တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကို နိုင်ငံတကာဖမ်းဆီးမိန့် ထုတ် =====================================
တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကို တိဗက်မှာ လူမျိုးတုန်း သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ စွတ်စွဲချက်နဲ့ စပိန်က တရားရုံးတစ်ခုက နိုင်ငံတကာ ဖမ်းဆီးမိန့် ထုတ်လိုက်တယ်…… တရုတ်ကြီးကတော့ ဆွေ့ဆွေ့ခုန်သွားပီး စပိန်အစိုးရကို ရှင်းလင်းချက် တောင်းလိုက်တယ်….. စပိန်ကတော့ တရုတ်နိုင်ငံထဲက လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုတွေကို နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်မူအရဆိုပီး သမ္မတဟောင်း ကျန်ဇီမင်းကို ဖမ်းဖို့ နိုဝင်ဘာ ၁၉ မှာ အမိန့်ထုတ်လိုက်တာပါ…. တရားစွဲတာကတော့ တိဗက်လူ့အခွင့်အရေးအဖွဲ့တွေက စွဲတာဖြစ်ပီးတော့ သမ္မတဟောင်း ကျန်ဇီမင်းအပါအဝင် ဝန်ကြီးချုပ်ဟောင်း လီပင်းနဲ့ တစ်ခြားသုံးယောက်လည်း တရားစွဲခံရတဲ့အထဲမှာ ပါဝင်ပါတယ်…… တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးက ပြောခွင့်ရ ပုဂ္ဂိုလ် ဟုန်းလီကတော့ တရုတ်နိုင်ငံက ဒီကိစ္စအပေါ် လုံးဝမကျေနပ်တကို စပိန်အစိုးရ သိစေချင်သလို၊ ပြင်းပြင်းထန်ထန် ရှုံ့ချပီးတော့ တရုတ်နိုင်ငံအပေါ် အန္တရာယ်ဖြစ်စေမှာတွေကို မလုပ်ဘူးလို့ ပေကျင်းအစိုးရက မျှော်လင့်တယ်လို့ ဆိုပါတယ်……. သမ္မတဟောင်းကြီး ကျန်ဇီမင်းကတော့ အခုလက်ရှိမှာ အသက် ၈၇ နှစ် ရှိနေပါပီ……. ဘာဖြစ်မလဲဆိုတာတော့ ပိတ်ကားထက် စောင့်ကြည့်ရမယ် ထင်ပါတယ်….. Credit > Voice of James Mint
Leave a Reply