Posts Tagged ‘Interactive’

ဘယ်ကလာပြီးဘာတွေလုပ်လို့ ဘယ်သွားမှာလဲ ဒီဗွီဘီ

November 20, 2013

ဘယ်ကလာပြီးဘာတွေလုပ်လို့ ဘယ်သွားမှာလဲ ဒီဗွီဘီ

အခုရက်ပိုင်းအတွင်း အော်စလိုမှာDVB အသံလွှင့်ဌာန ပိတ်ပွဲအခမ်းအနားကို ခမ်းခမ်းနားနားလုပ်ဖို့ တာစူနေကြတယ်။ ပြည်တွင်းနဲ့ချင်းမိုင်၊ မဲဆောက် အခြေစိုက် DVB ၀န်ထမ်းတချို့ရော ဟိုးအစောပိုင်း DVB တည်ထောင်စ ပါဝင်ခဲ့တဲ့ လူဟောင်းတွေကိုရောသတိတရ ဖိတ်ကြားပြီး မနက် ကိုးခွဲကနေ ညနေ လေးနာရီထိ ရှေ့ကြောင်းနောက်ကြောင်းတွေ ပြန်သုံးသပ်တင်ပြကြမယ်လို့ ကြားတယ်။ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စကားနည်းနည်းပြောမယ်ကြားတယ်။ဒီပိတ်ပွဲကို မြန်မာပြည်က စာရေးဆရာ ဂျာနယ်လစ်တချို့ကိုလည်း ဖိတ်တယ်..။ သတင်းထောက်တွေရောဆိုလူ ၂၀ကျော်မယ်ထင်တယ်။

(more…)