အာဏာရှင် ဖီဆန်ချင်စိတ် မွေးထုတ်ပေးမယ့် ရွှေပြည် ၅ဝ၁၂ (= 1962?)

အာဏာရှင်တွေဟာ သူတို့ရဲ့ နေရာတစ်နေရာကို လက်မလွှတ်တန်း ထိန်းသိမ်းထားနိုင်ဖို့အတွက် လူ့အဖွဲ့အစည်းကို ဘယ်လိုအမူအကျင့်တွေရိုက်သွင်းထားတယ်၊ ဘယ်လိုယဉ်ကျေးမှုတွေထဲမှာ ရှင်သန်စေတယ်ဆိုတာတွေကို အဓိကဖော်ပြထားတဲ့ စာရေးဆရာ မှုးသစ်ရဲ့ ရွှေပြည် ၅ဝ၁၂ ဆိုတဲ့ လုံးချင်းဝတ္ထုကို ဇူလိုင် ၂၅ရက်မှာ မိတ်ဆက်ခဲ့ပါတယ်။

ပြည်သူတွေဟာ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေနဲ့ကြုံတွေ့လာတဲ့အခါမှာ လက်နက်ကိုင်တော်လှန်ဖို့ဆိုတာ မလွယ်ကူနိုင်တဲ့ကိစ္စဖြစ်တာကြောင့် စိတ်တွင်းတော်လှန်ရေးဆိုတာ ရှိနေရမယ်လို့ စာရေးဆရာ မှုးသစ်က ပြောပါတယ်။

အာဏာရှင်တွေကို ဖီဆန်ချင်စိတ်ရှိရမှာဖြစ်သလို အာဏာရှင်တွေရဲ့ အတွေးအခေါ် ရိုက်သွင်းမှုတွေကိုလည်း လက်မခံဘဲနေလို့ရတယ်ဆိုတာ သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးသားထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဝတ္ထုဟာ အနာဂတ်ကို ကြိုမျှော်တဲ့သဘောဖြစ်ပြီး မြန်မာနိုင်ငံအနေအထားနဲ့ ပြဿနာရှိနိုင်တာကြောင့် ဝတ္ထုနာမည်ကို တိုက်ရိုက်မဖော်ပြတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရွှေပြည် ၅ဝ၁၂ လို့ ပြောလိုက်တာနဲ့ ရွှေပြည်ဆိုတာ ဘယ်နိုင်ငံကိုပြောတာလဲ၊ ၅ဝ၁၂ ဆိုတာ ဘယ်ခုနှစ်ကို ကိုယ်စားပြုတာလဲဆိုတာ စာဖတ်သူတွေ ခန့်မှန်းနိုင်ကြလိမ့်မယ်လို့ ဆိုပါတယ်။ စာရေးဆရာမှုးသစ်ရဲ့ ပထမဆုံး လုံးချင်းဝတ္ထုဖြစ်ပြီး ဂျော့အောဝဲလ်ရဲ့ ကမ္ဘာကျော်ဝတ္ထု ၁၉၈၄ ကို အခြေခံပြီး ရေးထားတာဖြစ်ပါတယ်။

ကဗျာဆရာ သစ္စာနီကတော့ ဒီစာအုပ်ဟာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေကို ဖော်ပြနေသလို ရွေးကောက်ပွဲလည်း နီးလာတာနဲ့အမျှ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အသိဉာဏ်တွေ ပွင့်လင်းမှုလိုလာတာကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: