မြန်မာ့မြေထဲမှာ စစ်တပ်အကြမ်းဖက်အဖွဲ့နဲ့ဝီရသူအကြမ်းဖက်အဖွဲ့ ၂ ဖွဲ့နဲ့တင် သုံးစားမရအောင်ပြုတ်ပြုတ်ပြုန်း မွဲတေနေပြီ။ မင်းတို့အကြမ်းဖက်အဖွဲ့တွေကို မြန်မာ့မြေထဲကို ဝင်ပြီးခြေချခွင့်ကိုမပေးနိုင်ဘူး။

မင့်အမေ XX!

XX  ပါကီတာလီဘန်ဒွေ
ဂျီဟာ့ဒ် ဆိုတာဘာလဲ ဆိုတာ မင်းတို့ကိုယ်တိုင်လေ့လာလိုက်ပါဦး။

အစ္စလာမ်မှာ အိမ်နီးချင်းကိုတောင် ဒုက္ခပေးခွင့်မရှိဘူး။
မင်းတို့အချင်းချင်း ဗုံးခွဲသတ်နေတာကိုက
ငါတို့ယုံကြည်ကိုးကွယ်ရာ အစ္စလာမ် နဲ့
မင်းတို့ဟာအလွဲကြီးလွဲနေပြီဆိုတာအထင်းသားကြီးပေါ်လွင်နေပြီ။

မဟာတမန်တော်မြတ်ကြီးအစား
လက်နက်ကိုမြတ်မြတ်နိုးနိုးချစ်ခင်၊
အလ္လာအရှင်မြတ်ရဲ့ကုရ်အာန်နဲ့
မဟာတမန်တော်မြတ်ကြီးရဲ့ဟဒီးဆ်တွေအစား
အဖျက်သမားခေါင်းဆောင်ကြီးတွေရဲ့အမိန့်တွေကို
တသွေမတိမ်း လိုက်နာနေတဲ့ မင်းတို့ကို
ငါ့တစ်ကိုယ်ရည်အမြင်အရတော့
“မွတ်စ်လင်မ်” ကို မဟုတ်ဘူးလို့ သတ်မှတ်သကွ။

မင်းတို့ဟာ
ဘာသာတစ်ခုကို ခုတုံးလုပ်ပြီး
အကြမ်းဖက်နေသူတွေလို့ပဲငါမြင်တယ်။

မင်းတို့အကြမ်းဖက်အဖွဲ့တွေကို
မြန်မာ့မြေထဲကို ဝင်ပြီးခြေချခွင့်ကိုမပေးနိုင်ဘူး။

မြန်မာ့မြေထဲမှာ
စစ်တပ်အကြမ်းဖက်အဖွဲ့နဲ့ဝီရသူအကြမ်းဖက်အဖွဲ့
၂ ဖွဲ့နဲ့တင် သုံးစားမရအောင်ပြုတ်ပြုတ်ပြုန်း မွဲတေနေပြီ။
ငါတို့ မွတ်စ်လင်မ်တွေဘဝ မနည်းကြိုးစားရပ်တည်နေရတယ်။

မင်းတို့ဝင်လာပြီး အကြမ်းဖက်အဖွဲ့သုံးဖွဲ့ဖြစ်သွားတော့မှ၊
ငါတို့ဘဝ ကျွဲ ၂ကောင်ခတ်တဲ့ကြားက မြေဇာပင်ဘဝကနေ၊
ကျွဲ ၃ ကောင်လာလူးတဲ့ ညွံအိုင်ဘဝမရောက်ပါရစေနဲ့ကွာ။

ငါတို့ဘာသာ ပြည်တွင်းမှာရှိတဲ့
အဖိနှိပ်ခံမြန်မာပြည်သားအချင်းချင်း
လူမျိုးဘာသာမခွဲခြားပဲလက်ချင်းတွဲလို့
ညီညီညွတ်ညွတ်နဲ့ဒီမိုကရေစီရအောင် ရုန်းကန်လှုပ်ရှားရင်း၊
အောင်ပွဲရအောင်ပဲ လျှောက်လှမ်းမယ်ဟေ့။

မင်းတို့လို
ရေနစ်သူဝါးကူထိုးမယ့် အကြမ်းဖက်သမားတွေ အလိုမရှိပါဟေ့!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: