TQ Minister U Aung Min for stupidly confirming your government’s ignorance in Internationally accepted Human Rights Standerds

I am thanking him for his words to the International Islamic leaders. May be he had told the UN and International Human Rights leaders. His words are effectively incrementing and his words alone could made him earn the guilty verdict at ICC.

ဝန်ကြီးဦးအောင်မင်းရဲ့အဖြေက ကျွန်တော့်ကို တော်တော်အံ့အားသင့်သွားစေခဲ့ပါ  တယ်။
ဝန်ကြီးဦးအောင်မင်းအဖြေပေးခဲ့တာက

“ဟုတ်တယ်-မွတ်စလင်နိုင်ငံတွေက-ကျွန်တော်တို့ကို-ပရက်ရှာတွေ- တော်တော်ပေးတယ်-မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်မရှိဘူးဆိုပြီးတော့-ကျွန်တော်ပြန်ပြောလိုက်တယ်-ဆူးလေ ဘုရားနားကိုလာကြည့်ပါ-ဘုရားရယ်-ဗလီရယ်-ချခ်ျရယ်-ဘာသာစုံ-တစ်နေရာထဲမှာ-အေးအေးချမ်းချမ်းနေနှိုင်တာ-ဘယ် နိုင်ငံမှာရှိလဲ-ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲ ဒါမျိုးရှိတယ်-ခင်ဗျားတို့နိုင်ငံမှာ ကျွန်တော်ဘုရားလာတည်မယ်-ရမလား-လို့ ပြန်မေးလိုက်တယ်” တဲ့ဗျား။

လွန်ခဲ့တဲ့ ၁၆-၂-၂၀၁၃ ရက်နေ့က မြမန္တလာဟိုတယ်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းတို့နှင့်တွေ့ဆုံခွင့် ရခဲ့တုန်းကအပြန်အလှန်ပြောဆိုဖြစ်ခဲ့တာလေးတွေကိုပါ။
ဝန်ကြီးဦးအောင်မင်းကို ကျွန်တော်က ယနေ့မြန်မာနိုင်ငံထဲမှာပြန့်ပွားနေတဲ့ (Hate Speach) တွေကို တားမြစ် ပေးဖို့တင်ပြခဲ့ပါတယ်။မဟုတ်မမှန် လုပ်ကြံစကားတွေ -စွတ်စွဲချက်တွေနဲ့ အမုန်းတရားတွေဟောပြော ဖြန့်ဝေနေတာတွေ ကို နိုင်ငံတော်အစိုးရက တားဆီးပေးသင့်ပါတယ်-နိုင်ငံတော်မဟာသံဃနာယကဆရာတော်ကြီးများကိုလဲ ဒီဟောပြောချက် တွေကို ဟန့်တားပေးပါမည့်အကြောင်း လျှောက်ထားသင့်ပါတယ်- လို့ပြောလိုက်တော့။
ဝန်ကြီးဦးအောင်မင်းရဲ့အဖြေက ကျွန်တော့်ကို တော်တော်အံ့အားသင့်သွားစေခဲ့ပါတယ်။
ဝန်ကြီးဦးအောင်မင်းအဖြေပေးခဲ့တာက “ဟုတ်တယ်-မွတ်စလင်နိုင်ငံတွေက-ကျွန်တော်တို့ကို-ပရက်ရှာတွေ- တော်တော်ပေးတယ်-မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်မရှိဘူးဆိုပြီးတော့-ကျွန်တော်ပြန်ပြောလိုက်တယ်-ဆူးလေ ဘုရားနားကိုလာကြည့်ပါ-ဘုရားရယ်-ဗလီရယ်-ချခ်ျရယ်-ဘာသာစုံ-တစ်နေရာထဲမှာ-အေးအေးချမ်းချမ်းနေနှိုင်တာ-ဘယ် နိုင်ငံမှာရှိလဲ-ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲ ဒါမျိုးရှိတယ်-ခင်ဗျားတို့နိုင်ငံမှာ ကျွန်တော်ဘုရားလာတည်မယ်-ရမလား-လို့ ပြန်မေးလိုက်တယ်” တဲ့ဗျား။
ကျွန်တော်တင်ပြတာကတခြား-သူဖြေတာကတလွဲ။ကျွန်တော် တော်တော်စိတ်ပျက်သွားမိတယ်။
ဒါနဲ့ကျွန်တော်လဲဝန်ကြီးကိုပြန်လည်ရှင်းလင်းတင်ပြမိတယ်။
“ ဝန်ကြီးဦးအောင်မင်းခင်ဗျား-ကျွန်တော်ပြောတဲ့စကားအဓိပ္မါယ်ကို-ဝန်ကြီးသဘောမပေါက်ဘူးထင်ပါတယ်- ကျွန်တော်ပြန်ရှင်းပြပါရစေ—-ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာ-အစ္စလာမ်ဘာသာကိုဆန့်ကျင်တဲ့ စာရွက်စာတမ်းတွေဟာ ဆိုရှယ်မီဒီယာမှာရော-ပုံနှိပ်မီဒီယာမှာပါပြန့်နှံ့နေပြီး တရားပွဲတွေမှာ ဟောပြောနေတာတွလဲ တွေ့နေရပါတယ် ”-ဆိုတော့
ဝန်ကြီးက “မရှိပါဘူး ” တဲ့ဗျာ-
ကျွန်တော်က“ဟာ-ဝန်ကြီးရယ်-ရှိပါတယ်ခင်ဗျာ-လူသိရှင်ကြားပါ-ဂျာနယ်တွေထဲမှာပါပါတယ်-ကရင်ပြည်နယ်မှာ- မွန်ပြည်နယ်မှာ-တာချီလိတ်မှာ-ဧရာဝတီတိုင်းမှာ နေရာအနှံ့ ထင်ထင်ရှားရှားဖြစ်နေတာပါ-ရန်ကုန်မြို့လည်ခေါင်မှာ- တရားပွဲတွေလုပ်ပြီးဟောပြောနေသလို-မန္တလေးမှာလဲ မြို့အနှံ့ မွတ်စလင်မ်ဆန့်ကျင်ရေးစာရွက်စာတမ်းတွ ဝေနေပါတယ်” ဆိုတော့ ဝန်ကြီးဦးအောင်မင်းက လက်ခံလိုပုံမရပေမဲ့ ဝန်ကြီးဦးစိုးသိန်းက “ဟုတ်ပါတယ်-ဖြစ်နေပါတယ် ”-လို့ လှမ်းပြော လိုက်တော့မှ မငြင်းတော့ပါဘူး။
ဒါနဲ့ကျွန်တော်က ဆက်ပြီးတော့- “ ဒီကိစ္စတွေကို-သက်ဆိုင်ရာတာဝန်ရှိသူများကနေ တားဆီးပေးစေချင်ပါတယ်- ဒီစာရွက်တွေဝေတာ-တရားတွေဟောတာဟာ- ကျွန်တော်တို့အတွင်တော့ ပြသနာမရှိပါဘူး- ကျွန်တော်တို့ အရေထူနေပါ ပြီ -ကျွန်တော်တို့မှာ ငြိမ်းချမ်းစွာနေလိုကြတဲ့ ရဟန်းသံဃာတွေ-လူထုတွေအများကြီးရှိနေပါတယ်- ဒါပေမဲ့-ဒီဟောပြော ချက်တွေ- ကြော်ငြာချက်တွေဟာ-မြန်မာပြည်ထဲတင်ပြန့်တာမဟုတ်ပါဘူး-နိုင်င့တကာမီဒီယာတွေကတဆင့်-အင်္ဂလိပ်ဘာ သာပြန်ပြီး-တကမ္ဘာလုံးကိုပြန့်နေပါတယ်-ဒီလို တကမ္ဘာလုံးကိုပြန့်တော့-မွတ်စလင်မ်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ်ဖိအား ပေး-ဒီလိုဖိအားပေးတော့-မင်းတို့မွတ်စလင်မ်နိုင်ငံတွေက တို့နိုင်ငံကိုဖိအားပေးတယ်ဆိုပြီး-ကျွန်တ်ာတို့ မွတ်စလင်မ်တွေ ကိုပဲအပြစ်မြင်-ဖြစ်ရလို့ပါ-မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ပုံရိပ်ကိုလည်း ထိခိုက်စေတဲ့ကိစ္စမို့ပါ” —လို့ရှင်းပြတောင်းဆိုခဲ့ရ ပါတယ်။
ဒါပေမဲ့လည်း-ဝန်ကြီးများဘက်ကနေ တတ်နိုင်သမျှ တာီးး ဟန့်တားပေးပါ့မယ်-ဆိုတဲ့ အဖြေ-မရခဲ့ပါဘူး။
အဆိုပါ ကိစ္စတွေဟာ-လွတ်လပ်တဲ့သတင်းမီဒီယာခေတ်ရောက်လာလို့ပဲ ဖြစ်ရသယောင်ယောင်-ဒါတွေကို တားဆီးလိုက်ရင်ပဲ-မီဒီယာ လွတ်လပ်ခွင့်ကိုထိပါးသွားမှာ ဖြစ်သယောင်ယောင် ပြောကြားသွားခဲ့ပါတယ်။
သူတို့က Hate Speach တွေပြောရင်- ခင်ဗျားတို့က Love Speach တွေများများပြောပေါ့ဗျာ-ခင်ဗျားတို့ ပြောခွင့်ရဘို့- ဝန်ကြီးချုပ်ဦးရဲမြင့်ကိုလည်း တင်ပြပေးပါ့မယ်- ဆိုတာလောက်ပဲ -အဖြေရခဲ့ပါတယ်။
တကယ်ဆိုရင် လွတ်လပ်စွာပြောဆိုခွင့် -ဆိုတာထဲမှာ-ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိပါးဆန့်ကျင်ပြောဆိုလို့ မရပါဘူး။
အခုလို ဘာသာရားတခုခုကို မုန်းတီးလာအောင်- မဟုတ်မမှန် စွတ်စွဲပြောဆို ရေးသား ဟောပြောမှုတွေဟာ ဖွဲ့စည်းပုံအခြခံဥပဒေကို ဆန့်ကျင်နေတာ အထင်အရှားပဲဖြစ်ပါတယ်။ တာဝန်ရှိသူအစိုးရအနေနဲ့ မဖြစ်မနေ ဟန့်တား အရေးယူရမဲ့ကိစ္စဖြစ်ပါတယ်။
ကျွန်တော်တင်ပြတောင်းဆိုတဲ့အထဲမှာ-အရေးယူဖို့ မပါပါဘူး-ဒါပေမဲ့ ဝန်ကြီးမင်းများ-ဘာမှလုပ်မပေးခဲ့ပါဘူး။ လုပ်ပေးပါ့မယ်-လို့လဲ ကတိမပေးခဲ့ပါဘူး။

အဲ့ဒီတော့-ကိုမြအေးတို့အဖွဲ့နဲ့ တွေဆုံတဲ့ အခန်းအနားမှာ -ကျွန်တော်က ဒီအဖြစ်အပျက်ကိုထောက်ပြပြီးတော့-
ငြိမ်းချမ်းရေး-ဘာသာပေါင်းစုံချစ်ကြည်ရေး-ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းအားထုတ်တဲ့ နေရာမှာ- လူနဲစုတွေအားထုတ်တာထက်-လူများစုက အားထုတ်တာ ပိုမိုထိရောက်ပါတယ်-ဒါကြောင့် လူများစုကလည်း ကြိုးပမ်းအားထုတ်ကြရပါမယ်- ဒီလိုပါပဲ- တိုင်းသူပြည်သားတွေက ကြိုးပမ်းအားထုတ်တာထက်- အစိုးရက ကြိုးပမ်း အားထုတ်တာက ပိုမိုထိရောက်ပါတယ်- ကြိုးပမ်းအားထုတ်ဖို့ အစိုးရမှာ အဓိကတာဝန်ရှိပါတယ်။
ကိုမြအေးတို့ အဖွဲ့ဟာ အစိုရအဖွဲ့ဝင်လူကြီးများကို လက်လှမ်းမှီပါတယ်- အစိုးရအဖွဲ့ဝင်တွေကို Educate လုပ် ပေးကြပါ- တာဝန်ရှိတာတွေ ပြောပြပေးကြပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: