“ဒေါ်စု အန်တီစု အမေစု ဘာစု ညာစု”

“ဒေါ်စု အန်တီစု အမေစု ဘာစု ညာစု”
——————————————

အခုတလော အွန်လိုင်းပေါ်မှာ အော့ဖ်လိုင်း
ထဲမှာ တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ နိုင်ငံ
ရေး အကွဲအပြဲကို ရေဘေးကပ် ဒုက္ခသုက္ခ
တွေကြားကနေ ပွက်လောရိုက်နေတာ
အားလုံး မြင်ကြမယ် ထင်ပါတယ်။

လုပ်ရက်လိုက်တာ !
ရက်စက်လိုက်တာ !
ချနင်းခံရပြီ !
စစ်တပ်အကြိုက် လုပ်နေတာ !

စသဖြင့် ငြီးတွားသံ၊ မကျေမနပ်သံ၊ တောက်
ခေါက်သံ၊ ခြေဆောင့်သံများ သံစုံ တီးဝိုင်းကဲ့
သို့ ကြားနေရပါသည်။

ကျောချမှ ဓားပြမှန်းသိရပြီလို့လည်း ဆိုကြ
သလို အချို့ ဥပမာများ မြင်ရတာ လူပါ တွန့်
သွားတယ်။

“သူကြီးသမီး မယ်အေးနဲ့ကြိုက်တာက ဆယ်
အိမ်ခေါင်း သာအေး၊ သာအေးက ထန်းတော
သွားပြီး ကာလသားခေါင်း ငပိန်ကို ရင်ဖွင့်၊
ငပိန်က အကြံသမား။

သာအေးကို ထန်းရည် အမူးတိုက်၊
ညကျတော့ မယ်အေးကို လှေနဲ့ခိုး၊
မယ်အေးကလဲ သာအေး အထင်နဲ့
လှေပေါ် တက်ခဲ့။

မိုးလင်းခါနီးကျမှ ……….
ဟဲ့ ! သာအေးလဲ မဟုတ်ပါလားဆိုတော့
ငပိန်က မယ်အေးရယ်၊ နင်သဘော မတူ
ရင် ပြန်ပို့ပေးပါ့မယ်လို့ဆို။

အဲဒီတော့ မယ်အေးခမျာ
ကဲ..ခုမှတော့ ပြန်ပို့လည်း နာမည်
ပျက်ရုံဘဲ ရှိတော့မပေါ့ ။

လှော်သာလှော်တော့ ငပိန်ရေ့လို့
ပြောလိုက်လေသတဲ့ကွယ်”။

တို့တိုင်းပြည်လည်း ဒီအဖြစ်မျိုး ဆိုက်နေပြီ
လားပေါ့။

ဦးတင်ဦးနဲ့ ဦးညဏ်ဝင်းကို လူတွေ ဝေဖန်နေ
တာတွေ့တော့ပြုံးမိတယ်။

ဒီအဖိုးကြီး နှစ်ယောက်ဆိုတာ ဟိုတုန်းကထဲကနေ
ခုထိ ဒေါ်စုရှေ့ လေတောင် ကျယ်ကျယ် မလည်ရဲ၊
စိတ်တော်သိ ဗောင်းတော်ညိတ်တွေ ဖြစ်တယ်။

၈၈ ကျောင်းသားတွေကို ဖယ်ထုတ်လိုက်တဲ့
ကိစ္စဟာ ဒေါ်စု မသိဘဲ ဘယ်သူမှ မလုပ်ရဲဘူး
ဆိုတာ မြေကြီးလက်နဲ့ပုတ်လိုက် လွဲသွားမယ်
ဒီကိစ္စ မလွဲဘူး။

“ဒီချုပ်” မှာ အာဏာရှင်ဟာ ဒေါ်စု။
“ဒီချုပ်” မှာ ဘုရင်မက ဒေါ်စု။
“ဒီချုပ်” မှာ မင်းသမီးက ဒေါ်စု။
“ဒီချုပ်” မှာ အရာအားလုံး ဆုံးဖြတ်တာ ဒေါ်စု။
“ဒီချုပ်” မှာ ပါတီတွင်း အာဏာလုပွဲမှာ ဗိုလ်
အောင်ကြီးကို ကန်ထုတ်လိုက်တာ ဒေါ်စု။
“ဒီချုပ်” မှာ ကာနယ် ကြည်မောင်၊ ဦးကိုယု၊
ဦးအောင်လွင်၊ မောင်မိုးသူ၊ ဒေါ်မြင့်မြင့်ခင်တို့နဲ့
လမ်းခွဲသွားတာ ဒေါ်စု။ (“သမီးရယ် မသင့်တော်
ပါဘူး” လို့ တလုံးထဲ ကာနယ် ကြည်မောင်က
ပုဂ္ဂိုလ်ရေး ဝေဖန်မိတာပါ)*
“ဒီချုပ်” မှာ နှစ်ပေါင်းများစွာ အနစ်နာခံလာတဲ့
ဦးဝင်းတင်၊ နော်အုံးလှ၊ မိထ္ထီလာက ဒေါ်မြင့်မြင့်
ခင် အပါအဝင် အခြား သဘောထား မတိုက်ဆိုင်
သူများကို ချနင်းခဲ့တဲ့ ၂၀၁၀ “ကတ္တီပါ လမ်းခွဲ”
ဇတ်ကား ရိုက်သွားတာ ဒေါ်စု။

၂၀၀၈ နာဂစ် ခြေဥကို ဆန့်ကျင်လာတဲ့ ဒေါ်စု
တယောက် ၂၀၁၀ မှာ ခြေဥကို ခေါင်းပေါ်ရွက်
ထမိန် စွန်တောင်စွဲ ကြပ်ပြေးမှာ ဒူးထောက်လိုက်
ကတည်းက မြန်မာ့ နိုင်ငံရေးဟာ ယူတန်း (U –
Turn) “ဂ” ငယ်ဂွေ့ ကွေ့သွားပြီး “မြန်မာ့နည်း
မြန်မာ့ဟန် ဒီမိုကရေစီ” ဖြစ်သွားပြီ ဆိုတာ
အသိသာကြီးပါ။

၁၉၈၈ ကနေ ၂၀၁၀ အထိ စစ်အုပ်စုကို ပြတ်
ပြတ်သားသား ဆန့်ကျင်ပြီး ဘဝ တခုလုံး
အနစ်နာခံ လာခဲ့တာ ကုန်းတော့မှ ပေါ်တယ်
ဆိုသလို ၂၀၁၀ မှာ ဒေါ်စု ကိုယ်ရောင် ကိုယ်
ဝါ မှေးမှိန် အာဏာစက် ပျောက်ခဲ့တယ်။

ဟစ်တလာ တချက် ငေါက်လိုက်ရင် တိုင်းပြည်
တပြည် သူ့ခြေဖဝါးအောက် ရောက်လာဘိသ
ကဲ့သို့ ဟိုတုန်းကများ ဒေါ်စု တယောက်
ဟောက်လိုက်ရင် ဟိန်းလိုက်ရင် ကမ္ဘာကြီး
သိမ့်သိမ့်တုန်ခဲ့သလို ကမ္ဘာ့ ခေါင်းဆောင်တွေ
အလေးပြုခဲ့ကြတယ်။

ယနေ့ခေတ်လို “ကျမတို့ကို မဲထည့်ပါ” လို့
လော်ငှါးပြီး မဲမဲကျော်သိန်းလို အော်နေရတဲ့
ဘဝ မဟုတ်ခဲ့တာ အမှန်ပါ။

ဒါကြောင့် ၉၀ ရွေးကောက်ပွဲမှာ ခွေးကို အမြှီးဖြတ်
“ဒီချုပ်” ကနေ ဝင်ရွေးခိုင်းတောင် နိုင်မယ် ပြောခဲ့
ကြတယ်။

ခုလည်း မနိုင်ဘူး မပြောဘူး။
သေချာပေါက် နိုင်မယ်။

ဒါပေမယ့် လွှတ်တော်ထဲမှာ စစ်ဗိုလ် “တမတ်သား”
ငတိတွေက ရောက်နှင့်နေပြီ။

ရွေးကောက်ပွဲကို ရာနှုန်းပြည့် အောင်နိုင်ခဲ့တယ်
ဆိုရင်တောင်မှ ပုဒ်မ ၅၉ (စ) ကြောင့် ဒေါ်စု
“သမ္မတ” ဖြစ်စရာ အကြောင်းမရှိဘူး။

နောက်တခုက စစ်တပ်က ဗီတို အာဏာ လက်
ထဲမှာ ရှိတယ်။ ကာလုံမှာ ထိုင်ခုံ (၁၁) ခု ရှိတဲ့
အထဲ (၆) ခုံကို ယူထားပြီး ဖြစ်တယ်။

ဘာလုပ်လုပ် ကန့်ကွက်လို့ရတယ်။
အသာစီးက ဆုံးဖြတ်လို့ ရနေတယ်။

အဲတော့ မေးပါရစေ၊ ဘယ်မှာလဲ အာဏာ ?

အဲဒီ ဘာမှ မရှိတဲ့ အာဏာအတွက် ဒေါ်စုနဲ့
ကျောင်းဟောင်းတွေ ကွဲကြ ပြဲကြတာ တန်
ရဲ့လားလို့လည်း မေးချင်ပါသေးတယ်။

ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် တို့လည်း ဒေါ်စုကို
ပဲ ထောက်ခံတယ်နော်၊ တပြားသားမှ လျော့
မသွားသေးဘူး၊ ဒီချုပ်ကို ကြိုက်လို့ ဆိုတာ
ထက် “စစ်တပ်” က ကောင်တွေကို မမြင်ချင်
လွန်းလို့ကို ခြေပစ် လက်ပစ် ထောက်ခံနေ
တာ ဖြစ်တယ်။ အားတော့ ကုန်နေပြီ။

ဒေါ်စုရဲ့ စကားလုံး လှလှလေးတွေ ပေးပြီး
အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ သင်ပုန်း
ချေရေး လမ်းစဉ် ဆိုတာတွေနဲ့အတူ “သိန်းစိန်”
နဲ့ ပေါင်းဖက်ကြတုန်းက ကျောင်းဟောင်းတွေ
ဘာလုပ်ခဲ့ကြသလဲ။

သူတို့မှ မဟုတ် ခေါင်းတွဲတော့ ရင်ခွင်နန်းတော်
ထဲဝင်ပြီဟေ့၊ ဒို့တတွေလည်း လိုက်ဝင်ကြရအောင်
ဟေ့လို့ ဆိုသူတွေထဲမှာ ပြည်ပြေးတွေ၊ အဝေး
ရောက်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အချို့
တွေ၊ အေဘီတွေ၊ စီဒီတွေ၊ ဗဟုတွေ၊ လဥတွေ၊
ပညာရှင်တွေ၊ သန်းမြင့်ဦးတွေ စသဖြင့် သိန်းစိန်
ပုဆိုးအောက်ထဲ အလုအယက် အပြေး ဝင်ရောက်
အနံ့ရှူခဲ့ကြတာ အတူတူပဲလေ၊ ဘာ ခုမှ သံပုရာ
သီး တလုံးကို တခြမ်းက ချဉ်တယ်၊ တခြမ်းက
ပိုချဉ်တယ် ပြောနေကြတာလဲ၊ ရယ်စရာကြီးပါ။

အဲ့တာ စောနက ပြောတဲ့ ဒေါ်စုရဲ့ “ဂ” ငယ်ကွေ့
ရဲ့ ရလာဒ်တွေ ဖြစ်တယ်။

တကယ်က ၂၀၀၈ ခြေဥကို အသက် မဝင်အောင်
တားဆီးနိုင်ခြင်း မရှိဘဲ ပူးပေါင်း ပါဝင် ကြံစည်မှု
ကြောင့် ဒီကနေ့ ဒီအဖြေတွေ ထွက်လာတာ
ဖြစ်တယ်။

ဒါတွေအားလုံးဟာ နအဖ အာဏာသိမ်းစဉ်က
ဗိုလ်ခင်ညွှန့်ဆွဲခဲ့တဲ့ လမ်းပြမြေပုံ (Road Map)
(၇) ချက်ကို တဆင့်ခြင်း အကောင်အထည်
ဖော်နေတာသာ ဖြစ်တယ်။

ဒါကြောင့် ဗိုလ်ခင်ညွှန့် ထွက်လာတော့ ဂတုံး
ဇာဂနာက “အကိုကြီး တော်တယ် ဆိုပြီး ပခုံး
ဖက်” ညီလေး ဇတ်လမ်း ကခဲ့တာ။

စစ်တပ် ဖော်ဆောင်တဲ့ နိုင်ငံရေး လမ်းကြောင်း
ထဲ အားလုံး တလမ်းထဲ သွားနေကြတာ၊ ဒေါ်စု
ရဲ့ နိုင်ငံရေး ဆိုတာ မရှိတော့ဘူး။

တဖက်က ကြည့်ရင် ဒေါ်စု အလွန်အထင်ကြီး
တဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒကြောင့်
စစ်တပ်နဲ့ ပေါင်းရတယ်လို့ ပြောရင်လည်း
တနည်းအားဖြင့် မှန်တယ်။

အမေရိကန်က တရုတ်ရဲ့ ဩဇာ အာဏာ
ချဲ့ထွင်မှုကြောင့် ဒေါ်စုမပါလည်း စစ်တပ်
ကို ပေါင်းမှာ သေချာတယ်။

ဒီလို ဖြစ်အောင် ဗိုလ်သန်းရွေက ကုလားကာ
နောက်ဝင်ပြီး ငပေါကြီး သိန်းစိန်ကို ရှေ့ကန်
ထုတ်ထားတာ မဟုတ်ဘူးလား၊ အသိသာ
ကြီးပါ။

အမေရိကန် အရာရှိတွေ ဒေါ်စုဆီ ချောင်းပေါက်
အောင်လာပြီး ဆွေးနွေးပေမဲ့ ဒေါ်စုက ပထမပိုင်း
မှာ တောင့်ခံထားနိုင်ပေမဲ့ နောက်ဆုံး သူ့လူရင်း
တွေလေ၊ အလျှော့ပေးလိုက်ရတယ်။

အဲဒီမှာ “ကတ္တီပါ” လမ်းခွဲတာပဲ။

အခုက “ကတ္တီပါ” လမ်းခွဲ မဟုတ်ဘူး
“ခြေစုံကန်” ခွဲတာ။

စစ်စစ်မှန်မှန် စဉ်းစားရင် ကျောင်းသားတွေ
ဦးဆောင်ခဲ့တဲ့ ၈၈ အရေးတော်ပုံကြောင့်
ဒေါ်စု အပေါ်ရောက်လာတာ။ လုပ်သင့်
လား မေးရင်၊ လုံးဝ မလုပ်သင့်တာ အမှန်
ပါ။

သို့သော် နိုင်ငံရေးမှာ “အာဏာ” ရဖို့ကလွဲ
ကျန်တာ ချနင်းကြဖို့ ဘယ်သူမှ ဝန်မလေး
ဘူး။ ဒီ Dirty Politics ကို တချိန်ချိန်မှာ
လူတိုင်း ကျင့်သုံးကြတာလဲ မဆန်းဘူး။

ဒါတောင် အမေက အမေ့ ဝှက်ဖဲတွေ
မသုံးသေးဘူး။

အမေ့ဝှက်ဖဲတွေကလည်း အများသား
မဟုတ်လား။

မိုးသီးက “ငပေါ် မင်းစောက်သုံးမကျလို့
ဒီလို ဖြစ်တာဆိုပြီး” ဗြောင်ကော်တုတ်
တာတွေ့တယ်။

မှန်တာပဲ။

ဘာလို့ ကြိုတင် မပြင်ဆင်ထားလဲ၊
ပန်းချီပဲ ဆွဲမလိုလို၊ ကဗျာပဲ ရေးမလိုလို၊
သီချင်းပဲ ဆိုတော့မလိုလို ထောင်ကထွက်
လာကတည်းက ဂေါက်နေတာ။ တကယ်
လုပ်ရမှာက ကျောင်းသား ကျောင်းသားလို
ဘက်မလိုက်ပဲ နေရမှာ၊ ဒီဂွင်ကို စောင့်နေ
တဲ့ စစ်တပ်က “ဂစ်တာအို” ကို ဗမာစက္ကူ
သိန်း ရာနဲ့ချီ ပေးဝယ်လိုက်တော့ မြို့စွန်
မှာနေတဲ့ ငပေါ်ရော၊ ငဇော်ရော ပါးစပ်
ပိတ်သွားတာပေါ့။

မန္တလေး တိုင်းမှူး ထောကြည် ပါးစပ်ပိတ်
သွားအောင် ဗိုလ်ခင်ညွန့်က “ဝ” ဘိန်းစား
မှောင်င်ခိုသမားတွေကို ဗိုလ်ချုပ်ထောကြည်
အိမ်ကို မတန်တဆဈေးနဲ့ ဝယ်ခိုင်း လိုက်
သလိုပေါ့။

ဒေါ်စုရဲ့ “ဂ” ငယ်ကွေ့ ရေဘေးထဲ ပါမသွား
တာ ယနေ့ထိ “မိုးသီး” တယောက်ကိုပဲ မြင်
တယ်။

ဒါကြောင့် မိုးသီးကို နိုင်ငံရေး ပိုင်းလုံးလိုလို၊
ထက်ခြမ်းခွဲသူလိုလို၊ ကုလားမနဲ့ ညားပြီး
ကုလားဇတ် ဝင်နေသလိုလို အမျိုးမျိုး အပုပ်
ချပြီး နိုင်ငံရေး သေအောင် ဝိုင်းသတ်လိုက်
ကြတာ ဖြစ်တယ်။

အေဘီ စီအီးစီက ရခိုင် ကျော်ထင်နဲ့
ဘန်ကောက်မှာ အတူနေဖူးလို့ သူ မှတ်ချက်
ချတာ ကြားယောင်မိတယ်။

“မိုးသီးပါလို့ အေဘီ နှစ်ခြမ်းကွဲတာထက်၊
အေဘီကြောင့် မိုးသီး လွှင့်သွားတာ ပိုမှန်
တယ်” ဟေ့လူတဲ့။

၁၉၈၈ ခုနှစ်ကထဲက ဒေါ်စုရဲ့ နိုင်ငံရေး ပေါ်လ
စီကို ပေါ်တင် ဒဲ့ဝေဖန် ခဲ့တာလည်း မိုးသီးပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ဗိုလ်ရွှေမိုးသီးလည်း ခုတော့
“တကိုယ်တော် ရွက်လွှင့်ခြင်း” ဘဝ ရောက်နေ
ပါပြီ။

ဒေါ်စု ပေါင်းလိုက်တဲ့ စစ်တပ်ရဲ့ ဝါးမြိုခြင်းတွေ
ကို တပြည်လုံး ခါးစည်း ခံထားကြပါ။

နောင်ကို ရေဘေးထက် ဆိုးတဲ့ ဘေးတွေ
လာပါ လိမ့်ဦးမယ်။

တရုတ်လုပ် ဘက်ထရီအားသုံး ကျဉ်စက်တို့၊
ငရုပ်ကောင်း စပရေးဗူး ကောင်းကောင်းတို့
တော့ ဆောင်ထားကြ စေချင်တယ်။

Andrew Soe
၁၀ ဩဂုတ် ၂၀၁၅။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: