Posts Tagged ‘June 2012’

အစိုးရပိုင်သတင်းစာများရဲ့ ချိုးနှိမ်တဲ့၊ ခွဲခြားတဲ့ ၊ စော်ကားတဲ့ အသုံးအနှုန်း

June 8, 2012

Source: အစိုးရပိုင်သတင်းစာများရဲ့ ချိုးနှိမ်တဲ့၊ ခွဲခြားတဲ့ ၊ စော်ကားတဲ့ အသုံးအနှုန်း

တူမောင်ညို။ ဇွန်လ ၆၊ ၂၀၁၂ မိုးမခ မီဒီယာမှ ကူးယူဖော်ပြပါသည်။

မေလ ၂၈ ရက်နေ့ ရမ်းဗြဲမြိုနယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာနေ မ —-  ကို သားမယားပြုကျင့်ပြီး ဓါးနဲ့ထိုးသတ်တာဟာ သိပ်ဆိုးပါတယ်။

ဇွန်လ ၃ ရက်နေ့က သံတွဲ – တောင်ကုတ် ကားလမ်းဆုံတွင် ရိုးမသစ္စာခရီးသည်တင်မှန်လုံယာဉ်ပေါ်မှာ လူ ၁၀ ဦး သတ်ဖြတ်ခံရမှုဟာလည်း အလွန်ဆိုးပါတယ်။

ဇွန် ၅ ရက်နေ့၊ အစိုးရပိုင် နေ့စဉ်ထုတ် သတင်းစာများ ( ကြေးမုံ၊မြန်မာ့အလင်း၊ NLM) တို့တွင်ဖေါ်ပြခဲ့သော စကားလုံး သုံးစွဲမှုက  ပိုပြီးတော့ဆိုးလွန်းပါတယ်။ ပြဿနာကို ပိုမိုကြီးထွားလာအောင် မီးလောင်ရာ လေပင့်ပေးတဲ့သဘော၊ “ဆွ”ပေးတဲ့ သဘှောဖြစ်ပါ တယ်။ ဒီစကားလုံးအတိုင်းပဲ ရေဒီယိုနဲ့ ရုပ်သံမီဒီယာတွေကနေလည်း လွှင့်ထုတ်ခဲ့ကြပါတယ်။

(more…)


Follow

Get every new post delivered to your Inbox.

Join 3,350 other followers