Posts Tagged ‘Htein Lin’

လူမျိုးတွေအားလုံးပေါင်းပြီး… မြန်မာ ဆိုတဲ့ လူမျိုးတစ်ရပ် မွေးထုတ်ဖို့ ခြေပုန်းခုတ်ခဲ့တာများ…

February 17, 2012

Source: မြန်မာဟူသည်… by Zaw Khun Naw

မြန်မာ ဆိုတာကြီးကို သေချာမရှင်းဘဲနဲ့တော့ မဖြစ်တော့ဘူး..။

ဒီအတောအတွင်း အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ ပို့စ်တွေ၊ စာစုတွေ ဖတ်လိုက်ရတော့ မစွမ်းရင်းကလဲရှိ.၊ ကန်စွန်းခင်းကလဲညှိ.. ဆိုသလိုပဲ.။ ဆိုင်းသံကြားတဲ့ ဇာတ်ရူးလို ရွပိုးထိုးလာတာ အရင်ဝန်ခံလိုက်ပါတယ်.။ ကိုယ့်ထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ပြောခွင့်ရှိတဲ့ ဒီမိုကရေစီခေတ်ကြီးမှာပဲနော့်.။ ဘယ်သူမှ မဖတ်ရင်တောင် ပြောချုင်တာလေး ပြောလိုက်ရတော့ ရင်ချောင်သွားတာပေါ့..။ ဘယ်သူ့ ဘယ်သူကိုမှ ချောင်ပိတ်မေးခွန်းနဲ့ “ဟုတ်ကဲ့ သားတို့ မှားခဲ့ပါတယ်”လို့ အမှားဝန်ခံခိုင်းဖို့လဲ မရည်ရွယ်ပါဘူး..။ နဲနဲ သံဝေဂရပြီး ကိုယ့်လိပ်ပြာ ကိုယ်ပြန်ငဲ့တတ်ရင်ကို ကျနော့်ရေးတာပြောလေးတွေ အရာထင်တယ်လို့ သတ်မှတ်နိုင်မှာပါ..။

  (more…)

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း ၄ )

January 20, 2012

SOURCE: မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း ၄ ) by Aung Moe Win‘s FB

အခုပြောနေတဲ့ ကိစ္စက “ ခင်ဗျား ဘယ်သူ့ကို ချစ်လဲ ” ဆိုတဲ့ မေးခွန်းမဟုတ်ဘူး…ခင်ဗျားဟာ ရက်စက်ကြမ်းကြုတ်၊ ယုတ်မာသူတွေကို ကာကွယ်ခုခံမလား (ဒါမှမဟုတ်)ဒီမိုကရေစီ နဲ့ အပြစ်မဲ့ပြည်သူလူထုဘက်က ရပ်တည်မလား ဆိုတဲ့ရွေးချယ်မှု ဖြစ်တယ် ဒီ တပွဲမှာ ကိုယ့်ရဲ့သမိုင်းတန်ဘိုးကို ကိုယ့်ဘာသာ သတ်မှတ်ကြရပါလိမ့်မယ်။  (more…)

ABSDF-NB Massacre by Artist Htein Lin – ကျနော် လူကက်ဆက် (ဇာတ်သိမ်း)

January 3, 2012

Artist Htein Linကျနော် လူကက်ဆက် (ဇာတ်သိမ်း)

(၁၉၉၂ ဖေဖဝါရီ ၁၃ ရက် The Nation သတင်းစာတွင် ဖေါ်ပြခဲ့သည့် ဓါတ်ပုံ (ဝဲ မှ ယာ: ကိုကျော်နိုင်ဦး၊ မနန်းအောင်ထွေးကြည်၊ ကိုနိုင်ဝင်းအောင်၊ ကိုညီညီ၊ ကိုတိုးကြည်)

“ကျွန်တော်ကတော့ ရေနံချောင်းက ဖေကံကောင်းကိုးဗျ။ သပိတ်မှောက်ရင်း လာခဲ့တယ်။ (၀ါးဟားဟား)”

“လောကလည်တဲ့ တနေ့တော့ မနက်စာကို ညမှ ပေါင်းစားရတယ် (၀ါးဟားဟားဟား)”

“တနေ့ကလည်း လူသုံးယောက် ကျွန်တော့်ကို ၀ိုင်းရိုက်တာ၊ ဘယ်ရမလဲဗျ။ သူတို့က ဘူ။ ကျူပ်က ကုလားသုံးစီး။ (၀ါးဟားဟား)”

“သောက်ဆိုလည်း သောက်လိုက်တာပဲ။ တနေ့က ပုလင်းဆွဲပြီး ဂတ်တဲရှေ့ ဖြတ်လျောက်သွားတော့ ဌာနာ အုပ်က မေးတယ် ဘယ်သွား မလို့လဲတဲ့။ ကျွန်တော် မကြောက်ပါဘူး။ ပြောင်ပြောင်ပဲပြောလိုက်တယ်။ ရေနံဆီ ၀ယ်သွားမလို့ပါ။ (၀ါးဟားဟားဟား)”

(more…)