မြန်မာလူမျိုး ရိုးရာဝတ်စုံဆိုတာ ဘင်္ဂလားနယ်က ပုဆိုးကို ခါးမှာဝတ်ပြီး တရုတ်ကော်လံကတုံးကို လည်ပင်းမှာ တပ်ထားတာကို မြန်မာ့ ရိုးရာဝတ်စုံလို့ ခေါ်ကြတာဖြစ်ပါတယ်။ မြန်မာဆိုတာ သီးခြားရပ်တည်လို့ မရပါဘူး။ ဒီအချိန်မှာ ကျွန်တော့်ဆွေးနွေးချက်ဟာ လူတိုင်း ကြိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ဆွေးနွှေးချက်ဟာ ပါတီကိုလည်း ကိုယ်စားမပြုပါဘူး။ ဦးလှဆွေ တစ်ဦးတည်းမှာသာ တာဝန်ရှိပါတယ်။ တချို့ မီဒီယာတွေက ဒီအဆိုနဲ့ ပတ်သက်ပြီး ပါတီကို ပုတ်ခတ်ပြောဆိုနေတာတွေ၊ ဂျာနယ်တွေ၊ Facebook တွေမှာ မြင်တွေ့နေရပါတယ်။
Posts Tagged ‘Race and ethnicity in the United States Census’
Myanmar MP U Hla Swe’s dream for the Rohingya, Myanmar Muslims and Myanmar-Chinese
August 30, 2013အဖျက်စွမ်းအားပြင်း၍ စံမမှီသော လ.ဝ.က ဥပဒေနှင့် ၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေ
August 4, 2013အဖျက်စွမ်းအားပြင်း၍ စံမမှီသော လ.ဝ.က ဥပဒေနှင့် ၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေ – သြဂုတ်-၁၊ ၂၀၁၃ M-Media ဆောင်းပါးရှင်- မောင်သမာဓိ
လူနည်းစုသည် လူများစု၏ ဆန္ဒကို လေးစားရမည်။ လူများစုသည် လူနည်းစု၏ အခွင့် အရေးများ ကို အကာအကွယ် ပေးရ မည်ဆိုသော ဒီမိုကရေစီစံနှင့် လွဲချော်နေသော မြန်မာနိုင်ငံ၏တည်ဆဲ လူဝင်မှု ကြီးကြပ်ရေးဥပဒေနှင့် ၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေ တို့ကြောင့် နစ်နာနေသူ လူနည်းစုဝင်တစ်ဦး၏ ရှု့ထောင့် မှ အမြင်ကို အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ် ကြီးများ နှင့် ၈၈၈၈ ဥပဒေရေးရာ အဖွဲ့ ဝင်များ အနေဖြင့် ဂရုပြု လေ့လာနိုင်ရန် တင်ပြအပ်ပါသည်။
၁။ အမျိုးသားနှင့် အမျိုးသမီး၊ ကျား မ လိင်ခွဲခြားဆက်ဆံသောဥပဒေများ ဖြစ်နေခြင်း။
နိုင်ငံခြားသား အိမ်ထောင်ဖက်(FRC)ကို တရားဝင် လက်ထပ်ထားသော ဗမာချင်း တူသော်လည်း ဖခင် (ယောင်္ကျား) သည် မြန်မာ နိုင်ငံသား ဖြစ်လျှင် မွေးလာသော ကပြား သားသမီးများ(One-FRC)သည် အသက် ၁၈ နှစ်ပြည့်လျှင် အလိုလျှောက် နိုင်ငံသားဖြစ်ပြီး၊ မြန်မာစစ်စစ် မိခင် (မိန်းမ)မှ မွေးလာသော ကပြား သားသမီးများ(One-FRC) သည် အသက် ၁၈ နှစ်နှင့် ၁၉ နှစ်ကြားတွင် ကျမ်းကြိမ်မှသာ နိုင်ငံသားပြုခွင့် ရပါသည်။