Source: ကရင်၏ မူလ ဇာစ်မြစ် by FNG on September 13, 2012
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏
နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို
ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
ကရင်လူမျိုး၏ မူလဇစ်မြစ် သုတေသနစာတမ်း
နိဒါန်း
ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇစ်မြစ်တိုင်းသည် ၀တ္ထုဆန်ဆန်၊ စိတ်ကူးယဉ်ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း
မပြုနိုင်ကြပေ။
ဥပမာအားဖြင့် ဂျပန်လူမျိုးတို့သည် မိမိတို့ ဘုရင်ကို “နေနတ်” မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပြီး မိမိတို့လူမျိုးကိုလည်း “နေနတ်အနွယ်” များဟု ယူဆကြသည်။
ထိုနည်းတူ ကရင်လူမျိုးများ၏ မူလဇစ်မြစ်နှင့် ပတ်သက်၍ အမျိုးမျိုး ယူဆ ပြောဆိုကြပေသည်။ အချို့က ကရင်လူမျိုးများသည် တိဘက်လူမျိုး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ကရင်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ပိုင်းမှ ဆင်းသက်လာကြသော လူမျိုးတမျိုးဖြစ်သည်ဟု ဆို၏။