် ရဟန်းအချို့၊ ပါတီဥက္ကဌဆိုသူ အချို့ ၊အမည်ထင်ပေါ်လိုသည့် စာရေးဆရာအချို့၊ ဘာသာရေးဆိုင်ရာ ဂျာနယ်အချို့ ၊ရောင်းအားကျ၊အမည် ကျနေသည့်ဂျာနယ်အချို့၊ စားဝတ်နေရေး အဆင်မပြေသည့်ရုပ်ရှင် သဘင်ဆိုင်ရာမှနယ်သူနယ်သားအချို့၊ အမေပေးသည့် လယ်တစ်ကွက်ဖြင့် တစ်သက်စာ စပွန်စာရှာ ခြင်းအမှုပြုနေသည့် မိန်းမအခွင့်အရေးဟု သံကောင်းဟစ်နေသော အကုန်ဖော် မော်ဒယ်အချို့၊လူမှုကွန်ယက်ဖေ့ဘုတ်စာမျက်နှာတွင် သာကီမျိုးချစ်အမည်ခံအချို့ ၊အင်္ဂလိပ်စာတတ်အချို့ကဂျူးနှင့် ခရစ်ယာန်များမှတင်ထားသည့် သည်းချေအကြိုက်အစ္စလာမ်ဆန့်ကျင်ရေးပိုစ်များအားဗမာဘာသာပြန်ပြီးအင်္ဂါရုပ် တည်ဖြင့်အမျိုးဘာသာအတွက်မိမိကအပင်ပမ်းခံ တိုက်ပွဲဝင်နေဟန်အသွင်ယူ အမည်ထင်ပေါ်လိုသူအချို့၊တိုင်းပြည်မငြိမ်မသက်ဖြစ်ပါမှမိမိ၏အသက်အိုးအိမ်စည်းစိမ်ချမ်းသာတည်တံ့ရာရမည်ဟုခံယူထားသူမျာနှင့် ယင်းတို့၏ကြွေးရာစား၊စွန့်ကျဲခံ အခစားအောက်လက်ငယ်သားများ သည်လက်ဝါးချင်းရိုက် ညီညွတ်စွာဖြင့် အစ္စလာမ်ဘာသာဝင်များ၏ကိုးကွယ်ရာအသျှင်မြတ်အပြင်၊တမန်တော် နှင့်အစ္စလာမ်ဘာသာအားပုံပျက်ပန်းပျက်ဖြစ်စေရန်အရှက်တရား၊သတိတရား ၊ကိုယ်ချင်းစာတရား ကင်းမဲ့စွာဖြင့် တရားဥပဒေမရှိလေဟန် တစ်ပါးသော ဘာသာနစ်နာ၍ ပြသနာ၏ မီးတောက်ကြီးမားလျှင်ပြီးရော ဟူသည့် သိမ်ဖျင်းသော ဦးတည်ချက်ဖြင့် အခြေအမြစ်မရှိဟောပြော၊ရေးသား၊၀ါဒဖြန့်ချက်များကို နေ့စဉ်တစ်နေ့ထက်တစ်နေ့ ပြင်းစွာသောလုံ့လဖြင့်ထုတ်လွှင့်နေခြင်းများ သည်မဟုတ် မမှန် လိမ်ညာလီဆယ်နေခြင်းသာဖြစ်ကြောင်း၊ မိမိတို့ကိုးကွယ်ယုံကြည်ရာ ဘာသာ သည်ထိုသူများသွားပုတ်လေလွင့်ပြောဆိုရေးသားနေသည့် မဟုတ်မမှန် မုသာဝါဒ ၊ရှက်ဖွယ်လိလိ ဖရုသ၀ါစာ၊ပြိုကွဲစေရန် ပိသုဏ၀ါစာ၊အမုန်းတရားကြီးထွားစေရန် စကားအရာ စာအရာများနှင့် မအပ်မရာ လားလားမျှမဆိုင်ကြောင်း ပ်ီပြင်ထင်ရှားအဖြူနှင့်အမဲကွဲပြားသည့်ပမာ သိရှိ ကြောင်း၊ ယင်းသို့အစ္စလာမ်ဘာသာအား တိုက်ခိုက် ခြင်းနည်းလမ်းမျိုးစုံသည် မူစလင်များအတွက် အသစ်အဆန်းမဟုတ်မူဘဲ လွန်ခဲ့သည့်နှစ်ပေါင်း ၁၄၀၀ ကျော်အစ္စလာမ်ပေါ်ထွန်းစကပင်ရှိခဲ့ကြောင်း၊

ထို့အပြင် ထိုသို့နေ့စဉ် မဟုတ်မဟတ် ရေးသားပြောဆိုမှု အရှိန်အဟုန် ပိုမိုကြီးထွားလာသည့် နှုန်း၏သက်ရောက် မှု အရှိန်အစော် သည် မြန်မာပြည်ရှိမူစလင်များအပေါ်မိမိတို့၏ကိုးကွယ်အားထားရာအသျှင်၏အမိန့်တော်များ၊တမန်တော်မြတ်၏ဘ၀လမ်း ညွှန်ဆုံးမသြ၀ါဒများကို မယိမ်းမယိုင်အတိအကျ ဖ၀ါးခြေထပ်လိုက်နာရေးဟူသောခံယူချက်မှာစိတ်နှလုံးသား အတွင်း ဆထက်ထမ်းပိုး ပိုမိုပြင်းပျစေသဖြင့် ရွှင်လမ်းတက်ကြွစွာဖြင့် ဦးထုပ်ကိုဆောင်လျှက် နေ့စဉ် ငါးကြိမ် ဗလီဝတ်ကျောင်းတော် များသို့သွားရောက်ကါ ကိုးကွယ်ရာအသျှင်၏ကြီးမားလှသောကျေးဇူးများကိုအောက်မေ့လျှက်ပျပ်ဝပ်ဦးချမှုပြုပြီး မိမိတို့အား အသျှင်မြတ်၏အမိန့် နှင့် တမန်တော်၏ဘ၀လမ်းညွှန်ချက်များအပေါ်ယခုထက်ပိုမိုပြီး ဖ၀ါးချေထပ်မယိမ်းမယိုင်တည့်မတ်စွာလျှောက်လှမ်းနိုင်စေမည့်အင်အားများ ချီးမြှင့်ပေးပါမည့်အကြောင်း၊မည်သို့သောဘေးအန္တရာယ်မျိုးစုံကြုံတွေ့ခံစားရ စေကာမူ ကွယ်လွန်သည့်အချိန်ထိစစ်မှန်သောမူစလင်များ အဖြစ်ထားရှိပါမည့်အကြောင်းဆုတောင်း ပတ္ထနာ အကြိမ်ကြိမ်ပြုနေကြောင်း၊

ထို့ပြင်ကျမ်းမြတ်ကုရ်အန်သာမကမိမိတို့၏ဘာသာရေး ဆိုင်ရာစာပေ များအား ယခင်အချိန်အခါများကထက် ပိုမိုဖတ်ရှုလေ့လာကြကုန်သဖြင့် မူစလင်အမျိုးသမီးများသည် ၀တ်စားဆင်ယင်မှုနှင့်စပ်လျဉ်းသည့်ကျမ်းမြတ် ကုရ်အန်ပါ ညွှန်ကြား လမ်းညွှန်မှု များ အပေါ်ကြည်နူးဝမ်းမြောက်စွာဖြင့်ပိုမိုသိရှိနားလည်ကြသည်နှင့်အညီ တက်တက်ကြွကြွ မှတ်သားနာယူလိုက်နာကျင့်ကြံနေထိုင်ကြခြင်း သာဖြစ်ကြောင်း၊ နောင်တွင်ပုဝါဆောင်းသူများ ၊မုတ်ဆိတ်ကျင်စွယ်ထားရှိသူများ ပိုမိုများပြားလာမည်ဖြစ်ကြောင်းဟူ၍ ရှင်းပြခြင်းအမှုပြုရာမိတ်ဆွေအမျိုးသမီးသည်လည်း အနည်းငယ်တွေဝေ ဟန်ဖြင့်နှုတ်ဆက်ခြင်းအမှုပြု ပြီးပြန်လေသည်။

မြန်မာပြည်ရှိ မူစလင် အမျိုးသား အမျိုးသမီး လူရွယ် လူငယ် များသည် မိမိဘာသာဝင်များအပါအ၀င်တစ်ပါးသော ဘာသာအသီးသီးရှိလူဟူသည့် အမည်ခံ မသူတော်များ၏လုပ်ရပ်များနှင့်မိမိဘာသာ၏စစ်မှန်သောအေးချမ်းမှုအနှစ်သာရ တန်ဖိုးများ အား ပိုမိုခွဲခြား ခံစားသိရှိနားလည်သဘောပေါက်ကြကုန်သဖြင့် ယင်း ကဲ့သို့ အစ္စလာမ်ဘာသာအပေါ် မသူတော်များ၏ မဟုတ်မတရား လီဆယ်လုပ်ကြံ ၀ါဒဖြန့်အမည်ဖျက် နေခြင်း ဟူဟူသမျှသည် မည်သည့်အကျိုးရ လာဒ် မှခံစားရရှိမည်မဟုတ်မူဘဲ စစ်ဆေးကုသ၍ မရနိုင် သော ရောဂါဆိုးကြီးစွဲကပ် နေသည့် နာတာရှည်ရောဂါသည်ကြီး ပမာ ငွေကုန် သံပြာ လက်မဲ့ အချည်းအနှီးသာဖြစ်မည်မှာမလွဲ ပါကြောင်း စေတနာကောင်းဖြင့် အသိပေးအပ်ပေသည်။

စကားချပ် ။ ယျေဘုယျအားဖြင့် လူသည်မိမိ၏ အောက်ရှိ ရာထူး၊ဓန ၊စည်းစိမ် နိမ့်ပါး သူများအပေါ် မလိုမုန်းတီး ပြိုင်ဆိုင်ခြင်းအမှုမပြုကုန်ဘဲ၊မိမိနှင့်ရာထူး၊ ဓန၊စည်းစိမ် တန်းတူသူ ၊သာလွန်သူများအပေါ်သာမလိုမုန်းတီးပြိုင်ဆိုင် ခြင်းအမှုပြုကြကုန်ပေသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: