After losing by-election, USDP and U Thein Sein should not create Anti-Muslim activities just to hold on power

Please read here @ U Thein Sein should consider joining his USDP under the NLD umbrella

3 Responses to “After losing by-election, USDP and U Thein Sein should not create Anti-Muslim activities just to hold on power”

  1. Dr Ko Ko Gyi Says:

    PSA Blog – ပြောမယ်
    ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် (၃) အပိုဒ်ခွဲ ၁
    ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ပြီးတော့ ကျုပ်တို့တစ်တွေ ရှေ့ဆက်ပြီး ဒီအတိုင်း သွားရင် အခြေနေမဟန်ဘူးဆိုတာသိလိုက်ရတယ် ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်ဒီမို NLD ပါတီနဲ့ အင်အားစုတွေကလဲ လွှတ်တော်ထဲကိုယ်ရောက်လာသလို ပြည်သူတွေက လဲ NLD ပါလာပြီးဆိုရင် အင်းအားတတ်ပြီး အရဲစွန့်ကြတယ် လေ ပြီးတော့ ဟို ၈၈၈၈ လုံးကျောင်းသားဟောင်းတွေကလဲဝန်းရံတော့ အရင် လိုကျုပ်ပြုံးပြုံး ပြုံးပြုံး နဲ့ကြောင်ချီးလုပ်လို့မရတော့ ဘူး အခြေနေတွေက တစ်အားပြောင်းလာတယ် ဆန္ဒပြတဲ့ပွဲတွေကလဲတအားများလာတော့မှာလေ ဘာလို့လဲဆိုတော့ ကျုပ်တို့ရဲ့ အဓိက ဝင်ငွေဖြစ်တဲ့ ပြည်တစ်ဝှက်ပိုင်း ကျောက်ဖြူဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွေ ကချင်ဘက်က တစ်တောအပြောင်စီမံကိန်းတွေ ဝမ်ပေါင်ဦးပိုင်စီမံကိန်းတွေ လယ်သိမ်းယာသိမ်းစီမံကိန်းတွေ ကျောက်မီးသွေးစီမံကိန်းတွေ အိုဗျာ တစ်ပြည်လုံးကပြစ်ရက်စရာမရှိ လောက်အောင် ရောင်းစားစီမံကိန်းတွေ ပြည်သူ အကျိုးမပြု ကျုပ်တို့နဲ့ကျုပ်တို့ရဲ့ စီပွားရေးသမားတွေအကျိုးပြုတဲ့စီမံကိန်းတွေကအများသား ဒီလိုမျိုးဆန္ဒပြတာနဲ့ ပိတ်ပေးဖြတ်ပေးရမယ်ဆိုရင် မလွယ်ဘူးလေ ကျုပ်တို့စီပွားရေးထိခိုက်သလို ကျေးဇူးရှင်ကိုတရုတ်ကြီး ကိုလဲစော်ကားသလိုဖြစ်နေမယ် ဒါကြောင့်ကျုပ်တို့တစ်တွေ ပြည်သူပြည်သားတွေကိုယ် မအားရလေအောင်စေတနာနဲ့ အလုပ်တစ်ခုဖန်တီးပေးရသလို တစ်ဖက်ဒီမိုအင်အားစု ကိုယ်လဲ အပုတ်ချပြီးသားဖြစ်အောင် အကြံကြီး ကြံကျတာပေါ့ဗျာ အဲ့ဒီမှာ ကျုပ်တို့တစ်သိုက်တွေသွားတဲ့လက်နက်ကောင်း တစ်ခုသွားတွေ့ပါလေရောဗျာ ဒီ အကြံတာအောင်လို့ရှိရင် တစ်သက်လုံး ကျုပ်တို့တစ်အုပ်ဘဲ အာဏာကိုယ် လက်ပြောင်းလက်လွဲလေးလုပ်ပြီးယူနေရုံဘဲ နိုင်ငံတစ်ကာက လူတွေလဲ ဘာမှပြောလို့မရ အားလုံးဒီအတိုင်းလေးလက်ပိုက်ပြီးကြည့်နေရမယ့် အကြံကောင်းတစ်ခုကတော့ ဘာသာရေး မှိုင်းတိုက်ဖို့ပါဘဲ ပြည်သူပြည်သားတွေက အဲ့ဒီမှိုင်းတိုက်ဖို့အရမ်းလွယ် တာ ကိုယ် ကျုပ်တို့သဘောပေါက်တယ် ယခင်ကလဲဒါနဲ့အလုပ်ဖြစ်ခဲ့တာတွေရှိခဲ့ဘူးတယ်လေ အကြံပေးကောင်းတဲ့ ငရဲခွေးအောင်သောင်းကိုယ် ကျုပ်တို့တစ်တွေ ကွန်ဂရက်ကျူလေးရှင်း ပါဆိုပြီး ထဂုဏ်ပြုလိုက်ကြပါတယ် ။
    ဒါကိုယ် အကောင်ထည်ဖော်ဖို့ ဘာသာရေးမှိုင်းတိုက်ဖို့အတွက် ကျုပ်တို့မှာ လူကဆင်သင့် တောင်ငူကျောက်ဆည်မှာ လူသတ်ပွဲကျင်းပအောင် လှုပ်ဆော်အားတစ်အားကောင်းခဲ့တဲ့ ဥူးဝီရသူ ခေါ် ဝင်းခိုင်ဦး ကိုယ် ထောင်ထဲကနေ ကျုပ်ရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်သလို သူအပေါ်လူယုံအောင် သူ့ဒကာအဖြစ် သရုပ်ဆောင်မယ့် ထောက်လှမ်းရေးပြုတ် ပါတိတ် ခင်ညွှန့်ကိုယ်ပါအပြင်ထုတ်ပေးလိုက်တယ် ဒါကိုယ် ခုခေတ်စားနေတဲ့ ဖွဘုတ်မှာ လှုပ်စော်ဖို့အတွက်ကတော့ တပ်ထဲက လူတွေကိုယ် သင်တန်းပေးပြီး ကွန်ပြုတာတစ်ယောက်တစ်လုံးနဲ့ ရုရှ က အင်တာနက်ကျွမ်းကျင် သူတွေပါခေါ်ပြီး ပြင်ဆင်လိုက်တယ် ပြီးတော့အဲ့ဒီပြဿနာ ကိုယ် အစပျိုးရမယ့်နေရက အားလုံး အသိပါဘဲ ရခိုင် ဘာလို့ အဲ့နေရာကိုယ် ကျုပ်တို့ရွေးရသလဲဆိုတာကိုယ် စာဖတ်ပရိသတ်များ ရိပ်မိလောက်မယ် ထင်ပါတယ် ။
    ခုမှ ဇတ် အရှိန် အမြင့်ဆုံး အပိုင်းကိုယ် ရောက်ပြီးလို့ကျုပ်အာမခံရဲတယ် ကျုပ်တို့လဲ အထဲမှာ ဒီ ဟာကအအောင်မြင်ဆုံး လက်နက်မပါဘဲ ပြည်သူ ပြည်သားကိုယ် လိမ့်ခဲ့တဲ့အထဲမှာ ဒီတစ်ကြိမ်က အအောင်မြင်ဆုံး လိမ့်လုံးတစ်ခုဖြစ်ခဲ့တယ် ဆိုတာကိုယ် ကျုပ် ဝန်ခံတယ် ဗျ ဟဲဟဲ ပြည်သူပြည်သားတွေဒီပြဿနာ ကိုယ် ခုထိ ငြင်းခုန်ဆဲ တစ်ဖက်နဲ့တစ်ဖက်ပြဿနာတွေတတ်နေဆဲ သံသယတွေနဲ့ကြည့်နေဆဲ ဒီမိုတွေလဲ ကုလားဒီမို မွတ်စုလိုဖြစ်လိုဖြစ် သွေးတွေကွဲကြ အမြင်တွေစောင်းလာကြ အားလုံးဝရုန်းသုံးကားနဲ့ ရှုပ်ကုန်ကြဘယ်ဒီမို မှဒါကိုယ် မထိန်းနိုင်ခဲ့ဘူး အရင်က ပိုနေမြဲကျားနေမြဲကနေ ခုဒီတစ်ချက်က သုံးလေးငါးချက် တစ်ခါထဲပြတ်သွားပါလေရောဗျာ မပိုင်ဘူးလားကျုပ်တို့အကြံက လာမယ့်၂၀၁၅ မှာ ဒေါ်စုပါတီကို မဲပေးရင်ကုလားပြည်ဖြစ်မလိုလို အမျိုးသားရေးသစ္စာဖောက်လိုလိုနဲ့ဖြစ်ကုန်ရောဗျာမပိုင်ဘူးလား သိုလောသိုလောဇတ်လမ်းတွေနဲ့ တစ်ဖက်ဒီမိုတွေရဲ့တိုက်စစ်တွေက ကျုပ်တို့ဖန်တီးတဲ့ မှိုင်းလုံးအောက်မှာ အသံတွေတိမ် ဝင်ကုန်တာပေါ့ဗျာ
    ဘယ်လောက်ကောင်းလဲကျုပ်တို့ရဲ့ကလိမ်ဥာဏ်တွေက
    ဆက်ပါအုံးမည် ။ ။
    KMZ
    #ပြောမယ်

  2. Dr Ko Ko Gyi Says:

    PSA Blog – ပြောမယ်

    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၃
    ၂၀၁၂ ကြားဖြတ်ရွှေးကောက်ပွဲ အပြီး တိုင်းပြည်ထဲမှာရှိတဲ့ ဒီမိုကရက်တစ်ပါတီတွေ လဲအားလုံးစုံစုံညီညီ လွှတ်တော် ထဲမှာပါဝင်လာတော့ ကျုပ်တို့ကိုယ်ပြည်တွင်းပြည်ပ အားလုံးထောက်ခံကြတဲ့အကြောင်းတွေကိုယ် ဝေဝေဆာဆာ နဲ့ပြုံးပျော်နေတာ ကိုယ်အားလုံး အသိဘဲလေ ကျုပ်က လဲ မိဘပြည်သူများ ခင်ဗျာ ဆိုပြီး တစ်လတစ်ခါ မိန့်ခွန်းလေးတွေနဲ့ လိမ့်နေတာပေါ့ဗျာ ဒါပေမဲ့တစ်ဖက် ခန်းဆီးနောက်ကွယ်မှာတော့ ကျုပ်တို့တစ်သိုက်ကျိပ်ပြီး အစီအစဉ်အသစ်ကိုယ် လုပ်နေတာကိုယ် ဘယ်သူမှမသိခဲ့ဘူးလေ ဟဲဟဲ ဘာလို့လဲဆိုတော့ ၂၀၁၅ရွေးကောက်ပွဲမှာ ၁၉၉၀ရွေးကောက်ပွဲလို အဖြစ်မခံနိုင်ဘူး အဲ့လို ဖြစ်သွားရင် ကျုပ်တို့ ယူနီဖောင်းပြန်လဲရလိမ့်မယ်လေ ခုကျုပ်တို့လုပ်ထားတဲ့အစီအစဉ်တွေအားလုံးမြောင်းထဲရောက်ပြီး နဂိုပုံစံပြန်ထွက်လာမှာပေါ့ အဲ့ဒါတော့ အဖြစ်မခံနိုင်ဘူးဘာလိုလဲဆိုတော့ ခုပုံစံက ကျုပ်တို့အတွက် အကောင်းဆုံးလေ ဒီမိုကရေစီပေးတယ် ဆိုပြီးတော့ ဘာမှမပြောင်းလဲထားဘူးလေ တစ်ခုဘဲပြောင်းတာ ကျုပ်တို့ ရဲ့ စစ်ယူနီဖောင်းကိုယ် ချွတ်ပြီး တောင်ရှည်နဲ့ မောင်ကျက်သရေခေါင်းပေါင်းနဲ့ ဒါဘဲပြောင်းတာ ဒါကိုယ် ပြည်သူပြည်သားတွေမရိပ်မိဘူး ဟဲဟဲ အဲ့ဒါနဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့အတွက် လူမွေးရတော့တာပေါ့ဗျာ ဂွင်တွေဖန်တီးဖို့အတွက်လေ ဟဲဟဲ
    အမှန်တိုင်းဝန်ခံရရင် ၂၀၁၂ ကကျုပ်တို့အတွက်ရှေ့ဆက်မယ့်ဂွင်တွေဖန်တီးတဲ့နှစ်တစ်ခု တစ်ဘက်မှာ ဒီမိုတွေအောင်မြင်သလို တစ်ဖက်မှာတော့ ကျုပ်တို့ အတွက် ဝက်ဝက်ကွဲအောင်မြင်မှုတွေရပြီးရင်းရတဲ့နှစ်ပေါ့ ကြားဖြတ်မှာရှုံးလိုက်တာက ကျုပ်တို့ဂွင်တွေထက်ဆင်ဖို့သတိပေးလိုက်သလိုဖြစ်သွားတာပေါ့ဗျာ ဒါနဲ့ကျုပ်တို့ ကလိမ်ဥာဏ် အရှက်မဲ့တဲ့ငရဲခွေး တစ်သိုက် က ငရဲခွေး လေး သုံးလေးကောင်ကိုယ်ပြည်သူထဲထည့်ပေးလိုက်ပါတော့တယ် ဗျာ လူကိုယ်လူနဲ့တိုက်ဆိုတဲ့ ပရိရယ် အတိုင်းပေါဗျာဟဲဟဲ အဲ့ဒီငရဲခွေးတွေက ကျုပ်တို့ရဲ့ ၂၀၁၅ အတွက် ဂွင်တွေကိုယ် သူတို့နာကျဉ်းချက်တွေကြောင့်ဖန်တီးပေးလာတာပေါ့ အဲဒီထဲက ပထမ ငရဲခွေး တစ်ကောင်က ပါတိတ် ခင်ညွှန့်ပေါ့ဗျာ သူ့ကိုယ်တော့ ကျုပ်ထွေထွေထူးထူး မိတ်မဆက်ပေးတော့ပါဘူး သူကိုယ်ထောင်ထဲက ထုတ်ပေးပြီးမကြာပါဘူး ကျုပ်တို့ညွှန်ကြားချက်အတိုင်း ဆယ်ခုနှစ်များစွာဖိနိပ့်ထားတဲ့ရခိုင်ပြည်ကိုယ်လွှတ်လိုက်တာပေါဗျာ ဒီလိုနဲ့ ကျုပ်တို့ရဲ့ခွေးဆိုးကြီး ရခိုင်ကနေပြန်လာပြီး သုံးရက်အကြာမှာ ထိလွယ်ရှလွယ်တဲ့ ဘာသာရေး အကြောင်းခံ အဓိကရုဏ်းကြီးပေါ်ပေါက်လာပါတယ်ပေါ့ဗျာ အဲ့ဒီ မီးပြည်တွင်းအထိကူးဆက်ဖို့ ကနောက်တစ်ယောက်ကတာဝန်ယူထားတယ်လေ သူကိုယ်လဲအားလုံး သိပါတယ် ဝင်းခိုင်ဦး ခေါ် သင်္ဃန်းခြုံ ဝီရသူ နဲ့ သူနောက်ကိုယ်လိုက်မယ့် ကျုပ်တို့ပါတီဝင် ဦးပိုင်အောင်းသောင်းရဲ့ ဒေါ်သထွက်နေသောလူအုပ်ကြီး ပေါ့ဗျာ ဂွင်တွေလေဂွင်တွေ ဟဲဟဲ အဲ့လိုပြည်တွင်းမှာ မွတ်စလင်မ် တွေနဲ့ ဗုဒ္ဓ ဘာသာဝင် တွေသံသယတွေနဲ့ဖြစ်နေတော့ ကျုပ်တို့ရဲ့ ဂွင်တွေကိုယ် လိုက်မကြည့်အားဘဲဖြစ်နေမှာလေ ဟို ဒီမို တစ်အုပ်ကိုယ်လဲ အလုပ်ပေးပြီးသာဖြစ်မှာပေါ့ဗျ ကျုပ်တို့ကတော့အေးဆေးပါဘဲဂွင်တွေနဲ့ ဆက်လိမ့်နေတုန်းဘဲ ဒီပြဿနာက တော်ယုံပြီးမှာမဟုတ်ဘူးလေ အဲ့လိုဖြစ်နေတုန်း တစ်ဖက်မှာ ဝုန်းခနဲ့ ထပေါက်ထွက်လာတဲ့ပြဿနာ တစ်ခုကတော့ လက်ပံတောင်း လယ်တီဆရာတော် တိမ်အပါအဝင် ဝမ်ပေါင်ဦးပိုင် စီမံကိန်း ကျုပ်တို့ခေါင်းဆင်တက်နင်းသလိုခံစားလိုက်ရတတယ် ဒီစီမံကိန်း ကကျုပ်တို့တစ်အုပ်လုံးမျိုးမျိုးမြတ်မြတ်လေးရထားတဲ့စီမံကိန်းဒီစီမံကိန်း ဖြတ်သိမ်းရေးဆန္ဒ အရေးအခင်းပေါ့ဗျာ ။ပထမ မြစ်ဆုံစီမံကိန်းမှာနာမည်ကောင်းရထားတဲ့ ကျုပ်ဒီတစ်ခါ ဒီစီမံကိန်း ကိုယ်ဖြတ်သိမ်းဖို့အတွက် ကျုပ်တိုကိုယ်ဖိအားပေးလာပြန်တာပေ့ါဗျာ ဘုန်းကြီးတွေရော တောင်သူလယ်သမားတွေရော ပြည်သူပြည်သားတွေရော ကျုပ် ကိုယ်တောင်းဆိုလာကြတယ်လေ ။ ဒီ စီမံကိန်းက တော်တော်ကြီးတာဗျ ခင်ဗျားတို့ပြောတိုင်းဖြတ်ပေးရအောင် ခင်ဗျားတို့က ဘာလဲ တောက် ကျုပ် မြစ်ဆုံမှာကထဲကပြောထားပြီးသား နောက်ထက်လာမယ်ဆိုရင်မရဘူးလို့ ကျုပ်တို့ဒေါ်သတွေထွက်ပြီး ကျုပ်ဇာတိ ရုပ်ကအဲ့မှာ ထွက်သွားတာပေါ့ဗျာ အကုန် မီးလောင်ဗုံးစာကြွေးပလိုက်တာပေါ့ဗျာ။
    ဆက်ပါအုံးမည် ။
    KMZ
    #ပြောမယ်

  3. Dr Ko Ko Gyi Says:

    PSA Blog – ပြောမယ်

    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (၂)
    နှစ်ငါးဆယ်ကျော် ကျုပ်တို့ နဲ့ ကျုပ်တို့ ဆရာတွေ လက်ဆင့်ကမ်းပြီး အုပ်ချုပ်လာတာ ခုလိုမျိုးတစ်ခါမှ ပြည်သူပြည်သားတွေ ကျုပ်ကိုယ် အားပေးတာကိုယ် ကျုပ်ဆရာ ဘုရင်ရှုး သန်းရွှေ နဲ့ နှာဘူး နေဝင်းတို့တောင် မနာလိုဖြစ်ကြမယ် မိဘပြည်သူများခင်ဗျာ မြစ်ဆုံစီမံကိန်း ကိုယ် ၂၀၁၅ အထိ ယာယီရပ်နားလိုက်ပြီးဖြစ်ကြောင်း ကြေငြာလိုက်တာ ကျုပ်တောင် မထင်ထားဘူးပြည်သူတွေကျုပ်ဘက်မှရပ်တည်ပေးလိုက်ကြတာ သမ္မတကြီးက ပြည်သူပြည်သားတွေနဲ့တစ်ထပ်တည်း စိတ်ကောင်းစေတနာကောင်းတဲ့ သူကြီး မထင်ရဘူးနော် တို့သမ္မတကြီးက အဲ့လိုတွေချီးမွန်းခန်းတွေဖွင့် လိုက်ကြတာပေါ့ဗျာ ဒါပေမဲ့ကျုပ်က အဲ့ဒါတွေမလိုဘူးဗျ ကျုပ်လိုတာ ငွေ တိုင်းသူပြည်သားတွေကတော့ ခုတစ်ချက်ထဲနဲ့ကျုပ်တို့ကိုယ် အကောင်းတွေပြောနေပြီး ကျုပ်တိုရဲ့ အရင် စောင့်ကျင့်တွေကိုယ်မေ့ထားတယ်လေ ဟဲဟဲ ကျုပ်ကတော့ပြုံးပြုံးလေးနဲ့ ဂွင်ဆင်နေတာပေါ့ ထက်ပြီးတော့ မြစ်ဆုံကလဲ အပြီးသတ်ပြတ်သွားတာမှမဟုတ်တာ ၂၀၁၅ထိ တစ်ချက် အချိန်ဆွဲထားတာဘဲ အဲ့ဒါလဲဂွင်တစ်ခုဘဲလေ ၂၀၁၅မှာ ကျုပ်တို့နိုင်ရင် နိုင် မနိုင်ရင်တော့ သိတယ်မှတ်လား မြစ်ဆုံက တရုတ်ကြီးကိုယ် အချက်ပြပြီးစီမံကိန်းကိုယ်ပြန်စခိုင်းမယ် အဲ့မှာ ၂၀၁၅ တတ်လာတဲ့အစိုးရနဲ့ပြသနာတတ်မယ် အစိုးရကလဲ ဒီကိစ္စကိုယ် ဘာမှလုပ်နိုင်မှာမဟုတ်ဘူးလေ ကျုပ်တို့က စာချုပ်စာတန်းနဲ့လုပ်ထားတော့နောက်တတ်မယ့်အစိုးရကလှုပ်လို့လဲမရ တရုတ်ကြီးကလဲ ဖိအားပေး ပြည်သူတွေကလဲဖိအားပေး ဟဲဟဲ စဉ်းသာစဉ်းစားကြည့်တော့ဗျာ အဲ့မှာတိုင်းပြည်ကလဲမငြိမ် တော့ဘူး လေ ဒီတော့ ရွေးကောက်ပွဲပြန်လုပ်ရင်လုပ် မလုပ်ရင်တော့ သိတော်မူတဲ့ အတိုင်းကျုပ်တို့စောက့်ကျင့်ကိုယ် တပ်မတော်က တိုင်းပြည်ချောက်ထဲမကျခင် လက်တလုံးအလိုမှာ အာဏာသိမ်း ခြင်းဆိုပြီး ခေါင်းစဉ်တပ်ကာ ပြန်ယူယုံပေါ့ဗျာ ဟဲဟဲ ကျုပ်တို့က ကမ္ဘာကျော် လူလိမ်တွေလေ လိမ်တာက ကျုပ်တို့မွေးရာပါ အကျင့်တစ်ခုဗျ နောက်တစ်ခုရှိသေးတယ် ကျုပ်တို့မှာ ဘာလဲသိလား ကျုပ်တို့မှာ စောက်ရှက်ဆိုတာတစ်ပြားသားမှ မရှိဘူး ဗျ ဟဲဟဲ ကျုပ်တို့ဆင်သမျှဂွင်တွေက ပိရိသေသတ်နေတယ် လေ တစ်ဖက်မရရင်တစ်ဖက်မှာ ပြဿနာ ဖန်တီးပေးလိုက်တဲ့နည်းကောင်းတစ်ခုလဲကျုပ်တို့ကအသုံးချသေးတယ် ဗျ ဒီလို နဲ့ ၂၀၁၂ ကြားဖြတ်ရွှေးကောက်ပွဲအထိ ကျုပ်တို့လွှတ်တော် မှာ ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီး ဝင်အောင်းကာ သူတော်ကောင်း တွေအဖြစ် ဝင်ထိုင် အိပ်နေကြတယ် ဆိုပါတော့ မိဘပြည်သူများ ခင်ဗျာ
    ၂၀၁၂ ကြားဖြတ်ရွှေးကောက်ပွဲ စတော့ ကျုပ်တို့ရဲ့အထိက ရန်သူတော် NLD က ရွှေးကောက်ပွဲဝင်ပြိုင်တယ် လေ ကျုပ်တို့တွက်ထားတာ က တစ်ဝက်လောက်ရမယ်ပေါ့နော သူတို့လဲအနည်းအကျင်းတော့ရမယ်ပေါ့ ထင်ထားတာ ထင်ထားတာ ဒါပေမဲ့ ရွေးကောက်ပွဲလဲပြီးမဲရေတွက်တော့ဗျာ ကျုပ်တို့ဝက်ဝက်ကွဲအောင်ရှုံး သွားတယ် ဘယ်လောက်အခြေနေ ဆိုးသွားသလဲဆိုရင် ကျုပ်ဆရာ ဘုရင်ရှုး သန်းရွှေ တည်ထားတဲ့ ခု နေပြည်တော် ပတ်ဝန်းကျင် မှာတောင် ကျုပ်တို့မနိုင်ဘူးဗျာ ဘယ်လောက်စိတ်ပျက်ဖို့ကောင်းလဲ စဉ်းစားကြည့် ကျုပ်လုပ်ထားပေးတာကိုယ်တောင်မထောက်ဘဲ ဟိုဘက်ကိုယ်မဲသွားထည့်တယ် နေပါစေ သိမယ် ကျုပ်တို့အကြောင်းကိုယ် မကြာခင်တွေ့မယ်ပေါ့ဗျာ ဒါပေမဲ့ဒါက နေရာ အနည်းငယ်ဘဲလေပြဿနာတော့ မရှိပါဘူး လွှတ်တော်ထဲ ပါလာအောင် NLD ကိုယ် နဲနဲဟပေးပြီး တိုင်းပြည်ကိုယ် နိုင်ငံခြားငွေတွလိမ့်ဝင်လာအောင်လုပ်လိုက်တာပါဘဲ သူတို့တွေ လွှတ်တော်ထဲဝင်လာပြီးဆိုရင် နိုင်ငံခြားတိုင်းပြည်တွေက ကျုပ်တို့ကိုယ် ပိုယုံကြည် အရဲကိုးလာမယ်လေဗျာ NLD လဲလွှတ်တော် ထဲဝင်လာမယ် အဆိုတင်သွင်းမယ်ဆွေးနွေးမယ်ပေါ့ဗျာ မဲခွဲမယ်ပေါ့ဗျာ လွှတ်တော်ထဲမှာ မဲခွဲလို့ရှိရင် ကျုပ်တို့အတွက် အဆင်သင့် ကျုပ်တို့ဘက်မှာ ရှိတဲ့ စစ်ခွေး ၂၅% က အမြဲရှိနေတယ်လေ ကျုပ်တို့အဆိုတွေ ဥပဒေတွေပြင်ဖို့လုပ်တဲ့အခါမှာဘယ်လိုမှလုပ်လို့မရအောင်တစ်ခါထဲချည်ပြီးတုပ်ထားတာပေါ့ ဗျာ ရှင်းရှင်း ပြောရင် အယောင်ပြဒီမိုပေါ့ဗျာ ကျုပ်တို့က အဝတ်တာပြောင်း လိုက်တာ အရင်စောင့်ကျင့်အရင်စိတ်ဓါတ်ဘဲဘာမှပြောင်းတာမဟုတ်သေးဘူး ဗျ ဟဲဟဲ ခုဆိုရင်ကြည့် လွှတ်တော်လဲ ဖြစ် NLDလဲ ပါတိုင်းရင်းသားလဲပါ အကုန်ပါ တဲ့ အယောင်ပြ ဒီမိုကရေစီစစ်အုပ်ချုပ်ရေးနိုင်ငံဖြစ်သွားပြီး တစ်ကမ္ဘာလုံး ဘယ်သူမှမပြောနိုင်တော့ဘူးဆိုတာ အားလုံးအသိလေ
    အောက်ကပုံကိုယ်ကြည့်လေ ကျုပ်မျက်နှာပေးက ယခုနဲ့ယခင်ဘာကွာလို့လဲ ဒီလိုဘဲပေါ့
    ကျုရဲ့ဆရာသခင် ဘုရင်ရှုးသန်ရွှေ နဲ့လေ ကျုပ် အိမ်က ဘုရားစင်မှာ သူ့ကိုယ်ထားပြီး ကိုးကွယ်တာ ယုံ
    ဆက်ပါအုံးမည် ။ ။
    KMZ
    #ပြောမယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: