Posts Tagged ‘Asia Society’

ခွပ်ဒေါင်းအလံ ကိုင်ဆောင်သူသည် လူမျိုးဘာသာ ထက် သစ္စာရှိရန် သွေးမစွန်းရန် သာ အရေးကြီး ဟု မင်းကိုနိုင်ပြောကြား

November 8, 2012

ခွပ်ဒေါင်းအလံ ကိုင်ဆောင်သူသည် လူမျိုးဘာသာ ထက် သစ္စာရှိရန် သွေးမစွန်းရန် သာ အရေးကြီး ဟု မင်းကိုနိုင်ပြောကြား

ဦးရာရှစ်  ရာပြည့်အခမ်းအနားသို့ တက်ရောက်လာသူ ၈၈ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်က အမျိုးသား ခွပ်ဒေါင်းအလံ ကိုင်ဆောင်သူသည် လူမျိုးဘာသာထက် သစ္စာ ရှိရန် သာအရေးကြီး သည်ဟု ပြောကြား ခဲ့သည်။ “ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင် အမျိုးသားခွပ်ဒေါင်းအလံကို ကိုင်တဲ့လက်ဟာ ဘယ်လို လက်မျိုး လဲ ဆိုတာကို ကျွန်တော် စိတ်ဝင်စားလို့ပါ။ အဲဒီလက်ဟာ လူမျိုးဘာသာမခွဲခြားဘူးဆိုတာကို ပထမ ဆုံး ဗ.က.သ ဥက္ကဋ္ဌအဖြစ် အစ္စလာမ်ဘာသာဝင်တစ်ယောက်ကို ကျွန်တော်တို့အားလုံး သဘော ထားကြီး စွာ နဲ့ ရက်ရက်ရော ရောကြီး ပေးခဲ့တယ်ဆိုတာကို အသိအမှတ်ပြုစေချင်ပါတယ်။ အဲဒီတော့ ကျွန်တော် တို့ တိုက်ပွဲ ၀င် ခွပ်ဒေါင်းအလံကို ကိုင်တဲ့လက်ဟာ လူမျိုးဘာသာ အရေးမကြီးပါဘူး။ ကျွန်တော် တို့အမျိုးသား တစ်ရပ် လုံး အပေါ်မှာ သစ္စာရှိဖို့ရယ်၊ နောက်တစ်ချက်က သွေးစွန်းနေတဲ့ လက်မျိုး မဖြစ်ဖို့ သန့်စင်ဖို့ပဲ လိုပါတယ်။” ဟု နိုင်ငံရေး တွင် လူမျိုးဘာသာ ခွဲခြားခြင်းမရှိ ရေးနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။

(more…)