Posts Tagged ‘Bay’

နေ့ခင်းကြောင် မက်တဲ့ စိတ်ကူးရင် အိမ်မက် or Day dream for Rohingya

November 1, 2012
Maungmaung Skw‘s status နိုင်ငံခြား ဘလော့ဂ်ဂါတဦးရဲ့သတင်းစကား။
ဘာဘဲပြောပြော ပြသနာတွေကတော့ ပြီးလိုက်ရပြီ။မျိုးချစ်စိတ်ဓာတ်ပြပွဲကြီးခေါ်ခေါ် -ဘာသာသာသနာကာကွယ် တဲ့ပွဲ
ဘဲခေါ်ခေါ်-အနောက်တံခါးလုံခြုံရေးဘဲခေါ်ခေါ်-လူမျိုးသန့်စင်ရေးစီမံချက်ကြီးခေါ်ခေါ်-ကြိုက်တဲ့နာမည်ပေးခေါ်ကြ ခေါ်ကြ-ပွဲကတော့ပြီးသွားခဲ့ပါပြီ။
နှစ်ဘက်စလုံးက အစုအဖွဲ့တွေ နားလည်သဘောပေါက်လိုက်ရတာက ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ခြင်းကလွဲလို့ တခြားရွေးချယ်ပိုင်ခွင့်မရှိတာကို ပါဘဲ။

နဂိုမူလ အစကထဲက အေးအေးချမ်းချမ်း ချစ်ချစ်ခင်ခင်နေခဲ့ကြရင် အကောင်းသား အခုတော့ လက်လွန်ခြေလွန်တွေ ဖြစ်သွားခဲ့ပြီ၊သိပ်နောက်ကျသွားခဲ့ပြီ၊ဆုံးရှုံးမှုပေါင်းများစွာ-နာကျည်းစွာခံစားရမှုများစွာ နဲ့ နောက်ကျသွားခဲ့ရပြီ။
ဘယ်လောက်ဘဲနောက်ကျ နောက်ကျ-ကမ္ဘာတည်သလောက် ဆက်လက်ယှဉ်တွဲ နေထိုင်သွားကြရဦးမှာပါဘဲ။