TQ brother Maung Maung and all the friends in Malaysia and Myanmar

TQ brother Maung Maung, all the friends in Malaysia and Myanmar for offering moral and necessary assistance, Shukur Alhamdulillah, when I was repeatedly provoked, attacked and insulted by our own Clan of Hyenas

2 Responses to “TQ brother Maung Maung and all the friends in Malaysia and Myanmar”

  1. drkokogyi Says:

    Thu Rain Tun 
    ကိုယ္က်ဆံုးလုနီးပါးျဖစ္ေနခ်ိန္မွာ
    ကိုယ့္ကိုကူညီဖို႔ မိတ္ေဆြေကာင္းတစ္ေယာက္ေရာက္လာေတာ့ ေတာ္ေသးတာေပါ့..

  2. drkokogyi Says:

    Mohammed Naeem

    အလႅာဟ္အ႐ွင္ျမတ္ဟာ မိမိခ်စ္ျမတ္ႏုိးေတာ္မူဆံုးေသာသူေတြကို စမ္းသပ္ေတာ္မူတယ္။

    ကိုယ့္ေသြးရင္းသားရင္းထဲကသူေတြ ကိုယ့္ကို နာက်င္ေစတယ္ဆို ညီအစ္ကိုအရင္းအခ်ာေတြကိုယ္တိုင္ရဲ႕ ရက္စက္ျခင္းခံခဲ့ရတဲ့ တမန္ေတာ္ ယူစြဖ္ အလိုင္းဟစၥလာမ္ကို သတိရပါ။

    ကိုယ့္မိဘကိုယ္တိုင္က ကိုယ့္ကို ပစ္ပယ္ျခင္းခံရတယ္ဆို အလ်ွံညီးညီး ေတာက္ေလာင္ေနတဲ့ မီးပံုထဲအထိ ပစ္ခ်ျခင္းခံရသည့္တိုင္ေအာင္ ဖခင္ရဲ႕ ပစ္ပယ္ျခင္းခံရတဲ့ တမန္ေတာ္ အီဗရာဟီးမ္ အလိုင္းဟစၥလာမ္ကို သတိရပါ။

    ကိုယ့္ရဲ႕ ဇနီးျဖစ္သူက ကိုယ့္ကို ဂုဏ္သိကၡာက်ဆင္းေအာင္၊ စိတ္ဆင္းရဲေအာင္ ျပဳမူခံေနရတယ္ဆို ဇနီးသည္ရဲ႕ ဒုကၡေပးျခင္းခံရတဲ့ တမန္ေတာ္ လူးသြ္ အလိုင္းဟစၥလာမ္ကို သတိရပါ။

    ျပသနာ တစ္စံုတစ္ရာထဲမွာ လြတ္ေျမာက္ဖို႔ လမ္းစပါ ႐ွာမေတြ႔ျဖစ္ေနရတယ္ဆို ေ၀လငါးႀကီးရဲ႕ ၀မ္းဗိုက္ထဲမွာ မလူးသာမလြန္႔သာျဖစ္သည့္အထိ လမ္းေပ်ာက္ေနခဲ့ရတဲ့ တမန္ေတာ္ ယူႏြတ္စ္ အလိုင္းဟစၥလာမ္ကို သတိရပါ။

    ကိုယ့္မွာ က်န္းမာေရးေၾကာင့္ ေ၀ဒနာခံစားေနရတယ္ဆို ႏႈတ္လ်ွာကလြဲၿပီး ခနၶာကိုယ္တစ္ခုလံုး ေ၀ဒနာေတြ ခံစားခဲ့ရတဲ့ တမန္ေတာ္ အိုင္ယူးဗ္ အလိုင္းဟစၥလာမ္ကို သတိရပါ။

    တခါတေလ ကိုယ္လုပ္ေနတဲ့ အလုပ္မွာ ပန္းတိုင္ေပ်ာက္ၿပီး Logic ႐ွာမေတြ႔ေတာ့ဘူးဆို အလႅာဟ္အ႐ွင္ျမတ္ရဲ႕ အမိန္႔ေတာ္ႏွင့္ ဘာ Logic မ်ွ မေမးျမန္းဘဲ သေဘၤာႀကီးတည္ေဆာက္ခဲ့တဲ့ တမန္ေတာ္ ႏူးဟ္ အလိုင္းဟစၥလာမ္ကို သတိရပါ။

    ကိုယ့္ရဲ႕သားသမီးေတြ စိတ္ဒုကၡေပးလို႔ စိတ္ထိခိုက္ေနတယ္ဆို ေနာက္ဆံုးအခ်ိန္အထိ သားအတြက္ ရတက္ေပြခဲ့ရတဲ့ တမန္ေတာ္ ႏူးဟ္ အလိုင္းဟစၥလာမ္ကို သတိရပါ။

    ကိုယ့္ေဆြမ်ိဳးသားခ်င္း၊ အေပါင္းအသင္းမိတ္ေဆြ အပါအ၀င္ လူအမ်ားက ကိုယ့္ကိုဆန္႔က်င္ေနၾကတယ္ဆို အစၥလာမ္ဘာသာဘက္ကို ဖိတ္ေခၚခဲ့လို႔ ေဆြမ်ိဳးသားခ်င္းေတြ၊ မိတ္ေဆြအေပါင္းအသင္းေတြရဲ႕ ဆန္႔က်င္ျခင္းခံခဲ့ရတဲ့ ကြၽန္ေတာ္တို႔ရဲ႕ ေက်းဇူးေတာ္႐ွင္ ေနာက္ဆံုးတမန္ေတာ္ခ်ဳပ္ မိုဟမၼဒ္ صلى الله عليه وسلم ကို သတိရပါ။

    လူအမ်ားရဲ႕ မဟုတ္မမွန္ လုပ္ၾကံေျပာဆိုတာ ခံေနရတယ္ဆို မိခင္မြန္ႀကီး အာေအ႐ွာ رضي الله عنها သခင္မႀကီးကို တစ္ၿမိဳ႕လံုး မတရားလုပ္ၾကံေျပာဆိုျခင္း ခံခဲ့ရတာကို သတိရပါ။

    တမန္ေတာ္ျမတ္ صلى الله عليه وسلم မိန္႔ၾကားေတာ္မူခဲ့တယ္…. ႀကီးက်ယ္လွစြာေသာ အက်ိဳးကုသိုလ္ဟာ ႀကီးက်ယ္တဲ့ စမ္းသပ္မႈေတြကေန ရ႐ွိၾကတာျဖစ္တယ္။ တစ္စံုတစ္ေယာက္ကို အလႅာဟ္အ႐ွင္ျမတ္ ခ်စ္ျမတ္ႏုိးေတာ္မူၿပီဆို အဲဒီသူကို စမ္းသပ္ေတာ္မူတယ္။ မည္သူမဆို အ႐ွင္ျမတ္ရဲ႕ စမ္းသပ္မႈအေပၚ ေက်နပ္လိုက္တယ္ဆိုလ်င္ အဲဒီသူကို အ႐ွင္ျမတ္က ႏွစ္သက္ေတာ္မူမယ္။ မည္သူမဆို အ႐ွင္ျမတ္ရဲ႕ စမ္းသပ္မႈအေပၚ ေစာဒကတက္မလဲ အဲဒီသူကို အ႐ွင္ျမတ္ ႏွစ္ၿမိဳ႕ေတာ္မူျခင္း မ႐ွိဘူး။

    Unicode….

    အလ္လာဟ်အရှင်မြတ်ဟာ မိမိချစ်မြတ်နိုးတော်မူဆုံးသောသူတွေကို စမ်းသပ်တော်မူတယ်။

    ကိုယ့်သွေးရင်းသားရင်းထဲကသူတွေ ကိုယ့်ကို နာကျင်စေတယ်ဆို ညီအစ်ကိုအရင်းအချာတွေကိုယ်တိုင်ရဲ့ ရက်စက်ခြင်းခံခဲ့ရတဲ့ တမန်တော် ယူစွဖ် အလိုင်းဟစ္စလာမ်ကို သတိရပါ။

    ကိုယ့်မိဘကိုယ်တိုင်က ကိုယ့်ကို ပစ်ပယ်ခြင်းခံရတယ်ဆို အလျှံညီးညီး တောက်လောင်နေတဲ့ မီးပုံထဲအထိ ပစ်ချခြင်းခံရသည့်တိုင်အောင် ဖခင်ရဲ့ ပစ်ပယ်ခြင်းခံရတဲ့ တမန်တော် အီဗရာဟီးမ် အလိုင်းဟစ္စလာမ်ကို သတိရပါ။

    ကိုယ့်ရဲ့ ဇနီးဖြစ်သူက ကိုယ့်ကို ဂုဏ်သိက္ခာကျဆင်းအောင်၊ စိတ်ဆင်းရဲအောင် ပြုမူခံနေရတယ်ဆို ဇနီးသည်ရဲ့ ဒုက္ခပေးခြင်းခံရတဲ့ တမန်တော် လူးသွ် အလိုင်းဟစ္စလာမ်ကို သတိရပါ။

    ပြသနာ တစ်စုံတစ်ရာထဲမှာ လွတ်မြောက်ဖို့ လမ်းစပါ ရှာမတွေ့ဖြစ်နေရတယ်ဆို ဝေလငါးကြီးရဲ့ ၀မ်းဗိုက်ထဲမှာ မလူးသာမလွန့်သာဖြစ်သည့်အထိ လမ်းပျောက်နေခဲ့ရတဲ့ တမန်တော် ယူနွတ်စ် အလိုင်းဟစ္စလာမ်ကို သတိရပါ။

    ကိုယ့်မှာ ကျန်းမာရေးကြောင့် ဝေဒနာခံစားနေရတယ်ဆို နှုတ်လျှာကလွဲပြီး ခန္ဓာကိုယ်တစ်ခုလုံး ဝေဒနာတွေ ခံစားခဲ့ရတဲ့ တမန်တော် အိုင်ယူးဗ် အလိုင်းဟစ္စလာမ်ကို သတိရပါ။

    တခါတလေ ကိုယ်လုပ်နေတဲ့ အလုပ်မှာ ပန်းတိုင်ပျောက်ပြီး Logic ရှာမတွေ့တော့ဘူးဆို အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်နှင့် ဘာ Logic မျှ မမေးမြန်းဘဲ သင်္ဘောကြီးတည်ဆောက်ခဲ့တဲ့ တမန်တော် နူးဟ် အလိုင်းဟစ္စလာမ်ကို သတိရပါ။

    ကိုယ့်ရဲ့သားသမီးတွေ စိတ်ဒုက္ခပေးလို့ စိတ်ထိခိုက်နေတယ်ဆို နောက်ဆုံးအချိန်အထိ သားအတွက် ရတက်ပွေခဲ့ရတဲ့ တမန်တော် နူးဟ် အလိုင်းဟစ္စလာမ်ကို သတိရပါ။

    ကိုယ့်ဆွေမျိုးသားချင်း၊ အပေါင်းအသင်းမိတ်ဆွေ အပါအ၀င် လူအများက ကိုယ့်ကိုဆန့်ကျင်နေကြတယ်ဆို အစ္စလာမ်ဘာသာဘက်ကို ဖိတ်ခေါ်ခဲ့လို့ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ဆန့်ကျင်ခြင်းခံခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ကျေးဇူးတော်ရှင် နောက်ဆုံးတမန်တော်ချုပ် မိုဟမ္မဒ် صلى الله عليه وسلم ကို သတိရပါ။

    လူအများရဲ့ မဟုတ်မမှန် လုပ်ကြံပြောဆိုတာ ခံနေရတယ်ဆို မိခင်မွန်ကြီး အာအေရှာ رضي الله عنها သခင်မကြီးကို တစ်မြို့လုံး မတရားလုပ်ကြံပြောဆိုခြင်း ခံခဲ့ရတာကို သတိရပါ။

    တမန်တော်မြတ် صلى الله عليه وسلم မိန့်ကြားတော်မူခဲ့တယ်…. ကြီးကျယ်လှစွာသော အကျိုးကုသိုလ်ဟာ ကြီးကျယ်တဲ့ စမ်းသပ်မှုတွေကနေ ရရှိကြတာဖြစ်တယ်။ တစ်စုံတစ်ယောက်ကို အလ္လာဟ်အရှင်မြတ် ချစ်မြတ်နိုးတော်မူပြီဆို အဲဒီသူကို စမ်းသပ်တော်မူတယ်။ မည်သူမဆို အရှင်မြတ်ရဲ့ စမ်းသပ်မှုအပေါ် ကျေနပ်လိုက်တယ်ဆိုလျင် အဲဒီသူကို အရှင်မြတ်က နှစ်သက်တော်မူမယ်။ မည်သူမဆို အရှင်မြတ်ရဲ့ စမ်းသပ်မှုအပေါ် စောဒကတက်မလဲ အဲဒီသူကို အရှင်မြတ် နှစ်မြို့တော်မူခြင်း မရှိဘူး။

    MohammedNaeem

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: