Posts Tagged ‘Business’

Suspects To Bomb Shwedagon on Muslim’s Eid Holiday to Escalate Greater Conflicts in Burma

October 21, 2013

Suspects To Bomb Shwedagon on Muslim’s Eid Holiday to Escalate Greater Conflicts in Burma

ဘာသာရေးပဋိပက္ခကြီးဖြစ်အောင် အစ်ဒ်နေ့တွင် ရွှေတိဂုံကို ဗုံးခွဲဖို့ကြံစည်ထားသည်ကို စစ်ဆေးတွေ့ရှိရဟု KNU ပြော

ဗုံးခွဲမှုတွေဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကြား ပဋိပက္ခကြီးဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်ဖို့ဆိုတဲ့ ကြိုးပမ်းချက်တွေ စစ်ဆေးတွေ့ရှိရတယ်လို့ KNU ထိပ်တန်းခေါင်းဆောင်က အောက်တိုဘာ ၂ဝရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

(more…)

Myanmar MP U Hla Swe’s dream for the Rohingya, Myanmar Muslims and Myanmar-Chinese

August 30, 2013
U HLA SWEU Hla Swe
(((ကျွန်တော့်ဆွေးနွေးချက်ဟာ လူတိုင်း ကြိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ဆွေးနွှေးချက်ဟာ ပါတီကိုလည်း ကိုယ်စားမပြုပါဘူး။ ဦးလှဆွေ တစ်ဦးတည်းမှာသာ တာဝန်ရှိပါတယ်။ နိုင်ငံနဲ့ နိုင်ငံသားကောင်းကျိုးရှိမယ်လို့ယူဆတဲ့အတွက် ကျွန်တော့်အမြင်ကို အမုန်ခံပြီးတင်ပြခဲ့တာဖြစ်ပါတယ်ခင်ဗျား။)))

မြန်မာလူမျိုး ရိုးရာဝတ်စုံဆိုတာ ဘင်္ဂလားနယ်က ပုဆိုးကို ခါးမှာဝတ်ပြီး တရုတ်ကော်လံကတုံးကို လည်ပင်းမှာ တပ်ထားတာကို မြန်မာ့ ရိုးရာဝတ်စုံလို့ ခေါ်ကြတာဖြစ်ပါတယ်။ မြန်မာဆိုတာ သီးခြားရပ်တည်လို့ မရပါဘူး။ ဒီအချိန်မှာ ကျွန်တော့်ဆွေးနွေးချက်ဟာ လူတိုင်း ကြိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ဆွေးနွှေးချက်ဟာ ပါတီကိုလည်း ကိုယ်စားမပြုပါဘူး။ ဦးလှဆွေ တစ်ဦးတည်းမှာသာ တာဝန်ရှိပါတယ်။ တချို့ မီဒီယာတွေက ဒီအဆိုနဲ့ ပတ်သက်ပြီး ပါတီကို ပုတ်ခတ်ပြောဆိုနေတာတွေ၊ ဂျာနယ်တွေ၊ Facebook တွေမှာ မြင်တွေ့နေရပါတယ်။

(more…)

မလေးရှားမှ အိမ်ဝယ်ကြမယ်ဆိုယင် “How to buy house in Malaysia”

August 4, 2013

မလေးရှားမှ အိမ်ဝယ်ကြမယ်ဆိုယင်  ” How to buy house in Malaysia”

မလေးရှားမှာ အိမ်ဝယ်လိုသော သူများအတွက် သိသင့်သော အချက်အလက်များ ကို လင်းယုန် Journal မှ မလေးရှားရောက် ကိုသန့်ဇင် မေးမြန်းခဲ့သော အင်တာဗျူး အား ပြန်လည်ကူးယူ ဖေါ်ပြပေးပါသည်။

လင်းယုန် ။ ။ မလေးရှားမှာ အိမ်ဝယ်ဖို့ စိတ်ကူး ရှိတဲ့လူတွေအတွက် အနည်းငယ် ရှင်းပြစေ ချင်ပါတယ်။

သန့်ဇင် ။ ။ မိတ်ဆွေတစ်ယောက် ၂၀၀၉ မှာ ၄ သိန်းကျော်တန် Condo တစ်ခန်းကို Bank Loan ဘဏ်ချေးငွေနဲ့ ၀ယ်ခဲ့တယ်။ 15% Down Payment ၆သောင်းကျော် ပေးရ တယ်။ 85% (Bank Loan)ဘဏ်ချေးငွေအပေါ် နှစ်၃၀ နဲ့ လစဉ် RM 1867 ပေးသွင်းရတယ်။ အခု မလေးရှားမှာ မနေဖြစ်လို့ အိမ်ပြန်ငှားထားတော့ လစဉ် RM 3200 အိမ်ငှားခ ပြန်ရတယ်။ အခု သူ့Condo ပေါက်ဈေးက ၆သိန်းခွဲကျော်နေပြီ။

(more…)

ဒီပဲယင်း တရားခံ ဦးအောင်သောင်းရဲ့ စံအိမ်တော်အကြောင်း တစ်စေ့တစ်စောင်း….

April 23, 2013

ဒီပဲယင်း တရားခံ စက်မှု(၁) ဝန်ကြီးဦးအောင်သောင်းရဲ့ စံအိမ်တော်အကြောင်း တစ်စေ့တစ်စောင်း….

ဓာတ်ပုံကတော့ ယခင်စက်မှု(၁) ဝန်ကြီး ဦးအောင်တောင်းနဲ့ လက်ချင်းချိတ်နေတဲ့ တရုတ် စက်မှုကိုယ်စားလှယ်အဖွဲ့

 

စက်မှု(၁)ဝန်ကြီး အောင်သောင်း နေထိုင်တဲ့ နန်းတော်သမျှ ခမ်းနားတဲ့ နေအိမ်အကြောင်းကို (Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့) အတွင်းသိမှ ပေးပို့လာတာကို တင်ပြလိုက်ရပါတယ်။

ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမှုကြီး အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန် ကြံစည်ခဲ့သူတွေထဲက အဓိက တရားခံ ဖြစ်တဲ့ စက်မှု(၁)ဝန်ကြီးအောင်သောင်းဟာ ပြည်သူဘဏ္ဍာငွေတွေနဲ့ မသထာရေစာစားပြီး ဆောက်လုပ် နေထိုင်တဲ့ အိမ်ကတော့ နန်းတော်တမျှ ခမ်းနားပါတယ်။

(more…)

၂၀၁၅-ခု ရွေးကောက်ပွဲကျရင် ဗုံးမခွဲပါဘူး..ရဲမြင့် နှလုံးသားတွေကို ခွဲပြပါမယ်

April 15, 2013

Shit headအစ္စလာမ်ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များအား မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်မှ ခေါ်ယူတွေ့ဆုံမှုအပေါ် ခလီဖွဟ်ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းချက်

မန္တလေး ။ ။ မန္တလေးတိုင်း အစ္စလာမ်ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များအား မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်မှ ၂၀၁၃-ခု ဧပြီလ ၁၂-ရက်နေ့က ခေါ်ယူတွေ့ဆုံ ပြောဆိုခဲ့မှုများအပေါ် ထွက်ပေါ်လာသော သတင်းများနှင့်ပတ်သက်၍ ခလီဖွှာဟ် ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

(more…)

ဘာသာညီအစ်ကိုများ ( ရွှေကျင်သာသနာပိုင် ဝါဆို ဆရာတော်ဘုရားကြီး)

March 30, 2013

((သက်တော် ၉၆နှစ် ဝါတော် ၇၆နှစ်ရှိပြီဖြစ်သော ရွှေကျင်သာသနာပိုင် ဝါဆို ဆရာတော်ဘုရားကြီး၏ ကလောင်အမည် မန္တလေးဘုန်းကြီး အမည်ဖြင့် ပြည်တွင်းငြိမ်းချမ်းရေး နှိုးဆော်ချက်။ ဆရာတော်ထံမှ ဖြန့်ချိရန် ခွင့်ပြုချက်အရ ပြန်လည် ဝေမျှပါသည်))

SK1

(more…)

မိတ္ထီလာမြို့ မွတ်စလင်မ်များ အကြမ်းဖက်ခံရမှု မှတ်တမ်း

March 24, 2013

မိတ္ထီလာမြို့ မွတ်စလင်မ်များ အကြမ်းဖက်ခံရမှု မှတ်တမ်း

M-Media March 23, 2013

maketila

မိတ္ထီလာမြို့ မွတ်စလင်မ်များ အကြမ်းဖက်ခံရမှု မှတ်တမ်းကို M-Media မှ စုစည်း အတည်ပြုရယူထားပါသည်။

ဖျက်ဆီးခံရသော ဗလီဝတ်ကျောင်းတော်များ

၁။ ဂျာမေ့ဗလီ – အရှေ့ပြင်ရပ် (ဈေးအနောက်)

၂။ ဘင်္ဂါလီဗလီ – ရတနာမောင်ရပ်ကွက်

၃။ ငြိမ်းချမ်းရေးဗလီ – ရတနာမောင်ရပ်ကွက်

၎။ တူရကီဗလီ – ရတနာမောင်ရပ်ကွက်(တပ်နယ်)

၅။ မြို့မဗလီ – ရတနာမောင်ရပ်ကွက်

၆။ မှန်လုံဗလီ(မှန်လုံ၂-ထပ်ဗလီ)ဏ္ဍသီရိမင်္ဂလာ(က)ဗလီ – သီရိမင်္ဂလာရပ်ကွက်

၇။ ပါကစ္စတန်ဗလီ – သီရိမင်္ဂလာရပ်ကွက်

၈။ မြို့ဦးဗလီ – အောင်ဇေယျာရပ်ကွက်

၉။ နန်းတော်ကုန်းဗလီနှင့် အာရဗီတက္ကသိုလ် – နန်းတော်ကုန်းရပ်ကွက်

၁၀။ သာယာကုန်းဗလီ – နန်းတော်ကုန်းရပ်ကွက်

၁၁။ ချမ်းအေးသာယာဗလီ – နန်းတော်ကုန်းရပ်ကွက်

၁၂။ ပြည်သာယာ(တောင်)၊ ပြည်သာယာ(မြောက်) ၀တ်ပြုကျောင်းဆောင်များ – ပြည်သာယာ တိုးချဲ့ရပ်ကွက်

၁၃။ မင်္ဂလာဇေယုံဗလီနှင့် အာရဗီအထက်တန်းကျောင်း – မင်္ဂလာဇေယုံရပ်ကွက်

(more…)

When the direction of wind changes,”Let us build windmills, not walls”

February 10, 2013

A Chinese proverb says, “When the direction of wind changes, some build walls, some build windmills.”

In this period of change, I say: “Let us build windmills.”

Windmills that would ensure our efforts are sustainable. Windmills that would stand the test of time to benefit our future generations.

(more…)

I am a virtual slave!

February 4, 2013

Slavery

I NEVER use CREDIT cards.

But my housing loan (Mortgages), car-loans (called Hire-Purchases) and Children’s Education loans shackled me into virtual slavery.

Pic. source FB of Rationalist

(more…)

အိုဘားမား၊ အမေစု၊ ၂၀၁၅ ရွေးကောက်ပွဲ၊ ကချင် ရခိုင်အရေးနှင့် ကျနော့်အတွေး

November 16, 2012

အိုဘားမား၊ အမေစု၊ ၂၀၁၅ ရွေးကောက်ပွဲ၊ ကချင် ရခိုင်အရေးနှင့် ကျနော့်အတွေး

၁။ နိုင်ငံတကာအလယ်မှာ နိုင်ငံရေးပုံရိပ်ကောင်းပြီးရင်း၊ ကောင်းရန် လိုသော National Figure အမေစု

အာဏာရှင်နိုင်ငံများတွင် ပြည်သူတို့၏ထောက်ခံမှုကို သေနတ်ပြ ချိန်းချောက်၍လည်းကောင်း၊ နည်းမျိုးစုံသော မဲလိမ်၊ မဲခိုးနည်းများကို အသုံးပြု၍လည်ကောင်း ရယူလေ့ရှိသည်ကို မြန်မာများ ကောင်းကောင်း သိပါသည်။
ပြည်သူများ၏ ထောက်ခံမှု၊ ဆန့်ကျင်မှုတို့ကို လုံးဝ ဂရုစိုက်လေ့မရှိသော အာဏာရှင်တို့သည် နိုင်ငံတကာ၏ ဖိအားကိုတော့ ကြောက်လေ့ရှိကြပါသည်။

(more…)