ဆရာဦးအေးလွင် “ကျွန်တော်တို့ အစ္စလာမ်အပေါ်မှာ အမြင်မှားနေတဲ့သူတွေနဲ့ ကျွန်တော်တို့ သွားတွေ့တာ”

ကျွန်တော်တို့ အစ္စလာမ်အပေါ်မှာ အမြင်မှားနေတဲ့သူတွေနဲ့ ကျွန်တော်တို့ သွားတွေ့တာ(ဆရာဦးအေးလွင်)

ကိုပေါက်(Myanmar Muslim Media CJ)
ဇွန်လ ၇၊ ၂၀၁၅

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (ဗဟို)ရဲ့ ဦးဆောင်ဆရာတော်တွေနဲ့ အစ္စလာမ်ဘာသာဝင်ဓမ္မကထိက ဆရာဦးအေးလွင်အပါဝင် ပုဂ္ဂိုလ် ၃ ဦးဟာ ဇွန်လ ၆ ရက်နေ့က မ.ဘ.သ ဗဟိုရုံးမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ဘာ့ကြောင့်တွေ့ဆုံဆွေးနွေးသလဲဆိုတာနဲ့ တွေ့ဆုံဆွေးနွေးဖြစ်တဲ့အကြောင်းအရာတွေအကြောင်းကို အထက်ပါတွေ့ဆုံမှုမှာ ပါဝင်ခဲ့တဲ့ အယ်ဟာ့ဂ်ျ ခလီဖွှာ ဦးအေးလွင်ကို Myanmar Muslim Media က ယခုလိုတွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ဟုတ်ကဲ့။ အခုလက်ရှိ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့တဲ့ အဓိကအကြောင်းလေးကို ဆရာပြောပြပေးပါအုံးခင်ဗျာ။
ဖြေ။ ။ ကျွန်တော့်ရဲ့တစိုက်မတ်မတ် conflict resolution ခေါ်တဲ့ ပြဿနာများကို ပြေလည်ရေးရဲ့နည်းဟာ ကုရ်အာန်နဲ့ ဟဒီးစ်မှာ ပါတဲ့အတိုင်းပဲ တွေ့ဆုံဆွေးနွေးရေး အဲ့တော့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ကိုယ်နဲ့သဘောထားချင်းတူတဲ့လူတွေကို တွေ့ဆုံဆွေးနွေးလို့ရှိရင် ကျွန်တော်တို့က Monologue လို့ခေါ်တယ် ပြောစရာဘာမှမရှိဘူး အားလုံးသဘောတူတယ်။ အဲ့တော့ Dialogue ဆိုတာက ရှုထောင့်မတူကြတဲ့လူတွေ အမြင်မတူကျတဲ့လူတွေ သဘောထားကွဲလွဲနေတဲ့လူတွေကို ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးရတာ ဖြစ်ပါတယ်။ အဲ့တာကြောင့်မို့ ဥာဏ်ပညာအသိအလိမ္မာနဲ့ ချိုသာအေးမြသောစကားဖြင့် ကိုယ်ရဲ့အမှန်တရားကိုတင်ပြဖို့အတွက် အဲ့လိုတွေ့ဆုံဆွေးနွေးရေးဆိုတာဟာ ကျမ်းမြတ်ကုရ်အာန်ရဲ့ တမန်တော်မြတ်ရဲ့လမ်းစဉ်အတိုင်း ကျွန်တော်တို့ အစ္စလာမ်အပေါ်မှာ အမြင်မှားနေတဲ့လူတွေနဲ့ ကျွန်တော်တို့သွားပြီးတော့တွေ့တာဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ အဲ့တော့ ဒီအဓိကတွေ့ဆုံမှုမှာ အဓိကပြောဖြစ်ခဲ့တဲ့ အကြောင်းအရာတွေက ဘာတွေများဖြစ်ပါသလဲ။

ဖြေ။ ။ ဘာမှမပြောခင်မှာ ကျွန်တော်ရေးထားတဲ့ စာအုပ်၊ စာတမ်းတွေကို ကျွန်တော်ပေးပါတယ်။ အဲ့တာက အစ္စလာမ်သရုပ်မှန်ဆိုတာရယ်၊ နေမျိုးဝေကိုဖြေရှင်းထားတဲ့ကိစ္စရယ် နောက်ဆုံး ကျွန်တော်ဒီ အစ္စလာမ်ဘာသာဝင်အကြောင်းသိကောင်းစရာဆိုတာ ဂျာနယ်လစ်တစ်ယောက်က ကျွန်တော့်ကို အင်တာဗျုးလုပ်ထားတဲ့ စာအုပ်အသစ်ရယ် အဲ့ဒီသုံးခုကို ကျွန်တော်ပေးခဲ့တဲ့အပြင် ကျွန်တော်တို့ ဓမ္မဗိမာန်ရဲ့အနှစ်ငါးဆယ်မြောက်အခမ်းအနားက ထုတ်ဝေခဲ့တဲ့တမန်တော်မြတ်ကြီးကို ဘာသာခြားများက ချီးကျူးခဲ့တဲ့ ချီးကျူးချက်တွေကို အရင်ဆုံးပေးတယ်။ ကျွန်တော်ဘယ်လိုပြောခဲ့လို့ဆိုလို့ရှိရင် အစ္စလာမ်အပေါ်မှာ အထင်အမြင်လွှဲမှားမှုများ အစ္စလာမ်နဲ့ပတ်သတ်ပြီးလွှဲမှားပြီးတင်ပြတဲ့ တင်ပြချက်များရှိတယ်။ အဲ့တာတွေကို ဒီစာအုပ်၊ စာတမ်းများနဲ့တင်ပြချင်တယ်။ အစ္စလာမ်ကို ကြော်ငြာဖို့လာတာမဟုတ်ဘူး။ သို့သော် အစ္စလာမ်နဲ့ပတ်သတ်ပြီး အမြင်မှားနေတဲ့ အသိမှားနေတဲ့ကိစ္စရပ်တွေကို ဖြေကြားစေချင်တယ်။ ဒီစာအုပ်တွေထပ်လိုချင်ရင်လဲပဲ ပေးဖို့အတွက် အဆင်သင့်ရှိပါတယ်ဆိုပြီးတော့ အဲ့လိုစပြောပြီးတဲ့အခါကျတော့မှ ကျွန်တော်တို့မြန်မာပြည်မှာ ပုဂံခေတ်ထဲကိုက လူမျိုခြား၊ ဘာသာခြားများ နေထိုင်ခဲ့တယ်ဆိုတာ ဥက္ကဌဆရာတော်ကပြောတယ်။ ပြောပြီးတဲ့အခါမှာ လူမျိုးခြား၊ ဘာသာခြားများဟာ ပြဿနာမရှိခဲ့ကြဘူး ငြိမ်းငြိမ်းချမ်းချမ်းနေခဲ့ကြတယ်။ အခု လက်တလောမှာတော့ဖြင့် လူနည်းစု အစွန်းရောက်တဲ့လူနည်းစုတွေကြောင့် ပြဿနာတွေဖြစ်ရတယ်။ အဲ့တာတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းမယ် ပြီးတဲ့အခါမှာ နှစ်ဖက်က ကိုယ့်လူကိုယ်ထိန်းကျပါ။ အဲ့တာနဲ့ ကျွန်တော်တို့ အနှစ်သာရကတော့ ဒီသဘောပါပဲ အဲ့ဒီအတိုင်းပဲ ကျွန်တော်တို့ဆွေးနွေးကြပါတယ်။

မေး။ ။ အဲ့တော့ နှစ်ဖက်ကိုယ့်လူကိုယ်ထိန်းမယ်ဆိုတဲ့အချက်မှာ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ ဘယ်လိုအကြောင်းအရာတွေကို ဆင်ခြင်သင့်တယ်လို့ မ.ဘ.သ အဖွဲ့က ထောက်ပြခဲ့သလဲ။

ဖြေ။ ။ တိတိကျကျမပြောဘူး သူကပြောတယ် လူနည်းစုရှိတယ် အဲ့ဒီလူနည်းစုဟာအစွန်းထွက်တယ် အဲ့တာကြောင့်မို့ အစွန်းထွက်တဲ့လူကို ထိန်းပေးပါ။ ဒီလောက်ပဲပြောတယ်။ ကျွန်တော်ကပြောတာရှိတယ် ရက်ကွက်တစ်ကွက်မှာ လူမှုရေးပြဿနာ၊ ရာဇ၀တ်မှုပြဿနာဖြစ်ရင် ရာဇ၀တ်မှုအနေနဲ့ပဲမြင်သင့်တယ်။ ဒီလူဟာဘယ်ဘာသာကို ကိုးကွယ်လို့ ဆိုပြီးတော့ ဘာသာရေးကိုဆွဲမထည့်သင့်ဘူး။ ပိုဆိုးတာက ဒီရာဇ၀တ်မှုကိုအကြောင်းပြုပြီးတော့ အဲ့ဒီဘာသာဝင်ရဲ့ သာသနိကအဆောက်အအုံတွေကို ၀ိုင်းတာတို့ အိမ်တွေ၊ ဆိုင်တွေ ၀ိုင်းတာ ဖျက်တာတို့ အဲ့ဒီကိစ္စတွေဟာ မဖြစ်သင့်ဘူး။ ဆိုတော့ အဲ့ဒီအချိန်မှာပြောတာ အဲ့တာတွေမဖြစ်ရအောင် ရဟန်းသံဃာများက ၀ိုင်းဝန်းကူညီတာလေးလဲ ရှိပါတယ်ဆိုတာကို ပြောပါတယ်။ အဲ့လိုမဖြစ်သင့်ဘူးဆိုတဲ့ဟာကို သူတို့လက်ခံတဲ့သဘောရှိပါတယ်။

မေး။ ။ မ.ဘ.သ ဗဟိုကဦးစီးပြီး ထုတ်ဝေတဲ့ အောင်ဇေယျတုလို ဂျာနယ်မှာဆိုရင် အစ္စလာမ်အပေါ်အထင်အမြင်လွဲမှားစေမဲ့ အချက်အလက်အမှားတွေကို အပတ်စဉ်ဖော်ပြနေခဲ့တာ မျိုးတွေရှိတယ်ပေါ့ ဒါနဲ့ပတ်သတ်လို့ကော ဆရာတို့အနေနဲ့ မ.ဘ.သ ဗဟိုကို အသိပေးအကြောင်းကြားခဲ့ ထောက်ပြခဲ့တာမျိုးတွေရှိပါသလား။

ဖြေ။ ။ ကျွန်တော်တို့ ပထမဦးဆုံးပြောတဲ့ စကားက အဲ့တာပါပဲ အစ္စလာမ်နဲ့ပတ်သတ်လို့ အသိလွဲမှားမှုများရှိနေတယ် အဲ့တာတွေကိုဖြေရှင်းဖို့အတွက် စစ်မှန်သောရှင်းလင်းချက်တွေကို ပေးမယ်ဆိုပြီးတော့ကာ အထောက်အထားအခိုင်အလုံနဲ့ပေးမယ်ဆိုပြီး စာအုပ်၊ စာတမ်းတွေကိုပေးခဲ့ခြင်းသည် ရည်ရွယ်ချက်ဟာ အစ္စလာမ်နဲ့ပတ်သတ်ပြီး လွဲမှားစွာတင်ပြမှုများကို တည့်မှတ်စေချင်တဲ့ ရည်ရွယ်ချက်တဲ့ ကျွန်တော်တို့ပေးခဲ့ခြင်းဖြစ်တဲ့အတွက် ခုနကပြောတဲ့မေးခွန်းဟာဖြင့်လျှင် အဲ့ဒီအတိုင်း ပထမဦးဆုံး ကျွန်တော်တို့လုပ်ရပ်ထဲမှာ ဒါဟာအပီအပြင် အကောင်အထည်ဖော်ခဲ့ပြီလို့ ကျွန်တော်ဒီလိုတင်ပြချင်တယ်။

မေး။ ။ အဓိကတွေ့ဆုံမှုက ဘယ်လိုအတိုင်းအတာထိ အကျိုးသက်ရောက်မှုရှိနိုင်မယ်လို့ ဆရာအနေနဲ့ မျော်မှန်းထားတာမျိုးရှိသလဲခင်ဗျ။

ဖြေ။ ။ သူတို့ဖက်ကလဲ ကြိုဆိုတဲ့သဘောရှိတယ် နောက်ပြီးတော့ အပြန်အလှန်လေးစာမှုရှိတယ်။ အပြန်အလှန်လေးစားမှုရှိတယ်၊ ကြိုဆိုမှုရှိတယ် ပြဿနာရပ်များကို စေ့စပ်ညှိနှုင်းဖြေရှင်းတဲ့နည်းနဲ့ ဖြေရှင်းမယ်ဆိုသော ဒီအဖြေတစ်ခုကို ကျွန်တော်တို့ ရခဲ့တဲ့အတွက်ကြောင့် ရှေ့လျှောက်ကျွန်တော်တို့က ဒီလိုပြဿနာတွေဖြစ်အုံးမယ်ဆိုရင် ကျွန်တော်တို့ သွားရောက်တွေ့ဆုံမယ် ဆွေးနွေးမယ် ဖြေရှင်းမယ် အမှန်တရားပေါ်အောင် ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့ ဆိုတဲ့ ဒီနည်းဟာ အင်္ဂလိပ်ပြောရင်တော့ A step in right direction မှန်ကန်သောလမ်းကြောင်းမှာ မှန်ကန်သောခြေလှမ်းတစ်လှမ်းကို ကျွန်တော်တို့လှမ်းခဲ့ခြင်းလို့ အဲဒီလို ကျွန်တော်တို့ ယုံကြည်ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ ဆရာအနေနဲ့ ဒီတွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သတ်လို့ နောက်ဆုံးဖြည့်စွက်ပြောကြားချင်တာ ဘာများရှိပါအုံးမလဲခင်ဗျ။

ဖြေ။ ။ ကျွန်တော့်အနေနဲ့ကတော့ အဲ့လို အသိမှားမှုများကိုဖြေရှင်းတဲ့အခါမှာ လွဲမှားသော ရှုထောင့်များကိုဖြေရှင်းတဲ့အခါမှာ အဲ့လို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စားပွဲပြင်ပေါ်မှာ တွေ့ဆုံဆွေးနွေးခြင်းဟာ အကောင်းဆုံးနည်းဖြစ်တယ်ဆိုတာကို ကျွန်တော်ပိုပြီးတော့ကာ အားတက်စေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: