ဘုံရန်သူမပျောက်စေဖို ပြည်သူများ စည်းလုံးစို့

ဘုံရန်သူမပျောက်စေဖို  ပြည်သူများ စည်းလုံးစို့
Yebaw Aung
စစ်အုပ်စုသတင်းပေး အလိုတော်ရိတွေကို သတိရှိ၊ ဘုံရန်သူကို မြင်အောင်ကြည့်
*************************************************************
တိုင်းပြည်အတွက် တကယ်အနစ်နာခံ အလုပ်လုပ်နေသူတွေကို နည်းမျိုးစုံနဲ့  အပုပ်ချဖို့ ဗိုလ်သိန်းစိန်အစိုးရ အစွမ်းကုန် ကြိုးပမ်းနေတယ်။ လုပ်ကြံသတင်းတွေထုတ်ပြီး လူထုထင်ယောင်ထင်မှားဖြစ်အောင်လုပ်နေတယ်။ ထောက်လှမ်ရေးတင် မဟုတ် သတင်းပေးတွေကို ကျယ်ကျယ်ပြန့် ပြန့် ထုနဲ့ ထည်နဲ့ ဖြန့် ကျက်ထားတယ်။ အစိုးရသတင်းပေးဆိုတာ ဂျပန်ခေတ်က ဂျပန်စကားပြန် ဂျပန်အလိုတော်ရိလို လူယုတ်တွေပဲ။ စစ်အုပ်စု သတင်းပေးတွေ သိထားဖို့ က ဖက်ဆစ်တော်လှန်ရေးဆင်နွှဲတော့ ဂျပန်အလိုတော်ရိတွေပါ လူထုရဲ့ သုတ်သင်ရှင်းလင်းတာ ခံရတယ်ဆိုတာပဲ။ ဘယ်အရာမှ မတည်မြဲတဲ့ ဒီလောကမှာ စစ်အုပ်စုကျဆုံးတဲ့ တနေ့ တော့ ရောက်လာမှာပဲ။ အဲဒီနေ့ ရောက်ရင် အလိုတော်ရိတွေပါ စစ်အုပ်စုနဲ့ အတူကျဆုံးမှာ မသွေမုချပဲ။
အခုတော့ သစ္စာဖောက် လောက်ကောင်တွေပေါတဲ့ ဖောက်ပြန်သူတို့ ကြီးစိုးတဲ့ ခေတ်မို့ စစ်အုပ်စု လုပ်ချင်တိုင်းလုပ်နေတယ်။ တော်လှန်ရေးအင်အားစု အတိုက်အခံအင်အားစုတွေကြားမှာ ကြီးမားတဲ့ကွဲကြောင်းတွေ ဖန်တီးနေတယ်။ အလုပ်သမား လယ်သမားအရေး လုပ်ဆောင်သူတွေကို ဖိနှိပ်နေတယ်။ သူတို့ ချပေးတဲ့ နှပ်ကြောင်းထဲမျောမပါပဲ ကြံ့ကြံ့ခံရပ်ပြီး တော်လှန်မြဲတော်လှန်နေသူတွေကို အမြစ်ဖြုတ်ဖို့ ဆင်ကြံကြံနေတယ်။ သူတို့ ဘာတွေ ဘယ်လို ပြင်ဆင်နေလဲ ဆိုတာကို သတိနဲ့ စောင့်ကြည့်ဖို့ လိုတယ်။ အလုပ်သမား လယ်သမား အဖိနှိပ်ခံလူတန်းစားအရေး ဆောင်ရွက်နေသူတွေကို ကွန်မြူနစ်တံဆိပ်တပ်ဖို့ လုပ်နေတယ်။ လိုအပ်လာရင် ဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုးကိုတောင် ထောင်ထဲပြန်ထည့်ဖို့ လုပ်နေတယ်။ ဒေါ်စု နဲ့ ဦးဝင်းတင်ကြားကို သပ်လျှိုနေတယ်။ အနည်းဆုံး ဒေါ်စုထောက်ခံသူတွေ ဦးဝင်းတင်ကို အထင်မှား အမြင်မှားဖြစ်လာအောင် လုပ်နေတယ်။

လုပ်ကြံဇာတ်လမ်းတွေ လှိုင်လှိုင်ထုတ်ပြီး လက်ပန်တောင်းအရေး လှုပ်ရှားသူတွေကို အပုပ်ချဖို့ လုပ်နေတယ်။ ဒေါ်စုထောက်ခံသူတွေ အပါအ၀င် တခြားနိုင်ငံရေးအင်အားစုတွေနဲ့ အလုပ်သမား လယ်သမားအရေးလှုပ်ရှားသူတွေကြား အထင်မှားအမြင်မှားတွေ ဖြစ်လာအောင် လုပ်နေတယ်။ အခုလို အချိန်မှာ အရေးအကြီးဆုံးက ညီညွတ်ရေးပဲ။ ဘုံရန်သူ ပျောက်မသွားရေးပဲ ဖြစ်တယ်။ ဘယ်လိုပဲ မင်းသားခေါင်းဆောင်းပြီး ဟန်ဆောင်ပြုံးတွေပြုံး စကားလုံးလှလှတွေသုံးနေနေ စစ်ဘီလူးကို အမြဲသတိရှိဖို့ လိုတယ်။ ဘီလူးကို လူထင်ပြီး ပေါင်းဖော်နေသူတွေ ပိုလို့ တောင် သတိထားရမယ်။ အခုအချိန်မှာ တိုင်းပြည်ရဲ့ အာဏာဟာ ဘယ်သူ့ လက်ထဲမှာ ရှိနေလဲဆိုတာ ဗိုလ်သန်းရွှေမြေး ထင်တိုင်းသောင်းကျန်းမြဲ သောင်းကျန်းနေတာ ကြည့်ရင် သိနိုင်တယ်။ အပေါ်ယံ လူအများကျေနပ်အောင် ရွှေမှုန်ကြဲ တရားဥပဒေစိုမိုးရေး ဆိုတာလေးတွေ လုပ်ပြတာရဲ့ နောက်ကွယ်က ဖြစ်ချင်တိုင်းဖြစ်နေတဲ့ မတရားမှုတွေကို လူအများ မြင်အောင်ကြည့် သတိနဲ့ နားထောင်ပြီး ဘုံရန်သူ စစ်အုပ်စုကို ညီညီညွတ်ညွတ်နဲ့ တွန်းလှန်ဖို့ တိုက်တွန်းချင်တယ်။

ရဲဘော်အောင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: