Posts Tagged ‘Ehud Olmert’

သူရဦးရွှေမန်း “၉၆၉ အဖွဲ့အစည်းများဟာ စာတမ်းတွေကပ် ၊ပြီးတဲ့ အခါမှာ သွေးထိုး စကားတွေ ဆောင်ရွက်နေ ဒါကိုလည်း သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများက ဆောင်ရွက်နေပြီ”

June 14, 2013

အမေရိကန်ဒီမိုကရေစီ အတွေ့အကြုံရယူဖို့ သူရဦးရွှေမန်းမျှော်လင့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန် နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ အဖွဲ့အစည်းတွေ နဲ့ ဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)

“ရိုဟင်ဂျာခေါ်ခေါ်၊ သို့မဟုတ်ရင် ဘင်္ဂလီခေါ်ခေါ် သို့မဟုတ်ရင် ကိုးကွယ်တဲ့ အယူဘာသာအပေါ်မူတည်ပြီးတော့ ကိုးကွယ်ကြတဲ့ မူဆလင်ဘာသာဝင်တွေကို ဥပဒေအရ ခွဲခြားဆက်ဆံခြင်းမရှိပါဘူး။ အဲ့ဒီ့လို ဥပဒေကို ဆန့်ကျင် ချိုးဖောက်ပြီးတော့ ဆောင်ရွက်တယ်ဆိုလို့ရှိရင် ဥပဒေအရ အရေးယူဆောင်ရွက် ရမှာဖြစ်ပါတယ်။ ခုနက မိတ်ဆွေပြောတဲ့ ၉၆၉ အဖွဲ့အစည်းများဟာ စာတမ်းတွေကပ်၊ပြီးတဲ့ အခါမှာ သွေးထိုး စကားတွေ ဆောင်ရွက်နေတယ် ဆိုတဲ့ကိစ္စကိုလည်း ဖော်ထုတ် အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများက ဆောင်ရွက်နေပြီဖြစ် ပါတယ်။”