ခုတော့ မွတ်စလင်တွေက NLD ကို နောက်ကျောဓါးနဲ့ထိုးပါတီ လို မြင်သွားပြီ USDP and Military are stabbing the Muslims from the front

မွတ်စလင်အများစု ရှိတဲ့ နယ်မြေတွေမှာလည်း ရှုံးလိမ့်မယ်။

မွတ်စလင်တွေဟာ NLDကို စိုက်လိုက်မတ်တပ်ထောက်ခံခဲ့တယ။် ဒါပေမယ့် ကိုနီကအစ၊ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်မှုမှာ မွတ်စလင်တယောက်မှ မပါဘဲ ချန်လှပ်ခဲ့တယ်။ ဒါ ဒေါ်စုနဲ့ ဗဟိုကော်မီတီရဲ့ မဘသအပါအ၀င် စစ်အုပ်စုရဲ့ ဖိအားကို အကြောက်တရားနဲ့ တုန့်ပြန်မှုပါ။ ပြန်ရလိုက်တာကတော့ မွတ်စလင်တွေရဲ့ ယုံကြည်မှု ကင်းမဲ့သွားတာ။

လက်ရှိအခြေအနေမှာ နိုင်ငံသားမွတ်စလင်လူနည်းစုတွေဟာ သမိုင်းမှာ ဘယ်တုန်းကမှ ရင်မဆိုင်ရဘူးတဲ့ ဖိနှိပ်မှုကို ခံနေရချိန် ဖြစ်တယ်။ သူတို့ရဲ့ အသံတွေကို ဘယ်သူကမှ ကိုယ်စားပြု ပြောခွင့်မပေးဘူး။ သူတို့ဟာ မြန်မာတွေပါ။ မြန်မာနိုင်ငံသားတွေပါ။ သူတို့ရဲ့ အသံတွေကို မြန်မာနိုင်ငံသား လူနည်းစုတွေရဲ့ အသံ လို့ ပြောရေးဆိုခွင့် ပေးကိုပေးရမယ်။ ဒါ ဒီမိုကရေစီပါ။ ဒေါ်စုတို့က ဒါကိုပယ်ခဲ့တယ်။ အကြောက်တရားက သူ့မှာ အင်မတန် ကြီးစိုးနေတယ်။ ဒီလုပ်ရပ်ဟာ မန်းစု သဘောတူညီမှုနဲ့လည်း ဆက်စပ်ချင် ဆက်စပ်မယ်။ မဘသ ဘုန်းကြီးနဲ့ စစ်တပ်ဟာ မွတ်စလင်မုန်းတီးရေးမှာ တ၀မ်းထဲ စပ်ကျထားသလို အင်မတန်တူတယ်။

ဒီ့အတွက် မွတ်စလင်တွေရဲ့မဲဟာ သူတို့မွတ်စလင်ပါတီတွေက ကိုယ်စားလှယ်တွေဆီပဲ ရောက်သွားတော့မယ်။ ရောက်လည်း ရောက်သွားသင့်တယ်။ မွတ်စလင်တွေအနေနဲ့ မွတ်စလင်လူနည်းစုတွေအသံ လွှတ်တော်ထဲရောက်ဖို့ တခုတည်းသော နည်းလမ်းဟာ
မွတ်စလင် ကိုယ်စားလှယ်တွေကိုသာ မဲပေးရမယ့်နည်းဖြစ်တယ်။

ရန်ကုန်မှာကို မွတ်စလင်တွေ အများစုရှိတဲ့ ပန်းဘဲတန်း၊ တာမွေ စသဖြင့်နေရာတွေမှာ NLD နိုင်မှာ မဟုတ်တော့ဘူး။ တကယ်လို့သာ ကိုနီလောက် ကိုယ်စားလှယ် ထည့်ပြထားရင်၊ မွတ်စလင်တွေ ကျေနပ်မှုရပြီး၊ မွတ်စလင်မဲ ကို NLD ရနိုင်သေးတယ်။

ခုတော့ မွတ်စလင်တွေက NLD ကို နောက်ကျောဓါးနဲ့ထိုးပါတီ လို မြင်သွားပြီ။

READ ALL AT SOURCE>>>

” စာပေ ဆိုတာ မျက်မှန် တလက် ဆိုခဲ့ရင်တောင်၊ အကန်းတွေ တပ်လို့ဖြင့် မမြင်နိုင် ”

ဒေါ်စု နဲ့ NLD ကို ၀န်းရံထောက်ခံတယ် ဆိုတဲ့ အမေ့သားသမီးအများစုဟာ ဘယ်လိုဝေဖန်ပိုင်းခြားမှုမျိုးကိုမှ လက်မခံဘဲကို မျက်စိမှိတ် စုံလုံးကန်းထောက်ခံကြတယ်။ သူတို့ရဲ့ ချေပရေးသားတဲ့စာတွေကို ဖတ်ကြည့်တဲ့အခါမှာ မန်ယူဖန်းနဲ့ ချဲလ်ဆီးဖန်း၊ အာဆင်နယ်ဖန်းတွေ အပြန်အလှန် ရန်တွေ့တဲ့ စာတွေ ကို ဖတ်ရသလို၊ ကိုယ်ကြိုက်တဲ့ အဖွဲ့၊ ကိုယ်ကြိုက်တဲ့ လူဘက်ကနေ မျက်စိမှိတ်၊ ဖင်ပိတ်ငြင်းခုန်ရန်ရှာတဲ့ စာတွေကို ဖတ်ရသလိုပဲ၊
ဘာနိုင်ငံရေးအနှစ်သာရ မှ မပါ၊ ဘာအတွေးအမြင်မှ မတွေ့၊ ဘာမျှတတဲ့ ဝေဖန်ပိုင်းခြားမှုမျိုးမှ မတွေ့ရဘူး။

ကျနော်တို့က ရွေးကောက်ပွဲကနေ ဒီမိုကရေစီမရနိုင်ဘူး၊ စစ်မှန်တဲ့ အရပ်သားအုပ်ချုပ်ရေးလည်း မဖြစ်နိုင်ဘူးလို့ ယုံတယ်။ မြင်တယ်။ NLD အနေနဲ့ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ အစိုးရဖွဲ့ဖို့ မဖြစ်နိုင်၊ ဒေါ်စု အနေနဲ့လည်း သမ္မတ မဖြစ်နိုင်၊ စသဖြင့် စနစ်တကျ တွက်ချက်ပြတယ်။ အဲဒီလို သုံးသပ်မှုအပေါ် အကြောင်းအကျိုး တချက်ချင်း ပြန်လည် ဆွေးနွေးဖြေရှင်းတာမျိုးမရှိ၊ အမေ့ကို ယုံတယ် ဆိုတဲ့ စကားလုံးရယ်၊ ဘာတဲ့ ကြက်ဥနှစ်ယောင်၊ တိမ်တောင်သဖွယ် မင်းရေးကျယ် ဆိုပြီး လာရွတ်ပြတယ်။ သူတို့အတွက်ပဲ ကျယ်နေတာ။
စာဖတ်နာ၊ နိုင်ငံရေးကို လေ့လာနာ ထားတဲ့သူ ဘယ်သူမှ မကျယ်ဘူး။ ဒီစခန်းကို ဒီလမ်းကဖြင့် ရောက်နိုင်၊ မရောက်နိုင် လူတိုင်းသိတယ်။
တကယ်လည်း အဲဒီလို ချဉ်ချဉ်တူးတူး မူးပြီးရော ထောက်ခံဝန်းရံနေသူတွေ အများစုဟာ ကိုယ်တိုင် တသက်လုံး နိုင်ငံရေးဆိုတာနဲ့ နီးကို မနီးစပ်ကြသူတွေများတယ်။ နိုင်ငံရေးသမားဆိုရင် ဒေါ်စု ပဲ သိတဲ့သူတွေ။ ဒီတော့ သူတို့စိတ်ထဲ ဒေါ်စု က ဧရာမကြီးဖြစ်နေတယ်။
နောက်နိုင်ငံတကာ က ဆုတံဆိပ်တွေ၊ ချီးမြှင့်ဂုဏ်ပြုခံရတာတွေကလည်း သူတို့စိတ်ထဲ
အင်မတိ အင်မတန် ခမ်းနားနေတယ်။ အနောက်အုပ်စုက ပေးတဲ့ ဂုဏ်ထူး၊ ဘွဲ့ထူး ဆုတံဆိပ်တွေကို အဲဒီလောက် အထင်ကြီးကြတာကလည်း ကမ္ဘာ့နိုင်ငံရေး ကို နားကိုမလည်တဲ့
သဘောပါပဲ။ လက်ဝဲ လက်ယာ အားပြိုင်မှုတွေနဲ့ လည်ပတ်နေတဲ့ ကမ္ဘာ့နိုင်ငံရေး ကို နားကို မလည်ကြဘူး။

တချို့ကျတော့လည်း နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါခဲ့တယ်။ ဒါပေမယ့် ဒီမိုကရေစီ ဆိုတာ အနောက်အုပ်စုလို့ လွဲမှားတဲ့အမြင်နဲ့ အနောက်အုပ်စု ကို အထင်တကြီးချည်းကပ်တယ်။ အဲဒီကနေ သံရုံးအသိုင်းအ၀ိုင်းကို ရောက်သွားပြီး၊ အဲဒီကနေ ဘရိန်းဝပ်ရှ်လုပ်ပေးခံလိုက်ရတယ်။ ဒေါ်စု ကိုယ်တိုင်လည်း အဲဒီအမျိုးစားထဲပါတဲ့ လူတယောက်ပါပဲ။ အိန္ဒိယကနေ အင်္ဂလန်ရောက်သွား၊ အဲဒီက ပညာကိုသင်၊ အဲဒီက အသိုင်းအ၀ိုင်းထဲ ရောက်ပြီး၊ အဲဒီဘက်က အတွေးအမြင်ကိုပဲ ဆုပ်ကိုင်၊ ရပ်တည်တယ်။ ဒီလိုပြောတိုင်း ကျနော့်ကို ကွန်မြူနစ် လို့ ရေးကြဦးမယ်။ တကယ့်ကွန်မြူနစ်ဒေါင်ဒေါင်မြည်တွေက ကျနော့်လိုလူ ကွန်မြူနစ် အပြောမခံဘူး။ အလွန်ဆုံးမှ အိပ်ဇစ် တဲ့။ ကျနော်က နစ်လည်း မနစ်ဘူး။ လစ်ဘရယ် ရယ်လည်း မရယ်ဘူး။ ကိုယ့်ဖါသာ ၀ဲ ရော၊ ယာရော၊ ရှုထောင့်မျိုးစုံက လှည့်ပတ်စဉ်းစားတယ်။ တရားမျှတ တယ် လို့ ယုံကြည်တဲ့ အမြင်ကိုပဲ လက်ခံတယ်။ ဒေါ်စု ရဲ့ အမြင်အားလုံး ဟာ လက်ဝဲရှုထောင့်ကင်းမဲ့မယ် ထင်တယ်။ လက်ပံတောင်းကိစ္စ ဖြေရှင်းပုံ၊ ခရိုနီတွေကို ဆက်ဆံပုံ၊ ရပ်တည်ပုံတွေဟာ ပြည်သူလူထုနဲ့ ကင်းကွာသထက်ကင်းကွာလာတယ်။ သူဟာ စစ်အုပ်စု အသိုင်းအ၀ိုင်းနဲ့ အာဏာရရေးကစားမှု ပိုများလာတယ်။

ကဗျာဆရာ၊ စာရေးဆရာကြီး ဆရာကြီးဦးအံ့မောင် က ခေါင်းဆောင် ဆိုတာ ညီညွတ်ရေး ကို ဦးစားပေး တန်ဖိုးထားရတယ် လို့ ကိုယ်စားလှယ်ကိစ္စ အကွဲအပြဲမှာ ရိပ်ဖမ်းသံဖမ်း သတိပေးကဗျာလေး ချိုးတယ်။
ဆရာဟာ ကိုယ်တိုင်လည်း ဗကသကျောင်းသားဟောင်းတယောက်ဖြစ်ခဲ့တယ်။ အမေ့သားသမီးတွေ က သူတို့အမေကို ဝေဖန်တိုင်း တိုက်ခိုက်နေကြ၊ မင်းအဆင့်နဲ့ ဒီလို ဝေဖန်ရသလား၊ မင်းနိုင်ငံရေးကို ဘယ်လောက်သိလို့လဲ၊ မင်းထက် ဒေါ်စု က နိုင်ငံရေး ကို တတ်တယ် စသဖြင့်၊ ကွန်မန့်တွေ တက်လာတယ်။ ဆရာ့ကိုတော့ အသက် ၉၀ ကျော် သက်တော်ရှည်ဆရာကြီးမို့ ခြွင်းချက်ခွင့်လွှတ်ပေးလိုက်ကြဟန်တူတယ်။ ခု ၇၀ တန်း ဒေါ်ရွှေကူမေနှင်းကို ၀ိုင်းဆဲနေကြပြန်ပါရော။
စာဖတ်နာ၊ နိုင်ငံရေးအသိနာ တဲ့သူတွေ က ကမ္ဘာအရပ်ရပ်က နိုင်ငံရေးသမားတွေ အကြောင်းကို ဖတ်ထား၊ သိထားတယ်။ ဒေါ်စု တယောက်ထဲ အာဏာရှင်လွတ်မြောက်ရေး အောက်က လွတ်အောင် ဦးဆောင်နေတာမှ မဟုတ်ဘဲလေ။
တရုတ်ပြည်ကြီးမှာဆိုလည်း ကူမင်တန်တွေလက်အောက်ကနေ တိုက်ပြီး၊ လွတ်မြောက်လာခဲ့တာ တရုတ်ကွန်မြူနစ်ပါတီ တပါတီတည်း မဟုတ်ဘူး။ အပေါ်ယံသမိုင်းကြောင်းလောက်ပဲ လေ့လာထားရင်၊ တရုတ်ကွန်မြူနစ်နဲ့ ကူမင်တန်တရုတ်တို့ တိုက်ကြတယ်။ ကွန်
မြူနစ်နိုင်သွားတယ် လို့ပဲ ပြောမှာပဲ။ တကယ်တမ်းက အဲဒီကာလမှာ တရုတ်ပြည်မှာ ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ အများကြီး။ မော်စီတုန်း အောင်မြင်ခဲ့တာ၊ စစ်ရေးတခုတည်း မဟုတ်ဘူး။ နိုင်ငံရေးအရပါ စည်းရုံးနိုင်ခဲ့လို့၊ ညီညွတ်ရေးတပ်ပေါင်းစု သဏ္ဍန် ဖွဲ့စည်းအောင်မြင်ခဲ့လို့။
ပထမဆုံး ကွန်မြူနစ် လက်ထက် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့အစိုးရ ဟာ ကွန်မြူနစ်ပါတီဝင်တွေနဲ့ချည်းဖွဲ့စည်းခဲ့တာ မဟုတ်ဘူး။ ဒုသမ္မတ ဆို တသီးပုဂ္ဂလ ဒေါက်တာဆွန်ယက်ဆင်ရဲ့ ဇနီး မဒမ်ဆွန်ယက်ဆင် ကိုတောင် တကူးတက ဖိတ်ကြားအပ်နှင်းခဲ့တယ်။

ညီညွတ်ရေး ဆိုတာ မှ မဖွဲ့စည်းနိုင်ရင်၊ အတိုက်အခံအင်အားစု ညီညွတ်ရေးကိုမှ မတည်ဆောက်နိုင်ရင်၊ အဲဒီခေါင်းဆောင်ဟာ ဘယ်လိုသော အောင်မြင်မှုမှ ရ မှာ မဟုတ်ဘူး။

၉၀ ကာလက အောင်မြင်ခဲ့တာကို အိပ်မက် မက်မနေပါနဲ့။ ခု မရနိုင်တော့ဘူး။ နောက် ၂၀၁၂ ကြားဖြတ်တုန်းက ကြံ့ဖွံ့ကိုယ်တိုင်က ဟ ပေးခဲ့တာ။

လက်ရှိ အခြေအနေမှာ NLD ဟာ
၁။ တိုင်းရင်းသားနယ်မြေတွေမှာ နိုင်မှာ မဟုတ်ဘူး။
တိုင်းရင်းသားတွေဟာ NLD ကို အယုံအကြည်ကင်းမဲ့တယ်။ မဟာမိတ် မည်မျှပင်ပြောစေ၊ ဖက်ဒရယ် မည်မျှပင်ဆိုစေ၊ သူတို့ဒေသမှာပါ မချန်၊ NLD က ရွေးကောက်ခံတာ သူတို့
နာတယ်။ အယုံအကြည်မဲ့တယ်။ ၉၀ ရွေးကောက်ပွဲမှာ NLD ကို အနိုင်ယူနိုင်ခဲ့တဲ့ ဦးခွန်ထွန်းဦး တို့ ကို ဒေါ်စု က မလိုလားသလို ဆက်ဆံခဲ့တာတွေ ရှိခဲ့တယ်။ ဒေါ်စု ဟာ အားလုံး ကို အနိုင်ယူချင်စိတ် သိပ်ပြင်းတယ်။ အဲဒီစိတ်ဟာ အမျိုးသားခေါင်းဆောင် ဖြစ်ဖို့ အဟန့်အတား ဆိုတာ သူ သဘောပေါက်ဟန် မရှိဘူး။ ဘယ်တော့မှလည်း ပေါက်တော့မှာ မဟုတ်ဘူး။ အသက် က ၇၀ ဆိုတော့ သေဖို့ပဲ ရှိတော့တယ်။

၂။ ဒေသခံမဲဆန္ဒရှင်တွေ ပြင်းပြင်းထန်ထန် ကန့်ကွက်၊ ပါတီဝင်တွေ ရာချီ နှုတ်ထွက် ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေက ကိုယ်စားလှယ်လောင်းကလည်း နိုင်ချင်မှ နိုင်မယ်။
မြင်းခြံ လို လူ့ဘောင်သစ်ကနေ ဒေါင်ဒေါင်မြည် ဗကသတွေနဲ့ ယှဉ်ရင်၊ ဗဟန်း မှာ ဒေါ်ညိုညိုသင်း လို တကယ့် ဒေါင်ဒေါင်မြည် နဲ့ ယှဉ်ရင် NLD နိုင်ဖို့ ခဲယဉ်းမယ်။

၃။ မွတ်စလင်အများစု ရှိတဲ့ နယ်မြေတွေမှာလည်း ရှုံးလိမ့်မယ်။

မွတ်စလင်တွေဟာ NLD့ ကို စိုက်လိုက်မတ်တပ်ထောက်ခံခဲ့တယ။် ဒါပေမယ့် ကိုနီ က အစ၊ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်မှုမှာ မွတ်စလင်တယောက်မှ မပါဘဲ ချန်လှပ်ခဲ့တယ်။ ဒါ ဒေါ်စု နဲ့ ဗဟိုကော်မီတီ ရဲ့ မဘသ အပါအ၀င် စစ်အုပ်စု ရဲ့ ဖိအားကို အကြောက်တရားနဲ့ တုန့်ပြန်မှုပါ။ ပြန်ရ လိုက်တာကတော့ မွတ်စလင်တွေရဲ့ ယုံကြည်မှု ကင်းမဲ့သွားတာ။
လက်ရှိအခြေအနေမှာ နိုင်ငံသားမွတ်စလင်လူနည်းစုတွေဟာ သမိုင်းမှာ ဘယ်တုန်းကမှ ရင်မဆိုင်ရဘူး တဲ့ ဖိနှိပ်မှု ကို ခံနေရချိန် ဖြစ်တယ်။ သူတို့ရဲ့ အသံတွေကို ဘယ်သူကမှ ကိုယ်စားပြု ပြောခွင့်မပေးဘူး။ သူတို့ဟာ မြန်မာတွေပါ။ မြန်မာနိုင်ငံသားတွေ ပါ။ သူတို့ရဲ့ အသံတွေကို မြန်မာနိုင်ငံသား လူနည်းစုတွေရဲ့ အသံ လို့ ပြောရေးဆိုခွင့် ပေးကို ပေးရမယ်။ ဒါ ဒီမိုကရေစီ ပါ။ ဒေါ်စု တို့က ဒါကို ပယ် ခဲ့တယ်။ အကြောက်တရား က သူ့မှာ အင်မတန် ကြီးစိုးနေတယ်။ ဒီလုပ်ရပ်ဟာ မန်းစု သဘောတူညီမှုနဲ့လည်း ဆက်စပ်ချင် ဆက်စပ်မယ်။ မဘသ ဘုန်းကြီးနဲ့ စစ်တပ်ဟာ မွတ်စလင်မုန်းတီးရေးမှာ တ၀မ်းထဲ စပ်ကျ ထားသလို အင်မတန်တူတယ်။

ဒီ့အတွက် မွတ်စလင်တွေရဲ့ မဲ ဟာ သူတို့မွတ်စလင်ပါတီတွေက ကိုယ်စားလှယ်တွေဆီပဲ ရောက်သွားတော့မယ်။ ရောက်လည်း ရောက်သွားသင့်တယ်။ မွတ်စလင်တွေအနေနဲ့ မွတ်စလင်လူနည်းစုတွေ အသံ လွှတ်တော်ထဲ ရောက်ဖို့ တခုတည်းသော နည်းလမ်းဟာ
မွတ်စလင် ကိုယ်စားလှယ်တွေကိုသာ မဲ ပေးရမယ့်နည်းဖြစ်တယ်။
ရန်ကုန်မှာကို မွတ်စလင်တွေ အများစု ရှိတဲ့ ပန်းဘဲတန်း၊ တာမွေ စသဖြင့်နေရာတွေမှာ NLD နိုင်မှာ မဟုတ်တော့ဘူး။ တကယ်လို့သာ ကိုနီလောက် ကိုယ်စားလှယ် ထည့်ပြထားရင်၊ မွတ်စလင်တွေ ကျေနပ်မှုရပြီး၊ မွတ်စလင်မဲ ကို NLD ရနိုင်သေးတယ်။ ခုတော့ မွတ်စလင်တွေက NLD ကို နောက်ကျောဓါးနဲ့ထိုးပါတီ လို မြင်သွားပြီ။

၎။ ကြံ့ဖွံ့ကိုလည်း လျှော့တွက် လို့ မရဘူး။

ကြံ့ဖွံ့မှာလည်း သူ့အင်အား သူရှိတယ်။ နှစ် ၂၀ အတွင်း တည်ဆောက်ထားတဲ့ အင်အားတွေ ပါတီဝင် သန်းချီ ရှိတယ် ဆိုတဲ့ အင်အားတွေဟာ အလကား မဟုတ်ပါဘူး။ သူ့မဲနဲ့သူ၊ သူ့အမာခံနယ်မြေနဲ့သူ မဲ ရ နိုင်တယ်။ ကြံ့ဖွံ့ကလည်း အနိုင်ယူနိုင်တဲ့ နေရာတွေ ရှိနိုင်ပုံ ရ ပါတယ်။

၅။ မဘသ အမာခံနယ်မြေတွေမှာလည်း NLD ရှုံးနိုင်တယ်။

မြေလတ်ဘက်၊ အညာဘက်တွေမှာ မဘသ ရဲ့ အမာခံနယ်မြေတွေ ရှိတယ်။ သူတို့ကလည်း ဒေါ်စု ကို ခါးခါးသီးသီးပဲ။ ဆိုပါတော့ ကျောက်ပန်းတောင်း ဆို ပလီမရှိတာကို ဂုဏ်လုပ်တဲ့ မြို့။ အဲဒီလို မြို့ခံတွေရဲ့ စိတ်က စစ်အာဏာရှင်လက်အောက် နေရပါလေ့စေ၊ ကုလား လက်မခံဘူး ဆိုတဲ့ စိတ်မျိုး။ သူတို့နေရာတွေမှာလည်း NLD မဲ ရဖို့ လမ်းမတွေ့ဘူး။

ဒီတော့ NLD ဟာ မဲအပြတ်အသတ်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။ မဖြစ်နိုင်တဲ့ကြားထဲက ကိုယ်စားလှယ်ရွေးချယ်မှု ကို ဘယ်လို လုပ်လိုက်မှန်းကို မသိအောင် လုပ်ချလိုက်တယ်။ ဒါကို မြို့နယ်တွေက မကျေနပ်တော့၊ အကုန် ဖြုတ်ထုတ်သတ် ဆက်လုပ်တယ်။
အတိုက်အခံအင်အားစု ညီညွတ်ရေး မပြောနဲ့ ပါတီတွင်းညီညွတ်ရေးတောင် မတည်ဆောက်နိုင်ဘူး။
ဒေါ်ညိုညိုသင်း လို လူမျိုးကို ကောင်းကောင်း အသုံးချရမှာ၊ ဖုံးမနိုင် ဖိမရ အငြှိုးနဲ့ ချေ ပစ်လိုက်တယ်။ ငြှိုးထားတာက ပညာရေးပြုပြင်ပြောင်းလဲမှုမှာ ဆန့်ကျင်ဘက် ရပ်တည်ခဲ့၊
ကျောင်းသားတွေကြားမှာ ရေပန်းစားခေါင်းဆောင်ဖြစ်ခဲ့၊ ပြည်သူ့ဂုဏ်ဆောင်အမတ်ဖြစ်ခဲ့တဲ့အတွက် ဣဿာမစ္ဆရိယတွေနဲ့ကို ငြှိုးတာ။ ဒေါ်ညိုညိုသင်း အဆင့်မပြောနဲ့ ဟံသာဝတီဦးဝင်းတင် ကိုတောင် အသည်းအသန်ဖြစ်ချိန်မှာ သွားမတွေ့ခဲ့တာ သာဓကပါ။
သူ့ကို ဆန့်ကျင်သူမှန်သမျှ ကို ဒေါ်စု က အဲဒီလို အတေးအမှတ်ကြီးပါတယ်။

ဒေါ်စု ရဲ့ အကြီးအကျယ် အမှားတခုက သူ့ရဲ့ သစ္စာခံ မဟာမိတ် ပွင့်လင်းအုပ်စုကိုပါ ချေ ပစ်လိုက်တာပါပဲ။

ပွင့်လင်းအုပ်စုက ပါးပါးကလေး လှလှပပ ပြန် ဆက်ဆံပြသွားတယ်။ ဒါပေမယ့် လာမယ့် ရွေးကောက်ပွဲမှာ NLD အောင်နိုင်ရေး ကို လုပ်မလား၊ တခြားသော ဒီမိုကရေစီအင်အားစုတွေကိုပဲ ၀န်းရံမလား၊ ဘေးထွက်ပြီးနေမလား ဆိုတာ မသိတော့ဘူး။

ဒီမိုကရေစီအင်အားစုတွေ အနိုင်ရရေးကို ဆက်ဝန်းရံသွားမယ် လို့ပဲ သူတို့ကြေညာခဲ့တယ်။ NLD လို့ မပြောတော့ဘူး။ မသုံးတော့ဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ် ၉၀ ရလာဒ်လို ရလာဒ်မျိုးတော့ ရတော့မယ် လို့ မထင်။

မျှော်မှန်းသလို ရာနှုန်းပြည့်မနိုင်ခဲ့ရင် ဒေါ်စု ဘာဆက်လုပ်မလဲ၊ ပလန် ဘီ ဘာလဲ၊ ညွန့်ပေါင်းဖွဲ့ဖို့အတွက်ကော ညီညွတ်ရေးလမ်းကို ခင်းထားပါစ၊ အဲဒီလို မနိုင်ခါမှ တိုင်းရင်းသားတွေ တခြားသော ဒီမိုကရေစီအင်အားစုတွေကို နောက်ကလိုက်ပြီး ညီညွတ်ရေး အော်ရင် အချိန်မီ ပါ့မလား၊ စသဖြင့် သုံးသပ်မိတယ်။

ဒီမို အုပ်စုထဲမှာ လူ့ဘောင်သစ် က ခြေလှမ်းစိတ်စိတ်နဲ့ လှမ်းလာတယ်။ ကျနော် လူ့ဘောင်သစ်ပါတီ ကို မသိပါ။ ယခင်က သူတို့ခေါင်းဆောင် မိုးသီးဇွန် ကို မကြိုက်ခဲ့ပါ။ (အဓိက စိတ်ဓါတ်ကို မကြိုက်ခဲ့တာ၊ သို့ပေမဲ့ အာဏာရှင်တော်လှန်ရေးမှာ မိုးသီးဇွန် တ၀က်လောက် ဒေါ်စု အသိသာရင် ကောင်းပေစွ လို့တောင် တွေးမိတယ်) ယခုလူ့ဘောင်သစ်အနေနဲ့တော့ မြင်းခြံလို ဒေါင်ဒေါင်မြည်တွေ ၀င်ပြိုင်သော နယ်မြေတွေမှာ အခြေအနေကောင်းနိုင်၊ သူတို့တွေ အားထုတ်ရင် ထုတ်သလို အနိုင်ရမှုတွေ ရနိုင်လို့ မြင်မိတယ်။

စာရေးသူတွေဟာ စာဖတ်တယ်။ စာဖတ်သလို နိုင်ငံတကာက နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေ၊ အောင်မြင်မှုတွေကို သိတယ်။ အဲဒီပေတံတွေနဲ့ ဒေါ်စု လုပ်ဆောင်နေတာတွေနဲ့ နှိုင်းယှဉ်တိုင်းတာပြီး ဝေဖန်သုံးသပ်တယ်။

မင်းက ဘယ်လောက်သိလို့လဲ
မင်းအဲသလောက် သိရင် ကိုယ်တိုင်ဝင်လုပ်ပါလား
မင်းအဆင့်က ဘယ်လောက် ရှိလို့လဲ
မင်းတို့ ယုံကြည်တဲ့ လမ်းကြောင်း မဟုတ်တိုင်း ဒီလို ပြောရသလား
ကြက်ဥနှစ်ယောင် တိမ်တောင်သဖွယ် မင်းရေးကျယ် . . .

စတဲ့ အမေ့သားသမီးတွေ ရဲ့ တဘက်ကန်း ဝေဖန်မှုတွေက၊ ဝေဖန်သုံးသပ်ကြသူတွေ ရဲ့ ပို့စ်တွေ အောက်မှာ ပလူပျံနေဆဲ။

အဲဒီကွန်မန့်တွေကို ဖတ်ပြီးတိုင်း၊ မြို့ဟာ မြို့သူမြို့သားတွေနဲ့ ထိုက်တဲ့ တန်တဲ့ အတိုင်းပဲ နေမှာ လို့ ကဗျာကလေးကို စိတ်ပျက်လက်ပျက် ဖွဖွ ရွတ်တယ်။

သို့သော်
ကျနော်တို့ စာပေသမားတွေက
စာ ရေးတာ ကိုယ့်အလုပ် လို့ ခံယူ
မြန်မာပြည်ပြောင်းဖို့၊ ကောင်းဖို့
ရေးဖို့ လိုအပ်တယ် ထင်သော စာတွေကို
အဆဲ ခံ၊ အမုန်းခံ ရေး ရ ဦးမှာပင်။

ချိုတူးဇော်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: