ဂျိမ်းတို့ ကြယ်စင်လင်းတို့က ခင်ညွှန့်နဲ့ သူ့တပည့်နောက်လိုက်တွေ မွေးထားတဲ့ တပည့်တွေမှန်း အခုမှ ပေါ်လာတယ်။
ခင်ညွှန်က အမျိုးသားနိုင်ငံရေးလို့ ပြောလိုက်တော့ နဂိုအမာခံ ဒီမိုတွေအားလုံးက ဝိုင်းကန့်ကွက်ကြတယ်။ အဲ့ဒီမှာ ခင်ညွှန့်နဲ့ အပေါင်းအပါတစ်စုက မွေးထားတဲ့ ရိုဟင်ဂျာ ဆန့်ကျင်ရေးနဲ့ နာမည်ရလူကြိုက်များလာတဲ့ဂရုက ကောင်တွေက အခု သမိုင်းနဲ့ ချီရှင်းနေကြပြီ။
ဒီအောက်မှာ ဂျိမ်းဆီကနေ ကူးလာတာလေး ဖတ်ကြည့်။
James Mint shared Kyal Sin Lin’s status.
ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့သည် အမျိုးသားနေ့ ဖြစ်ပါသည် ဆိုတာတွေကို မေ့လျော့ကုန်ကြတယ် ထင်ပါရဲ့……
အမျိုးသားရေးဆိုတာ မနေ့တနေ့ကမှ ပေါ်လာတယ်လို့ ဝေဖန်ကြတဲ့ ဆရာကြီးတွေ သင်ပုန်ကြီးဖတ်စာ မကျေဘူး ထင်ပါရဲ့….. ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်တို့ကို အားနာပါဦးလား….
အမျိုးသားရေးဆိုတာ… န၀တ နအဖ ခေတ်ကျမှ ပေါ်လာတာ မဟုတ်ပါ…
လွတ်လပ်ရေးခေတ်က အမျိုးသားရေးလှုပ်ရှားမှု သမိုင်းတွေကို ဘယ်ချောင် သွားထိုးထားမလဲ သိချင်ပါတယ်…. ဦးသန်းရွှေ ၊ ဦးခင်ညွန့်တို့ကို မကျေနပ်တာ တစ်ခုတည်းနဲ့ အမျိုးသားရေးဆိုတာ တိုင်းပြည်ပျက်မယ့် နိုင်ငံရေးလို့ လုံးခြေ မပြစ်လိုက်ပါနဲ့…လုံးဝလက်မခံပါ..
ဒီနေ့ ဒီမိုကရေးစီခေတ်မှာ နိုင်ငံတိုင်းက စစ်အသုံးစရိတ်တွေ နှစ်စဉ်မြင့်တက်နေတာ အမျိုးသားနိုင်ငံရေးကို အခြေခံနေလို့ပါ…. တရုတ်နိုင်ငံရဲ့ စစ်အသုံးစရိတ် ဘီလျှံ ၉၀ ဒေါ်လာ ရှိပါတယ်…. အမျိုးသားရေးကို ပျက်ရယ်မပြုပါနဲ့…. နောင်တ ဆိုတာ နောင်မှ ရတတ်တဲ့ အမျိုးအစားပါ……
Tags: History, Rakhine State, Rohingya people
November 6, 2012 at 11:17 am |
These 2 and their group should be recorded as the root cause of the conflict. If the case of Ethnic Cleansing goes to ICC they should be included and that is already in the Genocide, Crimes against Humanity Laws.