Archive for March 4th, 2017

Song Oo Hlaing compose, “Peace be upon you Myanmar”

March 4, 2017

” ငြိမ်းချမ်းစေ…”
(သီချင်းဖြစ်လာခြင်း)

လောကကြီးမှာ မတရားမှုမှန်သမျှကိုလူကောင်းသူကောင်းများကမနှစ်သက်ကြပါ။
နည်းလမ်းပေါင်းစုံဖြင့်တွန်းလှန်ဆန့်ကျင်ခဲ့ကြသည်မှာယနေ့တိုင်ဖြစ်ပါသည်။
မကြာသေးမှီကလုပ်ကြံပစ်ခတ်မှုများကြောင့်ကျဆုံးကွယ်လွန်သွားရှာသောဆရာဦးကိုနီနှင့်
ကိုနေဝင်းတို့မှာ မတရားမှုအသီးသီးကိုတွန်းလှန်ရင်းအသက်ပေးသွားရသည့်ပုဂ္ဂိုလ်များဖြစ်ကြသည်။
အသက်ရှင်လျက်ရှိနေကြသည့်ကျနော်တို့သည်
မတရားမှုတွေကိုငြိမ်းချမ်းသည့်နည်းလမ်းများဖြင့်
ဆက်လက်တော်လှန်သွားမည့်အပြင် အသက်ဆုံးရှုံးခဲ့ရသူများကိုမမေ့မလျော့ဂုဏ်ပြုရန်တာဝန်ရှိပါ၍
အောက်ဖော်ပြပါသီချင်းဖြစ်လာခဲ့ပါသည်။
ခံစားနားဆင်မျှဝေကြပါ။
ဆောင်းဦးလှိုင် ၄.၃.၂၀၁၇

  • Blog Stats