Mhu Zaw & Ye Htut led Military Cybertroopers or Sit Khwes had repeatedly attacked the Muslims of Myanmar with fake news..ဆိတ်ဖွားတို့ လူထုမောင်ကာဠု တို့ ဆိုတာတွေဟာ ပြန်ဝန်ဟောင်းဗိုလ်ရဲထွတ် နဲ့ အူးဇော်ဌေး တို့ရဲ့ လက်ရာတွေဆိုတာ လူတိုင်းသိကြပါတယ် သူတို့ကတော့ သူတို့ရဲ့ နောက်လိုက် နောက်ပါတွေနဲ့အတူ အိုင်စီစီ ကနေ လွတ်စရာမရှိပါဘူး

Mhu Zaw & Ye Htut led Military Cybertroopers or Sit Khwes had repeatedly attacked the Muslims of Myanmar with fake news..

ဆိတ်ဖွားတို့ လူထုမောင်ကာဠု တို့ ဆိုတာတွေဟာ ပြန်ဝန်ဟောင်းဗိုလ်ရဲထွတ် နဲ့ အူးဇော်ဌေး တို့ရဲ့ လက်ရာတွေဆိုတာ လူတိုင်းသိကြပါတယ် သူတို့ကတော့ သူတို့ရဲ့ နောက်လိုက် နောက်ပါတွေနဲ့အတူ အိုင်စီစီ ကနေ လွတ်စရာမရှိပါဘူး

Rohingya MP (ex-USDP) U Shwe Maung 

2012 တောင်ကုတ်/သံတွဲ ၁၀ လောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်ပြီး သတင်းစာမှာ “ကုလား” ဟု သံုးနှုံးထားတာနဲ့ ပတ်သက်ပြီး ကျနော် ဖုန်းဆက်ပြီး ပြောတယ်၊ အကျိုးအကြောင်းရှင်းပြတယ်၊ အဲဒီအသံုးအနှုန်းက အမုန်းပွါးမယ်၊ နောက်နေ့သတင်းစာမှာ ပြင်ဆင်ချက်ပါလာတယ်။ ၂၀၁၂ ပြသနာမှာ မွှေတဲ့အပြင်၊ လွှတ်တော်ကို စော်ကားပြီး ဒေါတ်တာဆိတ်ဖွားနာမယ်နဲ့ ဘလောက်ရေးတယ်။ လွှတ်တော်က စံုးစမ်းရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးတယ်။ အဲဒီကော်မရှင်မှာ ကျနော်လဲပါတယ်။ ဒေါတ်တာဆိတ်ဖ္ားဆိုတာ ဦးရဲထွဋ်ဖြစ်ကြောင်း သိလိုက်ရတယ်
Haji Thant Zin

သူက စဖန်တီးတာ သီတာထွေးအမှု တောင်ကုတ် ကားပေါ်က ခရီးသွား ၁၀ ယောက်ကို ပြည်တွင်း နေ k လားများဆိုပြီး ကြေးမုံ သတင်းစာ မှာ စရေးတာ ဇော်ဌေး ကတော့ မသာပေါ် သွားပြီ နောက်ကျန်တဲ့သူတွေ ရှိသေးတယ်
လြင္ ကိုကို

တကောင်ကတော့သူ့ဟာသူကာလနာတိုက်သွားပြီ

Because of this letter…Ludu Mg Karlu, Professor Seik Phwar started to defame and wrote LIES against me. The culprits believed to be written by a group of Military Cyber-troopers led by Hmu Zaw and former Information Minister.

Their thousands of lapdogs led by James MMT (Singapore) Shin Minyar (Johore) shared and liked those propaganda warfare against me.

At last Myanmar gov took action on me by sending SBs and spies to my clinic and their embassy here to investigate.

If Mr Mark Elliot Zuckerberg has the proper record, I might be the first person (may be I am not) about the FB Myanmar Racist Extremist Cybertroopers affiliated to Myanmar Military and USPD. After the Buddhist Monks were FIRE-BOMBED at Lepadaung Copper Mine, because of our group’s offer help to treat them at Australia, I was repeatedly attacked on FB. Mhu Zaw & Ye Htut led Military Cybertroopers or Sit Khwes had repeatedly attacked the Muslims of Myanmar with fake news..

Their thousands of lapdogs led by James MMT (Singapore) Shin Minyar (Johore) shared and liked those propaganda warfare against me. I sent messages to FB CEO (I am sure he has no time to read but his assistants had read). I told him that HE would be responsible IF I WERE killed. My family would sue him with USD 100 million lawsuit. He could not say he don’t understand Myanmar.

IF don’t understand Myanmar STOP Myanmar language FB. IF not appoint teams to control the contents. He should not appoint Military/USDP/NLD Buddhists only but pro-democracy, Ethnic and religious minorities to Myanmar FB. After my complaint message, FB behaviour changed. Once I reported they immediately deleted the FAKE DEFAMATORY POSTS about me. So the Cyber-troopers started to write in other media.

At last I posted WARNING NOTICES on FBs of Mhu Zaw & Ye Htut. Then only all ATTACKS stopped but Myanmar gov took action on me by sending SBs and spies to my clinic and their embassy here to investigate. They refused to renew my PP because of Myanmar Home Ministry’s order. Actually that could be even used as Crimes against Humanity on me. Their PLOTS and PLANS against me became a blessing in disguise as ALLAH swt know everything and is most powerful and rewarded me with the better PASSPORT.

Thane Zaw OO
17h ·
စစ်လော်ဘီ ရဲမိုး သေဆုံးသွားကြောင်း ကြားသိရလို့ အလွန့်အလွန် ဝမ်းမြောက်မိပါတယ်။ ဖြစ်လေရာ ဘဝတိုင်းမှာ မဘသ၊ စစ်လော်ဘီ အဖြစ် ပြန်လည်ရှင်သန်ပြီး လူ့အပယ်ခံအဖြစ် ထာဝရ ဖြစ်တည်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
#ktzo
ရဲမိုးဆိုတာ…
၂၀၁၆ မှာ စစ်တပ်ဟာ အာဆာ သူပုန်ထမှုကို အကြောင်းပြပြီး ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ကို ဘယ်သတင်းမီဒီယာကိုမှ လွတ်လပ်စွာ သတင်းရယူခွင့် မပေးခဲ့ဘဲ တံခါးပိတ်ထားခဲ့‌ပါတယ်။
အဲ့ဒီအချိန်က ကမ္ဘာ့အသိုင်းအဝိုင်းရဲ့ ဖိအား‌ေတွ များပြားလာတာကြောင့် မလွှဲမရှောင်သာ မီဒီယာတချို့ကို ရွေးချယ်ပြီး အကန့်အသတ်နဲ့ သတင်းရယူခွင့် ပေးခဲ့ပါတယ်။
ဖြစ်စဉ်အစမှ အဆုံးထိ လွတ်လွတ်လပ်လပ် သတင်းယူပြီး နေ့စဉ် သတင်းတွေနဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့တဲ့ တစ်ဦးတည်းသောသူဟာ စစ်ထွက်တစ်ဦးဖြစ်တဲ့ ရဲမိုးပါ။ သူနဲ့ပတ်သက်လို့ နိုင်ငံတော်အဆင့် သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ မီဒီယာတချို့က မေးခွန်းထုတ်ခဲ့ကြပါတယ်။ သမ္မတရံုး ညွှန်ချုပ် ဦးဇော်ဌေးကတော့ ရဲမိုးကို စစ်သတင်းထောက်အဖြစ် ညွှန်းဆိုပြီး တရားဝင် အကာအကွယ် ပေးခဲ့ဖူးပါတယ်။
သူ့ကိုယ်သူ ဘလပ်ပစ် (ဝက်မဲကောင်) အဖြစ် ထေ့ငေါ့ ညွှန်းဆိုလေ့ရှိတဲ့ ရဲမိုးဟာ ၂၀၁၂ ခုနှစ် ပြောင်ကြီး သိန်းစိန် သမ္မတအာဏာယူထားစဉ်မှာ ရိုဟင်ဂျာများအပါအဝင် နိုင်ငံသား မွတ်စ်လင်မ်များကို နိုင်ငံအနှံ့ ရန်လိုက်တိုက်ခိုက်မှုတွေ ဖြစ်လာစေဖို့ တွန်းအားပေးရာမှာ အစပြုခဲ့တဲ့ ရဲဇာနည် ဖေ့စ်ဘွက် စာမျက်နှာကို စတင်အသက်သွင်းခဲ့သူ ဖြစ်ပါတယ်။ (နောက်ပိုင်းမှာတော့ အဲ့ဒီစာမျက်နှာကို ရဲဌာနက လွှဲပြောငါးရယူခဲ့ပြီး ယနေ့အချိန်ထိ ရဲသတငါးတွေ ထုတ်ပြန်ရာမှာ သုံးနေဆဲ ဖြစ်ပါတယ်။)
ရဲဇာနည်နဲ့အတူ ဘာသာရေး/လူမျိုးရေး အမုန်းမီးများကို တောက်လောင်စေခဲ့သူ အခြားတစ်ဦးဖြစ်တဲ့ အဲ့ဒီအချိန်က သမ္မတရုံး ညွှန်မှူး ဗိုလ်မှူးဟောင်း ဇော်ဌေး (မှူးဇော်) ဟာ ရဲမိုးနဲ့ မိတ်ဆွေ‌ရင်းများ ဖြစ်ခဲ့ကြလို့ ပူးပေါင်းလုပ်ဆောင်ခဲ့ဖွယ် ရှိပါတယ်။
ဝက်မဲကောင် ရဲမိုးဟာ သူ့ရဲ့ ညစ်ညမ်းတဲ့ သမိုင်းဆိုး လုပ်ရပ်‌ေတွအတွက် အပြစ်ပေး အရေးယူမခံရခင် သေဆုံးသွားတာကြောင့် သူ့လုပ်ရပ်အတွက် နောင်တမရခဲ့မှာ သေချာပါတယ်။
ကောက်ကျစ် ယုတ်မာ ရမ်းကား ရိုင်းစိုင်းခဲ့တဲ့ ဝက်မဲကောင်ကြီးကို သဘာဝတရားကတော့ ဒဏ်ခတ်ခဲ့ပါတယ်။ လူတွေရဲ့ မသထာရေစာ မျက်ရည်အပင်းတွေကို အရင်းတည်ပြီး ရသမျှနဲ့ သောကါစားမူးခဲ့တာကြောင့် အသဲကင်ဆာစွဲပြီး သေချင်းဆိုးခဲ့ပါတယ်။
မင်းအတွက် ထာဝရ ဝမ်းသာပေးနေပါမယ်။
စာကြွင်း – ရဲမိုးဟာ ၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းဖို့ နောက်ကွယ်ကနေ မြှောက်ပေးခဲ့တဲ့သူတစ်ဦးဆိုတာကိုလဲ နောက်ပိုင်းမှာ သိလာရပါတယ်။
ဝမ်းမြောက်စွာဖြင့် –
ခေဋီဈဂ်အိုရ်

Ye Yint Kyaw

အသွင်ယူသူများ
ရန်သူ့တပ်မှာ စိတ်ဓာတ်စစ်ဆင်ရေး အတွက် သေချာဖွဲ့စည်းပေးထားတဲ့ အဖွဲ့ရှိတယ်။ မြေပြင်မှာ အသွင်ယူ ထည့်သွင်းပြီး အများက လက်ခံယုံကြည်သူတယောက် ဖြစ်အောင်ထိ ဖန်တီးအသွင်ယူတာလည်း ရှိသလို ယနေ့ခေတ် ဆိုရှယ်မီဒီယာ မှာ ဆိုလဲ အသွင်ယူ အကောင့်တွေ အင်နဲ့အားနဲ့ ဆောင်ရွက်လာတာ အားလုံး သိပြီးသား ဖြစ်ပါလိမ့်မယ်။ သို့သော် ကျွန်တော်တို့ အင်အားစုတွေ မှာ သိပါလျက် မေ့လျော့တာ ၊ သတိ လက်လွတ်တာတွေ အများကြီးပါပဲ။
သာဓက အားဖြင့် ပြစရာမလိုအောင် သိပြီးဖြစ်ကြတဲ့ ဘာသာရေး ၊ လူမျိူးရေး သွေးခွဲရန်တိုက် ပြီး ပြဿနာ တက်အောင် လုပ်ခဲ့တာပါ။
ဦးသိန်းစိန် လက်ထက် ၊ ဦးထင်ကျော် ၊ ဦးဝင်းမြင့် စတဲ့ သမ္မတ အစိုးရ လက်ထက် တွေမှာ တဟုန်ထိုး အားကောင်းလာတဲ့ ဆိုရှယ်မီဒီယာခေတ်မှာ အထူးသဖြင်​့ facebook မှာ အယောင်ဆောင် အကောင့် ၊ အမည်ခံ အကောင့် တွေ ကို အသုံးပြုလာပြီး စစ်ဆင်ရေး လုပ်လာတာ သတိထားမိကြပါလိမ့်မယ်။
သတင်းတုတွေ ဖြန့်ဖို့ ဆောင်ရွက်ကြသလို ပုဂ္ဂိုလ် အကြောင်းပြု ကိစ္စတွေ ကိုလည်း ဆောင်ရွက်ကြပါတယ်။ ထိုအချိန်က NLD ထောက်ခံမှု ကို တိုက်ခိုက်ဖို့ NLD ထောက်ခံသူ အယောင်ဆောင်ပြီး လွန်လွန်ကဲကဲ တွေ အမြင်ကပ်ပြီး နီပေါတွေလို့ ပျက်ရယ်ပြုခံရအောင် ခပ်ကြောင်ကြောင် အတွေး အရေးတွေ နဲ့ ထိုးဖောက်ပြီး လုပ်တဲ့အခါ ၊ တကယ် NLD ထောက်ခံသူထဲက ရိုးသား ရိုးအသူ အပါအဝင် ဆင်ခြင်တုံ့တရား သတိလွတ်တဲ့ လူအချို့ ပါသွားပြီး ယနေ့ထိ နီပေါ ဆိုတဲ့ ဝေါဟာရအောက် သိမ်းသွင်းခံလိုက်ရသူတွေ အများကြီးပါပဲ။
တဖက်မှာလည်း NLD ဆန့်ကျင်ပြဖို့ အချက်အလက်ပိတ်ထားတဲ့ အကောင့်တွေ ၊ ဓာတ်ပုံဖော်မရဲလို့ နာမည်အမျိုးမျိုးနဲ့ အကောင့်တုတွေ ကို အသုံးပြုပြီး ပို့စ်တခုကို ကိုယ်တိုင် ပုံဖျက် တင်တာဖြစ်စေ ၊ အခြားသူ တင်ထားသော လူကြိုက်များနေသည့် ပို့စ်အောက်မှာ ဖြစ်စေ အကန်တွေ၊ ဆန့်ကျင်စာတွေ ၊ အဆဲစာတွေ၊ အားနည်းချက်ကိုင်ပြီး ရိထေ့စာတွေ ကို အင်နဲ့အားနဲ့ ဝိုင်း တိုက်ခိုက်ကြပါတယ်။
တကယ်တမ်းမှာ NLD တခုကိုသာ မဟုတ်ပဲ ကျောင်းသားသမဂ္ဂ တွေ အပါအဝင် ဒီမိုကရက်တစ် အင်အားစု တရပ်လုံးကို (ဝါ) စစ်အုပ်စု ဆန့်ကျင်သူ အားလုံးကို ပစ်မှတ်ထား ဆောင်ရွက်တာပါ။ ယခုက သဘောပေါက်လွယ်အောင် NLD ကို သာဓက ထုတ်ပြရေးပြတာပါ။
အခုလည်း လာပါပြီ။ သည်တချိန်မှာတော့ မဲနိုင် NLD ပုံဖျက်ရေး အပါအဝင် ၊ အထူး နာမည်ကြီးလာတဲ့ PDF နဲ့ NUG ကိုပါပဲ။ NUG အပေါ် ၊ PDF တွေ အပေါ် ၊ စစ်အုပ်စု ကို ခါးသီးစွာ နည်းအမျိုးမျိုး နဲ့ တော်လှန်နေသူ မှန်သမျှ ကို မြေပြင်မှာ ဖြိုခွဲဖို့ ဆောင်ရွက်သလို ၊ အွန်လိုင်းကနေလည်း စိတ်ဝမ်းကွဲစေဖို့ သူတို့ရဲ့ လုပ်နည်းကိုင်နည်း ဟောင်းတွေကို အင်နဲ့အားနဲ့ အသုံးပြုနေတာပါ။
အထူးသဖြင့် EROs နယ်မြေတွေ မှာ PDF တွေ လေ့ကျင့် ၊ တပ်ဖွဲ့ ပြင်ဆင်နေမှုတွေက စစ်အုပ်စု အတွက် တုန်လှုပ်စရာ နဲ့ အဓိကချေမှုန်းရမယ့် ပြဿနာတရပ် မို့ ၊ မြေပြင်မှာ တိုက်ခိုက်ချေမှုန်းရေး တွေကို လေကြောင်းတိုက်ခိုက်မှု အပါအဝင် အင်အားသုံး ဆောင်ရွက်နေတာ အားလုံးအသိပါပဲ။ တဖက်မှာလည်း သတင်းအချက်အလက် စီးဆင်းမှုတွေ ဖြတ်တောက်နိုင်ဖို့ ကြိုးစားနေတာလည်း သိကြပြီးဖြစ်ကြပါတယ်။
နောက်တမျိုးက လေလှိုင်း တိုက်ခိုက်ရေးပါပဲ။ အရင့်အရင်က ဘာသာရေး လူမျိုးရေး ပုဂ္ဂိုလ်ရေး တိုက်ခိုက် ပုံဖျက် သွေးခွဲခဲ့ကြသလို ၊ ယခု တိုးလာတာက တိုင်းရင်းသားရေး ကိစ္စတွေကိုပါပဲ။ အထူးသဖြင့် ချင်း(စစ်ကိုင်းထဲမှာလဲပါ) ကယား ကရင် ကချင် တွေမှာ တိုက်ပွဲတွေ ဖြစ်လာပြီး ပြည်သူထောက်ခံမှု ၊ အားပေး ထောက်ပ့ံမှု ၊ မြင့်တက်လာနေတာကို စစ်အုပ်စုက မနှစ်မြိုပါဘူး။ ထိုတိုက်ပွဲတွေနဲ့ အတူ နာမည်ထွက်လာ လူသိများလာတဲ့ အဖွဲ့တွေ ပုဂ္ဂိုလ်တွေ အပါအဝင် ဦးဆောင်သူ ၊ ထောက်ပံ့သူ ၊ လိုအပ်တဲ့ ငွေကြေးဘဏ္ဍာ ရှာနိုင်သူ စတဲ့သူတွေကို ပြည်သူ့ ယုံကြည်မှုကျဆင်းအောင် ၊ စိတ်ပျက်ရွံရှာအောင် ၊ တော်လှန်ရေး ထောက်ခံပြ အကောင့်တုတွေ ၊ တိုင်းရင်းသား အကောင့်တုတွေ ၊ စသည်ဖြင့် ရေးသား ဖန်တီး ဆောင်ရွက်လာတာ သတိပြုမိကြပါလိမ့်မယ်။
အဖွဲ့အစည်းကို ဖြစ်စေ ၊ ထင်ရှားသူကို ဖြစ်စေ ၊ တော်လှန်ရေး ရံပုံငွေ ရှာနိုင်သူတွေကို ဖြစ်စေ ပစ်မှတ်ထားပြီး ၊ အွန်လိုင်းပေါ်မှာ လူထုနဲ့ ဖြစ်စေ ၊ EROs ဒေသ တိုင်းရင်းသားတွေ နဲ့ ဖြစ်စေ ၊ အလှူခံသူနဲ့ အလှူရှင်တွေ ကြား ဖြစ်စေ ၊ တော်လှန်ရေး အင်အားစု အချင်းချင်း ဖြစ်စေ ၊ ယုံကြည်မှု ပျက်ပြားအောင် ၊ သံသယစိတ် ဝင်အောင် ၊ ဆက်ဆံရေး ပျက်ပြားအောင် ၊ အကြောင်းအရာ အမျိုးမျိုး အသုံးပြုပြီး စစ်ဆင်ရေးကို ဆောင်ရွက်နေတာ မြင်တွေ့ရပါလိမ့်မယ်။
ရန်သူ ဟာ အိပ်မငိုက်ပါဘူး ၊ ကဏ္ဍအလိုက် သူတို့ အင်အားကို နေရာချထားပြီး ဗျူဟာမြောက် ဆောင်ရွက်နေတာ အားလုံးသိပြီးသားပါ။
စစ်အာဏာရှင် အမြှစ်ပြတ် ချေမှုန်းရေး တော်လှန်ရေး အင်အားစု များ အနေနဲ့ စစ်အုပ်စုရဲ့ လုပ်ရပ် တွေ အပေါ် အကြောင်းသိပြီးအတိုင်း ပါးနပ်စွာ နဲ့ ညီညွှတ်ရေးကို အခြေပြုလျက် တတ်နိုင်သမျှ တည်ဆောက်၍ သတိကြီးစွာဖြင့် ချီတက်ကြပါစို့။
ကိုဝိုင်ဝိုင်ကေ
8-1-2022

Ensure cyberbullies do not go unpunished

Sam Naeem

ရဲဖွတ် က ရိုဟင်ဂျာ ဂျီနိုဆိုဒ် အမှု့ မှာ အဓိက ‌ဇာတ်ကောင် ဆို တာ ဘယ်လိုမှ ဖုံးကွယ်လို့ မရတဲ့ အမှန်တရားပါ။
တနေ့နေ့ ပေးဆပ်ရမှာပါ။

Minmin Aung

ဦးရဲထွတ်လို့ပြောလိုက်ရင် ပြန်ဝန်ဟောင်း၊ စာရေးကောင်းသူလို့ပဲသိကြသူများပါတယ်။ အခုတလော ဦးရဲထွတ်ဟာ မထိခလုပ်ထိခလုပ်ဆောင်းပါးလေးတွေနဲ့ သူ့လူကိုယ့်ဘက်သားလိုလို မြန်မာနိုင်ငံတော်ကြီးကောင်းစားဘို့အရေးတခုပဲလိုလားနေသယောင်လိုလို ရေးနေတာတွေတွေ့ရတော့ နပတကကျမအကို (ဦးရဲထွတ်ထက် တနှစ်ဂျူနီယာ)ပြောပြတဲ့ ဦးရဲထွတ်အကြောင်းကိုတစေ့တစောင်းပြန်ပြောပြချင်ပါတယ်။
– ဦးရဲထွတ်ရဲ့အဖေက တချိန်ကနာမည်ဆိုးနဲ့ကျော်ကြားတဲ့ရဲချုပ်ရွှေသန်းပါ။ (နောက်တော့ သဘောင်္ရုံးကိုညွှန်ချုပ်နဲ့ပြောင်းသွားတယ်. အင်မတန်စားတယ်)။ ညီမ ၂ ယောက်ရှိတယ် တယောက်က မြောက်ပိုင်းတိုင်းမှုး(ရထားဝန်ကြီ/စီမံဝန်ကြီး)နဲ့ရတယ်။ နောက်တယောက်က လေချုပ်သား (ဆိပ်ကမ်းဒုညွှန်ချုပ်)နဲ့ရတယ်။ ညီတယောက်ရှိတယ်။ သူကဘိန်းစား၊ အင်းစိန်ထောင်မှာ လက်နက်မှု၊ ဘိန်းမှု့နဲ့ထောင်ကျရင်းသေတယ်။သူ့ကြော့င်ဦးရဲထွတ်တပ်ကပြုတ်ပြီး ပြန်ကြားရေးရောက်ခဲ့တာ။
– ဦးရဲထွတ်ဟာစာတော်တယ်၊ လေ့လာအားကောင်းတယ်။ သူတို့ခေတ် DSA မှာတုန်းက လူကြီးသားဆိုပြီးနာမည်ကြီးတယ်။ ဗိုလ်ဖြစ်တော့လဲ သူရယ် ဦးတင့်ဆွေ (စာပေစိစစ်ရေး)တို့ရယ်ဟာ လူကြီးသားသမီးတွေဆိုပြီး ရှေ့တန်းမထွက်ရဘူး။ အစွန်အဖျားရောက်ဖူးလှယင် မြစ်ကြီးနား ဗန်းမော်လောက်ပဲ။ ရောက်လေရာ တပ်ရင်းရုံးမှာပဲနေရတယ်။ နောက်ပိုင်းတော့ ပုဂံညောင်ဦး မန္တလေးလိုနေရာတွေမှာထားပြီး လူကြီးလမ်းကြောင်းလိုက်ပေးတာတွေဘာတွေလောက်ပဲလုပ်ရတယ်။
– ဦးရဲထွတ်ဟာတပ်ထဲမှာ သင်တန်းတွေတက်ရင်လဲ အမြဲပထမရတယ်။ စစ်တပ်ရဲ့စိတ်ဓါတ်စစ်ဆင်ရေးနဲ့ဝါဒဖြန်ချီရေးသင်တန်းအပါတ်စဉ်တွေထဲမှာ ဗိုလ်ရဲထွတ်ဟာအထူးချွန်ဆုံးပဲတဲ့။
– ဒီလိုထူးချွန်ပြီး အဘက်ဘက်ကပြည့်စုံနေတဲ့ ဗိုလ်ရဲထွတ်ဟာ တပ်ထဲမှာ ရာထူးအဆင့်ဆင့်နဲ့ ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်မှုးကြီးအထိတက်သွားဘို့ပဲရှိခဲ့ပေမဲ့ သူ့ညီဘိန်းစားကြောင့်ဒုက္ခရောက်ရတယ်။
– ဗိုလ်မှုးရဲထွတ် ရန်ကုန်ကိုခွင့်နဲ့ပြန်တုန်း သူ့ရဲ့ပစ္စတိုသေနတ်ကို ညီအငယ်ကောင်ဘိန်းစားကယူပြီး လှည်းတန်းမှာကားတစီးကိုပြန်ပေးဆွဲတယ်။ ရဲတွေနဲ့ပိုင်ရာဆိုင်ရာတွေကြောင့် ဒီကိစ္စအုပ်အော်သောင်းနင်းမဖြစ်လိုက်ပါဘူး။
– ဒါပေမဲ့ ကောက်ကျစ်တဲ့သူ့အဖေရဲချုပ်ရွှေသန်းနဲ့ သူကိုယ်တိုင်ရဲ့လုပ်ရပ်မှားတွေကြောင့် သူ့ညီကိုထောင်ကအပြီးလွတ်အောင်တော့မလုပ်နိုင်ခဲ့ဘူး။ (လူသိပ်မသိပဲ) သူ့ညီဟာထောင်နှစ်ရှည်ကျပြီး အင်းစိန်ထောင်ထဲမှာပဲသေသွားခဲ့တယ်။
– ဗိုလ်မှုးရဲထွတ်က သူပေါ့ဆတဲ့သေနတ်ကိုသူ့သေနတ်မဟုတ်ပဲ သူ့ညီမယောကျာင်္း (ယောက်ဖစစ်ဗိုလ်ရဲ့)သေနတ်လိုလိုဘာလိုလိုလုပ်တယ်တဲ့။ သူအဖေရဲချုပ်ဟောင်းရဲ့အကြံလဲပါမှာပေါ့။ဒါပေမဲ့ ယောက်ဖစစ်ဗိုလ်ရဲ့အဖေကလဲ လေချုပ်ကြီးဖြစ်နေတော့သူတို့လဲကိုယ်ရှုးကိုယ်ပတ်ရော။
– စစ်တပ်မှာ ဒီလိုပြဿနာနဲ့ဆို ရာထူးတိုးဖို့ဆိုတာအလှမ်းမမြင်တော့ပါဘူး။ အဲဒီမှာ သူ့ကိုကယ်တင်ပေးမဲ့ဆရာတဆူထပ်ပေါ်ပါတယ်။ ဗိုလ်ချုပ်ကြီးသူရရွှေမန်းပါ။
– အစိုးရဌါနပေါင်းစုံနေရာတွေမှာ သူ့လူတွေထိုးထည့်ပြီးအင်အားကြိတ်စုနေတဲ့သူရရွှေမန်းက တပ်ကပြုတ်လုဆဲဆဲဖြစ်နေတဲ့ ဦိးရဲထွတ်ကို ပြန်ကြားဝန်ကြီးဗိုလ်ချုပ်ကျော်ဆန်းအောက်မှာ ဒုညွှန်မှုးအနေနဲ့မိုးကျရွှေကိုယ်လုပ်ခိုင်းလိုက်ပါတယ်။
– ဦးရဲထွတ်ဟာကျေးဇူးရှိဘူးတဲ့ သူရရွှေမန်းကိုလဲမချန်ပါဘူး။ သမတဦးသိန်းစိန်လက်ထက် သူဝန်ကြီးအဆင့်အထိကြီးပွါးလာချိန်မှာ လွှတ်တော်ဥက္ကဌသူရရွှေမန်းကိုအပြင်းထန်ဆုံးထိုးနှက်ခဲ့သူဖြစ်လာပါတယ်။ သူ့ရဲ့စာအုပ်ထဲမှာလဲ သူရရွှေမန်းကို အလွန်အကျုးအပုတ်ချရေးသားခဲ့တယ်လို့သိရပါတယ်။
– အခုလိုဒီအကြောင်းတွေနောက်ကြောင်းပြန်ပြောပြရတာကတော့ လက်ရှိမှာ ဦးရဲထွတ်ဟာ ဘာကြောင့် လူထုဘက်ကလိုလိုဘာလိုလိုလုပ်နေရသလဲဆိုတာသိသာအောင်ပါ။
– အဓိကကတော့ ရခိုင်အရေး/ရိုဟင်ဂျာအရေးနဲ့ပါတ်သက်လို့ သူ့ရဲ့လုပ်ဆောင်ချက်တွေကိုဖုံးကွယ်ဘို့ဖြစ်တယ်လို့ကျမမြင်ပါတယ်။
– ၂၀၁၂ ခုနှစ် ရခိုင်အရေး (မသီတာထွေးအသတ်ခံရတဲ့အမှု)စဖြစ်စေခဲ့သူတွေထဲမှာ ဦးရဲထွတ်ဟာ အဓိကအခန်းကဏ္ဏကနေပါဝင်ခဲ့တယ်လို့ ကျမယူဆပါတယ်။
– အဲဒီအချိန်က ဦးရဲထွတ်ဟာ ပြန်ကြားရေးဝန်ကြီးဌါနရဲ့ ပြည်သူ့ဆက်ဆံရေး (ဝါဒဖြန့်ချီရေး)ဌါနရဲ ညွှန်ချုပ်ပါ။ ဒီဌါနရဲ့ညွှန်ကြားမှု့နဲ့ အဲ့ဒီအချိန်ကအစိုးရသတင်းစာတွေမှာရော ပုဂ္ဂလိကဂျာနယ်တွေမှာပါ ရခိုင်အမျိုးသမီးငယ် မသီတာထွေးကိုအဓမ္မကျင့်သတ်ဖြတ်ခဲ့သူတွေဟာ မူဆလင်လူငယ်တွေဖြစ်တယ်ဆိုတာအပ်ကြောင်းထပ်ဖေါ်ပြခဲ့ပါတယ်။ အမှု့အကြောင်းအရာနဲ့တရားခံတွေကိုဖေါ်ပြရာမှာ ပုံမှန်အတိုင်း တရားခံတင်လှ (ဘ-ဦးတင်ထွန်း) ဆိုတာမျိုးတောင်မဟုတ်ပဲ တရားခံတင်လှ (မူဆလင်) လို့ဗျောင်ကျကျကြီးဖေါ်ပြစေပြီး မြန်မာ-မူဆလင်ဘာသာရေးပြဿနာကိုလှုံ့ဆော်ခဲ့တာပါ။ အခုလို လက်ကိုင်ဖုန်းတွေကင်မရာတွေဖေါဖေါသီသီရှိမနေတဲ့ကာလမှာ ရင်ခွဲရုံထဲကမသီတာထွေးရဲပိုးစိုးပက်စက်ပုံတွေကိုပါ အပြင်ကိုဖြန့်ပြီး လူထုကိုသွေးဆူအောင်လုပ်ခဲ့ပါတယ်။(ဒီပုံတွေက ပြန်ကြားရေးကထွက်တာလို့ ကျမအကိုကပြောပါတယ်)
တောင်ကုပ်မှာ မူဆလင်ဘုရားဖူးတွေကို ကားပေါ်ကဆွဲချပြီးရိုက်သတ်ခဲ့ကြတာတွေ မိတ္ထီလာအရေးအခင်းစတာတွေဖြစ်စေခဲ့ပြီး ရခိုင်ပြည်ကမူဆလင်တွေ/ရိုဟင်ဂျာတွေကို တပြည်လုံးသည်းသည်းလှုပ်မုန်းတီးစေခဲ့တာ ဝန်ကြီးဦးကျော်ဆန်းလက်ထက် ပြည်သူ့ဆက်ဆံရေးညွှန်ချုပ် ဦးရဲထွတ်ရဲ့ ဝါဒဖြန်ချီရေးလုပ်ကွက်တွေဖြစ်ပါတယ်။
– နောက်ဆက်တွဲအနေနဲ့ အခု ရိုဟင်ဂျာအရေးမှာ ဒေါ်စုနဲ့စစ်တပ်ဟာ နိုင်ငံတကာရဲ့ပြစ်တင်စွဲချက်တွေအတင်ခံနေရပါပြီ။
– ဦးရဲထွတ်ကတော့ ဝန်ကြီးရာထူးပြုတ်ပြီးပြီးချင်း စကာင်္ပူတက္ကသိုလ်မှာ ISEAS Yusof Ishak Insititue လို့ခေါ်တဲ့ အစ္စလာမစ်အထောက်ပံ့ခံပညာသင်ဆုကြေးငွေအမြောက်အများနဲ့ ၂နှစ်ကြာသွားနေခဲ့ပါတယ်။ အဲဒီကာလသူရေးခဲ့တဲ့စာတမ်းတွေမှာ (သူကိုယ်တိုင်လုံးဝအသိအမှတ်မပြုပါဘူးလို့ ဝန်ကြီးဘဝကပြောခဲ့တဲ့) ရိုဟင်ဂျာတိုင်းရင်းသား/လူမျိုူး ဆိုတာတွေကို နာမည်ဖေါ်ပြီးမိုးမွှန်အောင်ရေးပေးခဲ့ပါသေးတယ်။ ငွေရယင်ဘာမဆိုလုပ်မယ်ဆိုတဲ့သဘာဝလား ကိုယ်လုပ်ထားတဲ့ပြစ်မှုတွေကိုဖုန်းကွယ်ချင်လို့ပဲလားတော့မသိပါဘူး။
– အခုတလောသူရေးနေတာတွေကိုကြည့်ရတာကတော့ “ထိုးချပြီးကိုယ်လွတ်ရုန်း”တဲ့သူလုပ်ကွက်ဟောင်းတွေပါပဲလို့ ကျမအကိုကြီးကပြောပါတယ်။
– အတွင်းသိသတင်းမှန်တွေမို့အရှိုက်ထိနိုင်ပါတယ်။ Hypocrisy ဖြစ်နေတာတွေဟာ သိပ်ပြီးမြင်လို့မကောင်းတော့တာမို့ရေးရတာပါ ဦးရဲထွတ်ရှင့်။
မင်းမင်းအောင်

U Nyi Nyi Credit :Tetnay Tun

ဂီတမှာ ဂစ်တာ တလက်တည်းနဲ့လည်း သံစဉ်ဖြစ်တယ်၊

အဆိုကောင်းသူတစ်ယောက်တည်းနဲ့လည်း သီချင်းဖြစ်တယ်၊

ဒါပေမယ့် သြကတ္စြာ (Orchestra) သံစုံတီးဝိုင်းဆိုတာရှိတယ်။

ဒီနေရာမှာ တီးဝိုင်းခေါင်းဆရာ လက်ထဲမှာ ဘာတူရိယာ၊ ဘာအသံမှ မရှိဘူး၊ တုတ်ကလေးကိုပဲ ဟိုရမ်းဒီရမ်းပေါ့၊ ပြီးတော့

တြွိုင်းဂင်း တီးတဲ့လူကလဲ အမြဲတီးနေတာမဟုတ်ဘူး သူ့နေရာ သူ့အချိန်ရောက်ရင် တောင်တောင်တောင် ခေါက်လိုက် – ပြီးပြီ၊ ပြီးတော့

အခြားတူရိယာ တီးခတ်သူကလည်း အဲ့လိုပဲ သူ့အချိန်သူ့နေရာမှာ သူအလုပ်ရမယ့်ဟာလေး သူလုပ်လိုက် ပြီးပြီး၊

အားလုံးပေါင်းစပ် လိုက်တဲ့ အခါ ခမ်းနားတဲ့ ဂီတအနုပညာကို သြကတ္စြာတွေက ဖန်တီးနိုင်တယ်။

ဂျီနိုဆိုက်ဆိုတာလဲ အဲ့လိုပဲ

လူအများစုကြီးက သူတို့ ပစ်မှတ်ထားတဲ့ အုပ်စုကို လူမျိုးတုံးအောင်လုပ်ဖို့ သူနေရာနဲ့သူ

စာတိုပေစ ရေးတဲ့လူက ရေးတယ်၊

လူရှေ့သူရှေ့ ထွက်ပြီး စကားပြောတဲ့လူက ပြောတယ်၊

ဇာတ်လမ်းတွေ ရေးတဲ့လူက ရေးတယ်၊

သွားတီးတဲ့လူက တီးတယ်၊

မမြင်ချင်ယောင်ဆောင်တဲ့သူက မမြင်ချင်ယောင် ဆောင်တယ်၊

မကြားချင်ယောင် ဆောင်ရမယ့်လူက မကြားချင်ယောင်ဆောင်တယ်၊ လက်ခုပ်တီးရမယ့် လူကတီးတယ်…

သို့သော်… အားလုံးကို ပေါင်းစပ်လိုက်တဲ့အခါ…… ကမ္ဘာ့အဆိုးရွားဆုံး ရာဇဝတ်မှုတွေထဲက တစ်ခု ဖြစ်လာတယ်။

U Aung Tin

နိုင်ငံရေးက ကြောက်စရာကောင်းတယ်။

အမေရိကန်နိုင်ငံရဲ့ နိုင်ငံတော်အဆင့် အဆင့်သုံးမှာရှိနေတဲ့ နန်စီပလိုစီရဲ့ ယောက်ျား ပေါပလိုစီ(၈၂)နှစ်ကို အစွန်းရောက် အမေရိကန်တစ်ယောက်က အိမ်ဖောက်ဝင်ပြီး နန်စီကို မတွေ့တာနဲ့ ပေါကိုသတ်ဖို့ လုပ်ခဲ့တယ်။ အဖိုးကြီးပေါရဲ့ခေါင်းကို တူနဲ့ထုခဲ့တာပါ။

အဲဒီသတင်းကို အီလွန်မတ်စ်၊ ဒေါ်နယ်ထရမ့်၊ သူ့သားနဲ့ အခြားလက်ျာစွန်းရောက်သူတွေက “ အဖိုးကြီး ပေါပလိုစီနဲ့ လူသတ်သမားဟာ လိင်တူချင်း ချစ်သူတွေဖြစ်ကြပြီး အချင်းများရာက အခုလိုဖြစ်ရတာမျိုး”ဖြစ်ဟန် ပို့စ်တွေတင်ကြတယ်။ နိုင်ငံရေးသတ်ကြခြင်း ဖြစ်တယ်။

(ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး တက်စ်လာကား ကုမ္ပဏီပိုင်ရှင် အီလွန်မတ်စ်ကတော့ သူ့ပို့စ်ကို ပြန်ဖျက်ချခဲ့ပေမယ့် သူတင်ခဲ့တဲ့သတင်းက လူသန်းပေါင်းများစွာဆီ ရောက်ခဲ့ပြီ။)

အဲဒါကြောင့် သတင်းဆိုတိုင်း၊ လိုင်းပေါ်တင်တိုင်း မယုံကြနဲ့။ အသိနဲ့ ဆန်းစစ်ကြပါ။ Misinformation, Disinformation သတင်းမှား၊ သတင်းတုတွေက အနောက်နိုင်ငံတွေမှာတောင် များလွန်းနေတဲ့အတွက် မြန်မာနိုင်ငံလို နိုင်ငံမျိုးအတွက်က ပိုဆိုးကြပါတယ်။

CNNလင့်

https://www.cnn.com/…/paul-pelosi-attack/index.html…


%d bloggers like this: