လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွါးစေရန် လုပ်ကြံမှုများ ဖန်တီးခွင့် မပြုသင့်
ဖေဖော်ဝါရီ ၂၇ ၊ ၂၀၁၃
M-Media
Amb. Ufuk Gokcen နှင့် ဘန်ကီမွန်း
အစ္စလာမ့်ရေးရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ Organization of Islamic Cooperation – OIC ရဲ့ ကမ္ဘာ့ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်နဲ့သံအမတ်ဖြစ်သူ Amb. Ufuk Gokcen က ဒီလိုထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
“ ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခ လုပ်ရပ်တွေဟာ လူများစု ဗုဒ္ဓဘာသာဝင်နဲ့လူနည်းစု မွတ်စ်လင်မ်တွေအကြား ဘာသာရေးထိပ်တိုက်တွေ့မှု မဟုတ်ဘ၊ဲ ရိုဟင်ဂျာ လူနည်းစုဆီကိုသာရှေ့ရှုနေတဲ့ မကျေနပ်ချက်၊ အငြိုးအာဃာတ အကျိုးဆက်လို့ဆိုပြီး ကျွန်တော့် အမြင်ဖြစ်သွားခဲ့ရတယ်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ကမန် မွတ်စ်လင်မ် အိမ်ခြေများကို ဦးတည်ဖျက်ဆီးမှု၊ ကရင်ပြည်နယ် အတွင်း ဗုဒ္ဓဘာသာ ဘုန်းကြီးတွေရဲ့ မွတ်စ်လင်မ် ဆန့်ကျင်ရေး လှုံ့ဆော်ချက်တွေကို ကြားလိုက်ရချိန်မှာ အရေးပေါ်အခြေအနေရောက် လာတော့မလားဆိုပြီး ကျွန်တော် စိုးရိမ် ပူပန်သွားခဲ့တယ်။ အဲ့ဒီနောက် ရန်ကုန်မြို့ရဲ့ မွတ်စ်လင်မ် ဘာသာရေး ကျောင်းငယ်တစ်ခုကို ဗုဒ္ဓဘာသာဝင် အယောက် ၃၀၀ က တိုက်ခိုက်ဖျက်ဆီးတဲ့သတင်း၊ အပတ်စဉ်ထုတ်ဂျာနယ် တစ်စောင်ကနေ ဘုန်းကြီးတစ်ပါးရဲ့ မီးလောင်ရာလေပင့် ကြုံးဝါးချက် သတင်းတွေ ထပ်မံ ရရှိလိုက်တဲ့အခါမှာတော့ ကျွန်တော့်ရဲ့ ကနဦးကောက်ချက် အပေါ် ပြန်လည် သုံးသပ်ဖို့ ဖြစ်လာရပါပြီ ”