Source MMSY မမေးလည်းဖြေ (၁) – ချစ်တီးကုလားလို မြန်မာပြည်ကိုငွေနဲ့  သိမ်းမှာကြောက်ရင်
မွတ်စလင်မ် မုန်းတီးရေးသမားတွေ လူသိရှင်ကြား နှိမ်ချရေးသားနေတာတွေကို သေချာ လိုက်ဖတ် ကြည့်တော့ နားလည်မှုလွဲနေတာတွေ အများကြီးတွေ့ ရတယ်။ တချို့ က နားမလည်လို့  ကြားဖူးနားဝ နဲ့ အမြင်မှားနေပေမဲ့ တချို့ ကျတော့ လူမျိုးရေး ဘာသာရေးမုန်းတီးအောင် သက်သက်မဲ့ သတင်းမှား တွေနဲ့  မှိုင်းတိုက်နေကြတယ်။ ဒါကြောင့် မမေးလည်းဖြေ ဆိုတဲ့ ခေါင်းစဉ်နဲ့  တခုချင်းစီ ဖြေသွားပါ မယ်။
ပထမဦးဆုံးအနေနဲ့  ခုနကတင် ဖေ့စ်ဘွတ်ခ်မှာ ဖတ်မိတဲ့ ကော်မန့် နဲ့  စချင်ပါတယ်။
ညီမငယ်လေးတစ်ယောက် က “ဟ ချစ်တီးကုလားတွေသွား ကြည့်ပါလား။ ငွေနဲ့ ပေါက်ပြီးသိမ်း သွား မယ်” လို့ ပြောပါတယ်။ မမေးပေမဲ့ဖြေပါမယ်။ ချစ်တီးနဲ့  မွတ်စလင်မ်ရောချတာ လုံးဝ လုံးဝ အဓိပ္ဗါယ် မရှိပါ။ မွတ်စလင်မ်နဲ့  ငွေချေးချစ်တီးဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။ ဘာဖြစ်လို့ လဲ?