Myanmar Government need to ARREST all the RADICAL HARDLINERS immediately as HATE CRIMES continue today in Myanmar proper on Muslims

I got an unconfirmed message but it is reliable. Myanmar Government need to ARREST all the RADICAL HARDLINERS immediately. Need to a tackle the TOP LEADERS of this CRIMINAL INSTIGATORS. ENGLISH TRANSLATION of this news read here.
အသုတ်မြို့အနီး တဇောင်းရိုးကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သည့် ပဲဂိုဒေါင် မီးရှို့ခံရ
… ယနေ့ မနက် (၁၉ရက် ဇွန်) ည သန်းခေါင်ကျော် ၁၂း၃၀ နာရီခန့်တွင် ဧရာဝတီတိုင်းကြီး ဒေသ၊ ရေကြည်မြို့နှင့် အသုတ်မြို့ကြား၊ တဇောင်းရိုးကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များပိုင်ဆိုင်သည့် ပဲဂိုဒေါင်များကို မျက်နှာစိမ်း ဘုန်းကြီး (၄) ပါးမှ လာရောက်မီးရှို့ခဲ့ကြောင်းသိရှိရသည်။
အဆိုပါမီးရှို့လောင်မှုကြောင့် တဇောင်းရိုးကျေးရွာနေ အစ္စလာမ်ဘာသာဝင် ဟာနစ်ဘိုင် ပိုင်ဆိုင်သော ပဲဂိုဒေါင် တစ်လုံး၊ မော်တော်ဆိုင်ကယ် (၁)စီးမှာ လုံးဝပြာကျ ပျက်စီးသွားကြောင်း သတင်း ရရှိသည်။
အခင်းဖြစ်ပွားရာသို့ ရေကြည်မြို့နှင့် အသုတ်မြို့မှ မီးသတ်ကားများ ဒေသခံပြည်သူများ ဝိုင်းဝန်းမီးငြိမ်းသတ်မှုကြောင့် မီးလောင်မှုဖြစ်ပွားပြီး (၁) နာရီခန့််အကြာ မီးငြိမ်းသွားကြောင်း သိရှိရသည်။ ဂိုဒေါင်စောင့်သည့် ဝန်ထမ်းမှ မီးရှို့ဖျက်ဆီး သူများကို မည်သို့မှတောင်းပန် တားဆီး၍မရကြောင်း သိရှိရပါသည်။ ဂိုဒေါင်စောင့်ကြပ်သည့် ဝန်ထမ်း၏ ပြောကြားချက်အရ အဆိုပါ ဘုန်းကြီး(၄) ပါးမှာ ၄င်းတို့ မြို့မှ မဟုတ်ကြောင်း၊ ၄င်းတို့အနေဖြင့် အနီးအနားမြို့များမှ ဘုန်းတော်ကြီးများအားလုံးကို သိကြောင်း၊ ယခုမီးလာရှို့သူများမှာ မျက်နှာစိမ်းများဖြစ်ကြောင်း၊၊ မီးရှို့ ပြီးသည်နှင့် ထရပ်ကားတစ်စီးဖြင့် ထွက်ပြေးသွားကြောင်း၊ ညအမှောင်ဖြစ်သောကြောင့် ကားနံပါတ်ကို သေချာစွာ မမြင်ရကြောင်း myanmarmuslim.net သို့ ဖုန်းဖြင့် ပြောကြားခဲ့ပါသည်။
အခင်းဖြစ်ပွားရသို့ ယနေ့မနက် (၁၉ ရက် ဇွန်)တွင် ဧရာဝတီတိုင်းဒေသကြီး တိုင်းမှူးကိုယ်တိုင်လာရောက်ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါဒေသ ဧရီယာ ငသိုင်းချောင်း၊ ရေကြည် ၊ အသုတ် ဒေသများမှာ ဗုဒဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင်များမှာ ရှေးယခင်ကတည်းက ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့ကြပြီး မည်သည့် ပြဿနာမှ မရှိခဲ့ကြကြောင်းသိရပါသည်။

Tags: , , , , , , ,

Leave a comment