Now it is confirmed about the Eh Kho Abbot’s accusation of U Thein Sein of committing crimes
အဲခိုး (တောင်ကလေး ဆရာတော်)၏ “ပြည်သူကို ဒုက္ခပေးသူများ” ဆောင်းပါးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတကို စွပ်စွဲပြစ်တင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် အမတ်မင်းများတွင် တာဝန်ရှိကြောင်း ရေးသားခဲ့သည်။
နိုင်ငံရေး ပဋိပက္ခများ ဖန်တီးသည်။ လူမှုရေး ပဋိပက္ခများ အသွင်ဆောင်နေအောင် လက်သိပ်ထိုး ကစားသည်။ နိုင်ငံရေး ကစားကွက်၊ ပြောင်းကွက်၊ ချဲ့ကွက်များကို လုပ်သက်ကျေသူတို့နှင့် ပေါင်းပြီး အဘက်ဘက်မှ ပေါ်လာသော ဟာကွက်မြှုပ်ကွက်များကို မက်ကွက်များပေးပြီး လုပ်စေသည်။ အသက်များစွာ သေကျေသည်။ ရခိုင်ပြည်နယ် အရေးအခင်းကြောင့် သမ္မတကို အရေးယူရန် ထိုက်သည်။ ဤကိစ္စတွင် ပြည်ထောင်စု လွှတ်တော်တွင် တာဝန်ရှိသည်” ဟု ဆောင်းပါးရှင် အဲခိုးက ရေးသားခဲ့သည်။
(၁) ရခိုင်ပြည်နယ် အရေးအခင်း (၂) မိထ္ထီလာ အရေးအခင်း (၃) လက်ပံတောင်းတောင် အရေးအခင်း (၄) ကချင်ပြည်နယ် အရေးကိစ္စတို့တွင် ဥပဒေအရ ပေးအပ်သော တာဝန်ရှိသူ ဖြစ်သည်။ ထိုအရေးအခင်း ကာလများတွင် သေကျေပျက်စီး ကြရသည်ကြောင့် သမ္မတ ဖြစ်သူမှာ တိုက်ရိုက်တာဝန် ရှိသည်။