အီမ်ရှေ.စံကနောင်မင်းသားသည် အောင်ပင်လယ်ရွာသားများကို
ချောက်ခြားစေခဲ့သော အောင်ပင်လယ်ကန်အတွင်း
ရေမြုပ်ဗုံးများစမ်းသပ်ဖောက်ခွဲအပြီးအိမ်တော်သို့ပြန်လာရာ လှိုင်မင်းသမီးက
“ဗုံးသံကိုကြားသဖြင့် သာသနာပိုင် ဆရာတော်ဘုရားကြီးက ဆွမ်းစားရာက
ဆွမ်းကိုဆက်လက်ဘုဉ်းမပေးတော့ပဲ လက်တော်ဆေးလိုက်တဲ့အတွက်
ရွှေနန်းရှင်ဘုရားက မေးလျှောက်ရာ သတ္တဝါအသက်ပေါင်းများစွာ
သေကျေပျက်စီးမဲ့အရေးတွေးပြီး ဆွမ်းစားမဝင်ပါတော့ပါကြောင်း မိန့်ကြားတော်မူပြီး
သာသနာ့ဒါယကာမင်းမြတ်ရဲ.စိတ်ဓါတ်တော်တွေနဲ့
သတ္တဝါအကြောင်းပျက်စီးကြောင်းအမှု ဤနှစ်ခုဟာ
ဒွန်တွဲမနေသင့်ပါဘူးတဲ့၊သတ္တဝါများရဲ.အေးငြီမ်းရာ အေးငြီမ်းကြောင်း
ရှာစေချင်ပါတယ်လို့ မေတ္တာရပ်ခံပါတယ်ဘုရား” လို့
လှိုင်မင်းသမီးကအီမ်ရှေ.စံကနောင်မင်းသားအားလျှောက်တင်ပြီးတဲ့အချိန်မှာ အီမ်ရှေ.စံ ကနောင်မင်းသားက
“အင်း..တိုင်းပြည်အရေးထဲဝင်စွက်ရင် တိုင်းပြည်ပျက်ဖို့ပဲ ရှိတော့တာပဲ
မဟုတ်လား” ဟုဆိုလေသည်။ထိုအချိန်တွင် ယောမင်းကြီး ဦးဖိုးလှိုင်
ခစားဝင်လာရာ “ဘယ်နှယ့်လဲ ယောမင်းကြီးရဲ.၊ ကြားရဲ.မဟုတ်လားဗျ။ဒီလိုဆို
ဒီနိုင်ငံကြာကြာခံနိုင်ပါ့မလားမင်းကြီး” ဟုဆိုလေရာ ယောမင်းကြီးက “မှန်လှပါ၊နစ်မွန်းဖို့
အကြောင်းပါဘုရား”၊ အိန်း- ရွှေနန်းရှင်ဘုရားရဲ. သဘောတော်က ဘယ်လိုတဲ့တုံး”
“မှန်လှပါ၊ရွှေနန်းရှင်ဘုရားက ကိုယ်တော်တိုင် ညီတော်ကို ဖျောင်းဖျ၍ မေတ္တာရပ်ခံပေးပါ့မယ်လို့ သာသနာပိုင်ဆရာတော်ကို ဦးတိုက်လျှောက်ထားပါသတဲ့ဘုရား”ဟုဆိုလေရာ “ဟိုက်၊ကိုယ်ကျိုးနဲပြီ မင်းကြီး။ တိုင်းပြည်တော့ ဆုံးပြီ”
စာကိုး-မန္တလေးမြို. ဝိဇ္ဇာသိပံ တက္ကသိုလ် မြန်မာစာ ပါမောက္ခ ဆရာ ဦးချမ်းမြ၊ကလောင်အမည် မြကေတု ရေးသားသော “နန်းဓလေ့ မှတ်တမ်းများ” စာအုပ်မှ ကော်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
Leave a Reply