Posts Tagged ‘Epistle to the Ephesians’

စုံစမ်းရေးကော်မရှင် အခေါင်းတွေကို နောက်ဆုံးရိုက်သွင်းလိုက်သော သံတစ်ချောင်း

May 2, 2013

စုံစမ်းရေးကော်မရှင် အခေါင်းတွေကို နောက်ဆုံးရိုက်သွင်းလိုက်သော သံတစ်ချောင်း

(သို့မဟုတ်)
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ

ဘင်္ဂါလီလူမျိုးများမှာ ရခိုင်လူမျိုးများထံတွင် အစေခံ၊ အလုပ်သမား၊ အခစားသမားအဖြစ်သာ နေခဲ့ကြရသည်မှာ အစဉ်အလာတစ်ရပ်ကဲ့သို့ ဖြစ်နေခဲ့ပါသည်။ ထိုအချိန်အထိ လူမျိုးစုအလိုက် ကြီးမားသော မည်သည့်ပဋိပက္ခမှ ဖြစ်ပွါးခဲ့ခြင်း မရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ (၂.၃)

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင် အစီရင်ခံစာရဲ့ စာမျက်နှာ(၇)မှာရှိတဲ့ အထက်ပါစာကြောင်းကို ဖတ်မိလိုက်တာနဲ့ မျက်လုံးက ရှေ့ဆက်ဖတ်ဖို့ မရွေ့တော့ဘူးဖြစ်သွားတယ်။ ရင်ထဲမှာ နာကြင်မှုတစ်ရပ်ကိုလည်း စူးစူးနစ်နစ် ခံစားမိတယ်။ သြော် ဘယ်လို အသဲနှလုံးမျိုး၊ ဘယ်လိုပညာတတ် ဆင်ခြင်တုန်တရားနဲ့ အခုလို ရေးရက်လိုက်သလဲ။ မကြောက်တတ်ပါဘူး ဆိုရင်တောင် မရှက်တတ်ကြဘူးလားဗျာ။
(more…)