မြန်မာပြည်က မွတ်စလင်မ်တွေ ဗလီတွေမှာ ခြေကုပ်ယူ၊
လူစုပြီး၊လှုံဆော်လှုပ်ရှားနေတဲ့ ဂျေဟဒ် မြန်မာတွေခံနေရပြီ။
——————————————–
ပြီးခဲ့တဲ့ စနေ တနင်္ဂနွေ ၂ရက်မှာ ကုမ္ပဏီကသူတွေနဲ့ ဧရာဝတီတိုင်း၊မြောင်းမြခရိုင်၊လပွတ္တာ မြို့နယ်ထဲက
ဌက်ပေါက်၊သုံးခွ၊သင်္ကန်းကုန်း၊သက္ကယ်တောင်၊အုန်းတော်ပြည့်၊ကျောက်ကလပ်စတဲ့ရွာတွေကို ရေဘေးအလှူလုပ်ဖို့ သွားခဲ့ပါတယ်။
ဒီရွာတွေဟာ နာဂစ်တုံးက ရွာလုံးကျွတ်နီးပါးအထိနာခဲ့တဲ့ရွာတွေဖြစ်ပြီး
လူသူအရောက်ပေါက်နည်းတဲ့ သွားလာရခက်ခဲတဲ့ ဧရာဝတီတိုင်းအစွန်အဖျား
မှာရှိတဲ့ ပင်လယ်နဲ့ ကပ်နေတဲ့ရွာတွေဖြစ်ပါတယ်။ကုမ္ပဏီက နာဂစ်မှာလည်း
သွားခဲ့ဖူးပြီး ရွာသားတွေနဲ့ သံယောဇဉ်လည်းရှိနေတော့ ခုရေဘေးကိုလည်း
အဲ့ရွာတွေဘက်သွားဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ခုလောလောဆယ်တော့
ရွာတွေမှာရေဘေးဒါဏ်ဆိုးဆိုးရွားရွားမခံကြရပေမဲ့လယ်တွေနဲ့ 
သာမန်အိမ်နိမ့်နိမ့်လေးတွေကတော့ ရေမြှုပ်နေပါတယ်။
မိုးကလည်းနေ့ တိုင်းလိုသည်းသည်းမဲမဲရွာနေ ပတ်ဝန်းကျင်ဒေသတွေမှာလည်း
ရေတွေကြီးနေတော့ သွားရေးလာရေးခက်ခဲနေကြပြီး ဆင်းရဲတဲ့လက်လုပ်လက်စား
များတဲ့ ရွာသားတွေဟာ စားရေးသောက်ရေးပါခက်ခဲနေကြပါတယ်။ကျွန်တော်တို့ 
ရွာတွေရောက်ရင် ပထမဆုံးရွာဦးဘုန်းကြီးကျောင်းဝင် ဆရာတော်တွေကို ကပ်လှူ
ပြီးမှ ရွာထဲဘယ်လိုလှူရမလဲဆိုတာ ဆရာတော်ထံလျေှုာက်ထားမေးမြန်းပြီးမှ
ဆက်လုပ်ပါတယ်။နာဂစ်တုံးကလို ဘယ်သူမှ လာမှာမဟုတ် လှူကြမှာမဟုတ်ထင်မိတဲ့ ကျွန်တော်တို့ ဒီတခေါက် ရောက်တော့ တက်တက်ဆင်အောင်လွဲနေပါတယ်။
ဘုန်းကြီးကျောင်းမှာ ဆန်တွေနဲ့ စားစရာတွေကအပြည့်ပါ။ဆရာတော်ဘုရား
ဘယ်သူတွေလာသွားတာလဲဆိုတော့ ရန်ကုန်စော်ဘွားကြီးကုန်းကကုလားတွေလာလှူ သွားကြတာတဲ့၊ဟာဒီတခါတော့ ကျွန်တော်တို့ ထက်ကုလားတွေ လက်ဦးသွားကြတာပေါ့လို့ 
မန်နေဂျာကြီးကပြောတော့ ဆရာတော်က “အေးတို့ ဆီရေတောင်သိပ်မတက်သေးဘူး
မိုးကတော့ အသည်းအသန်ရွာနေပြီ။ကြည့်မြင်တိုင်ဘက်က ဗလီဆရာအဖွဲ့ တဖွဲ့ 
အရင်ဆုံးလာလှူတာပဲ။ပြီးတော့ စော်ဘွားကြီးကုန်းအဖွဲ့ ခုဒကာတို့ ကတတိယအဖွဲ့ ပဲ”တဲ့။
ဒီလိုနဲ့ စကားတွေပြောရင်းနဲ့ ဆရာတော်က “၉၆၉တွေက ကုလားတွေ ဂျေဟဒ်
လုပ်မယ်လုပ်မယ်အော်နေတာ..ခုကုလားတွေ ဂျေဟဒ်လုပ်လိုက်တာ တနိုင်ငံလုံးနီးပါးပဲလေ
သူတို့ ဘယ်လိုတားမလဲ”ဆိုတော့ ဆရာတော်ဘုရား ခု ၉၆၉ မဟုတ်တော့ဘူးဘုရား
မဘသ ဖြစ်သွားပြီဆိုတော့ “တူတူပါပဲကွာ။တကယ်တော့ မဟန တို့ မဘသ တို့ ဆိုတာ
န၀တ နအဖ အကုသိုလ်ကောင်တွေရဲ့ သြဇာခံတွေပါ”တဲ့။ဘယ်လိုဂျေဟဒ်လုပ်ခံရတာလဲ
ဆက်မိန့် ပါဦးဆိုတော့ ” ကြည့်လေကွာ ခုကုလားတွေက နေရာတကာ ရေဘေးဖြစ်တဲ့
နေရာတွေကို လူမျိုးတွေဘာသာတွေမခွဲပဲလှူ နေတယ် ပေးနေကြတယ်။
ဒါသူတို့ ဒို့ တွေကို ဂျေဟဒ်လုပ်နေတာကွ။ဒို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နှလုံးသားတွေကို
သိမ်းပိုက်နေတာ။ငါများများမပြောချင်ဘူးကွာ..မောတယ်..မင်းတို့ ကိုယ့်ဘာသာကိုယ်
စဉ်းစားကြည့်။ငါပြောတာဟုတ်သလား မဟုတ်ဘူးလားဆိုတာ။ဗုဒ္ဓဘာသာလမ်းစဉ်က
မေတ္တာတရားကို အခြေပြုတဲ့လမ်းစဉ်။ခုကတခုခုဆို သတ်ဟ၊ဖမ်းဟ၊ဖျက်ဟ၊မောင်းထုတ်ဟ
ဆိုပြီးသင်္ကန်းဝတ်တွေ ကိုယ်တိုင်ကဦးစီးပြီး ဟောနေလုပ်နေချိန် ကုလားတွေက
ဘုန်းကြီးကျောင်းတွေဝင်လှူ ဘာသာဝင်တွေကိုလိုက်လှူ နေတော့ စဉ်းစားလေ..
ဒို့ တွေက အပြောတွေနဲ့ ကုလားမကောင်းဘူးပြောနေတဲ့သူတွေစကားယုံရမလား။
ဒုက္ခတွေ့ နေချိန် မခွဲမခြားလာကူညီတဲ့ ကုလားတွေကိုချစ်မလားစဉ်းစား။
ဒါကြောင့် ငါပြောတာ ကုလားတွေ ဂျေဟဒ်လုပ်လိုက်ပြီဒို့ ကို။ဒို့ ဗုဒ္ဓဘာသာ
ဝင်တွေရဲ့ နှလုံးသားတွေ သူတို့ သိမ်းပိုက်လိုက်ကြပြီ။”
ဆရာတော်ပြောသွားတာ ကျွန်တော်တို့ အတွက် စဉ်းစားစရာပါ။
ဟုတ်ပါတယ်…၉၆၉ တို့ မဘသ တို့က တချိန်လုံးလူဆိုးတွေ ဗီလိန်တွေပါလို့ 
တွင်တွင်ပြောခဲ့တဲ့ မြန်မာပြည်က မွတ်စလင်မ်တွေဟာ တိုင်းပြည်ရဲ့
အရေးကြီးတဲ့ အခြေအနေတိုင်းမှာ ရှေ့ တန်းကနေပါဝင်ခဲ့စွန့် လွတ်အနစ်နာ
ခံခဲ့ကြတာတွေ့ ရပြီး..အမျိုးဘာသာသာသနာကို စောင့်ရှောက်ပါမယ်ဆိုတဲ့
မဘသတွေကတော့ ပြည်သူတွေအကြပ်အတည်းဖြစ်နေတဲ့ အချိန်တိုင်းမှာ
ပြည်သူဘက်က မရပ်တည်ပဲ အာဏာရှင်တွေအလိုကျ လိုက်လုပ်ခဲ့တာ
နေရာတိုင်းလိုလိုမှာတွေ့ ရမှာပါ။ဒီအကြောင်းအထောက်အထားတွေနဲ့ 
ရေးထား စုဆောင်းထားတာတွေရှိပါတယ်။ခုက REPORT ဒါဏ်မဟားတရားခံနေရလို့ မတင်သေးတာပါ။ခုလည်းများများ
စားစား သက်သေမပြတော့ပါဘူး။
မဘသ ခေါင်းဆောင် ၀ီရသူတို့ အမြဲပြောပြောနေကျဖြစ်တဲ့ ဗလီတွေက
ဘာတွေလုပ်နေသလဲနဲ့ ခုလက်တွေ့ မြင်ရတဲ့ ဗလီတွေက လုပ်နေတာတွေ
ကို အနည်းအကျဉ်းတင်ပေးလိုက်ပါတယ်။
ဗလီတွေဟာ စစ်အခြေစိုက်စခန်းတွေဖြစ်တယ်။
ဗလီတွေဟာ အကြမ်းဖက်မူလုပ်ငန်းတွေအတွက်
သင်တန်းပေးနေတဲ့ နေရာတွေဖြစ်တယ်။
ဗလီတွေဟာ ဘာသာခြားအမျိုးသမီးတွေကို
လက်ထပ်ပေါင်းသင်းနိုင်တာနဲ့ အမျှ ဆုကြေးငွေတွေ
ထုတ်ပေးနေတဲ့နေရာဖြစ်တယ်။
ဗလီတွေဟာ ဘုရားပုံတော်တွေခြေချနင်းခိုင်းတဲ့ နေရာဖြစ်တယ်။
(ဒါတွေကတော့ မဘသတွေ ပြောပြောနေကျ အထောက်အထားမဲ့
စကားတွေဖြစ်ပါတယ်။)
ကျွန်တော်တို့ တကယ်တွေ့ ရတာကတော့ ဗလီတွေဟာ
မြန်မာပြည်က ဒုက္ခရောက်နေကြတဲ့သူတွေအတွက် အကူအညီပေးဖို့ 
လှုံ ဆော်ကြိုးပမ်းနေတဲ့ နေရာတွေသာဖြစ်လို့ …
လပွတ္တာသင်္ကန်းကုန်းဆရာတော်မိန့် တဲ့ စကားနဲ့ ..
(မဘသဘုန်းကြီးတွေရဲ့စကား)ကို ရောသမွမွှေပြောရရင်
မွတ်စလင်မ်(ကုလား)တွေရဲ့ ဗလီ(စစ်အခြေစိုက်စခန်း)များက
(လူသားချင်းစာနာမူ)ဂျေဟဒ်လုပ်ရပ်တွေလုပ်နေကြောင်းပါခင်ဗျာ။
August 13, 2015 at 3:20 am |
U Aung Tin
မြန်မာမွတ်စလင်တွေ ဂျီဟဒ်လုပ်နေကြပြီ။
ဟုတ်ပါတယ်။
မြန်မာပြည်က မွတ်စလင်တွေက ရေဘေးသင့် ဒုက္ခရောက်နေသူများအတွက်
ဂျီဟဒ်လုပ်နေကြတာပါ။
ဂျီဟဒ်ဆိုတာ ကောင်းမှုအတွက် စွန့်လွှတ်ခြင်းသည် ဂျီဟဒ်ဖြစ်တယ်။
အပြစ်မဲ့တဲ့ လူတွေကို သတ်ဖြတ်တဲ့သူတွေဟာ လူသတ်သမား၊ ရာဇဝတ်ကောင်၊ ငရဲပြည်ကျမဲ့ အယုတ်တမာကောင်တွေဖြစ်တယ်။ ဂျီဟဒ် မဟုတ်ဘူး။ ဘုရားအလောင်း ယုန်မင်းက မိမိကိုယ်ကို အလှူပေး အစားခံဖို့ မီးပုံထဲခုန်ဆင်းတာကို ဂျီဟဒ်လို့ ဆိုကောင်း ဆိုနိုင်ပါတယ်။
အမြင့်ဆုံးဂျီဟဒ်က ရုပ်ပိုင်းဆိုင်ရာ စွန့်လွှတ်ခြင်း မဟုတ်ဘူး။ မိမိနှလုံးသားထဲက မကောင်းစိတ်တွေကို စွန့်လွှတ်၊ နှိမ်နင်း ပယ်သတ်နိုင်ခြင်းဖြစ်တယ်။ မြန်မာလို ကိလေသာကို ပယ်သတ်ခြင်းလို့ ယူနိုင်မယ် ထင်ပါတယ်။