လူကုန်ကူးခြင်း လုပ်ငန်း (လူကယ်ရီ) လုပ်ငန်းကို…ရိုဟင်ဂျာ..လူမျိုး တမျိုးထဲက လုပ်နေ တာ မဟုတ်ပါဘူး

ကျွန်တော့်ရဲ့ အစ်ကိုကြီး ဒေါက်တာကိုကိုကြီး၏ status ကို တင်ပြခြင်းဖြစ်ပါသည်
××××××××××××××××××××××××××××××××××××××××××
လူကယ်ရီ(လူကုန်ကူးခြင်း)လုပ်ငန်း
×××××××××××××××××××××

လူကယ်ရီ (လူကုန်ကူးခြင်း)လုပ်ငန်းကို…ရိုဟင်ဂျာ လူမျိုးတမျိုးထဲက လုပ်ကိုင်နေကြ ခြင်းမဟုတ်ပါဘူး…ဗမာ-ရခိုင်-ချင်း-ကချင်-ကရင်-မွန်..အစရှိသဖြင့် လူမျိုးပေါင်းစုံကလူ တွေ…လုပ်ကိုင်နေကြတဲ့ လုပ်ငန်းတခုပါ…

ဥပမာအားဖြင့်တင်ပြရမယ်ဆိုရင်…ကျွန်တော့်လူနာ…(ကျွန်တော့် မိတ်ဆွေလည်းဖြစ် တဲ့)…ကိုအောင်ခင်(ခေါ်) ကိုတိုနီ ဆိုတဲ့ မြန်မာနိုင်ငံသား…တရုတ်လူမျိုးဟာဆိုရင်… နာမည်ကြီး…လူကယ်ရီ(လူကုန်ကူး)သမားတယောက်ဖြစ်ပါတယ်…
ကျွန်တော့်ဆေးခန်းထဲ ကျွန်တော့်ရှေ့မှာတင်…အောက်လမ်းက တရားမဝင်ပြန်လိုသူ တွေနဲ့… ဖုန်းလက်ခံစကားပြောခဲ့လို့…သူ့လုပ်ငန်းတွေကို…သိနေခဲ့ပါတယ်…

တချိန်က..ကျွန်တော်ရဲ့ ဗမာလူမျိုး ကင်ဆာရောဂါသည်လူနာတယောက်ကို ကိုတိုနီ က တာဝန်ယူပြီး ရန်ကုန်ကို…အောက်လမ်းကနေ ပြန်ပို့ပေးခဲ့ဘူးပါတယ်…
အိမ်ကနေ ကားနဲ့ခေါ်သွားပြီး…မလေး/ထိုင်းနယ်စပ်မှာ ထိုင်းရဲအရာရှိတွေ… immigration အရာရှိတွေကစောင့်ကြို…လူနာကို..ကားရှေ့ခန်ကတင်..သူတို့ကိုယ်တိုင် ခေါ်သွားပြီး… မြန်မာ/ထိုင်းနယ်စပ်မှာ အသင့်စောင့်ဆိုင်းနေတဲ့…မြန်မာ SB အရာရှိ တွေနဲ့ ရန်ကုန် အိမ်အရောက်…ပိုင်ပိုင်နိုင်နိုင်…လုပ်ပေးခဲ့တာပါ…

ကိုအောင်ခင်(ခေါ်) ကိုတိုနီဟာ…ကွယ်လွန်သွားပြီးဖြစ်လို့…သူ့အမည်ကို ဖော်ထုတ် ရေးသားလိုက်တာပါ…

(တကယ်တော့…ကိုတိုနီဟာ…မြန်မာနိုင်ငံက…သံဃာတွေကိုလည်း…မလေးနိုင်ငံက တဆင့်…သီရိလင်္ကာနိုင်ငံကို…အောက်လမ်းက သွားရောက်ပညာသင်နိုင်အောင်လည်း လုပ်ကိုင်ပေးခဲ့ပါတယ်……………..စာရေးသူ)

နောက်ရခိုင်တွေ…
ကွာလာလမ်ပူရ်က တခုသော TESCO ကုန်တိုက်ကြီးရဲ့အနီးမှာ ညစဉ် ၁၀နာရီလောက် ရောက်တိုင်း…ရခိုင်လူမျိုး လူကယ်ရီ(လူကုန်ကူး)သမား ၂၀လောက်ဟာ… တရား မဝင်ရောက်ရှိလာတတ်တဲ့ ..ရခိုင်လူမျိုး ၃၀ မှ ၅၀ လောက်ကို..လာရောက် ကြိုဆိုလေ့ ရှိပါတယ်…

Teluk Intan ဆိုတဲ့နယ်မြေမှာ…ရခိုင်လူမျိုးတွေဟာ…ရွာကြီးတည်ပြီးနေ နေကြပါ တယ်…အဲ့ဒီရွာကြီးမှာ…တရားမဝင်…စီးပွားရှာမှုမျိုးစုံ ရှိနေပါတယ်…ပြည့်တန်ဆာ လုပ်ငန်းတွေ…လောင်းကစားလုပ်ငန်းတွေ…မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေနဲ့ စည်ပင် နေပါတယ်…
ရခိုင်လူမျိုးတွေဟာ…ရခိုင်ပြည်နယ်က ထွက်ခွာလာတဲ့…ငါးဖမ်းလှေတွေ…ကုန်တင် သင်္ဘောတွေနဲ့…ရောက်လာတတ်ကြပါတယ်…
သူတို့ရဲ့ လှေတွေ သင်္ဘောတွေ ဝင်လာရင်…မလေးတရုတ်တွေ…အိန္ဒိယသားမလေး မှောင်ခိုသမားတွေက…ကမ်းလွန်ကဆီးကြို ပြီးမူးယစ်ဆေးဝါးတွေကို လက်ပြောင်းယူကြ တယ်လို့ သိရပါတယ်…

ကျွန်တော့် လူနာထဲမှာ တချို့ ချင်းလူမျိုး စီးပွားရေးလုပ်ငန်းရှင်တွေလည်း…လူကယ်ရီ (လူကုန်ကူး)လုပ်ငန်း…လုပ်ကိုင်ကြတယ်ဆိုတာကို..ကျွန်တော်သိရှိခဲ့ပါတယ်…အခု တော့ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့ အခြေစိုက် နေထိုင်နေကြပါပြီ…

နောက်…ကရင်လူမျိုး(ယခု USAရောက်)…တယောက်ဟာလည်း ဒီအလုပ်တွေလုပ်ခဲ့ပါ တယ်… အဲ့ဒီလူဆိုရင်…ASEAN Show တခုမှာ မြန်မာသံရုံးကတာဝန်ပေးမှုနဲ့ ကရင်ဒုံးရိမ်းအက အဖွဲ့ တဖွဲ့လုံးကို…တူရိယာပစ္စည်းတွေရော..လူတွေပါ..သွင်းလာပြီး…သံရုံးကို အကူအညီပေးခဲ့ဘူးပါတယ်…အဲ့ဒီ ကရင် အမျိုးသားကို မြန်မာသံရုံးနဲ့ ကျွန်တော်ကိုယ်တိုင် မိတ်ဆက်ပေးခဲ့တာပါ….

(အခြားအခြားသော သူများကတော့…လက်ရှိအချိန်အထိ ဒီလုပ်ငန်းထဲမှာ…လှုတ်ရှား နေကြတုန်းဘဲရှိနေသေးလို့…အသေးစိတ် ဖော်ပြဖို့ မသင့်ပါဘူး…

အဓိက တင်ပြလိုတာ က…လူကယ်ရီ(လူကုန်ကူးခြင်း) လုပ်ငန်းကို…ရိုဟင်ဂျာ..လူမျိုး တမျိုးထဲက လုပ်နေ တာ မဟုတ်ပါဘူး…ဆိုတာကိုပါဘဲ)
×××××××××××××××××××××××××××××××××××××××××
ကျွန်တော့်ရဲ့ အစ်ကိုကြီး ဒေါက်တာကိုကိုကြီး၏ status ကို တင်ပြခြင်းဖြစ်ပါသည်
××××××××××××××××××××××××××××××××××××××××××

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: