ကုန်းဘောင်ရဲ့နောက်ဆုံးမင်းဆက် ဘုရင်နဲ့ မိဖုရားဟာ အားနေရင် ဥယျာဉ်တော်ထဲမှာ ထမင်းချက်တမ်း ကစားကြပါသတဲ့

Ko Ko Htay

နေ့လည်က တီဗီမှာ “သူ့ကျွန်မခံပြီ” ပြန်လာတယ်

ငယ်ငယ်က ကြည့်ခဲ့ရတဲ့အရသာနဲ့ အခုပြန်ကြည့်တဲ့အရသာမတူတော့တာ သတိထားမိတယ်
ငယ်ငယ်တုန်းကတော့ ဘာသိမှာလဲ။ ဇာတ်ကားထဲ ပါသလောက်သာ သိတာ။

အပိုင်စားရတဲ့ သီပေါဆိုတဲ့မြို့ကို တစ်သက်လုံးတစ်ခေါက်မှ မရောက်ဖူးတဲ့ဘုရင်၊
နန်းတော်အပြင်ဘက်ကို ၉နှစ်တိတိမထွက်ဖူးတဲ့ ဘုရင်၊
စေ့စပ်ညှိနှိုင်းဖို့အကြံပေးခဲ့တဲ့ ကင်းဝန်မင်းကြီးစကားကို ငြင်းပယ်ပြီး စစ်ကို ရွေးချယ်ခဲ့တဲ့ဘုရင်၊
စစ်မိန့်မှာ “ဘုရင်တစ်ပါး၏ ဂုဏ်သိက္ခာကို ပြရန်”ဆိုတဲ့ အကျိုးမဲ့ရည်ရယ်ချက်မျိုးထည့်သွင်းခဲ့တဲ့ဘုရင်၊


နိုဝင်ဘာ(၁၄)မှာ အင်္ဂလိပ်က စစ်ချီ၊ မြန်မာဘက်က အဓိကခံတပ်ကြီးတွေ အကုန်လုံးကျ၊ နိုဝင်ဘာ(၂၆) မြင်းခြံ ကျမှ စစ်ပြေငြိမ်းရေးသဝဏ်လွှာကို ကြောက်တာလိုလို၊ နောင်တရတာလိုလိုနဲ့ ပို့ခိုင်းခဲ့တဲ့ဘုရင်၊
ပါဠိဘာသာကျွမ်းကျင်၊ အင်္ဂလိပ်စာမတောက်တခေါက်တတ်၊ နိုင်ငံရေး၊စစ်ရေး၊ စီးပွားရေး ဘာအမြင်မှမရှိဘဲ ၁၉နှစ်စွန်းစွန်း မှာ ဘုရင်ဖြစ်လာခဲ့တဲ့ဘုရင်၊ အစရှိသဖြင့်ပေါ့
ပြီးတော့ ..
“မောင်တော်က သူ့ကို ရာထူးက ခဏချထားဖူးလို့ နိုင်ငံနဲ့မောင်တော့်ကို အင်္ဂလိပ်ဆီရောင်းစားတာပါပဲ”လို့ ထီးနန်းစွန့်ခဲ့ရတာတောင် ကင်းဝန်မင်းကြီးကိုပဲ အပြစ်တင်တဲ့မိဖုရား၊
လူပုံအလယ်မှာ အစ်မရဲ့ အိမ်ထောင်ဘက်ကို ဆယ်ကျော်သက်အရွယ်စိတ်ဆုံးဖြတ်ချက်နဲ့ အတင်းလုယူခဲ့တဲ့ မိဖုရား၊
ခပ်ထက်ထက်ဆိုတာထက် ရိုင်းစိုင်းတဲ့စိတ်သဘောထားရှိသူ မိဖုရား၊
သူနဲ့ ထဘီအရောင်တူအောင် ဝတ်မိရင် အပြစ်ပေးတတ်လို့ ခြွေရံတွေခမျာ ဒီနေ့သူဘာဝတ်ထားလဲဆိုတာ ချောင်းကြည့်ပြီးမှ ဝတ်ရဲတဲ့အခြေအနေမျိုးဖန်တီးခဲ့သူ မိဖုရား၊ျ
မောင်နှမတစ်ဝမ်းကွဲလည်းဖြစ်၊ ငယ်ရည်းစားလည်းဖြစ်တဲ့ မောင်တော်ဘုရင်အပေါ်မှာ သဝန်တိုဖို့ကလွဲပြီး ဘာမှမသိတဲ့ မိဖုရား၊ စသဖြင့်ပေါ့
ပြီးတော့ ..
စာရေးဆရာ H.Fielding က သူတို့နှစ်ယောက်ကို “တိုင်းပြည်အုပ်ချုပ်ဖို့ရာ နုနယ်လွန်းတဲ့ ကလေးသူငယ်နှစ်ဦး”တဲ့။ ကုန်းဘောင်ရဲ့နောက်ဆုံးမင်းဆက် ဘုရင်နဲ့ မိဖုရားဟာ အားနေရင် ဥယျာဉ်တော်ထဲမှာ ထမင်းချက်တမ်း ကစားကြပါသတဲ့။ (အမြဲတမ်းလိုလိုလည်း အားနေတာပဲကို)။ အရည်အချင်းရှိတဲ့ မင်းညီမင်းသားများ အစုလိုက်အပြုံလိုက်အသတ်ခံရမှုမှာ ပါဝင်ပတ်သက်နေတဲ့ ဘုရင်နဲ့ မိဖုရား။

“သူ့ကျွန်မခံပြီ”ကို ပြန်ကြည့်မိတဲ့အခါ အနုပညာပိုင်းအရ ခံစားပေးလို့ရပါတယ်။ သမိုင်းအရတော့ ငါတို့ထီးနန်းကို နယ်ချဲ့တွေ မတရားသိမ်းပိုက်လေခြင်းရယ်လို့တော့ ခံပြင်းစိတ်မရှိတော့တာအမှန်ပဲ။ မျိုးချစ်စိတ်နည်းပါးလှသူကြီးလို့ အပြစ်တင်လည်း ခံရမှာပဲခင်ဗျာ။

Heinn FiveStrings’s status.
Credit.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: