The First Burmese Migrants’ invasion from China, to colonize and settle in Pagan မြန်မာတို့ ဗဟိုမြန်မာနိုင်ငံအတွင်း ဝင်ရောက်နေထိုင်ခြင်း
Read all here @ The First Burmese Migrants’ invasion from China, to colonize and settle in Pagan (in Burmese)
May 23, 2010
- မြန်မာတို့ ဗဟိုမြန်မာနိုင်ငံအတွင်း ဝင်ရောက်နေထိုင်ခြင်း
ရေးသူ- ဒေါက်တာသန်းထွန်း
မြန်မာတို့ ဗဟိုမြန်မာနိုင်ငံအတွင်း ဝင်ရောက်နေထိုင်ခြင်း ရေးသူ- ဒေါက်တာသန်းထွန်း
အရှေ့တောင်အာရှ မြို့နိုင်ငံတွေကို ဝင်ရောက်လုယက် ဖျက်ဆီးခဲ့တဲ့ နန်ကျောင်စစ်တပ်ကြီးမှာ မန်းမန်တွေ ပါတယ်။ မြန်မာနိုင်ငံမှာ ခရစ် ၈၃၂ နဲ့ ၈၃၅ အတွင်း လုယက်ဖျက်ဆီးတယ်။ မန်းမန် တပ်သားတွေဟာ သတ္တိရှိတယ်။ သစ္စာရှိတယ်လို့ ဂုဏ်သတင်းကြီးတယ်။ မန်းမန် တပ်သားတယောက်ကို ဖမ်းဆီးရမိတဲ့အခါမှာ ဘယ်လိုပဲ ရိုက်နှက်စစ်ဆေးပေမယ့် စစ်တပ်ရဲ့ အရေးပါတဲ့ လိျှု့ဝှက်ချက်တွေကို မေးမရပါ။အဲဒီ လူတွေဟာ စစ်တိုက်ခိုက်တာကို အစကပဲ နှစ်သက်သူတွေ ဖြစ်ပေမယ့် နန်ကျောင်ခိုင်းသလို အကြာကြီး လှည့်လည် လုယက်တိုက်ခိုက်နေလို့ မဖြစ်နိုင်လို့ သဘောပေါက်လာတယ်။ ဒါကြောင့် ခရစ် ၉ရာစုနှစ် လယ်က စပြီး နန်ကျောင်အုပ်စိုးတဲ့ ပြည်နယ်ထဲက ထွက်ခွါလာခဲ့တယ်။ အရှေ့တောင် အာရှတခွင် နေရာအများကို ရောက်ဖူးပြီး ဖြစ်ပေမယ့် ဗဟိုမြန်မာနိုင်ငံ မြေပြန့်ဒေသတွေကိုသာ သူတို့ရဲ့ အိုးအိမ်သစ် ထူထောင်ဖို့ ကောင်းတဲ့နေရာလို့ ရွေးချယ်လိုက်တယ်။ ပူအိုက် စွတ်စိုပြီး ငှက်ဖျားရောဂါနဲ့ သေတတ်တဲ့ ရပ်ရွာဒေသကို ကြောက်လို့ ပူအိုက်ခြောက်သွေ့တဲ့ ဒေသကို ရွေးချယ်ခဲ့တာ ဖြစ်တယ်။
မြန်မာနိုင်ငံနယ်မြေကို သိတဲ့အပြင် ရှိရင်းစွဲလူမျိုးတွေအကြောင်းကိုလည်း သိလို့ သူတို့ဝင်လာတာကို မခုခံမဲ့ လမ်းက ဝင်တယ်။ သံလွင်မြစ်ကို စုန်ဆင်းပြီး မြောက်ပိုင်း ရှမ်းပြည်နယ်ကိုကျော် အရှေ့တောင်ထောင့်က ဖြတ်ဝင်တယ်။ အဲဒီနောက် စားသုံးရန် ကောက်ပဲသီးနှံ အများဆုံးထွက်တဲ့ ကျောက်ဆည်နဲ့ မင်းဘူးဒေသတွေကို သိမ်းယူတယ်။ မြောက်ဘက်မှာ မန္တလေးဝန်းကျင်၊ တောင်ဘက်မှာ မိချောင်းရဲဝန်းကျင်တွေမှာ အစောင့်တပ် ချထားတယ်။ ဒါကြောင့် မြန်မာတွေ ဝင်ရောက်လာတာဟာ စစ်တပ်နဲ့ ပြည်နယ်သိမ်းယူလိုက်တဲ့ သဘော ဖြစ်နေပါတယ်။ မွန်၊ ကဒူး၊ ပျူ၊ သက်၊ ပေါင်လောင်း နဲ့ စကြောလူမျိုးတွေ ရှိပြီးဖြစ်တဲ့ အလယ်ပိုင်း မြန်မာနိုင်ငံကို သိမ်းရာမှာ လွယ်ကူပါတယ်။ နိုင်ငံသစ်ရဲ့ ဗဟိုအရပ်ကို ပုဂံဟု သတ်မှတ်လိုက်တယ်။ ခရစ် ၉ ရာစုနှစ် အလယ်မှာ မြန်မာတွေက မြန်မာရဲ့ ခြောက်သွေ့တဲ့အရပ်မှာ အခြေချပြီး ဖြစ်သွားပါတယ်။
ခြောက်သွေ့အရပ်မှာ နေဖို့ ဆုံးဖြတ်တာဟာ မိုးများတာကို မကြိုက်လို့ ဖြစ်တယ်။ ပျူ၊ ပေါင်လောင်နဲ့ မွန်တွေကိုလည်း လွယ်လွယ်နဲ့ တိုက်ခိုက်နှိမ်နင်း နိုင်ပါတယ်။ မကြာခင် ရှိရင်းစွဲ လူမျိုးတွေရဲ့ ဓလေ့ ထုံးစံတွေကို မြန်မာတွေ နှစ်သက် သုံးစွဲလာတဲ့အတွက် အောင်နိုင်သူတွေ ကျဆုံးပြီလို့ ပြောဆိုတာ ခံရပါတယ်။ စစ်လိုလားသူ တွေဟာ ငြိမ်းချမ်းစွာ နေထိုင်တဲ့ တောင်သူဘဝကို ကူးပြောင်းလာပြီး ဗုဒ္ဓသာသနာမှာလည်း သက်ဝင်ယုံကြည် လာတယ်။ ဒါပေမဲ့ ပင်ကိုယ်သဘောဖြစ်တဲ့ စစ်အလေ့အကျင့် မပျောက်ဘဲ အရေးရှိရင် ရှိတဲ့အတိုင်း လူမြန်မြန် စုပြီး လက်နက်စွဲကိုင် တိုက်ခိုက်နိုင်ပါတယ်။ မြေကတုတ်နဲ့ စစ်ဆင်တိုက်နည်းကို အထူးကျွမ်းကျင် တယ်။
ကျောက်ဆည်နဲ့ မင်းဘူး အရပ်ဒေသတွေမှာ ရှိရင်စွဲ မွန်နဲ့ ပေါင်လောင်လူမျိုးတွေဆီက ဆည်ရေသောက် စပါးစိုက်နည်းကို ခပ်မြန်မြန် သင်ယူတတ်မြောက်ပြီးတော့ သူတို့လည်း တောင်သူ လယ်သမားတွေ ဖြစ်လာ ပါတယ်။ မကြာခင် တောရိုင်းတွေကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးမြေ ဧရိယာကို ဆည်မြောင်းတွေနဲ့ ရေသွင်းပြီး ယပ်တောင်ဖြန့်လိုက်သလို ရွှေဘို၊ မုံရွာ၊ ပခုက္ကူ၊ စစ်ကိုင်း၊ မန္တလေးနဲ့ တောင်တွင်းဒေသတွေမှာ လယ်စိုက် ကြတယ်။ မြေသြဇာညံ့တဲ့ အရပ်တွေမှာ ထန်းဥယျာဉ်၊ ကွမ်းသီး ဥယျာဉ်တွေကို စိုက်တယ်။ တနှစ်မှာ တကြိမ် မြစ်ရေလျှံတဲ့ ဒေသတွေမှာ ပဲမျိုးစုံ စိုက်တယ်။ မြေညံ့လွန်းရင် ပြောင်းနဲ့ နှမ်းစိုက်တယ်။ စိုက်ပျိုးရာမှာ အလေအလွင့် မရှိအောင် မြေကို အသေးစိတ် အသုံးချတတ်ပါတယ်။ အဲဒီလို စိုက်ပျိုးတဲ့ မြေဧရိယာကို တတ်နိုင်သလောက် ကျယ်ပြန့်စေဖို့ နည်းအမျိုးမျိုးကို သုံးပါတယ်။ ဒါကြောင့် ခန်းခြောက်ဒေသ တခုလုံး ကောက်ပဲသီးနှံ ဖြစ်ထွန်းလာတာဟာ အလွန်ကြီးကျယ်တဲ့ အောင်မြင်မှုတရပ် ဖြစ်တယ်။ ဒီကနေ့ မြန်မာတွေဟာ မိမိတို့ရဲ့ ဘိုးဘွားတွေ အဲဒီလို အစွမ်းထက်ပါတယ်လို့ ဂုဏ်ယူရမှာ ဖြစ်ပါတယ်။
ကောက်ပဲသီးနှံ စိုက်ပျိုးတယ်ဆိုရာမှာ ကိုယ့်မိသားစု တနှစ် ဝမ်းစာရရုံလောက် စိုက်တယ်လို့ ဆိုနိုင်ပေမယ့် ငြိမ်းချမ်းစွာ နေခွင့်ရလာတဲ့အခါ မြန်မာလူဦးရေဟာ အလျင်အမြန် တိုးတက်လာတယ်။ ဒီတော့ စိုက်ခင်းနယ်မြေကို မချဲ့မဖြစ် ချဲ့ရပါတယ်။ အုပ်စိုးတဲ့ နယ်မြေကိုလည်း တိုးချဲ့နိုင်တယ်။ အရင်းမူလပြုတဲ့ ဒေသအပြင် တိုးလာတဲ့ ဒေသကို ပေါင်းစပ်လို့ ခရစ် ၁၁ ရာစုနှစ် အလယ်က စပြီး နိုင်ငံဟု ထင်ရှား ပေါ်ပေါက်ပြီး နိုင်ငံထူထောင်ရာမှာ ပထမဆုံး ထင်ရှားတဲ့ မင်းဟာ အနိရုဒ္ဓ ခေါ် အနော်ရထာမင်းစော ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဆည်ရေသောက် လယ်စိုက်တာကို မွန်တို့က စတယ်လို့ သိရတယ်။ မြန်မာတို့က ဆည်ရေသောက် လယ်စနစ်ကို အလျင်အမြန် နည်းယူတတ်မြောက်ပြီး မြန်မာ့အလယ်ပိုင်း လွင်ပြင်အနှံ့ မြို့ရွာ တည်ထောင်ကာ ဆည်ရေသောက် လယ်တွေ တိုးချဲ့ခဲ့တယ်။ အပြင်းအထန် ကြိုးစားနိုင်လို့လည်း ခန်းခြောက်ဒေသနယ် တခုလုံးနီးနီး ကောက်ပဲသီးနှံ ဖြစ်ထွန်းလာတာ ဖြစ်တယ်။ ၁၁ ရာစုနှစ်မှာ နောက်ထပ် နယ်ချဲ့ နိုင်တဲ့အခါ မြန်မာနယ်ဟာ မြောက်ဘက်ကို ဗန်းမော်အထိ၊ တောင်ဘက်ကို ဘိတ် အထိ ကျယ်ပြန့်လာတယ်။ အဲဒီအခါက ပင်လယ်ရပ်ခြား ရောင်းဝယ်မှုမှာ အချက်အချာဖြစ်တဲ့ စလင် အငူကိုပါ ခေတ္တခဏ သိမ်းယူနိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အဲဒီလူ တောင်ဘက်ကို ချဲ့ထွင်နိုင်လို့ ခရစ် ၁၁၆၅ မှာ သီရိလင်္ကာနိုင်ငံနဲ့ စစ်မက်ဖြစ်ပွါးခဲ့ရပါတယ်။
ဒေါက်တာသန်းထွန်း
[မုံရွေးစာအုပ်တိုက်ထုတ် ဒေါက်တာသန်းထွန်းရဲ့ မြန်မာသမိုင်းပုံ စာအုပ်၊ ပထမအကြိမ်၊ ဇူလိုင်၊ ၂၀၀၄မှ ကူးယူဖော်ပြပါတယ်။]
ဦးဉာဏိဿရ ပြောတဲ့ ဧည့်သည် မြန်မာတို့ ဗဟိုမြန်မာနိုင်ငံအတွင်း ဝင်ရောက်နေထိုင်ခြင်းဆရာတော်ပြောသွားတဲ့ ဧည့်သည်တွေအကြောင်း နည်းနည်း ပြောကြည့်မယ်။ ၈-ရာစု၊ ၉-ရာစု လောက်က သမိုင်းကြောင်း တချို့ကို မပြောသေးဘူး။ လောလောဆယ် ကျနော့်ကွန်ပျူတာမှာရှိတဲ့ စာအုပ် တစ်အုပ်က စာမျက်နှာကိုပဲ အရင်ကြည့်ဦးမယ်။ ဒီစာမျက်နှာက ဒေါက်တာသန်းထွန်းရေးတဲ့ `မြန်မာ့သမိုင်း မြေပုံများ´ ဆိုတဲ့ စာအုပ်ရဲ့ ပထမဆုံး စာမျက်နှာပါ။ (၁၇) ရာစုဆိုတာ ၁၆၀၀ ကျော်နှစ်များကို ဆိုလိုတယ်လို့ လူတိုင်းသိကြမယ်ထင်တယ်။ အင်္ဂလိပ်ဝင်လာတာ (၁၉) ရာစု .. ။ဦးဉာဏိဿရ ပြောတဲ့ ဧည့်သည်
ဒေါက်တာအရှင်ဉာဏိဿရ က ဒီလိုပြောသွားတာကို voice weekly မှာ ဖတ်လိုက်ရတယ်။
.. “တို့မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ရောက်တာနှစ်၂၀၀၀ရှိပြီ။ ခရစ်ယာန်တွေ၊ အစ္စလာမ်တွေ ရောက်လာတာက အင်္ဂလိပ်ဝင်မှ ရောက်လာတာ။ အဲဒီနောက်မှ ရောက်လာတာ ဆိုတော့ နှစ်တစ်ထောင်မပြောနဲ့ တစ်ရာ တစ်ရာ့ငါးဆယ်လောက်ပဲ ရှိသေးတယ်။ ဒါကို ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာက အိမ်ရှင်နိုင်ငံပါ။ အဲဒီလို Invade လုပ်ပြီးတော့ ဝင်ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေ၊ Migrate လုပ်ပြီးတော့ ဝင်ရောက် လာကြတဲ့ လူတွေက ဧည့်သည်တွေ။” …..READ ALL HERE @
ဦးဉာဏိဿရ ပြောတဲ့ ဧည့်သည် မြန်မာတို့ ဗဟိုမြန်မာနိုင်ငံအတွင်း ဝင်ရောက်နေထိုင်ခြင်း
December 15, 2015 at 6:08 am |
ပျူသား ပျူမြေးက ပျူမဖြစ်ဘဲ ဗမာဖြစ်လာတာကို စိတ်ဝင်တစား စောင့်ဖတ်နေပါတယ်၊ ကိုမိုးသီး။
ကျနော်အသေအချာ ယုံကြည်တာက သမိုင်းကို ဘယ်သူကမှ ပြင်လို့ ပြောင်းလို့၊ လိမ်လို့ ညာလို့ မရဘူး။ လူမျိုးတိုင်းက သမိုင်းကို အရှိအတိုင်း ဂုဏ်သိက္ခာရှိရှိ လက်ခံကြရပါမယ်။ မိမိတို့၏ နှလုံးသားတံခါးနဲ့ အသိညာဏ်တံခါးကို အစဉ်ဖွင့်ထားရမယ်။ ပိတ်ထားလို့ မရဘူး။ မဖြစ်နိုင်ဘူး။
ကိုယ့်ဘိုးဘေးက ကုလားဖြစ်တယ်ဆိုရင် ကုလားမဟုတ်ဘူးပြောလို့ မရသလို၊ တရုတ်ဖြစ်တယ်ဆိုရင်လည်း တရုတ်မဖြစ်ဘူး ပြောလို့ မရပါဘူး။ သီးခြားလူမျိုးဖြစ်တယ်ဆိုရင်လည်း ကုလားနဲ့ တရုတ်က အနေသာကြီးပါ။
သမိုင်းက ဘက်မလိုက်ဘူး။ ချစ်သူ မုန်းသူ မရှိဘူး။ ဇာတိသွေး၊ ဇာတိမာန်ဆိုတာကို သမိုင်းက မသိဘူး။ သမိုင်းက အချက်အလက်ဘဲ သိတယ်။ သမိုင်းမှာ အချက်အလက်ဘဲ ရှိတယ်။
ကျနော်တို့ လုပ်နိုင်တာက နှစ်ခုဘဲ။
သမိုင်းက သင်္ခန်းစာယူသင့်တာကို သင်္ခန်းစာယူခြင်းနဲ့ အတုယူသင့်တာကို အတုယူခြင်းသာဖြစ်ပါတယ်။
အရေးအကြီးဆုံးက သမိုင်းသင်္ခန်းစာနဲ့ သမိုင်းအတုယူစရာတွေကို လက်ရှိလူ့အဖွဲ့အစည်းထဲမှာ အကောင်းဆုံးဖြစ်အောင် ဘယ်လိုအသုံးချ ကျင့်သုံးနိုင်ကြမလဲဆိုတာသာ ဖြစ်တယ်။
Moethee Zun
December 7 at 7:35pm ·
ဗမာ ဆိုသည်မှာ ပျူ့သား ပျူ့မြေး (၁)
ကျ
နော်တို့ ကျောင်းသားဘဝမှာ သင်ဖူးကြားဖူး ခဲ့တာက မြန်မာအစ ကျောက်ဆည်က ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ အဲဒီ မြန်မာအစ ကျောက်ဆည်က စာတန်းကို ရေးသားခဲ့သူကတော့ ကိုလိုနီခေတ် ရန်ကုန်တက္ကသိုလ်က အင်္ဂလိပ်လူမျိုး ပါမောက္ခ ဂျီအိပ်ခ်ျလုစ် ဖြစ်ပါတယ်။ မြန်မာရာဇဝင်မှာတော့ မြန်မာအစ တကောင်းကလို့ ဆိုထားပါတယ်။ အယူအဆ နှစ်မျိုး ဖြစ်နေခဲ့ပါတယ်။ တကောင်းဆိုတာ ပျူမြို့ဟောင်းတခုပါ။
၁၉၃၁ ခုနှစ်လောက်ကစပြီး ပါမောက္ခလုစ်ရဲ့ မြန်မာအစ ကျောက်ဆည်ကဆိုတဲ့ အယူအဆဟာ တဖြည်းဖြည်း သြဇာ ကြီးမားလာခဲ့ပါတယ်။ ပါမောက္ခလုစ်ရဲ့ အယူအဆက ဒီလိုပါ။ အေဒီ ၈၃၂ ခုမှာ ပျူတွေရဲ့ နိုင်ငံကို ယူနန်နယ်က နန်စော တွေ ဝင်တိုက်လို့ အလုံးစုံပျက်သုန်းတယ်လို့ ဆိုပါတယ်။ အဲသလို ပျက်သုန်းသွားတာကြောင့် မြန်မာပြည်အလယ်ပိုင်း မြေပြန့်ဒေသကြီး တခုလုံးဟာ လစ်လပ်နယ်မြေကြီး ဖြစ်သွားခဲ့တယ်။ အဲဒီ လစ်လပ်နေတဲ့ နေရာကြီးကို ဝင်ရောက် သိမ်းပိုက် သူများကတော့ ယူနန်နယ်က မြင်းစီး မန်လူရိုင်း တွေဖြစ်တယ်။ မန်လူရိုင်းမျိုးနွယ်ဆိုတာက နန်စော လက်အောက်ခံ လူမျိုးငယ် တမျိုး ဖြစ်ပါတယ်။ နန်စောတွေ စစ်တိုက်ထွက်ရင် အတူလိုက်ပါပြီး စစ်တိုက်ပေးရတဲ့သူတွေ လည်း ဖြစ်ပါတယ်။ အဲဒီ မန်လူရိုင်း မျိုးနွယ်တွေဟာ အပြာရောင် ဘောင်းဘီရှည်ဝတ်ပြီး ပန်းရောင်ခေါင်းပေါင်းကို ပေါင်းတယ်။ ခေါင်းပေါင်းစကို ဦးခေါင်းနောက်မှာ တွဲလွဲချထားတယ်လို့ ဆိုပါတယ်။ အဆိုပါ မန်လူရိုင်းမျိုးနွယ်တွေဟာ နန်စောတွေနဲ့ အတူ စစ်လိုက်တိုက်ရင်း မြန်မာပြည် လွင်ပြင်ကြီးကိုလည်း ရောက်ဖူးသိဖူးထားတယ်လို့ ပါမောက္ခလုစ်က ဆိုပါတယ်။
အေဒီ ၈၃၂ ပျူနိုင်ငံပျူလူမျိုးတွေ အပျက်မှာ နန်စော လက်အောက်မှာ မနေလိုတော့တဲ့ မန်အရိုင်းနွယ်တွေဟာ ကနေ့ ခေတ် ရှမ်းပြည်ကိုဖြတ်ပြီး ကျောက်ဆည်ဒေသကနေ မြန်မာပြည်လွင်ပြင်ကို ဝင်လာတယ်။ အခြေချတယ်။ အေဒီ ၈၅ဝ လောက်မှာ အခြေတကျ ဖြစ်ဟန်ရှိတယ်။ နောက် ပုဂံပြည်ကြီးကို တည်ထောင်တယ်။ ဒါဟာ လုစ်ရဲ့ မှန်းဆချက် ဖြစ်ပါတယ်။ ပါမောက္ခလုစ်ရဲ့ အယူအဆအတိုင်း ပြောရမယ်ဆိုရင် အနော်ရထာမင်းဟာ မန်လူရိုင်း အဆက်အနွယ် ဖြစ်နေပါတယ်။ မန် ဆိုတဲ့ အမည်ကနေတဆင့် မြန်မာ ဆိုတာ ဖြစ်လာတယ်လို့ လုစ်က ပြောခြင်းဖြစ်ပါတယ်။ ပျူတွေ မရှိတော့ဘူး မျိုးတုံးသွားပြီ ဆိုတဲ့ သဘောကိုလည်း လုစ်က ပြောပါတယ်။
ကျနော်တို့လည်း ငယ်ငယ်တုန်းကစလို့ တက္ကသိုလ်ရောက်တဲ့အထိ ပါမောက္ခလုစ်ရဲ့ အယူအဆကိုသာ ထိတွေ့ခဲ့ရတာ ဆိုတော့ မြန်မာအစကျောက်ဆည်က ဆိုတာပဲမှန်တယ်၊ အနောက်တိုင်းက သိပံ္ပနည်းကျတဲ့ သုတေသနစနစ်မျိုးကနေ ပေါ်ထွက်လာခဲ့တဲ့ ရလဒ်လို့ ထင်ခဲ့ပါတယ်။ ဗမာမိဘဘိုးဘွားတွေ ပြောပြောနေတဲ့ မြန်မာအစ တကောင်းက ဆိုတဲ့ အယူအဆဟာ ပုံပြင်ဆန်တယ်လို့တောင် ထင်ခဲ့မိပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် ကျနော့်အနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ် လောက်အထိ ပါမောက္ခလုစ်ရဲ့ ကျောက်ဆည် အယူအဆကိုပဲ လက်ကိုင်ထားနေဆဲပါ။ ဒါပေမဲ့ သုတေသီ ဘုန်းတင့် ကျော်ရဲ့ “နှစ်ပေါင်း နှစ်ထောင် ကျော်ခဲ့ပြီဖြစ်သော မြန်မာ့သမိုင်း” စာအုပ်နှစ်အုပ်တွဲကို လေ့လာအပြီးမှာတော့ ပါမောက္ခ လုစ်ရဲ့ မြန်မာအစ ကျောက်ဆည်က အယူအဆဟာ လုံးလုံးမှားနေကြောင်း သိခွင့်ရလိုက်ပါတော့တယ်။
ဒီစာကို ရေးရတဲ့ အကြောင်းက ဒီလိုပါ။ ၂ဝ၁၅ ဖေဖေါ်ဝါရီလ ၁၁ ရက်ထုတ် ဆဲဗမ်းဒေးသတင်းစာအွန်လိုင်းမှာ ဆောင်းပါး ရှင် ချမ်းငြိမ်းရဲ့ “နှစ်တရာမက ထောင်သောင်းချီ၍” ဆိုတဲ့ ဆောင်းပါးကို ဖတ်အပြီးမှာ ပျူနဲ့ပတ်သက်လို့ အမှန်အတိုင်း သိကြစေဖို့ ဆန္ဒရှိလာတာကြောင့် ဖြစ်ပါတယ်။ အဲဒီ ဆောင်းပါးက ဗိုလ်ချုပ်နှစ်တရာပြည့် အထူးဆောင်းပါးပါ။
ဆောင်းပါးထဲမှာ “အင်အားနည်း၍ ပပျောက်တော့မည် ပျူလူမျိုး” တွေကိုလည်း အနော်ရထာဘုရင်က ပစ်ပယ်မထား ဆိုတဲ့ စာကြောင်း တကြောင်း ပါလာပါတယ်။ ကျနော် တင်ပြလိုတာက ပျူကိစ္စပါ။ ဗိုလ်ချုပ်နှစ်တရာပြည့်နဲ့ မသက်ဆိုင်ပါ။
အင်အားနည်း၍ ပပျောက်တော့မည့် ပျူလူမျိုးလို့ ဆိုလိုက်တဲ့အတွက် စာဖတ်သူတွေကြားမှာ ပျူဟာသတ်သတ်၊ ဗမာ မြန်မာဟာ သတ်သတ်၊ မတူဘူးဆိုတဲ့ အယူအဆ ထပ်ပြီးအမြစ်တွယ်သွားမှာ စိုးရိမ်မိပါတယ်။ ပါမောက္ခလုစ် ပြောခဲ့သလို ပျူလူမျိုးဟာ ပျက်သုဉ်းသွားတာမဟုတ်ဘဲ ဆက်ပြီးတည်ရှိနေခဲ့ပါတယ်။ နောက်ပိုင်း အဆက်ဆက်မှာတော့ ပျူဆိုတဲ့ အမည်အစား ဗမာ၊ မြန်မာ အသုံးအနှုန်းက ပိုပြီး အသုံးတွင်ကျယ်လာတာကြောင့် အခုခေတ်မှာ မြန်မာဆိုပြီး ဆက်လက် တည်ရှိနေတာကို စာဖတ်သူများ သိစေချင်ပါတယ်။ ဒါကြောင့် သုတေသီ ဘုန်းတင့်ကျော်ရဲ့ စာအုပ်များက ပြောပြတဲ့ ပျူဗမာ ပျူမြန်မာ သမိုင်းကို ကျနော်က တဆင့်ပြန်ပြော ပြန်တင်ပြရခြင်းပါ။
သုတေသီ ဘုန်းတင့်ကျော်ရဲ့ ပျူဗမာနဲ့ ပတ်သက်တဲ့ စာတန်းကို ရန်ကုန်တက္ကသိုလ် အမရဆောင်၊ သမိုင်းသုတေသန ဦးစီးဌာနမှာ ၂ဝဝ၃ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှာ ဖတ်ကြားပါတယ်။ အဲဒီမှာ သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာသန်းထွန်းက အခုလို ပြောပါတယ်။ “အခုစာတမ်းဖတ်ပွဲမှာ ဦးကျော်ဇင် (ဘုန်းတင့်ကျော်) စာတမ်း အလွန် ကောင်းပါတယ်။ ဦးကျော်ဇင်တင်ပြတဲ့ သုတေသန အသစ်တွေအရ ဂျီအိပ်ခ်ျလုစ် ပြောခဲ့တဲ့ ဗမာအစ ကျောက်ဆည်က အယူအဆမှားကြောင်း တွေ့ရပါတယ်။ သုတေသန လုပ်ထုံးလုပ်နည်းအရ မှားတာကို ပယ်ရပါတယ်။ ဒါကြောင့် လုစ်ရဲ့ ဗမာအစ ကျောက်ဆည်က အယူအဆကို ပယ်ပြီး မြန်မာ့သမိုင်းကို ကျနော်တို့ အသစ်ပြန်ရေး ရပါလိမ့်မယ်။”
ဘုန်းတင့်ကျော်ရဲ့ စာအုပ်နှစ်တွဲကတော့ ၂ဝ၁ဝ ခုနှစ်မှာ အများသူငါဖတ်ဖို့ ပုံနှိပ်စာအုပ်ဖြစ်လာပါတယ်။ ပျူကိစ္စကို ပိုပြီး စိတ်ဝင်စားလာရတာကလည်း ဒီလိုပါ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က မန္တလေးက အသိလူတချို့နဲ့ ဂျာနယ်လစ်တချို့ အစည်းအဝေး တခုတက်ဖို့ ဘန်ကောက်ကို ရောက်လာပါတယ်။ သူတို့ရောက်လာတော့ ကျနော့်အိမ်မှာ တရက်လာဆုံရင်း စကားပြောဖြစ် ကြပါတယ်။ ပြောတာက ပထမတော့ နိုင်ငံရေးကြောင်းပါ။ အဲသလို ပြောနေရင်း ဗမာအစ ကျောက်ဆည် က ဇတ်လမ်းကို ရောက်သွားပါတယ်။ ဗမာတွေဟာ ယူနန်နယ် မန်အရိုင်း လူမျိုးတွေ၊ ကျောက်ဆည်ကနေ တဆင့်ဝင်လာ ရင်း ဆင်းသက်တယ်လို့ ကျနော်က ပါမောက္ခလုစ်ရဲ့ အယူအဆအတိုင်း ဆွေးနွေးတော့ အဲတာကို ကဗျာဆရာ ကိုတင်သစ်က လက်မခံပါဘူး။ သဘောမတူပါဘူး။
ဗမာဟာ ပျူဘဲ၊ ပျူမှန်ရင် ဗမာပဲလို့ သူကဆိုပါတယ်။ နန်စောရန်ကြောင့် ခရစ်နှစ် အေဒီ ၈၃၂ မှာ ပျူတွေလုံးလုံး ပျက်သုံးပြီး လစ်ဟာနေတဲ့ လစ်လပ်နေတဲ့ ပျူနေရာဒေသကြီးကို ယူနန်နယ်က နန်စော လက်အောက်ခံ မန်ဆိုတဲ့ အရိုင်း လူမျိုးတွေ မြင်းစီးပြီး ကျောက်ဆည်နယ်ကို ဝင်သိမ်း၊ နောက် ပုဂံပြည်ကို တည်တယ်ဆိုတာ လုစ်ရဲ့ မှန်းဆချက်တခု သို့မဟုတ် တီထွင် ထားတဲ့ ဇတ်လမ်းသာဖြစ်ပြီး ကျနော်တို့ ဗမာဆိုတာ ပျူ့သား ပျူ့မြေးသာ ဖြစ်တယ်လို့ ကိုတင်သစ်က ပြန် ဆွေးနွေးရင်း သုတေသီ ဘုန်းတင့်ကျော်ရဲ့ စာအုပ်ကိုဖတ်ဖို့ ညွှန်းပါတယ်။ သာမန်ညွှန်းတာမျိုးဆိုရင် ကျနော်လည်း ဒီလာက်ကြီး စိတ်ဝင်စားမိမှာ မဟုတ်ပါဘူး။ ဆရာကြီး ဒေါက်တာသန်းထွန်းလို သမိုင်းပညာရှင် တဦးကိုယ်တိုင် ထောက်ခံ ထားတဲ့ စာတမ်း ဖြစ်တယ်လို့ သိရတာကြောင့် မှာယူဖတ်ရှုဖြစ်ပါတယ်။
ရှေးဆရာကြီးတွေကို ဗမာပဲဖြစ်ဖြစ် နိုင်ငံခြားသားပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမှ စော်ကားလိုတဲ့စိတ် မရှိပါ။ ဒါပေမဲ့ လုစ်ပြောခဲ့တဲ့ ဗမာအစ ကျောက်ဆည်ကဆိုတာ လုံးလုံးမှားယွင်း နေတယ် ဆိုတာကို ဒီစာအုပ်နှစ်အုပ်ကို လေ့လာအပြီး ကျနော် တဖြည်းဖြည်း သဘောပေါက်လာခဲ့ပါတယ်။ သမိုင်းသုတေသီ ဘုန်းတင့်ကျော်ရဲ့ တွေ့ရှိချက်တွေကြောင့် လန်ဒန် တက္ကသိုလ်က မြန်မာပြည်အကြောင်း လေ့လာနေတဲ့၊ စိတ်ဝင်စားတဲ့ မျက်နှာဖြူ ပညာရှင်တွေကြားမှာလည်း အယူအဆ နှစ်မျိုး ဖြစ်သွားပါတယ်။ ဘုန်းတင့်ကျော် တင်ပြတာကို လက်ခံတဲ့အုပ်စုနဲ့ လုစ်တင်ပြ ထားတာကိုပဲ ဆက်လက်ဆုပ်ကိုင် ထားတဲ့ အုပ်စုဆိုပြီး ဖြစ်သွားတယ်။ ကျနော်အခု ပြန်တင်ပြတာက သုတေသီ ဘုန်းတင့်ကျော်ရဲ့ စာအုပ်နှစ်တွဲကို ကိုးကား ပြီး ဗမာဆိုတာ ပျူ့သား ပျူ့မြေးဖြစ်တယ် ဆိုတာကို တဆင့်ပြန်လည် ပြောဆိုခြင်းဖြစ်ပါတယ်။
ဟိုတုန်းက လန်ဒန်တက္ကသိုလ်မှာ စီအို ဗလက်ဒင်ဆိုတဲ့ ရှေးဆရာကြီး တဦးရှိခဲ့ပါတယ်။ အဲဒီဆရာကြီးဟာ မွန် ရှေး ကျောက်စာ ကျွမ်းကျင်သူပါ။ မလေးရှားမှာ အတော်ကြာနေခဲ့ဘူးပါတယ်။ မြန်မာပြည်မှာတော့ နေခဲ့ဘူးပုံ မပေါ်ပါဘူး။ အဲဒီ ခေတ်တုန်းက လုစ်တို့ မြန်မာပြည်က လှမ်းပို့လိုက်တဲ့ မင်ကူးကျောက်စာတွေကို ဖော်ဖို့ ဆရာဗလက်ဒင် ကြိုးစားခဲ့ ပါတယ်။ ဒါပေမဲ့ စကားလုံး တချို့ကိုသာ ဖော်နိုင်ပြီး အဲဒီမင်ကူးကျောက်စာတွေရဲ့ အဓိပ္ပါယ်နဲ့ သဒ္ဒါကို မဖော်ပေးနိုင်ခဲ့ ပါဘူး။ ဒါတွေကို အခု ခေတ်မှာ ဘုန်းတင့်ကျော်က မြန်မာပညာရှင်များ အကူအညီနဲ့ (ရှေးမြန်မာဆရာတွေ ပညာရှင်တွေ ဖော်ထုတ်ထားတဲ့ အချက်အလက်တွေလည်း ပါပါတယ်) အတော်များများ ဖော်နိုင်ခဲ့ပါတယ်။ အဲသလို ဖော်နိုင်ခဲ့တဲ့ အထောက်အထားများအရ ရှေးပျူစာ ဆိုတာ တကယ်တမ်းတော့ အလွန်ရှေးကျတဲ့ ဗမာစာလို့ပဲ ဆိုရမှာပါပဲ။ ဒါပေမဲ့ လုစ်က အဲဒီကျောက်စာများကို ဗမာစာနဲ့ မတူသော ရှေးဟောင်း ပျူစာလို့ သတ်မှတ်ခဲ့တယ်။ နောက် ပျူဟာ အေဒီ ၈၃၂ ကတည်းက ပျက်သုန်း သွားခဲ့ပြီ လို့လည်း သူက ပြောဆိုသတ်မှတ် ထားတာကိုး။
ပါမောက္ခ လုစ်က ဝန်ခံထားတာ တခုရှိပါတယ်။ ဗမာအစ ကျောက်ဆည်ကဆိုတဲ့ စာတမ်းကို ရေးသားတုန်းမှာ သူအဓိက လက်စွဲထားပြီး ကိုးကားခဲ့တဲ့ မှတ်တမ်းကတော့ တရုတ် မန်ရှုကျမ်းလို့ ဆိုပါတယ်။ အဲဒီ မန်ရှုကျမ်း ဘယ်လောက် ခိုင်မာ တယ် မခိုင်မာဘူး ဆိုတာကို သုတေသီ ဘုန်းတင့်ကျော်က သက်သေပြနိုင်ခဲ့ပါတယ်။ သူလည်း မန်ရှုအပြင် တခြားသော တရုတ် မှတ်တမ်းတွေ၊ အခြားခေတ်ပြိုင် မှတ်တမ်းတွေကို လေ့လာပြီး မှ အခုလို တင်ပြတာလို့ သိရပါတယ်။
မူလ မန်ရှုကျမ်းကို ရေးသားခဲ့တာက အနောက်တိုင်းနှစ် အေဒီ ၈၆၄ ခုလို့ ဆိုပါတယ်။ အခု ဒီစာရေးနေတာက ၂ဝ၁၅ ခုနှစ်ဆိုတော့ အဲဒီမန်ရှုကျမ်း ပြုစုခဲ့တာဟာ နှစ်ပေါင်း ၁၁၅၁ နှစ်ရှိသွားပါပြီ။ အဲဒီကျမ်းဟာ တရုတ်နန်းတော်မှာ ရှိနေရင်းက အေဒီ ၁၅ ရာစုမှာ နန်းတော်အတွင်းကနေ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဆိုလိုရင်းကတော့ မူလ အော်ရီဂျင်နယ် မှတ်တမ်း ပျောက်ဆုံးသွားတာပေါ့။ အဲသလို ရှိရင်းကနေ ၁၈ ရာစုထဲ ရောက်တော့ တရုတ်နန်းတော်က မန်ရှုကျမ်းကို ပြန်လည် ပြုစုပါတယ်။ ပြုစုတဲ့အခါမှာ မူလကျမ်းက မရှိတော့ဘူးဆိုတော့ တခြားသော ခေတ်အဆက်ဆက်က တရုတ် မှတ်တမ်းများထဲက မန်ရှုကျမ်းနဲ့ ပတ်သက်ဆက်စပ်ခဲ့တဲ့ ဖြစ်တန်ရာရှိသည်၊ ဟုတ်လောက်သည်ဟု ယူဆဖွယ်ရာရှိတဲ့ အချက်တွေကို ပြန်ကူး ရေးထည့်ရင်း မန်ရှုမှတ်တမ်းအသစ် ဆိုတာကို အင်္ဂလိပ်နှစ် ၁၇၇၄ ခုနှစ်မှာ ပုံနှိပ် ထုတ်ဝေခဲ့ ပါတယ်။ တရုတ်အယ်ဒီတာ တွေကိုယ်တိုင် ပြန်လည်အသစ်ရေးတဲ့ အဆိုပါ မန်ရှုမှတ်တမ်းသစ်မှာ အားနည်းချက်တွေ မသေချာ မရေရာတာတွေ ပါနေတယ်ဆိုတာ ဝန်ခံထားပါတယ်။ တခါ အသစ် ပြန်ရေးတဲ့ မန်ရှုမှတ်တမ်းမှာလည်း နောက်ပိုင်းတော့ မိတ္တူပွားတွေ ထပ်ပြီးပေါ်လာ ပြန်ပါတယ်။ ပါမောက္ခလုစ် ကိုးကားခဲ့တဲ့ မန်ရှု မှတ်တမ်းဟာ အေဒီ ၈၆၄ ခုကရေးခဲ့တဲ့ မူလအော်ရီဂျင်နယ် မဟုတ်သလို ၁၇၇၄ မှာအသစ်ပြန်ရေးတဲ့ မှတ်တမ်းလည်း မဟုတ်ဘဲ အဲဒီအသစ်ကိုမှ နောက်ထပ် ပြန်ပွားပြီးရေးတဲ့ မိတ္တူ များစွာထဲက တခုဖြစ်နေတယ် ဆိုတာကို ဘုန်းတင့်ကျော်က ထောက်ပြပါတယ်။
ကိုင်း၊ ဒါဖြင့်ရင် အေဒီ ၈၆၄ မှာ ရေးခဲ့တဲ့ မူလဘူတ မန်ရှုကျမ်းကကော ဘယ်လောက် ခိုင်ခံ့သလဲ။ ဘုန်းတင့်ကျော်က အချက်အလက်တွေနဲ့ ထောက်ပြပါတယ်။ အေဒီ ၈၆၂ မှာ ယူနန်နယ်က နန်စောတွေ တရုတ်လက်အောက်ခံ အန်နမ်မြို့ကို ဝင်တိုက်ပါတယ်။ အန်နမ်ဆိုတာ ကနေ့ ဗီယက်နမ်နိုင်ငံက ဟနွိုင်မြို့ပါပဲ။ တနှစ်လောက် ဝန်းရန်လုပ်ကြံပြီး အေဒီ ၈၆၃ မှာ အောင်နိုင်ပါတယ်။ အဲဒီ စစ်ပွဲမှာ အန်နမ် တရုတ်ဘုရင်ခံ ကျဆုံးပါတယ်။ လက်ကိုမျှားမှန်ပြီး အသက်မသေ ထွက်ပြေး လွတ်မြောက်သွားတဲ့ တရုတ် စစ်သူကြီးကတော့ ဖန်ချော ဆိုသူဖြစ်ပါတယ်။ သူက အေဒီ ၈၆၄ မှာ တရုတ်ဧကရာဇ်ကို ဖြစ်ကြောင်းရယ် ကုန်စင် အစီရင်ခံစာတင်ဖို့ ရေးသားရင်းက မန်ရှုမှတ်တမ်း ဆိုတာ ပေါ်လာခြင်းဖြစ် ပါတယ်။ ဒါကြောင့် အဲဒီနှစ်မှာပဲ ဖန်ချောဟာ အန်နမ်နယ်ကို ပြန်သွားပြီး (နန်စောတို့ ဆုတ်ခွါသွားခဲ့ပြီး) ဇူလိုင်လနဲ့ သြဂုတ်လအတွင်းမှာ အန်နမ်နယ်က လူမျိုးစု ခေါင်းဆောင်တွေ ရွာသူကြီးတွေကို မေးခွန်းတွေ ပေးဝေပြီး သူသိလိုတာတွေကို ဖြေစေခဲ့ပါတယ်။ ရလာတဲ့ အဖြေတွေပေါ်မှာ အခြေတည်ပြီး အစီရင်ခံစာ ပြန်ရေးရင်းက မန်ရှုမှတ်တမ်းဆိုတာ ဖြစ်လာခြင်းပါ။
နောက်တချက်က ဖန်ချောအနေနဲ့ ဒီမန်ရှုကျမ်းကို အချိန်ယူရေးသားတာ မဟုတ်ဘဲ လပိုင်းအတွင်းမှာ အပြီးရေးသားပြီး တရုတ်ဘုရင်ဆီကို အလျှင်အမြန် ပြန်ပို့ရတာဆိုတော့ အားနည်းချက်တွေ အများအပြား ရှိနိုင်ပါတယ်။ အမြန်ပို့ဖို့ လိုတာ ကလည်း ဖန်ချော အနေနဲ့ သူစစ်ရှုံးခဲ့တဲ့ နန်စောအုပ်စုကို တရုတ်ဘုရင်က မြန်မြန်လက်တုန့်ပြန်ဖို့အတွက် ရည်ရွယ်ချက် ရှိနေဟန်တူပါတယ်။ အဲဒီ မန်ရှု မှတ်တမ်းထဲမှာ တကယ်တန်းတော့ ပျူ အကြောင်း အနည်းအပါး လောက်သာ ပါပါတယ်။ အဲဒီပျူတွေ အကြောင်းကို အန်နမ်နယ်က ရွာလူကြီးတွေရဲ့ ပြောပြချက်အရ ရေးသားထားခြင်း ဖြစ်တယ်။ ဒါပေမဲ့ ဘုန်းတင့်ကျော်က ဒီလိုထောက်ပြပါတယ်။ အန်နမ်နယ်က လူမျိုးစုခေါင်းဆောင် သာမန်ရွာလူကြီးတွေက ဟနွိုင်ကနေ ခရီးဝေး လွန်းတဲ့ ပျူဒေသကို မရောက်ဘူးဘဲ ဘာကြောင့် ဒီအကြောင်းတွေကို ပြောပြနိုင်တာလဲ ဆိုတဲ့အချက်ပါ။
နန်စော အင်အားကောင်းတဲ့ ယူနန်ဒေသကို ဖြတ်ပြီးတော့မှ ပျူဒေသကို ရောက်မှာဆိုတော့ ဟနွိုင် အနီးတဝိုက်က တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ရွာလူကြီးတွေ ကိုယ်၌က တဆင့်စကားနဲ့ သူတို့သိထားတာကို ပြန်ပြောပြတာပဲ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ နောက် ကျမ်းပြုစုတဲ့ စစ်သူကြီးဖန်ချော ကိုယ်တိုင်ကလည်း ပျူဒေသကို ပျူနိုင်ငံကို မရောက်ဖူးတဲ့သူ ဖြစ်နေပြန်တယ်။ အဲတာကြောင့် အေဒီ ၈၆၄ မှာရေးသားပြုစုခဲ့တဲ့ အော်ရီဂျင်နယ် မန်ရှုမှတ်တမ်းကိုယ်၌ သည်ပင်လျှင် မရေရာတာတွေ၊ ခန့်မှန်းထားတာတွေ၊ တဆင့်စကားတွေ၊ အငြင်းပွားဖွယ်ရာတွေ၊ အမှားတွေနဲ့ ပြည့်နှက် နေမယ်လို့ ဘုန်းတင့်ကျော်က ထောက်ပြပါတယ်။
ပါမောက္ခလုစ် ကိုးကားတာ ၁၈ ရာစု နောက်ပြန်ရေးကမှ တဆင့် ထပ်ပွားလာတဲ့ မန်ရှုမိတ္တူပွားတွေထဲက တစောင် ဖြစ်နေ လေတော့ ကိုးကားပြောဆိုဖို့ မခိုင်လုံဘူး ပိုဆိုးတယ်လို့ ဆိုပါတယ်။ အဲသလို မခိုင်လုံတဲ့ မှတ်တမ်းကို လုစ်က မြန်မာအစ ကျောက်ဆည်က စာတမ်းကိုရေးတဲ့အခါမှာ ဘာကြောင့် အဓိက ရင်းမြစ်အဖြစ် သုံးတာလဲ။ ဒါက ဘုန်းတင့်ကျော်ရဲ့ မေးခွန်းပါ။ ပါမောက္ခ လုစ်ကိုယ်တိုင် သည်ပင်လျှင် ဦးကုလား မဟာရာဇဝင်နဲ့ မှန်နန်းရာဇဝင်တွေဟာ ပါးစပ် ရာဇဝင်တွေ၊ ရာဇဝင်အူပေါက်တွေသာ များနေတာဖြစ်နေလို့ သုတေသန လုပ်ငန်းတွေမှာ မသုံးသင့်ဘူးလို့ မကြာခဏ ပြောခဲ့ပါတယ်။ အခု သူကျတော့ ဘာဖြစ်လို့ နောက်ရေး မိတ္တူပွား မန်ရှုကို Main source အဖြစ် သုံးရတာလဲလို့ ဘုန်းတင့်ကျော်က ပြန်လည်ငြင်းချက် ထုတ်ပါတယ်။ နောက် ကိုလိုနီခေတ်တုန်းက လုစ်ကို ရှေးပျူဗမာကျောက်စာတွေ၊ ရှေးတရုတ် မှတ်တမ်းတွေ ဖတ်ရာမှာ ကူညီခဲ့တဲ့ မြန်မာပညာရှင်တွေဖြစ်တဲ့ ဆရာကြီး ဦးသာမြတ်၊ ကျောက်စာဝန်အထူးအရာရှိ ဦးမြ၊ တရုတ် စာတော်ဖတ် ဦးရည်စိန် စသူတို့ရဲ့ အကူအညီတွေကို လုစ် ယူခဲ့ပါတယ်။ ဒါပေမဲ့ ဒီဆရာကြီးတွေ ထောက်ပြခဲ့တဲ့ ပျူနဲ့ ပတ်သက်တဲ့ အချက်အလက်များစွာကို မြန်မာအစကျောက်ဆည်က စာတမ်း ရေးတဲ့အခါမှာတော့ လုစ် ပယ်ချခဲ့တယ် မျက်ကွယ်ပြုခဲ့တယ်လို့လည်း သိရပြန်ပါတယ်။
ဇော်မင်း
ဆက်လက်ဖော်ပြပါမည်။
December 15, 2015 at 6:10 am |
Read my article in Wikipedia about Pyu city-states@ https://en.wikipedia.org/wiki/Pyu_city-states
December 15, 2015 at 6:12 am |
Read my article in Wikipedia about Migration period of ancient Burma @ https://en.wikipedia.org/wiki/Migration_period_of_ancient_Burma
November 29, 2016 at 9:57 am |
Sein Htay
4 hrs ·
အိမ်ရှင် ဧည့်သည်ဆိုပြီး သွေးခွဲစကားပြောခဲ့တဲ့ ပုဂ္ဂိုလ်ကြီး
ရော အိမ်ရှင်အစစ်အမှန်ဟုတ်ရဲ့လားသေချာစဉ်းစားပါဦး။
တရားသဘောအရ ကြည့်ရင်ဒီကမ္ဘာမြေပေါ်ရောက်ရှိလာတဲ့
လူသားမှန်သမျှ အစောရောက်တာနဲ့ နောက်ကျတာပဲကွာ
တာပါ။ စကနဦးပိုင်ဆိုင်တာက ဘုရားရှင်ပဲဖြစ်တယ်။
ဒါကြောင့်လူတွေသေပြီးကြရင်လည်း ဘုရားရှင်ထံပဲပြန်ကြ
ရတယ်။ ဒါကိုတရားပြတဲ့ ပုဂ္ဂိုလ်ကိုယ်၌က လူအချင်းချင်း
နှိမ့်ချ အိမ်ရှင် ဧည့်သည်ဆိုပြီးသွေးခွဲပေးနေတာ မြင်ရ
တော့ စိတ်မကောင်းဖြစ်ရတယ်။
ကချင် ဂျင်းဖော တို့က တိဘက် ကနေ ယူနန်ကိုဖြတ်ပြီး ၁၅ရာစု ၁၆ရာစုမှာ မြန်မာပြည် အထက်ပိုင်း ရောက်တယ် (တိဘက် ယူနန် တရုတ်နွယ်တွေ)
ကယား (ကရင်နီ) က မွန်ဂိုးလီးယားနွယ်တွေ … ဘီစီ ၇၀၀ ကျော်တုန်းက ကယားပြည်ဘက် ရောက်လာတယ်။ သူတို့ သမိုင်းမှာ အိန္ဒိယနဲ့ ဆက်နွယ်မှု အကြီးကြီး ရှိခဲ့ပါတယ်တဲ့။
ကရင်တွေကလည်း မွန်ဂိုးလီးယားနွယ်တွေ … ဗမာတွေ မွန်တွေ ပြည်တွင်းမရောက်ခင် ပဝေသဏီကတည်းက ပြည်တွင်းရောက်နေကြပြီ တဲ့
ချင်း တွေ ဇိုမီးတွေက တိဘက်တိုဘားမင်းတွေ … ဗမာပြည်အထက်ပိုင်း ချင်းတွင်းမြစ်ဝှမ်းမှာ၉ရာစုလောက်က အခြေချ နေထိုင်လာခဲ့သလို အိန္ဒိယနိုင်ငံ မီဇိုရမ် မာဃလန်း အာသံ မဏိပူရဘက် နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ မှာလည်း အများကြီး
မွန်တွေဗမာပြည်ထဲရောက်တာ အတော်ကို စောတာ … BC 1500 လောက်ကတည်းက … သမိုင်းမှာ ဗမာနဲ့ခေတ်ပြိုင် … ယဉ်ကျေးမှု စောခဲ့တယ် … ဘာသာစာပေ စောခဲ့တယ်။ တရုတ်ပြည် အနောက်တောင်ဘက်ကနေ ပြောင်းလာကြတာ … ဘာသာစာပေအရလည်း အိန္ဒိယ ဗြဟ္မီစာပေကနေ တိုက်ရိုက်ဆက်ခံ … အဲဒီကနေမှ ဗမာစာပေ ထပ်မံထွန်းကားလာတာ … သမိုင်းမှာ ရှိခဲ့တဲ့ ပျူတွေဆိုတာ ဘယ်သူဖြစ်မလဲ အငြင်းပွားနေကြဆဲပါ။ ယဉ်ကျေးမှုအစဉ်အလာကြီးတဲ့ တရုတ်နွယ်ဖွားတွေပေါ့။ ဘာသာ စာပေ ယဉ်ကျေးမှု အားဖြင့် အိန္ဒိယ လွှမ်းမိုးမှုလည်း ရှိခဲ့ပါတယ်။
ရခိုင် ဆိုတာက အီန္ဒိယနိုင်ငံ အိန္ဒူ ဂင်္ဂါဘက်ကနေ လာတဲ့ အင်ဒို အာရိယန်တွေ … ဗမာပြည်ထဲမရောက်ခင် အိန္ဒိယအရှေ့ပိုင်းက မွန်ဂိုလွိုက် တွေနဲ့ ပေါင်းစပ်ရောနှောခဲ့သေးတယ် တဲ့။ BC 3000 ကျော်ကတည်းက မင်းနေပြည်တွေ ရခိုင်တိုင်းမှာ ရှိခဲ့ပြီးသား တဲ့။
ရှမ်း တွေက တရုတ်ပြည် အနောက်တောင်ပိုင်းကနေ စတင်ပြောင်းရွှေ့အခြေချတဲ့ တိုင်း လူမျိုးတွေ … လက်ရှိ ဗမာပြည်ထဲသာမက ထိုင်း လာအို ဗီယက်နမ် ကမ္ဘောဒီးယား အပြင် အိန္ဒိယနိုင်ငံထဲမှာလည်း တိုင်းတွေ (ရှမ်းတွေ) ရှိတယ်။ ခရစ်သက္ကရာဇ် မစတင်မီကတည်းက မြန်မာပြည် ရောက်နေကြပြီ (BC ကာလ ကတည်းက ပဲပေါ့)
COPY FROM Su Yamin.
(Languages, Identities, and Education – in Relation to Burma/Myanmar by Dr. Thein Lwin, October 15, 2011)
March 13, 2019 at 10:13 am |
Thant Myint-U
February 22, 2015 ·
The origins of the “Myanma”.
Many people have asked about this, and I thought I would post on what I know.
First of all, it’s important to remember that ethnicity is an ever changing thing. What it means to be “American” or “Indian” or “German” today is different from 100 or 200 years ago. What is means to be “Myanmar” today may be completely different than in the past.
Also, it’s important to remember that the history of a language (e.g. Burmese or Myanmar) is not the same as genetic history. People speaking Burmese today may or may not be genetically close to their linguistic cousins.
That said, I think this is what we know:
1. A great civilisation existed at Sanxingdui in what is today Sichuan approximately 3,000 years ago. We still know very little about this civilisation. It was distinct from the Yellow River civilisations to the north-west that gave rise to the earliest Chinese dynasties. There is reason to believe that this civilisation included speakers of languages ancestral to the “Tibeto-Burman” languages of today (including Myanmar). The Chinese Qin dynasty annexed this area in 316 BC.
2. Two significant kingdoms existed in what is today Yunnan and Guizhou approximately 2,000 years ago: Dian and Yelang. It is very probable that the rulers of both spoke “Tibeto-Burman” languages including the ancestral language of Burmese (Myanmar).
3. Dian was a great bronze-age civilisation. The photograph is of a cowrie-shell container that was buried with a Dian ruler. On top is a horseman. The hairstyle is a hairstyle that has been adopted by many Tibeto-Burman speaking peoples, including in Yunnan and in today’s Myanmar.
4. The Dian people would have had close ties with people and places in the Irrawaddy valley, including early bronze-age settlements that gave rise to the “Pyu” cities.
5. Burmese is a Tibeto-Burman language. It is a part of the Burmese-Yi subfamily. It’s closest linguistic relative is “Yi” (formerly known as “Lolo”). I believe the Dian rulers spoke a language ancestral to both Burmese and Yi. Yi is spoken today by about 5 million people in China.
6. The Dian kingdom gave way in the 600s to the Nanzhao. The Nanzhao created a very large empire from their base in western Yunnan. The Nanzhao conquered part of the Irrawaddy valley in the 800s. I believe the Nanzhao rulers spoke a language similar to modern Burmese and Yi. The Nanzhao were a major power between Tibet and Tang dynasty China.
7. The period of Nanzhao domination of the Irrawaddy valley was the period that gave rise to the “Myanma” ethnic identity. Very possibly, the “Myanma” identity arose from a relationship between the Nanzhao and the peoples already living in the Irrawaddy valley (e.g. the “Pyu”).
8. Yunnan under both the Dian and Nanzhao were famous for its horses and its horsemanship.
9. The word “Myanma” (spelled “Mranma”) first appears in inscriptions in the 11th century. It is possibly a variation of the word “Mrang-ma” or “Myin-ma”. The “Mranma” people were thus the people of the “strong horses” or the “strong horsemen”.
10. This does not necessarily mean that there was a big influx of people from Yunnan to the Irrawaddy valley in Nanzhao times, but rather that the Burmese-Yi language was adopted by a growing number of people centred at the new power base – Pagan/Bagan.
11. Very interestingly, the earliest Bagan kings (Pyusawhti, Htiyinmin, Yinminpaik, etc) – all used the Nanzhao naming system, whereby the last name of the father becomes the first name of the son. For example, the Nanzhao kings were named Piluoge, Geluofeng, Fengjiayi, etc.). Bagan may have grown up as a Nanzhao outpost.
12. One of the great annual festivals in Yunnan today is the Torch festival. I believe this goes back to Nanzhao times. In one variation, it centres on the myth of a very strong brother and his beautiful sister, who were tricked by an evil king; the brother was burned alive, the sister jumped into the flames and died as well. This is of course almost identical to the Burmese myth of the Mahagiri nats.
13. Nanzhao declined in the 10th century, just as Bagan rose up. Nanzhao’s successor state was the kingdom of Dali. Dali was a Buddhist kingdom, it’s capital was already called “Mithila” (Meikhtila). It’s Buddhism was a form of esoteric Buddhism (known in the Irrawaddy valley by memories of the “Ari” monks). Dali was annexed by the Mongols in the 13th century. Yunnan was part of China from then on.
14. The ancestral “Myanma” or “Mranma” may thus have been horse-riding immigrants from Nanzhao/Yunnan who first entered the country in the 9th century. They may have been descended from people who were part of the earlier Dian and Yelang kingdoms, and even further back the great bronze age civilisation of Sanxingdui.
15. This doesn’t mean that the “Myanmar” or “Bamar” of today are descendants of these people, except in part. People in Myanmar today (including the “Bamar”) are genetically a mix of peoples, including the Austroasiatic peoples and other Tibeto-Burman peoples who were already living in the Irrawaddy valley.
16. Future genetic testing may tell us much more.
(Photo of Dian kingdom cowrie-shell container with horseman 3rd century BC. Maps of Dian era and Nanzhao era Asia.)
December 8, 2019 at 8:41 am |