ပုဂံခေတ် အစ္စလာမ်ဘာသာဝင်တို့၏ သစ္စာစောင့်သိမှု
ရွှေနိုင်ငံသစ်သတင်းစာပါ ပုဂံခေတ်တည်းက အစ္စလာမ်ဘာသာဝင်တွေဟာ တိုင်းပြည်အပေါ် သစ္စာမရှိပုံသက်ရောက်အောင် ရေးသားထားတာနဲ့ ပတ်သက်ပြီး ပြန်လည်ရေးသားလိုပါတယ်။ ဆောင်းပါးမှာ ဗျက်ဝိ၊ ဗျတ္တ၊ ရွှေဖျဉ်းညီနောင် တို့ဟာ အစ္စလာမ်ဘာသာဝင်များဖြစ်ပြီး ဗုဒ္ဓဘာသာကို မလေးစားသူများ အဖြစ် ပုံဖော်ထားပြီး၊ ငရန်မန်ကန်းကိုတော့ မွတ်စလင်သူပုန်တစ်ယောက် အဖြစ် ပုံဖော်ထားပါတယ်။ ဒီနေရာမှာ ကျွန်တော် ဖတ်ဖူးသမျှ မြန်မာရာဇ၀င်စာအုပ်တွေထဲမှာ ဗျက်ဝိ၊ ဗျတ္တ၊ ရွှေဖျဉ်းညီနောင် တို့ကို အစ္စလာမ်ဘာသာဝင်များဖြစ်ကြောင်းရေးထားတာကို တွေ့ရပေမဲ့ ငရမန်းကန်း အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်းရေးထားတာကို မမြင်ဘူးပါ။ ဆောင်းပါးရေးသူ ဦးမြင့်ဝေက ငရမန်ကန်းအစ္စလာမ် ဖြစ်ကြောင်းကို Moshe Yegar ရေးတဲ့ Muslims of Burma စာအုပ်ကို ကိုးကားထားတာကို တွေ့ရပါတယ်။ ဆောင်းပါးနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမဲ့ ဦးမြင့်ဝေကို မေးလိုတာက သူ့အနေနဲ့ ဒီစာအုပ်ကို ကိုးကားတယ်ဆိုရင် စာအုပ်ထဲမှာ ရိုဟင်ဂျာလူမျိုးရှိတယ်ဆိုပြီး ရေးထားတာကိုကော ဘယ်လိုမှတ်ချက်ပေးမလဲဆိုတာကို သိလိုပါတယ်။ ကျွန်တော်ကတော့ ရေးသားရာမှာ မြန်မာရာဇ၀င်များကိုသာ ကိုးကားမှာ ဖြစ်သည့်အတွက် ငရမန်ကန်းကို ချန်ထားခဲ့ပါမယ်။