Posts Tagged ‘Kokang’

လူမျိုးတွေအားလုံးပေါင်းပြီး… မြန်မာ ဆိုတဲ့ လူမျိုးတစ်ရပ် မွေးထုတ်ဖို့ ခြေပုန်းခုတ်ခဲ့တာများ…

February 17, 2012

Source: မြန်မာဟူသည်… by Zaw Khun Naw

မြန်မာ ဆိုတာကြီးကို သေချာမရှင်းဘဲနဲ့တော့ မဖြစ်တော့ဘူး..။

ဒီအတောအတွင်း အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ ပို့စ်တွေ၊ စာစုတွေ ဖတ်လိုက်ရတော့ မစွမ်းရင်းကလဲရှိ.၊ ကန်စွန်းခင်းကလဲညှိ.. ဆိုသလိုပဲ.။ ဆိုင်းသံကြားတဲ့ ဇာတ်ရူးလို ရွပိုးထိုးလာတာ အရင်ဝန်ခံလိုက်ပါတယ်.။ ကိုယ့်ထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ပြောခွင့်ရှိတဲ့ ဒီမိုကရေစီခေတ်ကြီးမှာပဲနော့်.။ ဘယ်သူမှ မဖတ်ရင်တောင် ပြောချုင်တာလေး ပြောလိုက်ရတော့ ရင်ချောင်သွားတာပေါ့..။ ဘယ်သူ့ ဘယ်သူကိုမှ ချောင်ပိတ်မေးခွန်းနဲ့ “ဟုတ်ကဲ့ သားတို့ မှားခဲ့ပါတယ်”လို့ အမှားဝန်ခံခိုင်းဖို့လဲ မရည်ရွယ်ပါဘူး..။ နဲနဲ သံဝေဂရပြီး ကိုယ့်လိပ်ပြာ ကိုယ်ပြန်ငဲ့တတ်ရင်ကို ကျနော့်ရေးတာပြောလေးတွေ အရာထင်တယ်လို့ သတ်မှတ်နိုင်မှာပါ..။

  (more…)

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း ၄ )

January 20, 2012

SOURCE: မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း ၄ ) by Aung Moe Win‘s FB

အခုပြောနေတဲ့ ကိစ္စက “ ခင်ဗျား ဘယ်သူ့ကို ချစ်လဲ ” ဆိုတဲ့ မေးခွန်းမဟုတ်ဘူး…ခင်ဗျားဟာ ရက်စက်ကြမ်းကြုတ်၊ ယုတ်မာသူတွေကို ကာကွယ်ခုခံမလား (ဒါမှမဟုတ်)ဒီမိုကရေစီ နဲ့ အပြစ်မဲ့ပြည်သူလူထုဘက်က ရပ်တည်မလား ဆိုတဲ့ရွေးချယ်မှု ဖြစ်တယ် ဒီ တပွဲမှာ ကိုယ့်ရဲ့သမိုင်းတန်ဘိုးကို ကိုယ့်ဘာသာ သတ်မှတ်ကြရပါလိမ့်မယ်။  (more…)

Bo Khin Nyunt ကျားသေ နဲ့ မီဒီယာ

January 20, 2012

Source: ကျားသေ နဲ့ မီဒီယာ by Zarny Win from Irrawaddy blog

သင်းကွဲတွေကို လူရာသွင်း။ ကျားသေကို အသက်သွင်းချင်နေကြသော ဂျာနယ်များ။” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖေ့စ်ဘုတ်မှာ Chawchaw Mirror ရေးသားထားတာကို ကူးယူ ဖော်ပြပါတယ်။

(more…)

Searching for soft target, Myanmar Muslims but scared of the Pauk Phaw Gyi

January 19, 2012
From FB of Aungzaw Win
ကြိုက်ကြ မှာ မဟုတ်ပေမဲ့ ရေး သင့်လို့ရေးပါပြီ၊၊ အို အမျိုးပျောက်မှာ စိုးကြောက် သူ အပေါင်းတို့ ………………. မြန်မာနိုင်ငံတွင်း ဖြစ်ပွားသော ၇၀ % သော လူကုန်ကူးမှု သည် အရှေ့  မြောက် အရပ် ရှိ တိုင်းပြည်ကြီး သို့ မိန်းမပျိုလေး များကို ရောင်းစားခြင်းဖြစ်ပါကြောင်း သတင်းနှင့် ဂျာနယ် များတွင်ဖတ်ရှု ရပါသည်၊၊ ဥစ္စာပေါ၊အသားလှ ၍ ကြည်ဖြူ ကြလေသလော၊၊ ကြောက်ရွံ့  ကြ လေသလော မသိပါ၊၊ ဆန့်ကျင်သံ၊ တားဆီးသံများ မကြားရပါ၊၊ ဒုတိယ ကမ္ဘာစစ် ကာလ က ဖြစ်ပွားခဲ့သော မများ လှသော အကြောင်းများ ကို မနေ့တနေ့ ကဖြစ်နေ သလို ခရု ခါးတောင်းကြိုက်ဖမ်း ဘို့ညာသံ တွေပေးပြီး လမ်းလွဲ လိုက်နေကြပါသည်၊၊ မသိ ၍ လွဲပါသည် ဆိုလျင် နုံညာ လွန်းရာကြပါသည်၊၊ သိလျက်နှင့် လွဲ တာ ဆိုလျင် ယုတ်မာ ရာ ကြပါသည်၊၊

(more…)