မောင်သိန်းစိန် .. လုံမငယ်တွေကတော့ တရုပ်ပြည်သွားကုန်ကြသတဲ့ ….. “လင်လဲရ ဝမ်းလည်းဝ ” ဆိုတဲ့စကားပုံတောင် ပေါ်လာလိုက်သေး….

သို့ မောင်သိန်းစိန်
မင်းမလဲ သမ္မတဖြစ်ကတည်းက အဘတိုမြို့ငယ်လေးကို ရောက်မလာတော့ပါလား မဲမပေးရခင်အချိန်လေး တခေါက်လောက်တော့လာပါအုံး ကွဲ့ ….အဲ လာရင်တော့ မောင်ရင့် ဟတ်လီကော့ပတာဆိုတာကြီး ယူခဲ့ ….အဘတို့မြို့ကိုလာတဲ့လမ်းက တဝက်ပဲခင်းရသေးတယ် …..နောက်တဝက်ကတော့ အခုလာမဲ့ရွေးကောက်ပွဲ မှာ မဲထဲ့မှ ခင်းပေးမတဲ့ကွယ်…..ဘယ်သူရှိရမလဲ မောင်ရင့်ပါတီက လူကြီးပေါ့….သူပြောတာ….
အံမယ် လမ်းတဝက်လေးခင်းတာတောင် သူ့မိန်းမကို လင်ခဏဆာ ဆိုလား လင်ခရုဆာဆိုလား ဝယ်ပေးနိုင်သတဲ့ လမ်းကတော့ ကျောက်ခဲတထပ်သဲတထပ် နဲ့ …..လွှတ်လှ ဆိုပဲ …..အဘတို့ကတော့ ကတ္တရာဆိုတာ အမဲလားအဖြူလားတောင် မသိပါဖူးကွာ …..ကိစ္စတော့မရှိပါဖူး အဘတို့မြို့ကဘယ်သူမှလဲ တခြားမသွားကြပါဖူး သွားနိုင်တဲ့ ယောက်ျားလေးမှန်သမျှ ကုလားပြည်ဆိုလား မလေးပြည်ဆိုလား သွားကုန်ကြပီကွဲ့ လုံမငယ်တွေကတော့ တရုပ်ပြည်သွားကုန်ကြသတဲ့ …..
“လင်လဲရ ဝမ်းလည်းဝ ”


ဆိုတဲ့စကားပုံတောင် ပေါ်လာလိုက်သေး…..မောင်ရင် လာရင် တစ်ခုတော့ လုပ်ပေးဖို့ အလေးအနက်တောင်းဆိုချင်တယ် ကွဲ့…..အဘ တို့မြို့မှာ ဘုန်းကြီးကျောင်းက လေးကျောင်းရှိတယ် ဘီယာအရက်ဆိုင်က ဆိုင်လေးဆယ်ရှိသကွဲ့….ညနေတိုင်းလူစည်တာက ဘီယာအရက် ရောင်းတဲ့ဆိုင်….ဘုန်းကြီကျောင်းမှာ လူစည်တာကတော့ မဘသ က ကုလားဆဲမဲ့တရားပွဲ လုပ်တဲ့အချိန်ပဲ….အဲ့တော့ အဘတွေးမိတာလေးတစ်ခုရှိတယ်ကွဲ့…..ငါးပါးသီလထဲမှာ အရက်သေစာသောက်စားခြင်းမှရှောင်ကျဉ်ရမယ်ဆိုတာကို ဖြုတ်လိုက်ပီး အမျိုးဘာသာသာသနာအတွက် ကုလားများကိုဆဲဆိုခြင်း ဆိုတာကိုသီလတပါးဆိုပြီး သတ်မှတ်ပေးဖို့ပါပဲ…..မောင်ရင်က သမ္မတဆိုတော့ အမိန့်တွေဘာတွေထုတ်ရင် ဘုန်းကြီးတွေကလဲ ထောက်ခံအတည်ပြုပေးကြမှာပါ……အဲ့ဘုန်းကြီးတွေဆိုတာလဲ ဘုရားမျက်နှာထက် မောင်ရင်တို့မျက်နှာ ပိုကြည့်နေကြတာလေ…….မောင်ရင့်ကိုလဲ သူရို့လေးတွေက ခင်ကြပါတယ်……သူရို့လေးတွေကပရာဒို လေး လန်ခရူဆာလေးပဲ လိုချင်မှာလေ မီးလောင်ဗုံးတော့ ဘယ်ကြိုက်ပါ့မလဲ..နော့…….ဘယ်သူတွေ ဘာတွေပဲပြောပြော အဘ ကတော့ မောင်သိန်းစိန်လေးကို ထောက်ခံသကွဲ့……
မထောက်ခံဖူးပြောလဲ မောင်ရင်က ဆင်းပေးမဲ့ ကောင်မှမဟုတ်တာ…..
ကဲ မောင်ရင် လာနော် အဘတို့ဆီကို …..သီလတပါး အမျိုးအစားပြောင်းပေး အရက်လေးတမြမြနဲ့ ကုလားကိုဆဲရင်း သီလတွေယူ ကုသိုလ်တွေရ ဆိုတော့ မောင်ရင်သာ သီလတပါးအစားထိုးပီး ပြောင်းပေးလို့ကတော့ အဘတို့တမြို့လုံး မောင်ရင့်ပါတီကို မဲပေးဖို့ အဘတာဝန်ယူသကွဲ့…….အဘလဲ သေခါနီးအရက်လေး တထွေထွေနဲ့ ဘုန်းကြီးကျောင်းသွား ကုလားဆဲ ရင်းသီလယူ……..လွှတ်လှ မောင်သိန်းစိန်ရေ လွှတ်လှသဟေ့……

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: