Qing Minya ( ( ရှင်မင်းယာ/ရှင်မင်းယာ) and her handler Racist Military lapdog James MMT or Voice of James or Maung Maung Thant
-
Myanmar military Cyber-troopers every were especially in Malaysia
- မြန်မာပြည်နဲ့ မြန်မာလူမျိုးတွေ တရုတ်ခြေဖ၀ါးအောက်ရောက်အောင် ကျူးကျော်စစ် ၃ ကြိမ်ဆင်နွှဲခဲ့တဲ့ Qing ဆိုတဲ့ တရုတ်ဘုရင် ရဲ့ နာမည်ကို ဂုဏ်ယူ စွာနဲ့ အသုံးပြုနေတဲ့ သူ Qing Minya တစ်ယောက်
- Qing Minya (ရှင်မင်းယာ) သည် လူမျိုးရေး မုန်းတီးမှုများ ပေါ်ပေါက်လာစေရန်၊ ဘာသာရေး အဓိကရုဏ်းများ ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် မမှန်ကန်သော သတင်းစကားများကို ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖြန့်ဝေခြင်းဖြစ်၍ ဆိုင်ဘာရာဇ၀တ်မှုမြောက်
- လူမှုရေးအရှုတ်အရှင်းများ နဲ့ ငွေကြေးအရှုတ်အရှင်းများဖြင့် ရှုတ်ထွေးနေခဲ့သည့် အဆိုပါ Qing Minya ( ရှင်မင်းယာ )
- အလှူငွေလိမ်လည်မှုများဖြင့် သတင်းကြီးနေသူ Qing Minya ( ရှင်မင်းယာ)
- ရှင်မင်းယာ ရန်ကုန်မှာတဲ့၊ နာမည်အရင်း မြမြခင်တဲ့
- I hereby request Myanmar Embassy Workers’ Affair Officer U Soe Win to advise his subordinate Qing Minya to stop Anti-Islam activities in this Muslim dominant country, Malaysia
- မဝေမာလင်းသတင်းနှင့်ပါတ်သက်၍ မဟုတ်မမှန်စွာ လုပ်ကြံလာသူ Qing Minya (ရှင်မင်းယာ)
- Giving legal warning to Qing Minya @ Mote Kywal Thae @ Natalie Tan @ Kym Kkym
- Once more, Ko Ye Yint Thissar. Kick the bitch Minya Khin’s ass again after kicking her snout
- အမျိုးသားရေး-ခေါင်းစဉ်နဲ့ ငွေရှာစားသူ ရှင်မင်းယာ
She is one of the Military Cybertroopers or Sit Khwes led by Mhu Zaw and Ye Htut. As their group is now nick-named Seik Phwars, I here by share my friend Dr. Than Htut Aung’s EMG article… မကြာမီ ကြုံတွေ့ရတော့မယ့် ဆိတ်ဖွား လက်သစ်များ
One of her handler is Racist Military lapdog James MMT or Voice of James or Maung Maung Thant
Read about him here @ https://drkokogyi9.wordpress.com/2017/04/15/racist-military-lapdog-james-mmt-or-voice-of-james-or-maung-maung-thant-exposed-at-singapore/
Racist Military lapdog James MMT or Voice of James or Maung Maung Thant exposed
ကြိုးစားတဲ့ လူငယ်တွေကိုတွေ့ရင် အမြဲဝမ်းသာပါတယ်။ မတူတာတွေလညိးရှိမှာပါ။ အပြန်အလှန်နားလည်အောင်ကြိုးစားကြည့်ဘို့ပါ။
ကျနော်တို့လူ့အဖွဲ့မှာ သူ့ဘက်-ကိုယ့်ဘက် , us and them လိုတာထက်များနေသလား , လျော့လို့ရမလားလို့လည်းတွေးမိ။
ကိုမောင်မောင်သန့်နဲ့ အကြောင်းအရာတချို့ကို ပြောဖြစ်ပါတယ်။
June 28, 2014 at 4:45 pm |
Qing က ချင်းဆိုတဲ့အသံနဲ့ ပိုနီးစပ်တယ်။
May 5, 2019 at 5:41 am |
Eleven Journal ခေတ်သစ် ငရဲခွေးကြီး လွတ်နေပြီ ဆောင်းပါးမှ—-
1. လူတစ်ဦးတစ်ယောက်(သို့မဟုတ်) လူတစ်စုတစ်ဖွဲ့က လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံကို သွေးချောင်းစီးစေမယ့် အခြေအနေကို တွန်းပို့နေပါတယ်။ ဒီလူတွေမှာ အာဏာရှင်စနစ်ကို ပြန်လည် အသက်သွင်းလိုတဲ့ စိတ်ဓာတ်တွေ ပြည့်နှက်နေပြီး သူတို့ရဲ့ လုပ်နည်းလုပ်ဟန်တွေက ယခင်စစ်အစိုးရ အုပ်ချုပ်ယန္တရား လည်ပတ်ခဲ့စဉ်က ကျင့်သုံးခဲ့တဲ့ လုပ်နည်းလုပ်ငန်းတွေနဲ့ တူညီနေပါတယ်။
2. ဒေါက်တာဆိတ်ဖွား ရေးသားချက်ကို ဖော်ထုတ်ရေးအတွက် လွှတ်တော်က ဖွဲ့စည်းထားတဲ့ စုံစမ်းရေး ကော်မရှင်က ခေါ်ယူမေးမြန်းခံရတဲ့ လူတွေထဲမှာ ကျွန်တော်လည်း ပါပါတယ်။ နေပြည်တော်မှာ သွားရောက် စစ်ဆေးခံခဲ့ပါတယ်။ ရက်ရှည်လများ အချိန်ယူ စုဆောင်းပြီး ကျွန်တော် သိရှိထားတဲ့ အချက်အလက်တွေကို စုံစမ်းရေး ကော်မရှင်ကို ပြောခဲ့ပါတယ်။ ဒီအချိန်တည်းက ဒေါက်တာဆိတ်ဖွားဟာ တစ်ဦးထက်မက ဖြစ်တယ်ဆိုတာကို ပြောဆိုခဲ့ပြီးသားပါ။ ဒေါက်တာဆိတ်ဖွားရဲ့ နောက်ကွယ်မှာ စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခု ခိုင်ခိုင်မာမာနဲ့ ရှိနိုင်တဲ့ အချက်တွေကိုလည်း ပြောခဲ့ပါတယ်။
3. အာဏာရှင်စနစ်ကို ပြန်လည် အသက်သွင်းလိုသူ ၀ါဒဖြန့်ချိရေး သမားတွေရဲ့ လုပ်နည်း လုပ်ဟန်က လူမှုကွန်ရက် စာမျက်နှာတွေမှာ သူတို့ရဲ့ အဖွဲ့ဝင်တွေ အင်အားကောင်းလာအောင် ပထမဆုံး လုပ်ဆောင်ပါတယ်။ ဒုတိယဆင့်အနေနဲ့ သူတို့ရေးသားမှုတွေအောက်မှာ ဘယ်သူမဆို ၀င်ရောက် မှတ်ချက် ပေးနိုင်အောင် လုပ်ပါတယ်။ တတိယဆင့်မှာတော့ သူတို့ရေးသားမှုကို သူတို့ရဲ့ အဖွဲ့ဝင်တွေ ၀င်ရောက် မှတ်ချက်ရေးစေပြီး ထောက်ခံမှု ရေးသားစေပါတယ်။ ဒီနောက်မှာ တစ်ဆင့် ဖြန့်ဖြူးကြတာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့သူတို့ရဲ့ ၀ါဒ ဖြန့်ချိ သွေးထိုးမှုတွေကို ကျယ်ပြန့်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။
4. ရခိုင်ပဋိပက္ခ မကျယ်ပြန့်ခင် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြခဲ့တဲ့ ”မွတ်စလင်ကုလား” ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းမှုတွေ မရှိသေးပါဘူး။ အစိုးရသတင်းစဉ် အနေနဲ့ ”မွတ်စလင်ကုလား” ဆိုတဲ့ အသုံးအနှုန်းကို အထက်လူကြီးရဲ့ အမိန့်မရဘဲ ထည့်ခွင့် မရှိဘူးဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိနေပါတယ်။ ဒီနောက်ကွယ်မှာ ဘယ်သူက အမိန့်ပေး စေခိုင်းသလဲ ဆိုတာကို ထုတ်ဖော်ပြောဆိုတာလည်း မရှိသေးပါဘူး။
5. အစိုးရက အရေးယူမလား ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ဆိတ်ဖွားနဲ့ စပ်ဆက်ပြီး ပေါ်ပေါက်လာတဲ့ လူထုမောင်ကာဠုနဲ့ သူ့နောက်မှာ ရှိနေသူတွေကိုလည်း ဖော်ထုတ်အရေးယူဖို့ လိုအပ်လာပါပြီ။ ဒီလို ဖော်ထုတ်အရေးယူမှလည်း ပြည်သူတွေအတွက် အမှန်တရားနဲ့ မတရားမှုတွေကို ခံစားခဲ့ရတဲ့ မြန်မာ မွတ်စလင်တွေအတွက် မျှတမှုပေးရာ ရောက်ပါတယ်။
6. အကယ်၍ လွှတ်တော်က အရေးမယူခဲ့ဘူး။
အစိုးရက အရေးမယူခဲ့ဘူးဆိုရင် တရားမျှတမှုကို လိုလားသူတွေက နိုင်ငံတကာကို ထုတ်ဖော်ပြောဆိုသွားမှာ ဖြစ်သလို International Criminal Court (ICC)၊ အခြားသော UN အဖွဲ့အစည်းတွေကို တိုင်ကြားပါလိမ့်မယ်။ နိုင်ငံတကာ တရားရုံးတွေ အနေနဲ့ Facebook အသုံးပြုသူရဲ့ IP၊ မေးလ်လိပ်စာတွေကို တောင်းဖို့ ၀န်လေးနေမှာ မဟုတ်ဘူးဆိုတာ လူထုမောင်ကာဠုသိဖို့ လိုပါတယ်။
May 5, 2019 at 5:57 am |
မကြာမီ ကြုံတွေ့ရတော့မယ့် ဆိတ်ဖွား လက်သစ်များ
01/13/2016 – 23:56
( ၁ )
“ လူတို့အား အဂတိလိုက်စား ဖောက်ပြားစေသည်မှာ အာဏာမဟုတ်၊ စိုးရိမ်ကြောက်ရွံ့ခြင်းပင် ဖြစ်ပါသည်။ အာဏာ လက်လွှတ်ရမည်ကို ကြောက်ရွံ့ခြင်းသည် အာဏာ လက်ကိုင်ထားသူတို့အား ဖောက်ပြန်စေပြီး အာဏာ၏ ဒဏ်ချက်ကို ကြောက်ရွံ့ခြင်းသည် အာဏာ လက်အောက်ခံတို့အား ဖောက်ပြားစေသည်။ မြန်မာအများစုသည် အဂတိတရားလေးပါးနှင့် အကျွမ်းတ၀င် ရှိကြပါသည်။ အလိုဆန္ဒကြောင့် ဖောက်ပြန်မှု (ဆန္ဒာဂတိ) ဟူသည်မှာ တံစိုးလက်ဆောင် လိုချင်၍လည်းကောင်း၊ မိမိချစ်ခင်သူများ အကျိုးအတွက် လည်းကောင်း၊ မှန်ကန်သော လမ်းကြောင်းမှ သွေဖည်သွားခြင်းပင် ဖြစ်ပါသည်။ မောဟာကတိ ဆိုသည်မှာ မသိနားမလည်မှုကြောင့် ဖောက်ပြန်သွားခြင်း ဖြစ်ပါသည်။ သို့သော်လည်း ဤဂတိလေးပါးထဲ တွင် အဆိုးရွားဆုံးမှာ ဘယာဂတိ ဖြစ်ဖွယ်ရာရှိပါသည်။
အကြောင်းမှာ ကြောက်ရွံ့မှု (ဘယာ) သည် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သည့် စွမ်းရည်အားလုံးကို နစ်မွန်းအောင်ပြု၍ တဖြည်းဖြည်း ပျက်စီးစေသည့်အပြင် အခြား အဂတိတရားသုံးပါး၏ မူလအရင်းအမြစ်လည်း ဖြစ်တတ်ပါသည်”
■ ဒေါ်အောင်ဆန်းစုကြည်
Freedom From Fear
(ဒေါက်တာအောင်ခင် တည်းဖြတ်သော မြန်မာ ဘာသာပြန်စာအုပ်မှ…)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး” ဆောင်းပါး ပါဝင်တဲ့ Freedom From Fear စာအုပ်ဟာ ၁၉၉၁ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ ကြောက်ရွံ့မှုကတစ်ဆင့် ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ထောက်ပြပြီး ကြောက်ရွံ့ခြင်းမှ ရုန်းထွက်နိုင်အောင် လမ်းပြခဲ့ပါတယ်။
၁၉၆၂ ခုနှစ်ကစလို့ စစ်အာဏာရှင်တွေအောက် ပြားပြားဝပ်ခဲ့ရတဲ့ မြန်မာတွေအဖို့ ကြောက်ရွံ့မှုကနေ လွတ်ကင်းခဲ့ရတယ် မရှိပါဘူး။
ကာလရှည်ကြာ ချိုးနှိမ်ခံထားရတဲ့ ဖိနှိပ်မှုကို တွန်းလှန်ဖို့အတွက် အကြောက်တရားကြီးစိုးနေတဲ့ လူ့ဘောင်မှာ အကြောက်တရားကို ပယ်နုတ်ပြီး အမှန်တရားအပေါ် ရပ်တည်ရင်း ရဲရဲဝံ့ဝံ့ ရပ်တည်လုပ်ကိုင်ခဲ့သူတွေရှိသလို “အမှောင်ထဲက ခဲပစ်ခြင်း”ကို လက်နက်တစ်ခုအဖြစ် အသုံးပြုသူတွေလည်း ရှိကြပါတယ်။ ခေတ်အဆက်ဆက် “အမှောင်ထဲက ခဲပစ်သူ”များစွာရှိခဲ့ပေမယ့် ၂၀၀၅ ခုနှစ်အလွန်ကစပြီး ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာ ပိုများလာပါတယ်။
အင်တာနက်အသုံးပြုမှု တွင်ကျယ်လာရာကစပြီး ၀က်ဘ်ဆိုက်စာမျက်နှာ၊ ဘလော့ခေတ်၊ အခုနောက်ဆုံး လူမှုကွန်ရက် (Facebook) စာမျက်နှာအသုံးပြုမှု ကျယ်ပြန့်လာတဲ့အထိ သူတို့ကိုယ်သူတို့ အုပ်စုဖွဲ့မဏ္ဍိုင်တစ်ရပ်အဖြစ် သတ်မှတ်ရင်း “အမှောင်ထဲက ခဲပစ်သူ” တွေ နေရာယူခဲ့ကြပါတယ်။
သူတို့ကို “ဆိတ်ဖွား”လို့ သတ်မှတ် ခေါ်ဝေါ်ခဲ့ပါတယ်။
May 5, 2019 at 5:58 am |
( ၂ )
သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီး ကျွန်တော်တို့ ပထမဆုံး ရင်ဆိုင်ခဲ့ရတာ “အမှောင်ထဲက ခဲပစ်သူ” တွေ ဖြစ်ပါတယ်။ သူတို့က အာဏာရှင် ၀ါဒဖြန့်ချိရေး ယန္တရားအဖြစ် နေရာယူခဲ့ကြတာပါ။ စနစ်တကျ စုဖွဲ့ထားပြီး အုပ်စုဖွဲ့ လှုပ်ရှားကြပါတယ်။ သူတို့ ဘယ်သူတွေဆိုတာ မသိရပါဘူး။ သူတို့ရေးတဲ့ စာတွေအတွက်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု မရှိကြပါဘူး။ သူတို့ရဲ့ရည်မှန်းချက်က အာဏာရှင်တွေကို ကာကွယ်ဖို့အတွက်ဖြစ်ပြီး ဒီလို ကာကွယ်ဖို့အတွက် သတင်းအမှား ဖြန့်ဖြူးတာ၊ သွေးထိုးလှုံ့ဆော်တာ၊ ပုဂ္ဂိုလ်ရေး အပုပ်ချ တိုက်ခိုက်တာတွေကို လက်မရွံ့ အာဏာပါးကွက်သားတွေအတိုင်း လုပ်ခဲ့ပါတယ်။
“အမှောင်ထဲက ခဲပစ်သူ”တွေဟာ သူတို့ကိုယ်သူတို့ ပြည်သူကို ကိုယ်စားပြုတဲ့ “ပဉ္စမ မဏ္ဍိုင်”အဖြစ် ပုံဖော်ခဲ့သလို သူတို့ အာဘော်ဟာ ပြည်သူ့အာဘော်၊ ပြည်သူတွေ ရဲ့ ပြောစကားဖြစ်တယ်လို့ ဖန်တီးယူ (ဖန်တီးယူရာ သူတို့ကိုယ်သူတို့ ယုံကြည်လာ) ခဲ့ပါတယ်။ အတုံ့အလှည့်အဖြစ် အာဏာရှင်တွေကလည်း ကာကွယ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ကို ပြည်သူတွေက ယုံကြည်မှု ကင်းမဲ့ခဲ့ပါတယ်။ ဒါဟာ အသံမထွက်ဘဲ ငြိမ်နေတဲ့ Voice of the Voiceless ပြည်သူတွေရဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ဖိနှိပ်သူ အာဏာရှင်တွေဘက်က “အမှောင်ထဲက ခဲပစ်သူ” တစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ဆိုသူကို ကျွန်တော်တို့ ဖော်ထုတ်ခဲ့ပါတယ်။ သူ့အပြင် သူ့နောက်ကွယ်မှာ စနစ်တကျ ဖွဲ့စည်းထားတဲ့ ယန္တရားကို ဖွင့်ချပါတယ်။
လွှတ်တော်မှာ စုံစမ်းစစ်ဆေးတဲ့အထိ ဖြစ်ခဲ့ပေမယ့် အတိအကျ ဖော်ထုတ်အရေးယူတာ မရှိခဲ့ပါဘူး။ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား အပါအ၀င် “အာဏာရှင်ဆိတ်ဖွား” တွေကို အာဏာရှင်တွေ အကာအကွယ်ပေးခဲ့ပါတယ်။ အရေးယူခြင်း မခံရတဲ့အတွက် အာဏာရှင်ဆိတ်ဖွားတွေ ခေါင်းထောင်လာတာ အခုချိန်ထိပါပဲ။
အဲဒီအချိန်က ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်ရဲ့ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ဖွင့်ဆိုချက်နဲ့ သတိပေးချက်တွေကို ပြန်ကြည့်ရင် အချက်လေးချက်နဲ့ သက်ဆိုင်တာ တွေ့ရပါတယ်။
ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ဆိုသူဟာ (၁) ပုဂ္ဂိုလ်ရေး အပုပ်ချတိုက်ခိုက်သူ၊ (၂) အုပ်စုဖွဲ့ပြီး အမှောင်ထဲက ခဲပစ်တတ်သူ၊ (၃) အမှန်တရားကို ရင်ဆိုင်ရဲသူ မဟုတ်သလို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသူ၊ (၄) သတင်းလွတ်လပ်ခွင့် Freedom of Press ကို ချိုး ဖောက်သူ စတဲ့လေးချက်ကို အဓိက လုပ်ကိုင်သူ ဖြစ်ပါတယ်။
ဒီအချိန်နောက်ပိုင်း အဲဒီလေးချက်နဲ့ ကိုက်ညီတဲ့ ဘယ်သူကိုမဆို “ဆိတ်ဖွား”အဖြစ် သတ်မှတ်ခဲ့တာပါ။ အာဏာရှင်ဝါဒဖြန့်ချိရး ယန္တရားက ဆိတ်ဖွားတွေကို “အာဏာရှင် ဆိတ်ဖွား”တွေလို့ ခေါ်ခဲ့သလို ကျန်တဲ့အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်ကိုမဆို ကိုယ်စားပြုပါစေ။ အဲဒီလူဟာ “အမှောင်ထဲက ခဲပစ်သူ”ဖြစ်ပြီး ဖော်ပြပါလေးချက်နဲ့ ကိုက်ညီရင် “ဆိတ်ဖွား”လို့ သတ်မှတ်ရမှာပါပဲ။
၂၀၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲ အပြီးမှာ အာဏာရှင်ဆိတ်ဖွားတွေ ခဏငြိမ်သွားပေမယ့် ဆက်ရှိခဲ့ပါတယ်။ အာဏာရှင်ဆိတ်ဖွားတွေရဲ့ ထိပ်တန်း ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Myanmar Express ဆိုရင် ၀က်ဘ်ဆိုက်ကို ဖြုတ်ချခဲ့ပေမယ့် Facebook မှာ ဆက်ရှိနေပြီး ၀ါဒဖြန့်ချိရေးတွေ လုပ်နေတုန်းပါပဲ။ သူနဲ့အတူ ပြည်သူ့အာဏာလည်း ၀ါဒဖြန့်ချိရေးတွေ ဆက်လုပ်နေပါတယ်။
အာဏာရှင် ဆိတ်ဖွားတွေနဲ့ မူလလက်ဟောင်း ဆိတ်ဖွားအုပ်စုတွေ ဆက်ရှိနေတုန်းမှာ နောက်ထပ် ဆိတ်ဖွားလက်သစ်တွေကို ထပ်မရချင်တော့ပါဘူး။
ဒါပေမဲ့ သူတို့ကိုယ်သူတို့ NLD ၀န်းရံ သူများဆိုပြီး အာဏာရှင်ဆိတ်ဖွားတွေရဲ့ ပုံစံအတိုင်း ပြုမူသူတွေ ရှိလာပါတယ်။
သူတို့ဟာ မကြာခင်မှာ ရင်ဆိုင်ရတော့မယ့် ဆိတ်ဖွားလက်သစ်တွေ ဖြစ်ပါတယ်။ တစ်ချိန်တုန်းကတော့ သူတို့ဟာ အာဏာရှင်စနစ်နဲ့ “အာဏာရှင်ဆိတ်ဖွား”တွေကို တွန်းလှန်ဖို့ ကြိုးစားခဲ့သူတွေ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ သူတို့ဟာ “အာဏာရှင် ဆိတ်ဖွား”တွေအတိုင်း ဖြစ်လာပြီး အမှောင်ထဲက ခဲပစ်၊ ပုဂ္ဂိုလ်ရေး အပုပ်ချတာတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ လုပ်ဆောင်လာကြပါတယ်။ အဆိုးဆုံးက Freedom of Press (သတင်းလွတ်လပ်ခွင့်) ကိုပါ တိုက်ခိုက်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။
သတင်းလွတ်လပ်ခွင့်ကို တိုက်ခိုက်ခြင်းဟာ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့် Right to Know ကိုပါ ချိုးနှိမ်ဖို့ ခြေလှမ်းပြင်လိုက်တာ ဖြစ်ပါတယ်။
ဒါကို လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။
May 5, 2019 at 5:58 am |
( ၃ )
NLD ၀န်းရံသူတွေလို့ သူတို့ကိုယ်သူတို့ ဖွင့်ဆိုထားပြီး ဆိတ်ဖွားလက်သစ် ဖြစ်လာနိုင်သူတွေရဲ့ခြေလှမ်းပျက်မှုကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ သိသိသာသာ တွေ့လာရပါတယ်။
လွတ်လပ်တဲ့အာရှအသံ (RFA) သတင်းဌာနက NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်နဲ့ အင်တာဗျူးကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၅ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ NLD သမ္မတလောင်းနဲ့ အစိုးရအဖွဲ့စာရင်း ထုတ်ပြန်ကြေညာရေး အစီအစဉ်ကို မေးခဲ့တာပါ။ သတင်းသမားက သူ့အလုပ်သူ လုပ်ခဲ့တာပါပဲ။ အစိုးရသစ်ဖွဲ့ဖို့ လပိုင်းသာ လိုတော့တဲ့ အနိုင်ရပါတီတစ်ခုရဲ့ လှုပ်ရှားမှုကို ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့် (Right to Know) ကို အခြေခံပြီး မေးခဲ့တာပါ။ သတင်းသမားရဲ့ မေးမြန်းမှု လွန်ကျူးတယ်လို့ မခံစားရသလို ဘေးထွက်ဆိုးကျိုးများတဲ့ ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေချိန်မှာ အတိအကျသိရဖို့ မေးမြန်းတယ်ပဲ ယူဆပါတယ်။
သတင်းသမားရဲ့မေးမြန်းမှုကို မေးမြန်းခံရသူက ဖြေဆိုခြင်းမပြုဘဲ ငြင်းပယ်လို့ရပါတယ်။ မေးမြန်းမှုကို ဖြေကြားရာက မလိုလားအပ်တဲ့ ဒေါသသင့်စကား ပါသွားခဲ့ရင်လည်း ဒါကို ထုတ်လွှင့်ဖော်ပြခြင်း မလုပ်ဖို့ တားဆီးပိုင်ခွင့် ရှိပါတယ်။ (ဒီဖြစ်စဉ် မတိုင်ခင်တုန်း က သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကို ဒေါ်အောင်ဆန်းစုကြည်က ၀န်ကြီးနေရာ ကမ်းလှမ်းတယ်ဆိုတဲ့ သတင်းထွက်ပါတယ်။ ဒီသတင်း မှန်ကန်ခြင်း ရှိ၊ မရှိအတွက် ဦးဝင်းထိန်ကို ကျွန်တော်ကိုယ်တိုင်ပဲ ဖုန်းဆက်မေးခဲ့ပါတယ်။ အဲဒါတွေက “ေ-ာက်ရူး စကား”၊ “ချွန်တွန်းလုပ်ခြင်း”လို့ ပြန်ဖြေပါတယ်။ ဒါဟာ ပါတီတစ်ခုရဲ့ ထိပ်တန်း တာဝန်ရှိသူတစ်ဦး ပြောဆိုသင့်တဲ့စကား မဟုတ်ပါဘူး။ သူ့အဖြေက ဒီတစ်မျိုးတည်း ဖြစ်နေတဲ့အတွက် ဒါကိုဖော်ပြဖို့ စဉ်းစားရပါတယ်။ သတင်းကို ဖော်ပြရမှာ ဖြစ်သလို ဦးဝင်းထိန်ရဲ့ ပြောစကားကိုလည်း ထည့်ရမှာဖြစ်တဲ့အတွက် နောက်တစ်ကြိမ် ဖုန်းပြန်ဆက်ပြီး ဖော်ပြလို့ ဖြစ်မလားလို့ အတည်ပြုပါတယ်။ သူကိုယ်တိုင် လိုလိုလားလား ခွင့်ပြုပါတယ်။ “ေ-ာက်ရူးစကား” နေရာမှာ “အရူးစကား” သုံးဖို့ ပြင်ပါတယ်။ ဒါက ဦးဝင်းထိန်နဲ့ ပတ်သက်ပြီး လတ်တလော ကျွန်တော်ကြုံတွေ့ခဲ့ရတာပါ)
ပြောချင်တာက ဦးဝင်းထိန်ရဲ့ မဆင်မခြင် စကားပြောဆိုမှုတွေဟာ အခုမှ ဖြစ်နေတာ မဟုတ်ပါဘူး။ ကာလတစ်လျှောက်လုံး ဖြစ်ခဲ့သလို သတင်းသမားအများစုလည်း ကြုံခဲ့ရပြီးပါပြီ။ သည်းခံပြီး ထုတ်လွှင့်ဖော်ပြသင့်တာကို ဖော်ပြ၊ မဖော်ပြဘဲ ဖျက်လိုက်တာတွေလည်း ရှိခဲ့ပါတယ်။ သတင်းထောက်တွေ မေးခွန်းမေးပြီးချိန်မှာ ဖုန်းမပိတ်ဘဲ မပြောသင့်တာတွေ ပြောခဲ့တာလည်း အကြိမ်ကြိမ်ရှိခဲ့ပါပြီ။ ဒီအချိန်မှာလည်း သူ့အလုပ် သူလုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်ဆိုတဲ့ စိတ်နဲ့ ကျော်ဖြတ်ခဲ့ကြတာတွေ ရှိပါတယ်။ အများစုက ဦးဝင်းထိန်နဲ့ သတင်းသမားတွေပဲ သိတဲ့ နောက်ကွယ်က ကိစ္စတွေအဖြစ် ကျန်ခဲ့ပါတယ်။
ဒါဟာ ဦးဝင်းထိန်ရဲ့ အားနည်းချက် ဖြစ်တယ်ဆိုရင် ဒီအားနည်းချက်ဟာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးရဲ့ အင်္ဂါရပ်နဲ့ မညီပါဘူး။ မူပိုင်းဆိုင်ရာအရ ဒီလိုပဲ ပြောရမှာဖြစ်ပါတယ်။ ဒီလိုပြောခြင်းကလည်း NLD ပါတီကို ဖြစ်စေ၊ ဦးဝင်းထိန်ကို ဖြစ်စေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ မဟုတ်ဘဲ ပြောရေးဆိုခွင့်ရှိသူ အရည်အချင်းနဲ့ ကိုက်ညီသူ NLD မှာ လိုအပ်နေပြီဆိုတာ ထောက်ပြခြင်း ဖြစ်ပါတယ်။
ဒီလိုထောက်ပြမှုဟာ ဦးဝင်းထိန်နဲ့ RFA အင်တာဗျူး ထွက်လာပြီးမှာ ပိုဖြစ်ခဲ့ပါတယ်။ RFA အင်တာဗျူးမှာတော့ ဦးဝင်းထိန်ရဲ့ ဖြေကြားချက်တွေဟာ မူပိုင်းဆိုင်ရာအရရော၊ ပါတီတစ်ခုရဲ့ ထိပ်တန်း တာဝန်ရှိသူအနေနဲ့ရော လုံးဝလွဲချော်ပါတယ်။ ဒီအင်တာဗျူးကို RFA က ထုတ်လွှင့်ပြီး ပြည်သူ့ရှေ့ရောက်ခဲ့တာ ဖြစ်တဲ့အတွက် မလွဲမသွေ ထောက်ပြရမယ့်က္စိ ဖြစ်ခဲ့တာပါ။
ဒီအင်တာဗျူးကို RFA က မထုတ်လွှင့်သင့်ဘူးဆိုတဲ့ အမြင်ကို လက်မခံပါဘူး။ မထုတ်လွှင့်စေချင်ရင် မေးခွန်းဖြေဆိုသူက မဖြေဖို့ပဲ ဖြစ်ပါတယ်။ သတင်းသမားက မေးမှာပါပဲ။ သတင်းမေးပြီး ဆိုကတည်းက ထုတ်လွှင့်ဖော်ပြဖို့ဆိုတာကို မေးခွန်းဖြေဆိုသူက သိထားရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီလိုဖြေဆိုခြင်းဟာ သတင်းဌာနကိုတင်မကဘဲ ပြည်သူကိုပါ ပြောခြင်းဖြစ်တယ်ဆိုတာ သိထားရပါမယ်။ အကယ်၍ ဦးဝင်းထိန်က ထုတ်လွှင့်ဖော်ပြခြင်း မပြုဖို့ တားမြစ်ခဲ့တာကို ထုတ်လွှင့်ဖော်ပြခဲ့တယ်ဆိုရင် သတင်းသမားက ကျင့်ဝတ်ဖောက်ဖျက်တာ ဖြစ်ပါတယ်။
နောက်တစ်ချက်က အင်တာဗျူးမှာ ဦးဝင်းထိန်က NLD တစ်ခုတည်းကို ပြောတာ မဟုတ်ဘဲ “သတင်းဌာနတွေ”ဆိုတဲ့ စကားကိုသုံးပြီး အားလုံးကို သိမ်းကျုံးပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ “မင်းတို့ RFA လို့ …” ပြောရင် သတင်းဌာနတစ်ခုတည်းကို ရည်ညွှန်းတာဖြစ်ပေမယ့် သတင်းဌာနတွေလို့ ပြောလိုက်တာဟာ မဆိုင်သူတွေကိုပါ ဆွဲချိတ်လိုက်တာပါ။
ဒါဟာ ဦးဝင်းထိန်ဘက်က မှားယွင်းတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မှားတဲ့အကြောင်းကို မှားတယ်လို့ မပြောခဲ့ပါဘူး။
ဇန်န၀ါရီ ၁၀ ရက်ထုတ် Messenger သတင်းဂျာနယ်မှာ ဝေဖန်မှုတွေအတွက် စေတနာမှန်တာကြောင့် စိတ်ဆိုးတာ၊ ထိခိုက်တာ မရှိဘူး၊ ဘာမှမဖြစ်ဘူး၊ အေးဆေးပဲလို့ ဦးဝင်းထိန်ပြောတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။
တကယ်ဆို စိတ်ဆိုးရမှာ၊ စိတ်ထိခိုက်ရမှာက ဦးဝင်းထိန် မဟုတ်ပါဘူး။ သတင်းဌာနတွေ ဖြစ်ပါတယ်။ ဦးဝင်းထိန်က သတင်းဌာနတွေကို ၀ါးလုံးရှည်နဲ့ ရမ်းပြောခဲ့တာပါ။ ဦးဝင်းထိန်ပြောတာ လွန်တယ်လို့ သတင်းဌာနတွေက ပြန်ဝေဖန်တာပါ။ စိတ်ဆိုးရမှာ ချင်းမတူပါဘူး။
ဒီအချိန်မှာပဲ NLD ၀န်းရံသူများလို့ သူတို့ကိုယ် သူတို့ သတ်မှတ်ထားတဲ့ ဆိတ်ဖွားလက်သစ်တွေက ဦးဝင်းထိန်နဲ့ NLD ကို ပြောရမလားဆိုပြီး အမှောင်ထဲက ခဲပစ်တာ၊ ပုဂ္ဂိလ်ရေး အပုပ်ချ တိုက်ခိုက်တာတွေနဲ့ စည်းလွတ်ဝါးလွတ် တုံ့ပြန်ခဲ့ပါတယ်။ ချက်ကျလက်ကျ ပြန်လည်ဝေဖန်သူတွေကို မဆိုလိုပါဘူး။ ပုဂ္ဂိုလ်ရေး အပုပ်ချတိုက်ခိုက်သူတချို့ကိုသာ ဆိုလိုပါတယ်။ ဦးဝင်းထိန် ကိုယ်တိုင်က သူရဲ့အမှားကို မှားတယ်ဆိုတာမပြောဘဲ ငြိမ်နေတဲ့အခါ ဆိတ်ဖွားလက်သစ် ဖြစ်လာနိုင်သူတွေရဲ့ ပြောဆိုမှုကို သူကိုယ်တိုင် ညွှန်ကြားသလို ဖြစ်နေပါတယ်။
အဆိုးဆုံးက လက်ရှိအစိုးရနဲ့ ငါတို့ အဆင်ပြေနေတယ်၊ မင်းတို့ သတင်းဌာနတွေ ပါးစပ်ပိတ်ထားကြလို့ ယူဆရနိုင်တဲ့ ဦးဝင်းထိန်ပြောစကားတွေကို ထောက်ခံပြီး သတင်းလွတ်လပ်ခွင့်နဲ့ ပြည်သူများရဲ့ သတင်းသိပိုင်ခွင့်ကိုပါ ဆိတ်ဖွားလက်သစ် ဖြစ်လာနိုင်သူတွေက တားဆီးခဲ့တာပါ။
ဒါ့အပြင် အရင်ခေတ်က အာဏာရှင် ဆိတ်ဖွားတွေ သုံးခဲ့တဲ့ နည်းလမ်းအတိုင်း အုပ်စုဖွဲ့ တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။ ဒီမတိုင်ခင်အချိန်ကလည်း NLD အပေါ် မူပိုင်းဆိုင်ရာ ဝေဖန်ထောက်ပြသူတွေကိုပါ လူမှုကွန်ရက် စာမျက်နှာတွေပေါ်က ဖယ်ရှားဖို့ အုပ်စုဖွဲ့လှုပ်ရှားခဲ့တာတွေ ရှိပါတယ်။ ဒါတွေဟာ ဒီမိုကရေစီလမ်းစဉ်နဲ့ ဆန့်ကျင်နေသလို အာဏာရှင်တွေရဲ့လက်သုံးနည်းပဲ ဖြစ်ပါတယ်။
ဒါမျိုးတွေကို သူတို့ မလုပ်ဘူးလို့ ငြင်းပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ပြောဆို၊ ပြုမူလုပ်ကိုင်နေတာတွေက သူတို့လုပ်ရပ်တွေကို ဖော်ညွှန်းနေပါတယ်။
May 5, 2019 at 5:58 am |
( ၄ )
အာဏာရှင်တွေရဲ့ အမူအကျင့်၊ ပြုမူလုပ်ဆောင်ပုံတွေကို မလိုချင်တော့တဲ့အတွက် ပြည်သူတွေက NLD ကို မဲပေးခဲ့ကြတာပါ။ NLD ပါတီရဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံ “ပြောင်းလဲချိန်တန်ပြီ” နောက်ကို လိုက်ခဲ့ကြတာပါ။ ဒါကို NLD ၀န်းရံသူတွေလို့ဆိုတဲ့ ဆိတ်ဖွားလက်သစ်တွေ သိဖို့လိုပါတယ်။ ကိုယ်တိုင်က “ပြောင်းလဲချိန်တန်ပြီ”လို့ ကြွေးကြော်ခဲ့တယ်။ ဒါပေမဲ့ အာဏာရှင်တွေရဲ့ အမူအကျင့်၊ ပြုမူပုံတွေအတိုင်း လိုက်လုပ်မယ်ဆိုရင် ဘာမှမထူးပါဘူး။ အတူတူပါပဲ။
ကျွန်တော်တို့လည်း ရွေးကောက်ပွဲကာလမှာ အရပ်သား အစိုးရတစ်ရပ် ပေါ်ပေါက်ဖို့အတွက် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်တယ်လို့ ယုံကြည်ရလောက်တဲ့ NLD ပါတီကို အားပေး ထောက်ခံခဲ့ပါတယ်။ ကူညီခဲ့ပါတယ်။ စာမျက်နှာပေါ်ကတင် ကူညီခဲ့တာမျိုး မဟုတ်ပါဘူး။ ဒါကို သိသူတွေလည်း ရှိပါမယ်။ မသိသူတွေလည်း ရှိပါမယ်။ ဒါက အရေးမကြီးပါဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းနိုင်မယ့် အရပ်သား အစိုးရ ပေါ်ပေါက်ဖို့ပဲ ဦးတည်ခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့အပေါ် လက်ရှိအစိုးရရော နိုင်ငံတကာ မီဒီယာတွေပါ အမြင်တစ်မျိုး ထားခဲ့ပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်မှာ ရိုက်တာ သတင်းဌာနရဲ့ ဘေဂျင်းဗျူရို သတင်းထောက် က Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်ကို လာတွေ့ပြီး မေးခွန်းမေးပါတယ်။ သူအဓိက မေးချင်တာက Eleven က NLD ဘက် ဘာလို့လိုက်သလဲ ဆိုတာပါ။
သူ့ ရည်ရွယ်ချက်က မီဒီယာတစ်ခု အနေနဲ့ အလယ်က မရပ်ဘဲ ဘာကြောင့် ဘက်လိုက်တာလဲလို့ ပြောချင်ပုံရပါတယ်။ ဒေါက်တာ သန်းထွဋ်အောင် ပြန်ဖြေခဲ့တာ က NLD ကို ဘက်လိုက်တာ မဟုတ်ဘူး။ ပြည်သူတွေအတွက် လိုအပ်တဲ့ အရပ်သား အစိုးရတစ်ရပ် ပေါ်ပေါက်ရေးအတွက် သတင်းမီဒီယာတစ်ခုအနေနဲ့ အားပေးတာလို့ ပြန်ဖြေပါတယ်။ ဒါကို မကျေနပ်နိုင်ဘဲ ဒီထက်ပြင်းထန်တဲ့ စွပ်စွဲချက် မေးခွန်းတွေနဲ့ ထပ်မေးပါတယ်။ ဒီအခါ ဒေါသထွက်စရာ မေးမြန်းမှုတွေ ပါလာတဲ့အတွက် ဆက်မမေးဖို့ ဒေါက်တာသန်းထွဋ်အောင်က တားမြစ်ခဲ့ပါတယ်။ နောက်ပြီး ဖြေကြားပြီးသမျှကိုလည်း ဖော်ပြခြင်းမပြုဖို့ ပြောခဲ့ပါတယ်။ ရိုက်တာကလည်း ဒါကို မဖော်ပြခဲ့ပါဘူး။
ပြောချင်တာကတော့ NLD ကို ကျွန်တော်တို့ အားပေးထောက်ခံ ကူညီခဲ့ခြင်းဟာ အရပ်သား အစိုးရတစ်ရပ် ဖြစ်ဖို့ပါပဲ။ ရွေးကောက်ပွဲမှာ NLD နိုင်ခဲ့ပါတယ်။ ဒီအတွက် ဘာအကျိုးကိုမှ မျှော်မှန်းခဲ့တာ မရှိပါဘူး။ ရွေးကောက်ပွဲပြီးလို့ နိုဝင်ဘာ ၁၀ ရက် မှာ CEO ဒေါက်တာသန်းထွဋ်အောင်က ကျွန်တော်တို့ အယ်ဒီတာတွေနဲ့ သတင်းထောက်တွေကို ခေါ်ပြီး စကားပြောပါတယ်။
“ရွေးကောက်ပွဲ ပြီးသွားပြီ။ NLD လည်း နိုင်သွားပြီ။ အရပ်သားအစိုးရဖွဲ့လို့ ရသွားပြီ။ NLD ကို ကူညီခဲ့တာဟာ ကိုယ့်အလုပ် ကိုယ်လုပ်တယ်ပဲ သဘောထား။ ကိုယ်တတ်နိုင်သရွေ့ ကူညီခဲ့တာ၊ အားပေးခဲ့တာတွေအတွက် ဘာတစ်ခုမှ စိတ်ထဲမထားနဲ့။ မေ့လိုက်တော့။ သူတို့ အစိုးရဖြစ်လာရင် အခုအစိုးရအပေါ် ငါတို့ထားခဲ့တဲ့ မူဝါဒအတိုင်း သတင်းသမား ပီပီသသနဲ့ ထောက်ပြစရာရှိတာ ထောက်ပြမယ်။ ဝေဖန်စရာရှိတာ ဝေဖန်မယ်။ ချီးကျူးစရာရှိတာ ချီးကျူးမယ်။ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ မမေ့ကြနဲ့”ဆိုပြီး သတိပေးခဲ့ပါတယ်။
ဦးဝင်းထိန်ရဲ့ အင်တာဗျူးကိစ္စကို အကြောင်းပြုပြီးဖြစ်လာတဲ့ ဝေဖန်မှုတွေနောက်မှာ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ သတင်းစာများအပေါ် မှတ်ချက်ပြောစကားကို အိုးဝေဦးညိုမြတို့လို သတင်းစာဆရာတွေ ပြန်ပြောခဲ့တာကို သတိရပါတယ်။ ဒီအကြောင်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၁ ရက် ထုတ် 7 Day သတင်းစာမှာ ဆောင်းပါးရှင် ဘစီရဲ့ “ဆိတ် ‘အ၀ှာ’ သတင်းစာဋီကာ” သရော်စာဆောင်းပါးမှာ အကျယ်တ၀င့် ပြန်ရေးထားပါတယ်။
May 5, 2019 at 5:59 am |
( ၅ )
ဗိုလ်ချုပ်အောင်ဆန်းက သတင်းစာတွေကို “ဆိတ်လစေ့” လို့ ခေါ်ချင်တယ်၊ တစ်သတ်မတ်တည်း နေကြ၊ ဖဆပလကို ထောက်ခံရင် အမြဲထောက်ခံ၊ ဆန့်ကျင်ရင် အမြဲဆန့်ကျင်၊ ဟိုလိုလို ဒီလိုလို မလုပ်နဲ့လို့ ပြောခဲ့တာပါ။
ဒါကို အိုးဝေ ဦးညိုမြက ပြန်ပြောတဲ့အခါမှာ “ ဆိတ်လစေ့ ဆိုသည်မှာ ဆိတ်၏ ကပ်ပယ်အိတ်ကို ခေါ်သည်။ ဆိတ်၏ ပေါင်နှစ်ခုကြားတွင် တွဲလောင်းရှိ၏။ အကြင်ဆိတ်သည် ဘယ်ညာလှမ်း၍ ဟိုမှ ဒီမှသွားလာ လှုပ်ရှားသည်ရှိသော် ဆိတ်လစေ့သည် ဟိုပေါင်ကပ် ဒီပေါင်ကပ် လုပ်တတ်သည့် သဘောရှိ၏။ … ဗိုလ်ချုပ်သည် ဆိတ်လစေ့နှင့် တူသော သတင်းစာများကို တစ်ဖက်သို့ ကပ်နေပါဆိုခြင်းသည် ကောင်းနိုင်ပါ၏လော။ တစ်ဖက်သတ်ရေးကြပါ။ မဇ္ဈိမ ပဋိပဒါ မနေကြပါနှင့်။ ချိန်ခွင်လျှာလို မကျင့်ကြပါနဲ့လို့ တိုက်တွန်းရာရောက်သဖြင့် သဘာဝသဘောတရားများ၊ နိယာမထုံးတမ်း ဥပဒေများကို ဖောက်ဖျက်ကြပါဟုဆိုရာ ရောက်နေ၏။ ဗိုလ်ချုပ်သည် ဆိတ်လစေ့ နှင့်တူသော သတင်းစာများကို အလိုမရှိလျှင် ဘာကိုလိုချင်သနည်း။ အလံရှူးသတင်းစာ၊ အလိုတော်ရိသတင်းစာ၊ ပြည့်တန်ဆာ သတင်းစာ၊ သာပေါင်းညာစား သတင်းစာ၊ ထောင်ထွက် သတင်းစာ၊ ဖာခေါင်း သတင်းစာများကို အလိုရှိသလော၊ အော်ဒါအတိုင်း ရနိုင်ပါ၏… ”လို့ ပြန်ပြောခဲ့ပါတယ်။
ဒီလို ပြန်ပြောတာကို ဗိုလ်ချုပ်အောင်ဆန်းက စိတ်မဆိုးပါဘူး။ သူ ဘာမှထပ် မပြောတော့ပါဘူး။ ဒီအတိုင်းပဲ ဖဆပလကို ထောက်ခံသူ၊ ၀န်းရံသူတွေလည်း စိတ်ဆိုးခဲ့ကြတာ၊ စည်းလွတ်ဝါးလွတ် ပြန်ပြောခဲ့ကြတာ မရှိပါဘူး။ နိုင်ငံရေးသမားဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းက သူ့အလုပ် သူလုပ်နေတယ်၊ သူထင်ရာကို သူပြောတယ်။ သတင်းစာဆရာဖြစ်တဲ့ အိုးဝေဦးညိုမြ တို့ကလည်း သတင်းစာရှုထောင့်ကနေ ပြန်ပြောတယ်။ သူ့အလုပ် သူလုပ်ခြင်းပါပဲ။ သတင်းစာသမားရဲ့ အလုပ်ကိုက သဘာဝမကျတာ၊ မှားနေတာတွေကို ဝေဖန်တာ၊ ထောက်ပြတာ ဖြစ်ပါတယ်။
ပြောမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ အိုးဝေဦးညိုမြဟာ သူငယ်ချင်းတွေပါ။ အိုးဝေဦးညိုမြက ဗိုလ်ချုပ်အောင်ဆန်းပြောတာကို လက်မခံလို့ ပြန်တဲ့အခါ ဗိုလ်ချုပ်က မင်းဆရာကြီး လာလုပ်မနေနဲ့၊ ငါတို့ အလုပ်များနေတယ်၊ တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမယ်လို့ အင်္ဂလိပ်က ကတိပေးထားတယ်၊ ဒီအတွက် ပြင်ဆင်ရတာတွေ၊ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက် ယူတာတွေ လုပ်နေရတယ်၊ မင်းတို့ကို ဘာမှမပြောချင်တော့ဘူး၊ ကျောင်းတုန်းက မင်း နာမည်မဖော်ဘဲရေးခဲ့တဲ့ (ငရဲခွေးကြီး လွတ်ပြေးနေသည်) ဆောင်းပါးကြောင့် ငါ ကျောင်းထုတ်ခံရတာ၊ ကိုကြီးနုတို့၊ ကိုရာရှစ်တို့ အသိဆုံးဆိုတဲ့ ပုံစံမျိုးတွေ မပြောခဲ့သလို အိုးဝေ ဦးညိုမြကလည်း ငါဘာသာပြန်တဲ့ အနိုင်မခံကဗျာ မင်းနာမည်နဲ့ နာမည်ကြီးသွားတာ ဘာပြောမလဲဆိုပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ ပြန်မလုပ်ခဲ့ပါဘူး။ သူတို့ကို ထောက်ခံသူတွေ၊ ၀န်းရံသူတွေပါ မပြောခဲ့တာပါ။
အင်္ဂလိပ်ကို တိုက်ထုတ်ဖို့ ကြိုးစားကြတာချင်း အတူတူ၊ လွတ်လပ်ရေးရဖို့ ကြိုးပမ်းကြတာချင်း အတူတူ သူတို့ ဒီလို မပြောခဲ့ကြတာက သူ့အလုပ်ဘာလဲ၊ ကိုယ့်အလုပ်ဘာလဲဆိုတဲ့ သဘောတရားကို နားလည်လို့ ဖြစ်ပါတယ်။
အခု ကျွန်တော်တို့နဲ့ ဖြစ်နေတဲ့ ကိစ္စမှာလည်း ဒီအတိုင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာသန်းထွဋ်အောင်အကြား ရင်းနှီးတဲ့ဆက်ဆံရေး ရှိတယ်။ ဦးဝင်းထိန်နဲ့ ဒေါက်တာသန်းထွဋ်အောင်အကြား လေးစားသမှုနဲ့ မိတ်ဆွေအဆင့် ဆက်ဆံရေးရှိပါတယ်။
ဦးဝင်းထိန်ကို ဝေဖန်ထောက်ပြခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာသန်းထွဋ်အောင်အကြား အခင်အမင် မပျက်သလို ဦးဝင်းထိန်နဲ့လည်း မဆက်ဆံစရာ အကြောင်းမရှိပါဘူး။ သူတို့ဘက်မှာလည်း ဒီလိုသဘောပဲ ရှိပါတယ်။ ဒါဟာ ကိုယ့်အလုပ်၊ သူ့အလုပ် သိခြင်းပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ NLD ၀န်းရံသူလို့ ပြောပြီး ဆိတ်ဖွားလက်သစ် ဖြစ်လာမယ့် သူတချို့က ဒီလိုမဟုတ်ခဲ့ပါဘူး။
NLD ၀န်းရံသူလို့ဆိုတဲ့ ဆိတ်ဖွားလက်သစ်တွေ ဆိုတာ NLD ကို ထောက်ခံသူ၊ ၀န်းရံသူ၊ ပါတီဝင်တွေ အားလုံးကို ပြောတာ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအပုပ်ချသူ တစ်ချို့ကိုသာ ဆိုလိုတာပါ။ ဘယ်သူ့ကိုမဆို ဝေဖန်လို့ ရပါတယ်။ ဝေဖန်ပိုင်ခွင့်ရှိပါတယ်။
အကြောင်းအရာအပေါ် ကျိုးကြောင်းဆီလျော်စွာနဲ့ ဝေဖန်မယ်ဆိုရင် လက်မခံနိုင်စရာ မရှိပါဘူး။ ဒါပေမဲ့ ဝေဖန်တာနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ မတူပါဘူး။ အခုဖြစ်နေတာက အကြောင်းအရာပေါ်မှာ အမြင်မတူတာကို ဝေဖန်တာမဟုတ်ဘဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာကို ပြောတာပါ။ အမှန် ၂၀ ရာခိုင်နှုန်းလောက်ကို အမှား ၈၀ ရာခိုင်နှုန်းနဲ့ရောပြီး အပုပ်ချ တိုက်ခိုက်မယ်။ အုပ်စုဖွဲ့ပြီး အမှောင်ထဲက ခဲပစ်မယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူး။ ဒီလိုလုပ်တဲ့သူတွေကိုတော့ ဆိတ်ဖွားလို့ ခေါ်ပါတယ်။ ဒီလို အခေါ်မခံချင်ရင် မလုပ်ရုံပါပဲ။ ကိုယ်မလုပ်ဘူးဆိုရင်လည်း ဘာမှနစ်နာစရာမရှိပါဘူး။
ဆိတ်ဖွားတွေရဲ့ လမ်းစဉ်အတိုင်း လုပ်တဲ့သူ အရေအတွက်ကလည်း သိပ်အများကြီး မရှိပါဘူး။ အဓိကလုပ်ကိုင်နေသူ ၁၅ ဦးထက် ပိုမရှိသလို သူတို့နဲ့ ပုလင်းတူဗူးဆို့ လုပ်နေသူ ၁၀၀၀ ၀န်းကျင်လောက်ပဲ ရှိပါတယ်။ သူတို့နဲ့ ပတ်သက်ပြီး အသေးစိတ် investigative လုပ်ပြီးတာနဲ့ ဘယ်သူ၊ ဘယ်ဝါ နေရပ်လိပ်စာကအစ ဖော်ထုတ်သွားပါမယ်။ သူတို့ရဲ့လုပ်ရပ်တွေအပေါ် ဥပဒေအတိုင်း ဆက်လုပ်ရုံပဲ ရှိပါတယ်။
အကြောက်တရားကင်းစင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ လူ့ဘောင်အဖွဲ့အစည်း ဖြစ်ဖို့ ဒီနည်းလမ်းအပြင် အခြားမရှိပါဘူး။
( ၆ )
NLD ၀န်းရံသူများလို့ ကိုယ့် ကိုယ်ကိုယ် သတ်မှတ်ပြီး “အမှောင်ထဲက ခဲပစ်နေ” တဲ့ ဆိတ်ဖွားလက်သစ် ဖြစ်လာမယ့် သူတွေထဲမှာ ဘယ်သူတွေပါသလဲဆိုတာ သိပြီးသားပါ။ သူတို့ရဲ့လုပ်ရပ်မှားယွင်းနေတယ်။ ဆင်ခြင်တုံတရား ကင်းမဲ့စွာနဲ့ ဝေဖန်ရေး သဘောတရားကို နားမလည်ဘဲ လက်လွတ်စပယ်တွေ မလုပ်ဖို့ ဆိတ်ဖွားလက်သစ် ဖြစ်လာမယ့်အုပ်စုတွေထဲက တစ်ဦးဖြစ်တဲ့ စန်းမောင်ဆိုသူကို ကျွန်တော် ရှင်းပြ၊ သတိပေးခဲ့ဖူးပါတယ်။
စန်းမောင်ဆိုသူဟာ သင်္ဘောကပ္ပတိန် တစ်ဦးပါ။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို အလေးထားပေမယ့် တာဝန်မဲ့ လက်လွတ်စပယ်ပြောပြီး “အမှောင်ထဲက ခဲပစ်တာ”ကို လက်မခံကြောင်းနဲ့ ဆိတ်ဖွားလို့ အခေါ်မခံချင်ရင် အာဏာရှင်ဆိတ်ဖွားတွေရဲ့ အမူအကျင့်အတိုင်း မလုပ်ကြဖို့ သူနဲ့ သူ့အုပ်စုဝင်တွေကို ရည်ရွယ်ပြီး ဇန်န၀ါရီ ၉ ရက် ညက Facebook Messenger ကတစ်ဆင့် သတိပေးခဲ့ပါတယ်။
May 5, 2019 at 5:59 am |
စန်းမောင်ဆိုသူနှင့် Facebook Messenger တွင် ပြောဆိုထားမှုအချို့
စကားအခြေအတင်ပြောပြီးချိန်မှာ သူ့ဘက်က “ထပ်မရေးတော့ဘူးဗျာ”လို့ ဆိုပါတယ်။ ထင်ရာမြင်ရာတွေ ပေါင်းစပ်ပြီး လက်လွတ်စပယ် သူရေးထားသမျှကိုလည်း ပြန်ဖြုတ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ အခုလို ဆောင်းပါးထဲ ထည့်ပြောတာမျိုး၊ တစ်ဦးချင်းစီကို ဖော်ထုတ်ပြီး တရားစွဲတာမျိုး မလုပ်ချင်လို့ Facebook Messenger ကတစ်ဆင့် နှစ်ယောက်ချင်းသိအောင် အရင် ပြောခဲ့တာပါ။ ဒါပေမဲ့ နောက်တစ်နေ့ နံနက်မှာတော့ စန်းမောင်က ကျွန်တော့်ကို block လုပ်သွားပြီး အာဏာရှင် ဆိတ်ဖွားတွေရဲ့ အမူအကျင့်အတိုင်း ဆက်လုပ်ခဲ့ပါတယ်။ သူ ကိုယ်စားပြုထားတဲ့ လူပုဂ္ဂိုလ်၊ သူ ကိုယ်စားပြုထားတဲ့ အဖွဲ့အစည်း သိက္ခာကျအောင် ဆက်လုပ်ခဲ့တာပါပဲ။
နောက်တစ်ချက်က ဆိတ်ဖွားလက်သစ် ဖြစ်လာမယ့်သူတွေရဲ့ လှုပ်ရှားမှုဟာ ရပ်တန့်နေမှာ မဟုတ်ဘူးဆိုတဲ့အဓိပ္ပါယ် ဆောင်နေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့လုပ်ရပ်တွေဟာ “အာဏာရှင် ဆိတ်ဖွား”တွေလိုပဲ အန္တ ရာယ်ရှိတဲ့အဆင့် ရောက်လာနိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဟာ“အာဏာ ရှင်ဆိတ်ဖွား”တွေကြောင့် နာမည်ပျက်ခဲ့ပါတယ်။ ကောင်းတဲ့လုပ်ရပ် ရှိခဲ့ရင်တောင် အရာမထင်ခဲ့ပါဘူး။ အခုလည်း ဆင်ခြင်တုံတရား ကင်းမဲ့ပြီး ဝေဖန်ထောက်ပြရေးအမြင်ကို လက်မခံနိုင်တဲ့ ဆိတ်ဖွားလက်သစ်တွေကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရနာမည်ပျက်တာ မဖြစ်ချင်စေပါဘူး။
နောက်တစ်ခုက အသံမထွက်ဘဲ ငြိမ်နေတဲ့ Voice of the Voiceless ပြည်သူတွေဟာ အာဏာရှင်တွေ၊ သူတို့ရဲ့ ၀ါဒဖြန့်ချိရေး ယန္တရားနဲ့ အာဏာရှင်ဆိတ်ဖွားတွေ အောက်မှာ အကြောက်တရားကြီးစိုးမှုနဲ့ နေထိုင်ခဲ့ရပါတယ်။ ဘယ်အစိုးရပဲ တက်တက် ဒီလို အကြောက်တရားကြီး စိုးမှုနဲ့ ပြည်သူလူထုကို လွှမ်းမိုးဖိနှိပ် ခြိမ်းခြောက်တဲ့ လုပ်ဆောင်မှုတွေ ထပ်လုပ်လာမှာကို မလိုချင်ပါဘူး။
အခုချိန်မှာတော့ NLD ၀န်းရံသူများလို့ ကိုယ့် ကိုယ်ကိုယ်သတ်မှတ်ထားတဲ့ ဆိတ်ဖွားလက်သစ် ဖြစ်လာမယ့် သူတွေအနေနဲ့ ကိုယ့်လုပ်ရပ်တွေကို ပြန်ပြီး ဆင်ခြင်ရပါမယ်။ မဟုတ်ဘဲ အာဏာရှင်ဆိတ်ဖွားတွေအတိုင်း ဆက်လုပ်နေမယ်ဆိုရင် အာဏာရှင်တွေနဲ့ အတူတူပဲ ဖြစ်သွားပါလိမ့်မယ်။
ဒီအချိန်ဟာ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး”ဆောင်းပါးထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ စိတ်ဓာတ်တော်လှန်ရေးကို လက်တွေ့လုပ်ဆောင်ရမယ့် အချိန်ဖြစ်ပါတယ်။
“အစစ်မှန်ဆုံး တော်လှန်ရေးဟူသည်မှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ပုံဖော်သည့် စိတ်သဘောထားများနှင့် တန်ဖိုးထားမှုများကို ပြောင်းလဲရန် လိုအပ်နေပြီဟူသော အသိမှ ပေါက်ဖွားလာသော စိတ်ဓာတ်တော်လှန်ရေးပင် ဖြစ်ပါသည်။
ရုပ်ပိုင်းအခြေအနေများ တိုးတက် ကောင်းမွန်လာစေရန် ရှေ့ရှု၍ အစိုးရလမ်းစဉ်များနှင့် ရှိပြီးသား လုပ်ရိုးလုပ်စဉ် ဥပဒေများကိုသာ ပြောင်းလဲရန် ရည်ရွယ်သော တော်လှန်ရေးသည် စစ်မှန်သော အောင်မြင်မှုကို ရယူနိုင်မည် မဟုတ်ပါ။ စိတ်ဓာတ်တော်လှန်ရေး မဆင်နွှဲပါက စနစ်ဟောင်းတွင် မမျှတမှုများကို ဖြစ်ပေါ်စေသည့် အင်အားစုများ ဆက်လက်လှုပ်ရှားနေမည်ဖြစ်၍ ပြုပြင်ရေးနှင့် ကိုယ်ကျင့်တရား ပြန်လည်ရှင်သန်ရေးဖြစ်စဉ်ကို အမြဲတန်း အန္တရာယ်ပေးနေမည် ဖြစ်ပါသည်။ လွတ်လပ်မှု၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့ကို တောင်းဆိုနေရုံဖြင့် မလုံလောက်ပါ။ ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟဂတိ၊ ဘယာဂတိတို့ကို တွန်းလှန်ရန် ထာဝရတည်ရှိသော အမှန်တရားအတွက် အနစ်နာခံရန် လည်းကောင်း၊ ခိုင်မြဲသော ဇွဲလုံ့လဖြင့် တိုက်ပွဲဝင်ရန် လည်းကောင်း၊ အားလုံး တညီတညွတ် ပြတ်သားစွာ သန္နိဋ္ဌာန်ချရမည်ဖြစ်သည်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။
သူ ပြောခဲ့သလိုပါပဲ။ အခုချိန်မှာ လိုအပ်နေတာက စိတ်ဓာတ်တော်လှန်ရေး ဖြစ်ပါတယ်။ ကီးဘုတ်တော်လှန်ရေး မဟုတ်ပါဘူး။ ဒီအတွက် မကြာမီ ကြုံတွေ့ရတော့မယ် ဆိတ်ဖွားလက်သစ်တွေ ရှေ့ဆက် မတက်နိုင်အောင် တားဆီးဖို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် တစ်ဦးချင်းစီက အကြောက်တရားတွေကို ကိုယ်ကိုယ်တိုင် ဖယ်ရှားပြီး ကိုယ်ရေးသမျှ၊ ပြောသမျှတွေအတွက် တာဝန်ယူ၊ တာဝန်ခံမှု ရှိမယ်။ လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း နာမည်အရင်းနဲ့ ရေးကြမယ်။ အကြောင်းအရာပေါ် မူတည်တဲ့ ဝေဖန်မှုတွေကို ပုဂ္ဂိုလ်ရေး အပုပ်ချမှုမပါဘဲ လုပ်ဆောင်ကြဖို့ လိုပါတယ်။
နောက်တစ်ပိုင်းက မကြာခင်မှာ NLD ပါတီက အစိုးရ ဖြစ်လာတော့မှာပါ။ ဒီအချိန်မှာ NLD ပါတီကို ၀န်းရံသလိုနဲ့ ဆိတ်ဖွားလက်သစ်တွေ ထွက်လာပြီဆိုရင် ဘယ်လို အရေးယူ ဆောင်ရွက်မလဲဆိုတာ ပြင်ဆင်ရပါတော့မယ်။
ဆိတ်ဖွားလက်သစ်တွေထဲက ပြည်ပမှာ နေထိုင်သူတွေ ပါဝင်နေပြီး ပြည်တွင်းမှာ နေတာမဟုတ်ဘူးဆိုပြီး ရမ်းချင်တိုင်းရမ်းတဲ့ အခြေအနေဖြစ်လာရင် ဘယ်လိုကိုင်တွယ်မလဲ။ ဒီအတွက် စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန် အစရှိသဖြင့် နိုင်ငံတကာ အစိုးရအဖွဲ့တွေ၊ သံရုံးတွေနဲ့ ချိတ်ဆက်ပြီး ဆိုက်ဘာရာဇ၀တ်မှုတွေကို ဘယ်လိုကိုင်တွယ်မလဲ၊ သက်ဆိုင်ရာ နိုင်ငံအလိုက် ဥပဒေတွေ ဘယ်လိုရှိသလဲဆိုတာ လေ့လာထားရပါမယ်။
ပြည်တွင်းမှာဆိုရင်လည်း အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ ပတ်သက်ပြီး လက်ရှိအားနည်းချက်တွေကို ပြန်ပြင်ရမှာ ဖြစ်သလို ဆိုက်ဘာဥပဒေတွေနဲ့ စနစ်တကျ ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်ထားရပါတော့မယ်။
ကျွန်တော်တို့ကတော့ စင်ကာပူက ဆိတ်ဖွား လက်သစ် ဖြစ်လာနိုင်သူတစ်ချို့ကို လိုအပ်လို့ရှိရင် တရားစွဲနိုင်ဖို့ ဆိုက်ဘာဥပဒေတွေကို လေ့လာနေပါပြီ။
Writer:
နေထွန်းနိုင်
May 5, 2019 at 6:51 am |
Maung Maung
1 hr ·
ဆိတ်ဖွားတို့ လူထုမောင်ကာဠု တို့ ဆိုတာတွေဟာ
ပြန်ဝန်ဟောင်းဗိုလ်ရဲထွတ် နဲ့ အူးဇော်ဌေး တို့ရဲ့
လက်ရာတွေဆိုတာ လူတိုင်းသိကြပါတယ်
–
သူတို့က လုပ်ကြံသတင်းမှားတွေကို ဦးဆောင်ရေး…
သူတို့နောက်ကလိုက်ပြီး
ရှင်မင်းယာ တို့ ဂျိမ်းစ် အမ်အမ်တီ တ်ု့က
မလေးရှား/စင်္ကာပူ တို့ကနေ
လူထု အုံကြွမှုဖြစ်လာအောင်
အမုန်းတရားတွေဖြန့်ကြနဲ့
–
ကိုယ်တိုင်
အစ္စလာမ်မုန်းတီးရေး ရိုဟင်ဂျာဆန့်ကျင်ရေးတွေ
ရေးနေ ဖြန့်နေတဲ့ Eleven မီဒီယာက
ဒေါက်တာကြီးတောင် မလွတ်ပါဘူး
–
ကျတော်တို့ ကျနော့်အစ်ကိုကြီး ဒေါက်တာဦးကိုကိုကြီး တို့ကတော့
သူတို့အုပ်စုရဲ့
မဟုတ်မမှန် လုပ်ကြံ သတင်းမှားတွေနဲ့
အဓိက အတိုက်အခိုက် ခံခဲ့ရတာပေါ့
–
ကျနော်တို့ရဲ့မှန်ကန်တဲ့ ရပ်တည်ချက်
မှန်ကန်တဲ့လုပ်ရပ်တွေကြောင့်
အခြေမပျက်ခဲ့ကြပေမဲ့
လူမှုရေး/စီးပွားရေး/မိသားစုအရေး/ပေါင်းသင်းဆက် ဆံရေး/ဆွေမျိုးသားချင်းဆက်ဆံရေးတွေမှာတော့
အများကြီး ဂယက်ထပြသနာတွေတက်ခဲ့ရတာ
အထင် ကရ ရှိခဲ့ပါတယ်
(အချို့ဆွေမျိုး/မိတ်ဆွေတွေဆို လုံးဝ အဆက်ပြတ်
ကုန်ပါတယ်)
–
ဒီအရည်အချင်းတွေကို ကြိုက်လွန်းလို့ ဒေါ်စုကိုယ်တိုင်
က ခေါ်သုံးထားတဲ့ အူးဇော်ဌေးတို့
စင်္ကာပူက အစ္စလာမ်အမည်နဲ့ တက္ကသိုလ်မှာ သူတော် ကောင်းယောင်ဆောင်နေတဲ့
ကြောင်သူတော် ကြက်သူခိုး ဗိုလ်ရဲထွတ် တို့ကတော့
သူတို့ရဲ့ နောက်လိုက် နောက်ပါတွေနဲ့အတူ
အိုင်စီစီ ကနေ လွတ်စရာမရှိပါဘူး
May 5, 2019 at 6:51 am |
Maung Maung
1 hr ·
ဆိတ်ဖွားတို့ လူထုမောင်ကာဠု တို့ ဆိုတာတွေဟာ
ပြန်ဝန်ဟောင်းဗိုလ်ရဲထွတ် နဲ့ အူးဇော်ဌေး တို့ရဲ့
လက်ရာတွေဆိုတာ လူတိုင်းသိကြပါတယ်
သူတို့က လုပ်ကြံသတင်းမှားတွေကို ဦးဆောင်ရေး
သူတို့နောက်ကလိုက်ပြီး
ရှင်းမင်းယာ တို့ ဂျိမ်းစ် အမ်အမ်တီ တ်ု့က
မလေးရှား/စင်္ကာပူ တို့ကနေ
လူထု အုံကြွမှုဖြစ်လာအောင် အမုန်းတရားတွေဖြန့်ကြ
ကိုယ်တိုင် အစ္စလာမ်မုန်းတီးရေး ရိုဟင်ဂျာဆန့်ကျင်ရေးတွေ ရေးနေ ဖြန့်နေတဲ့ Eleven မီဒီယာက
ဒေါက်တာကြီးတောင် မလွတ်ပါဘူး
ကျတော်တို့ ကျနော့်အစ်ကိုကြီး ဒေါက်တာဦးကိုကိုကြီး တို့ကတော့ မဟုတ်မမှန် လုပ်ကြံ သတင်းမှားတွေနဲ့ အဓိက အတိုက်အခိုက် ခံခဲ့ရတာပေါ့
ကိုယ်ရဲ့ မှန်ကန်တဲ့ ရပ်တည်ချက် မှန်ကန်တဲ့လုပ်ရပ်
တွေကြောင့် အခြေမပျက်ခဲ့ကြပေမဲ့
လူမှုရေး/စီးပွားရေး/မိသားစုအရေး/ပေါင်းသင်းဆက် ဆံရေးတွေမှာတော့ အများကြီး ဂယက်ထခဲ့ရတာပါ
June 15, 2019 at 7:10 am |
ဦးဝီရသူနဲ့ ပတ်သတ်တဲ့ သတင်းကို ကိုသီရိကဖော်ကောင် လုပ်လိုက်ပြီ
https://www.myanmarnewsteam.com/news/local-news/12623/?fbclid=IwAR11t-syADCQ5naXryHPBWtLdDV2-To3BblSKHD8Yn867rQXDo0U7cBO5X4
October 8, 2021 at 8:42 am |
Voice of James Mint
11 Sept 2021·
VoJM ပေ့ခ်ျအား ရပ်နားလိုက်ကြောင်း လေးစားစွာ အသိပေးခြင်း။
..
မိမိတို့ VoJM ပေ့ခ်ျအား အကြောင်းကြောင်းကြောင့် ဆက်လက်ရေးသားခြင်းမပြုတော့ပဲ ရပ်နားလိုက်တော့မည်ဖြစ်ကြောင်း စာဖတ်သူများကို လေးစားစွာ အသိပေးအပ်ပါတယ်။ မိမိတို့ဟာ မူလအက်ဒ်မင်တစ်ယောက်နှင့် စ ခဲ့ပြီး အက်ဒ်မင်အချို့ ထပ်တိုး၍ နိုင်ငံရေးနှင့် ပါတ်သက်ပြီး အခြားသော ရှုဒေါင့်မှ ရှုမြင်ချက်များ၊ မတူညီသော အမြင်များ၊ အချက်အလက်များကို ထောက်ပြ၍ လူအများ Critical Thinking တိုးတက်လာစေရန်၊ ဆက်စပ်တွေးခေါ်ခြင်းများ အားကောင်းလာစေရန်၊ အချက်အလက်ကို အားပြုသော စဉ်းစားတွေးခေါ်မှုများ မြင့်တက်လာစေရန်၊ အဆင့်အတန်းရှိသော ဆွေးနွေးမှုများ ထွန်းကားလာစေရန်နှင့် နိုင်ငံရေး ရေချိန် မြင့်လာစေရန် ဦးတည်၍ တစိုက်မတ်မတ် မိမိတို့ ရည်ရွယ်ချက်အတိုင်း ရပ်တည်လာခဲ့ပါတယ်။
..
အချို့သော နိုင်ငံရေးသတင်းများဟာ ဖုံးကွယ်ထားသော အမှန်တရားများ၊ တစ်ဖက်စောင်းနင်း ဝါဒဖြန့်မှုများ၊ အနည်းငယ်သော အမှန်တရားသာပါ၍ ဆန္ဒဂတိနှင့် လိုရာစွဲရေးထားသော သတင်းများကို စဉ်းစားဆင်ခြင် ချင့်ချိန်နိုင်စေရန် ရည်ရွယ်၍ ရနိုင်သော အချက်အလက်များကို အများပြည်သူတို့ ဆက်စပ် စဉ်းစားနိုင်စေရန် တင်ဆက်ခဲ့ပါတယ်။ ထိုကဲ့သို့ တင်ဆက်ခဲ့သည့်အတွက် အယူဝါဒ မတူညီ၊ လူမျိုးမတူညီ၊ ဘာသာမတူညီ၊ ဘက် မတူညီကြသော စာဖတ်ပရိတ်သတ် များစွာကိုလည်း ရရှိခဲ့ပါတယ်။
..
စာဖတ်ပရိတ်သတ် များစွာ ရရှိလာသည်နည်းတူ မိမိတို့ကို ရပ်ဆိုင်းသွားစေရန် နည်းမျိုးစုံ အားထုတ် လုပ်ကိုင်လာကြသူတွေလည်း ပိုမို များပြားလာကြပါတယ်။ အထူးသဖြင့် ယခုလို နိုင်ငံရေး ခံစားချက် ပြင်းထန်နေမှုကို အခွင့်ကောင်းယူ၍ တစ်ချိန်က ရန်ညှိုးထားခဲ့ကြသော ရိုလိန်ညာ လော်ဘီများကလည်း မိမိတို့ အက်ဒ်မင်တင်းမှ မူလပါဝင်ခဲ့သူကို အညှိုးအတေးထား သတ်ဖြတ်ရန် ကြံစည်မှုများနှင့်လည်း ကြုံတွေ့ခဲ့ရပါတယ်။
..
မိမိတို့ ပေ့ခ်ျကို အစိုးရ ၃ ဆက်အထိ နိုင်ငံထိပ်ပိုင်း အရာရှိကြီးများလည်း ဖတ်ရှုခဲ့တာကို သိခဲ့ရပြီး အချို့သော ကိစ္စရပ်များတွင် အုပ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ခွင့် ရခဲ့တာကိုလည်း ဝမ်းမြောက်စွာ ပြန်လည်ကြားသိရပါတယ်။ ထိုအပေါ်တွင်လည်း အခွင့်အရေး စိုးစဉ်းမျှ တောင်းခံခဲ့ခြင်း ရယူခဲ့ခြင်းမရှိခဲ့တာကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများ သိရှိကြပါတယ်။
..
နိုင်ငံအတွက် ဦးစားပေး ထောက်ပြခြင်းများ လုပ်ခဲ့သည့်အတွက် နိုင်ငံကို ပျက်ဆီးစေရန် ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီးနေကြသူများ နည်းတူ *အချို့အချို့သော* တာဝန်ကျေသာ လုပ်လိုသည့် ဝန်ထမ်းများ၏ ရန်ညှိုးထားခြင်းများနှင့်လည်း ကြုံတွေ့ခဲ့ရပါတယ်။ မိမိတို့ကြောင့် ၎င်းတို့ အလုပ်ပိုသည်ဟု မှတ်ထင်ခြင်း၊ ၎င်းတို့ အရည်အချင်းမပြည့်ဝမှုကြောင့် လုပ်ငန်းဆောင်တာများ ထိရောက်သော ရလာဒ်မရှိခြင်းအပေါ် အထက်လူကြီးများ ဖိအားပေးသည့်အခါ မိမိတို့အပေါ် အညှိုးထားခြင်းများနှင့်လည်း များစွာ ကြုံတွေ့ခဲ့ရ ကြုံတွေ့နေစဲပါပဲ။
..
ယခုအခါမှာ လူအများစုဟာ နိုင်ငံရေး ခံစားမှုများ မြင့်တက်၍ စိတ်ထင်ရာကို ဦးစားပေး ကိုယ်လုပ်သော လုပ်ရပ်၏ ဖြစ်လာမည့်အကျိုးဆက်အပေါ် ဆင်ခြင်တုံတရား နည်းပါးနေချိန် ကာလလည်းဖြစ်ပြီး မိမိတို့ကိုလည်း ဘက်စုံ ဒေါင့်စုံမှ ပုံသဏ္ဍန်မျိုးစုံနှင့် ထိုးနှက်တိုက်ခိုက်ခြင်း အက်ဒ်မင်များအား ရန်ရှာခြင်း၊ ဖမ်းဆီးရန် လုပ်ဆောင်လာခြင်းများနှင့်လည်း ကြုံတွေ့လာရပါတယ်။ မိမိတို့အနေဖြင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှု များစွာ ကြုံတွေ့ခဲ့သည့်တိုင် မတုန်မလှုပ် ရှေ့ဆက်ခဲ့သော်လည်း ယခုအခါတွင်တော့ ဤပေ့ခ်ျအား လုံးဝရပ်နားရန် အက်ဒ်မင်အဖွဲ့များ တိုင်ပင်ပြီး Enough is Enough ဟုစိတ်မကောင်းစွာ ဆုံးဖြတ်ခဲ့ရပါတယ်။ အချက်အလက် ရှာဖွေသူများ လွယ်ကူစေရန် ပေ့ခ်ျအား ဖျက်သိမ်းခြင်းမပြုပဲ ဒီအတိုင်းသာ ဆက်လက်ထားရှိပေးသွားပါမယ်။
..
အယူဝါဒ မတူညီ၊ ထောက်ခံသော ဘက်မတူညီ၊ ဝါဒစွဲ မတူညီ၊ ဘာသာစွဲ မတူညီ၊ လူမျိုးစွဲ မတူညီကြပေမယ် မိမိတို့ အမြင်များကို ရင့်ကျက်စွာဖြင့် လာရောက် ဆွေးနွေးပေးကြသော စာဖတ်သူ တစ်ဦးခြင်း တစ်ဦးခြင်းကိုလည်း လေးနက်စွာ ကျေးဇူးတင်ကြောင်းကိုလည်း ပြောပါရစေ။ မည်သို့ပင် ငြင်းခုန်ခဲ့ကြသော်လည်း နိုင်ငံတော်အပေါ် ချစ်မြတ်နိုးသော စိတ်ဖြင့် ဒီမိုကရေစီ အလေ့အထဖြစ်သည့် Agree to Disagree ယဉ်ကျေးမှုလေး ဖြစ်ထွန်းလာပြီး Unity in Diversity လို့ခေါ်တဲ့ စည်းလုံးမှုလေးတွေ ဖြစ်လာရတဲ့အပေါ်လည်း ဝမ်းသာရပါတယ်။ ဤပေ့ခ်ျမှ ဆက်စပ်မိ၍ ခင်မင်ရင်းနှီးလာရသော မိတ်ဆွေများစွာကိုလည်း တန်ဖိုးဖြတ်ဖို့ရာ ခက်လှပါတယ်။
..
စာဖတ်သူများ စိတ်လက်ကြည်သာ ရွှင်ပြ ချမ်းမြေ့စွာဖြင့် Inner Peace ခေါ်သော မိမိကိုယ်တွင်း အေးချမ်းမှုကို တည်ဆောက်နိုင်ကြပါစေလို့ VoJM Admin Team မှ ဝမ်းနည်းစွာ နှုတ်ဆက်ခဲ့ပါတယ်။
November 19, 2021 at 12:09 pm |
Qing Minya ဆိုတဲ့အကောင့်ပိုင်ရှင် တင်တဲ့သတင်းတွေဖတ်ပြီး ယုံခဲ့တာတွေရှိသလို..တချို့တွေလည်း ဟုတ်ရဲ့လားဆိုတဲ့သံသယဖြစ်မိတာတွေရှိခဲ့ ဘူးပါတယ်၊
ကိုယ်ကိုတိုင်မသိတာတွေမို့ … လက်လှမ်းမမှီတာတွေမို့ အရေးတယူ ရှာဖတ်…စောင့်ဖတ်မိနေတာကြာပါပြီ၊မျိုးချစ်စိတ်နဲ့ကျိုးစားပန်းစားfb ပေါ်မှာရေးနေတာတွေတွေ့ပြီးလေးစားခဲ့မိဘူးပါတယ်၊
ဒီနေ့တင်ထားတဲ့ မဝေမာလင်းနဲ့ပါတ်သက်တဲ့ သတင်းဖတ်မိတော့မှပဲ…ဇာတ်ရည်လည်ရပါတော့တယ်၊လေသံကြားဖမ်းတရားနာ…ကိုယ်ဖြည့်ချင်တာကိုယ်ဖြည့်ရေး….ကိုယ်တွေးတာမှန်တယ်ထင်တိုင်းရေးနေသူမှန်းခုမှသိရပါတော့တယ်မှားနေပါတယ်ဆိုတဲ့အကြောင်းကိုလည်း သူနဲ့ရင်နှီးလိမ့်မယ်ထင်ရသူ တယောက်ကတဆင့်အကျိုးအကြောင်းရှင်းပြပြီးပါပြီ၊သတင်းမှားကြောင့်အကျယ်အကျယ်စကားပြောလာရရင် ရေးသူရဲ့သိက္ခာရော…အရေးခံရသူရဲ့သိက္ခာပါ ထိခိုက်မှာစိုးတဲ့အတွက်ပါ၊တင်ထားတဲ့အကြောင်းအရာမှားနေပါကြောင်း ဖျက်နိုင်ပါက ဖျက်လိုက်စေလိုကြောင်း အကြံပေးမိကာမှ….ကလေးကလားစားတွေတောင်ပြောလာပါပြီ…..ကျွန်တော် ဝေမာလင်းတို့ကိစ္စကို အစအဆုံးအနီးကပ်ဆောင်ရွက်ပေးနေသည့်အတွက် တင်ထားတဲ့သတင်းမှားနေမှန်း သိလို့သတိပေးမိပါမှ…..ဒီအဆင့်ထိ စော်ကားလာတာကိုတော့စိတ်မကောင်းဖြစ်ရပါတယ်။မသေခြာ တဲ့သတင်းတွေကြောင်ပြဿနာတွေပိုကြီးထွားလာရရင်…ရေးသူရဲ့အပြစ်မကင်းကြောင်းပြောလိုက်ပါရစေ………….။့
•••••••••••••••••••••••••••••••••
အောင်(နီလိုင်း)
••••••••••••••••••••••••••••
19•11•2013