Posts Tagged ‘Media’

၂၀၁၅-ခု ရွေးကောက်ပွဲကျရင် ဗုံးမခွဲပါဘူး..ရဲမြင့် နှလုံးသားတွေကို ခွဲပြပါမယ်

April 15, 2013

Shit headအစ္စလာမ်ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များအား မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်မှ ခေါ်ယူတွေ့ဆုံမှုအပေါ် ခလီဖွဟ်ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းချက်

မန္တလေး ။ ။ မန္တလေးတိုင်း အစ္စလာမ်ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များအား မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်မှ ၂၀၁၃-ခု ဧပြီလ ၁၂-ရက်နေ့က ခေါ်ယူတွေ့ဆုံ ပြောဆိုခဲ့မှုများအပေါ် ထွက်ပေါ်လာသော သတင်းများနှင့်ပတ်သက်၍ ခလီဖွှာဟ် ဦးသိန်းဝင်းအောင်အား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

(more…)

မိတ္ထီလာမြို့ မွတ်စလင်မ်များ အကြမ်းဖက်ခံရမှု မှတ်တမ်း

March 24, 2013

မိတ္ထီလာမြို့ မွတ်စလင်မ်များ အကြမ်းဖက်ခံရမှု မှတ်တမ်း

M-Media March 23, 2013

maketila

မိတ္ထီလာမြို့ မွတ်စလင်မ်များ အကြမ်းဖက်ခံရမှု မှတ်တမ်းကို M-Media မှ စုစည်း အတည်ပြုရယူထားပါသည်။

ဖျက်ဆီးခံရသော ဗလီဝတ်ကျောင်းတော်များ

၁။ ဂျာမေ့ဗလီ – အရှေ့ပြင်ရပ် (ဈေးအနောက်)

၂။ ဘင်္ဂါလီဗလီ – ရတနာမောင်ရပ်ကွက်

၃။ ငြိမ်းချမ်းရေးဗလီ – ရတနာမောင်ရပ်ကွက်

၎။ တူရကီဗလီ – ရတနာမောင်ရပ်ကွက်(တပ်နယ်)

၅။ မြို့မဗလီ – ရတနာမောင်ရပ်ကွက်

၆။ မှန်လုံဗလီ(မှန်လုံ၂-ထပ်ဗလီ)ဏ္ဍသီရိမင်္ဂလာ(က)ဗလီ – သီရိမင်္ဂလာရပ်ကွက်

၇။ ပါကစ္စတန်ဗလီ – သီရိမင်္ဂလာရပ်ကွက်

၈။ မြို့ဦးဗလီ – အောင်ဇေယျာရပ်ကွက်

၉။ နန်းတော်ကုန်းဗလီနှင့် အာရဗီတက္ကသိုလ် – နန်းတော်ကုန်းရပ်ကွက်

၁၀။ သာယာကုန်းဗလီ – နန်းတော်ကုန်းရပ်ကွက်

၁၁။ ချမ်းအေးသာယာဗလီ – နန်းတော်ကုန်းရပ်ကွက်

၁၂။ ပြည်သာယာ(တောင်)၊ ပြည်သာယာ(မြောက်) ၀တ်ပြုကျောင်းဆောင်များ – ပြည်သာယာ တိုးချဲ့ရပ်ကွက်

၁၃။ မင်္ဂလာဇေယုံဗလီနှင့် အာရဗီအထက်တန်းကျောင်း – မင်္ဂလာဇေယုံရပ်ကွက်

(more…)

အစ္စလာမ် ဆန့်ကျင်ရေး လှုံဆော်မှု့သည် အခြေခံဥပဒေနှင့် ဆန်ကျင်သော်လည်း အရေးယူခြင်းမရှိ

January 22, 2013

အစ္စလာမ်ဘာသာအပေါ် စော်ကားပုတ်ခတ်စာများရေးသားဖြန့်ဝေခြင်း၊ သမိုင်းအမှားများရေးသားခြင်းသည် အခြေခံဥပဒေနှင့် ဆန့်ကျင်၊ အစိုးရပိုင်းမှ အရေးယူခြင်းမရှိ နိုဝင်ဘာ ၂၈ ၊ ၂၀၁၂ M-Media မောင်လျောက်(မြယာမြေ)

(more…)

ဘက်လိုက်တတ်တဲ့ မွတ်စလင်မ်

November 11, 2012

ဘက်လိုက်တတ်တဲ့ မွတ်စလင်မ် နိုဝင်ဘာ၊ ၁၀၊ ၂၀၁၂ M-Media ဆောင်းပါးရှင်- ကျော်မိုးအောင်

            မကြာခဏဆိုသလိုပင်  ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်တို့သည် မေးခွန်းတစ်ခုနှင့် ကြုံကြရလေ့ ရှိကြပါသည်။ “အကယ်၍သာ မွတ်စလင်မ်နိုင်ငံတစ်ခုခုနှင့် မြန်မာပြည် စစ်ဖြစ်ခဲ့ပါက ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တို့အနေနှင့် ဘယ်ဘက်ကပါကြမှာလဲ” ဟူသည့်၊ သို့တည်းမဟုတ်လည်း ယင်းသဘော ဆောင်သည့် အူတိအူကြောင် မေးခွန်းဖြစ်သည်။

(more…)

ဒု-ဗိုလ်ချူပ်ကြီးလှမင်း လာရောက် စစ်ဆေးပြီးသည့်တိုင် ကျောက်နီမော်ရွာအား ခြိမ်းခြောက်နေသေး

October 31, 2012

ဒု-ဗိုလ်ချူပ်ကြီးလှမင်း လာရောက် စစ်ဆေးပြီးသည့်တိုင် ကျောက်နီမော်ရွာအား ခြိမ်းခြောက်နေသေး

အောက်တိုဘာ၊ ၂၉ ၊ ၂၀၁၂ M-Media သတင်း- အောင်မင်း

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များကို အကြမ်းဖက်တိုက်ခိုက်ရန်အတွင် အစပြုဖြစ်ခဲ့သည့် ကျောက်နီမော်ကျေးရွာသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ  ဒုတိယ ဗိုလ်ချူပ်ကြီး လှမင်း နှင့် အဖွဲ့ဝင်များရောက်လာပြီး မွတ်စလင်နှင့် ရခိုင်ခေါင်းဆောင်များအား တဖက်လျှင် (၁၅) ယောက်ဆီခေါ်ယူတွေ့ဆုံခဲ့ပါသည်။

(more…)

ပေါက်တော့မြို့ မီးလောင်ပျက်စီး အိမ်ခြေစာရင်းနှင့် မွတ်စလင် ဒုက္ခသည်များ အခြေအနေ

October 31, 2012

ပေါက်တော့မြို့ မီးလောင်ပျက်စီး အိမ်ခြေစာရင်းနှင့် မွတ်စလင် ဒုက္ခသည်များ အခြေအနေ

အောက်တိုဘာ၊ ၂၉ ၊ ၂၀၁၂ M-Media သတင်း-ထွန်းတောက်

ပေါက်တောမြို့မှ မွတ်စလင်ကျေးရွာများ မိးရှို့ဖျက်ဆီးခံရစဉ်

ရခိုင်ပြည်နယ် ပေါက်တော့မြို့နယ် ရပ်ကွက်(၃) နှင့် ရပ်ကွက်(၄) မှ ( ၂၄.၁၀.၁၂)နေ့မှ ရောက်ရှိလာသော ဒုက္ခသည်များကို အမှတ်(၆) အုန်းတောကျေးရွာအနီး ပင်လယ်ကမ်းစပ် နားတွင် မိုးအကာမရှိ မြေပြင်ပေါ်တွင် တိရစ္ဆာန်များသဖွယ် ပစ်ထားကာ ယနေ့အထိ စစ်တွေမြို့မှ ဒုက္ခသည်စခန်းများသို့ ၀င်ခွင့်မပြုသေးကြောင်းသိရပါတယ်။ ထိုအပြင် အစားရေစာ နှင့် ဆေးဝါးကုသမှုလည်း မပေးကြာင်း၊ စစ်သားများ၊ နစက များ၊ရဲ များက ရိုက်နှက်ညှင်းပမ်းမှုများ ပြုလုပ်နေကြောင်းသိရပါတယ်။

(more…)

ပင်လယ်ပြင်မျော မွတ်စလင်ဒုက္ခသည်များ သမ္မတနှင့် အစိုးရထံ အသနားခံစာပို့

October 28, 2012

Source: ပင်လယ်ပြင်မျော မွတ်စလင်ဒုက္ခသည်များ သမ္မတနှင့် အစိုးရထံ အသနားခံစာပို့ M-Media

နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ (မြန်မာနိုင်ငံ) သို့ အသနားခံ တင်ပြချက်။

ရခိုင်ပြည်နယ်အတွင်း မွတ်စလင် လူနည်းစု များနေထိုင်လျက်ရှိသော မြို့နယ်အသီးသီးတွင် ၂၁-၁၀-၂၀၁၂ ရက်နေ့စတင်ပြီး ဒုတိယအကြိမ်ထပ်မံဖြစ်ပွားသော အကြမ်းဖက် အရေးအခင်းတွင် လူများစု ရခိုင် လူမျိုးများတို့က လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် တိုက်ခိုက် (မီးရှိုး ၊ လုယက် ၊ သတ်ဖြတ်) မှု ကိုမခံနိုင် သဖြင့် ကျောက်ဖြူ မြို့နယ် နှင့် ပေါက်တောမြို့နယ် တို့မှ စက်လှေ အစီး (၇၀) ကျော်ဖြင့် ဒုက္ခသည် (၇၀၀၀) ကျော်တို့ သည် ပင်လယ်ပြင်ကို ဖြတ်ပြီး စစ်တွေမြို့ ရှိ မွတ်စလင် များနေထိုင်သော ကျေးရွာများ ဒုက္ခသည် စခန်းများသို့ အသက်အန္တရာယ်မှ လွတ်မြောက်ရန် ထွက်ပြေးလာရာမှာ  ရခိုင်ပြည်နယ် အစိုးရ ၏ အမိန့်ဖြင့် ဒုက္ခသည် စခန်းများနှင့် မနီးမဝေး ပင်လယ်တွင် ၊ မိမိတို့ စက်လှေများပေါ်တွင် အစာရေစာ ငတ်မွတ်မှု နှင့် ရင်ဆိုင်လျက် ပိတ်ဆို့ ထိန်းချုပ် ခြင်းခံနေရပါသည်။

(more…)