Posts Tagged ‘Human Rights and Liberties’
August 21, 2013
မွတ်စလင်ဆန့်ကျင်ရေး မတည်ငြိမ်မှုများ မြန်မာနိုင်ငံတွင် မြင့်တက်မည့် အန္တရာယ်ရှိနေကြောင်း လူ့အခွင့်အရေး အဖွဲ့တစ်ဖွဲ့ သတိပေး
21/8/2013
မြန်မာနိုင်ငံတွင် ဘာသာရေး အကြမ်းဖက်မှုများအတွက် မွတ်စလင်ဆန့်ကျင်ရေး ၀ါဒဖြန့်ချိမှုများကို ဖြေရှင်းရမည်ဖြစ်ပြီး ပြစ်ဒဏ်ပေးမှုမှ ကင်းလွတ်ခြင်း အလေ့အထကို ပပျောက်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက အကြမ်းဖက်မှုများ ဆိုးဆိုးရွားရွား မြင့်တက်လာနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်ရနိုင်ကြောင်း လူ့အခွင့်ရေး အဖွဲ့တစ်ဖွဲ့က သြဂုတ် ၂၀ ရက်တွင် သတိပေးခဲ့သည်။
ပြီးခဲ့သည့်နှစ်က စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း မွတ်စလင်တို့အပေါ် တိုက်ခိုက်မှုများသည် “ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ” ဖြစ်နေကြောင်း Physicians for Human Rights အဖွဲ့က ဖော်ပြခဲ့သည်။ အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က မြန်မာနိုင်ငံတွင် မွတ်စလင်တို့အပေါ် တိုက်ခိုက်သည့် အခြေအနေသည် လတ်တလောတွင် တည်ငြိမ်နေသည်ဟု ထင်ရဖွယ်ရှိကြောင်း၊ စုံစမ်းစစ်ဆေးမှုများ မျှတစွာဆောင်ရွက်ရန် ပျက်ကွက်ခဲ့မှုနှင့် ပဋိပက္ခ၏ အကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်မှုတို့ကြောင့် ပဋိပက္ခများ ထပ်မံဖြစ်ပွားလာနိုင်သည့် အန္တရာယ်ရှိနေကြောင်း ပြောကြားခဲ့သည်။
(more…)
Tags:Abdul Rashid Dostum, Burma, Human Rights and Liberties, Human Rights Watch, Myanmar, Physicians for Human Rights, Rakhine State, White House
Posted in Uncategorized | Leave a Comment »
May 21, 2013
အစ္စလာမ်ဘော်ဒါဆောင်ကျောင်း မီးရှို့ခံရမှု စုံစမ်းစစ်ဆေးပေးဖို့ PHR အဖွဲ့ တောင်းဆို
21.05.2013 ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့ အဓိကရုဏ်းအတွင်း အစ္စလာမ်ဘော်ဒါဆောင်ကျောင်း တစ်ကျောင်း မီးရှို့ခံခဲ့ရမှုကြောင့် ဆရာ၊ ဆရာမတွေ အပါအ၀င် ကလေးငယ် စုစုပေါင်း ၂၄ ယောက် သေဆုံးခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ Physicians for Human Rights လူ့အခွင့်အရေးအဖွဲ့ကြီးက အစီရင်ခံတစ်စောင် ထုတ်ပြန်လိုက်ပြီး ဒါကို အသေးစိတ် စုံစမ်းစစ်ဆေးပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို မမေစန္ဒီက တင်ပြထားပါတယ်။ ကျောင်းသား ၁၂၀ ရှိတဲ့ အစ္စလာမ် ဘာသာရေး ကျောင်းတစ်ကျောင်း မီးရှို့ခံရမှုအတွင်း ဆရာ၊ ဆရာမ ၄ ဦးအပါအ၀င် ကလေး အယောက်၂၀ ထက်မနည်း သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာရှိတဲ့ Physicians for Human Rights PHR လူ့အခွင့်အရေးအဖွဲ့ကြီးက စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုအတွက် PHR အဖွဲ့ကြီးက မီးလောင်မှုအတွင်း လွတ်မြောက်ခဲ့သူ ကလေးငယ်တွေနဲ့ အနီးနားမှာရှိတဲ့ မျက်မြင်သက်သေတချို့ကို PHR အဖွဲ့ကြီးက တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။
(more…)
Tags:Advocacy Organizations, Burma, Human Rights and Liberties, Muslim, Physicians for Human Rights, Thein Sein, United States, Voice of America
Posted in Uncategorized | Leave a Comment »