UN_UNHCR_USA_EU_AUSTRALIA_OIC_JAPAN_ASEAN..အစရှိသော နိုင်ငံကြီးများ…နိုင်ငံတကာအဖွဲ့အစည်းများ သို့…အိပ်ဖွင့်ပေးစာ….

UN_UNHCR_USA_EU_AUSTRALIA_OIC_JAPAN_ASEAN..အစရှိသော
နိုင်ငံကြီးများ…နိုင်ငံတကာအဖွဲ့အစည်းများ သို့…အိပ်ဖွင့်ပေးစာ….

နိုင်ငံတကာ ခေါင်းဆောင်များခင်ဗျား….

လူကြီးမင်းတို့အနေနှင့် မြန်မာနိုင်ငံမှ ဦးသိန်းစိန်အစိုးရအဖွဲ့မှ…ရိုဟင်ဂျာ/မြန်မာမွတ်စလင် နှင့်

တိုင်းရင်းသားလူမျိုးစုပြသနာများကို…စနစ်တကျ မဖြေရှင်းမချင်း…ဦးသိန်းစိန်အစိုးရအား အသိအ မှတ်ပြုနေမှုကို၎င်း…လုပ်ငန်းများ လက်တွဲဆောင်ရွက်နေမှုကို၎င်း…ရပ်ဆိုင်းထားသင့်ပါတယ်…

မြန်မာနိုင်ငံက အမျိုးအစားစုံလင်လှတဲ့ဒုက္ခသည်များအရေးကို၎င်း…ပြည်တွင်းမှ အလုပ်သမား.. လယ်သမား…ကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများ အရေးကိစ္စတွေကို…မှန်မှန်ကန်ကန်တရားမျှတစွာ ဖြေရှင်းဖို့အတွက်…ဦးသိန်းစိန်အစိုးရအဖွဲ့ကို…ပြင်းပြင်းထန်ထန်သတိပေး… တောင်းဆို…ညွှန်ကြား…လိုက်နာစေသင့်ပါတယ်…

လိုအပ်ရင်…လိုအပ်သလို…ကုလသမဂ္ဂ ငြိမ်းချမ်မှုထိန်းသိမ်းရေးတပ်တွေစေလွှတ်ပြီးတော့….
ပြည်ထောင်စု မပြိုကွဲရေး…နဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စများကို..ဆောင်ရွက် ထိန်းသိမ်းရန် လုပ်ဆောင်သင့်ပါတယ်.

..မြန်မာနိုင်ငံ တဝှမ်းလုံးမှာ လက်ရှိအစိုးရက ဦးစီးပြုလုပ်နေတာဖြစ်တဲ့…လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့…ကျူးလွန်နေဆဲဖြစ်တဲ့…ရာဇဝတ်မှုများကို…တာဝန်ခံလုပ်ကိုင်နေတဲ့…ထိပ်တန်း
စစ်ဗိုလ်ချုပ်ကြီးများကို နိုင်ငံတကာ ရာဇဝတ်တရားရုံးများသို့…အမြန်ဆုံး..ပို့ဆောင်သင့်ပါတယ်..

သင်တို့…သဘောတူထားတဲ့…မြန်မာပြည်သူအများစု ရွေးချယ်ထားတဲ့…ဒေါ်အောင်ဆန်းစုကြည်
ဟာလဲ…လက်ရှိအချိန်မှာ…နိုင်ငံတကာ အကူအညီမဲ့ဘဝနဲ့…မျှော်လင့်ချက်တွေ…ဝေဝါးနေပါ တယ်…

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တကြိမ်…အမေရိကန် သမ္မတကြီးက နှစ်ကြိမ်လောက်… လာနှုတ်ဆက်ယုံ…နိုင်ငံတကာက ဘွဲ့တွေ…ဆုတံဆိပ်တွေ ပေးယုံလောက်နဲ့…မြန်မာနိုင်ငံက ဗိုလ်ချုပ်တွေအတွက်…မလုံလောက်ပါဘူး…သူတို့ဟာ…အဲ့ဒီ ဂုဏ်ထူး ဘွဲ့ထူးတွေကို… သိလည်း မသိကြသလို…နားလည်း မလည်ကြပါဘူး…

နိုင်ငံတကာ ခေါင်းဆောင်ကြီးများအနေနဲ့…ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ပြတ်ပြတ်သားသား မားမားမတ်မတ် ရပ်တည်ပေးဖို့ လိုအပ်နေပါတယ်…

အဲ့ဒီလိုမှ…ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား မလုပ်နိုင်ဘူး..ဆိုရင်တော့……………….

ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ မတရားမှုတွေအားလုံး…လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံးဟာ…နိုင်ငံတကာခေါင်းဆောင်ကြီးတွေနဲ့…နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့…သဘောတူ
ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေတာပါလို့…မှတ်ယူရမဲ့ အခြေအနေကို…ရောက်နေပါပြီ….

အဲ့ဒီတော့…နိုင်ငံတကာခေါင်းဆောင်တွေ…နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့…မိမိတို့ကြောင့်
ဖြစ်ပေါ်လာတဲ့ပြသနာများကို..မိမိတို့ဖာသာ…တာဝန်ယူမှုနဲ့..ဖြေရှင်းပေးကြပါ…

ထိုင်းနိုင်ငံ…မလေးရှားနိုင်ငံ…အင်ဒိုနီးရှားနိုင်ငံတို့လို…မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ်ကို… ဝန်ထုတ်ဝန်ပိုးဖြစ်စေမဲ့…မြန်မာနိုင်ငံက ပုံစံမျိုးစုံနဲ့ တိမ်းရှောင် ထွက်ပြေးလာတဲ့…အမျိုးအစား…
စုံလင်လှတဲ့…ဒုက္ခသည်တွေကို…စုပုံမထားသင့်ပါဘူး….

တာဝန်ရှိတဲ့ နိုင်ငံတကာခေါင်းဆောင်ကြီးများက…ထိုင်း-မလေးရှား-အင်ဒိုနီးရှားတို့မှာ စုပြုံရောက် ..ရှိနေကြတဲ့…တိုင်းရင်းသားလူနဲစုတွေအပါအဝင်…ရိုဟင်ဂျာ ဒုက္ခသည်များ…မြန်မာမွတ်စလင် .ဒုက္ခသည်များအားလုံးကို…အသိအမှတ်ပြုပေးပြီး…အကူအညီများ ပြည့်ပြည့်ဝဝပေးသင့်ပါတယ်..
၎င်းတို့ကို…သင့်တော်ရာတိုင်းပြည်တခုခုမှာ…ဘဝသစ်တွေထူထောင်ပြီး…လူ့အခွင့်အရေး အပြည့်အဝရရှိခံစားနိုင်ဖို့အတွက်…စီစဉ် ဆောင်ရွက်ပေးသင့်ပါတယ်…နိုင်ငံတကာ ခေါင်းဆောင်
ကြီးများမှာ…တာဝန်လည်း…ရှိနေပါတယ်…

နိုင်ငံတကာ ခေါင်းဆောင်ကြီးများဟာ…အဆိပ်ပင်ရေလောင်းသလို…မြန်မာအစိုးရအား…အားပေး ကူညီ…အကာအကွယ်ပေးမှုတွေက ရရှိလာတဲ့…အသီးအပွင့်များကို…(အိမ်နီးချင်း နိုင်ငံများကို သာခံစားစေမဲ့အစား)လူကြီးလူကောင်းပီသစွာ…တာဝန်ယူ…ဖြေရှင်း…စားသုံး…သင့်ပါကြောင်း…တင်ပြ လိုက်ရပါတယ်….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: